< Jeremia 20 >
1 Da hörte Paschur, Immers Sohn, der Priester, der Oberaufseher im Haus des Herrn, den Jeremias diese Worte künden.
၁ထို သို့ယေရမိ ဟော ပြောကြောင်းကို၊ ဗိမာန် တော် မှူး ဖြစ်သော ယဇ်ပုရောဟိတ် ဣမေရ သား ပါရှုရ သည် ကြား သောအခါ ၊
2 Da ließ Paschur den Propheten Jeremias stäupen und ihn legen in den Block, der bei dem oberen Tore Benjamins im Haus des Herrn gestanden.
၂ပရောဖက် ယေရမိ ကို ရိုက်ပုတ် ၍ ၊ ဗိမာန် တော် နား မှာ ဗင်္ယာမိန် အထက် တံခါး ဝတွင် ထိတ်ခတ် ၍ ထား၏။
3 Am andern Morgen aber, als Paschur Jeremias aus dem Block entließ, sprach Jeremias so zu ihm: "Nicht 'Freudenreich' heißt dich der Herr mehr, sondern 'Grauenvoll'.
၃နက်ဖြန် နေ့၌ ပါရှုရ သည် ယေရမိ ကို ထိတ် မှ လွှတ် သောအခါ ၊ ယေရမိ က၊ ထာဝရဘုရား သည် သင့် ကို ပါရှုရ ဟူ၍ မှည့် တော်မ မူ။ မာဂေါ မိဿဘိတ် ဟူ၍မှည့် တော်မူ၏။
4 Denn also spricht der Herr: 'Ich mache dich zum Grauen für dich und alle deine Freunde. Sie fallen durch die Schwerter ihrer Feinde, und du mußt zusehen. Ganz Juda gebe ich dem Babelkönig preis, daß er nach Babel sie verschleppe und mit dem Schwerte schlage.
၄ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ သည် သင်နှင့် သင် ၏ အဆွေ ခင်ပွန်းတို့၌ ၊ သင့် ကို ကြောက်မက် ဘွယ်သော အရာဖြစ် စေမည်။ သူတို့သည်လည်း ၊ သင့် မျက်မှောက် ၌ ရန်သူ ၏ထား ဖြင့် ဆုံး ကြလိမ့်မည်။ ယုဒ ပြည် တပြည်လုံး ကို ဗာဗုလုန် ရှင်ဘုရင် လက် သို့ ငါအပ် သဖြင့် ၊ သူသည် ပြည်သား တို့ကို ဗာဗုလုန် မြို့သို့ သိမ်း သွား ၍ ၊ ထား နှင့် သတ် လိမ့်မည်။
5 Und allen Reichtum dieser Stadt hier geb ich preis und all ihr Gut und ihre Kostbarkeiten. Den ganzen Schatz der Könige von Juda geb ich in ihrer Feinde Hand, daß sie ihn plündern, rauben und hin nach Babel bringen.
၅ဤ မြို့ ၏ အစွမ်း သတ္တိရှိ သမျှကို၎င်း ၊ လုပ်ဆောင်၍ ရသမျှ သော ဥစ္စာ ကို၎င်း ၊ ဆည်းဖူးသမျှ သောရတနာ ကို၎င်း ၊ ယုဒ ရှင်ဘုရင် ၏ ဘဏ္ဍာ တော် အလုံးစုံ တို့ကို၎င်း၊ ရန်သူ လက် သို့ ငါအပ် သဖြင့် ၊ ရန်သူတို့သည် လုယက် ၍ ဗာဗုလုန် မြို့သို့ သိမ်း သွားကြလိမ့်မည်။
6 Du, Paschur, mußt mit allen deinen Hausgenossen in Gefangenschaft wegziehen. Du kommst nach Babel. Dort endest du, und dort wirst du begraben, samt allen deinen Freunden; denn Lügen hast du ihnen prophezeien lassen.'"
၆သင် ပါရှုရ နှင့် သင် ၏အိမ်သူ အိမ်သားအပေါင်း တို့ကိုလည်း သိမ်း သွားကြလိမ့်မည်။ သင်သည် ဗာဗုလုန် မြို့သို့ ရောက် ရလိမ့်မည်။ သင်ဟောပြော သော မုသာ စကားကို နားထောင်သော သင် ၏အဆွေ ခင်ပွန်းအပေါင်း တို့နှင် တကွ၊ သင် သည် ထို မြို့၌ သေ ၍ သင်္ဂြိုဟ် ခြင်းကိုခံ ရလိမ့်မည်ဟု ပါရှုရ အား ပြောဆို ၏။
7 Du locktest mich, o Herr: Ich ließ mich locken. Du packtest mich und bliebest Sieger. Nun bin ich täglich zum Gespött, und alles spottet über mich.
၇အို ထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ကို သွေးဆောင် တော်မူသည်အတိုင်း အကျွန်ုပ်လိုက်ပါပြီ။ ကိုယ်တော်သည် အကျွန်ုပ် ထက်အားကြီး ၍ နိုင် တော်မူပြီ။ အကျွန်ုပ်သည် ကဲ့ရဲ့ ခြင်းကို နေ့ တိုင်း ခံရ ပါ၏။ လူတိုင်း ပြက်ပြယ် ခြင်းကို ပြုတတ်ကြပါ၏။
8 Sooft ich rede, muß ich schreien: "Unbill!", "Gewalt!" ausrufen. Das Wort des Herrn bringt Schimpf und Spott mir ein den ganzen Tag.
၈အကျွန်ုပ်သည် ဟော ပြောလေရာရာ၌ အနိုင် အထက် ပြုခြင်း၊ ညှဉ်းဆဲ ခြင်းအမှုကြောင့် အော်ဟစ် ၍ ကြွေးကြော် ရပါ၏။ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် အကျွန်ုပ် ၌ ကဲ့ရဲ့ ခြင်း၊ အစဉ် ပြက်ပြယ် ခြင်းကိုခံ စေရာအကြောင်း ဖြစ် ပါ၏။
9 Und nehme ich mir vor: "Ich denke nicht daran und rede nimmermehr in seinem Namen", dann ist's in meinem Innern wie ein lodernd Feuer, ein körperlicher Zwang. Ich quäle mich, es auszuhalten und kann es nicht.
၉ထိုကြောင့်၊ ငါသည် နှုတ်ကပတ်တော်ကို မ ကြား မပြော၊ နာမ တော်ကို အမှီပြု ၍ မ ဟော ဘဲနေမည်ဟု သဘော ထားသော်လည်း ၊ ငါ့ အရိုး တို့၌ ချုပ် ထား၍ ၊ လောင် သောမီး ကဲ့သို့ နှုတ်ကပတ်တော်သည် ငါ့ နှလုံး ၌ ဖြစ် သောကြောင့်၊ အလွန်ငြီးငွေ့ သဖြင့် အောင့် ၍မ နေနိုင် ၊
10 Ich höre viele zischeln: "Grauenvoll!" "Sagt's nur, dann zeigen wir ihn an!" - All meine Freunde lauern nur, ob ich nicht falle: "Vielleicht läßt er sich locken; wir übermannen ihn und können Rache an ihm nehmen."
၁၀လူများ ကဲ့ရဲ့ ပြစ်တင်ခြင်းကို ကြား ရ၏။ ခပ်သိမ်း သော အရပ်တို့၌ ကြောက်မက် ဘွယ်သော အကြောင်းရှိ၏။ သူတပါးတို့က သိတင်းကို ကြား ပြော ကြလော့။ ငါတို့သည် တဆင့်ကြား ပြောလိမ့်မည်ဟု ဆိုကြ၏။ ငါ ၏အနားမှာ အစဉ်နေ သောငါ ၏မိတ်ဆွေ အပေါင်း တို့က၊ ငါတို့သည် သူ့ ကို နိုင် ၍ အငြိုး ထားသောစိတ် ပြေစေခြင်းငှါ၊ သူ့ကို သွေးဆောင် ကောင်း သွေးဆောင် လိမ့်မည်ဟု ဆိုကြ၏။
11 Doch ist der Herr mit mir, ein kühner Held. Die mich verfolgen, straucheln drum, und sie vermögen nichts. Mit großer Schande werden sie bedeckt, mit ewiger Schande unvergeßlich, weil es ihnen nicht gelingt.
၁၁သို့ သော်လည်း၊ ထာဝရဘုရား သည် အားကြီး သော သူရဲ ကဲ့သို့ ငါ့ ဘက် ၌ ရှိတော်မူ၏။ ထိုကြောင့် ၊ ငါ့ ကိုညှဉ်းဆဲ သောသူတို့ သည် မ နိုင် ဘဲ ထိမိ၍ လဲ ကြ လိမ့်မည်။ အကြံ မ မြောက်သောကြောင့် အလွန် ရှက် ကြ လိမ့်မည်။ မ ပြေ မပျောက်နိုင်သော ထာဝရ ရှက် ကြောက်ခြင်း ရှိကြလိမ့်မည်။
12 Du, Herr der Heeresscharen, Du gerechter Prüfer, der Du auf Herz und Nieren schaust! An ihnen schaue ich noch Deine Rache; ich habe meine Sache nur auf Dich gestellt.
၁၂ဖြောင့်မတ် သောသူတို့ ကို စုံစမ်း ၍၊ နှလုံး ကျောက်ကပ်သဘော ကို သိ မြင်တော်မူသောကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၊ အကျွန်ုပ် ၏အမှု ကို ရှေ့တော်၌ ဖွင့်ပြ ပါသည်ဖြစ်၍ ၊ သူ တို့၌ အပြစ်ဒဏ် စီရင်တော်မူကြောင်းကို အကျွန်ုပ်မြင် ရပါလိမ့်မည်။
13 Lobsingt dem Herrn! Lobpreist den Herrn! Er rettet aus der Übeltäter Hand der Armen Leben.
၁၃ထာဝရဘုရား အား သီချင်း ဆိုကြလော့။ ထာဝရဘုရား ကို ချီးမွမ်း ကြလော့။ အကြောင်း မူကား၊ မတရား သဖြင့် ပြုသောသူတို့ လက် မှ ၊ ဆင်းရဲ သောသူ ကို ကယ်နှုတ် တော်မူသတည်း။
14 Verflucht der Tag, da ich geboren! Der Tag, da meine Mutter mich gebar, sei nicht gesegnet!
၁၄ငါဘွား သော နေ့ ရက်သည် အမင်္ဂလာ ရှိပါစေသော။ ငါ့ ကို ငါ့ အမိ ဘွား သော နေ့ ရက်သည် ကောင်းကြီး မင်္ဂလာကို မ ခံ ပါစေနှင့်။
15 Verflucht der Mann, der Kunde meinem Vater brachte: "Geboren wurde dir ein kräftig Knäblein", und ihn dazu beglückwünschte!
၁၅ငါ့ အဘ ထံသို့သွား၍၊ ကိုယ်တော် သည် သား ယောက်ျားကို ရ ပါပြီဟု သိတင်းပြော လျက်၊ ငါ့အဘ ကို အလွန်ဝမ်းမြောက် စေသောသူသည် အမင်္ဂလာ ရှိပါ စေသော။
16 Wär's diesem doch ergangen wie den Städten, die schonungslos der Herr vernichtet hat! Er hätte schon am Morgen ein Geschrei vernehmen sollen und Kriegslärm um die Mittagszeit!
၁၆ထာဝရဘုရား သည် နောင်တ မ ရ၊ ဖျက်ဆီး တော်မူ သော မြို့ တို့ကဲ့သို့ ၊ ထို သူ သည်ဖြစ် ပါစေသော။ နံနက် အချိန်၌ ကြွေးကြော် သံကို၎င်း ၊ မွန်းတည့် အချိန် ၌ အော်ဟစ် သံကို၎င်းကြား ပါစေသော။
17 Er ließ mich nicht im Mutterleibe sterben, daß meine Mutter mir mein Grab geworden, und immer hätte mich ihr Leib getragen.
၁၇အကြောင်း မူကား၊ သူသည် ငါ့ ကိုဘွား စကပင် မ သတ် ဘဲ၊ ငါ့ အမိ ၏ ဝမ်း သည်ငါ ၏ သင်္ချိုင်း ဖြစ် ၍၊ ငါ့ ကို အစဉ် ကိုယ်ဝန် ဆောင်မည် အကြောင်း မပြုဘဲ နေပါ သည်တကား။
18 Warum ging aus dem Mutterschoße ich hervor? Doch nur, um Gram und Kummer zu erleben und um in Schmach mein Leben zu beenden!
၁၈ငါသည် ပူပန် ခြင်း၊ ဝမ်းနည်း ခြင်းကိုခံရ မည် အကြောင်းနှင့်၊ ရှက် ကြောက်ခြင်းအားဖြင့် ကိုယ် အသက် ကို လွန် စေရမည်အကြောင်း ၊ အဘယ်ကြောင့် ငါ့ကို ဘွားမြင် ရပါသနည်း။