< Jesaja 15 >
1 Ein Ausspruch aber Moab: "Gewiß! Schon in der Angriffsnacht ist's aus mit Kir Moab. Gewiß! Schon in der Angriffsnacht ist's aus mit Ar Moab.
၁ဤဗျာဒိတ်တော်သည်မောဘပြည်နှင့် သက် ဆိုင်သောဗျာဒိတ်တော်ဖြစ်၏။ အာရမြို့နှင့်၊ ကိရမြို့တို့သည်တစ်ညဥ့်ချင်း ၌ပျက်ပြုန်း၍သွားရကြလေသည်။ မောဘ ပြည်သည်လည်းဆိတ်ငြိမ်လျက်နေ၏။-
2 Zum Tempel schreitet Dibon weinend auf die Höhen; zu Nebo und zu Medeba heult Moab. Auf allen Häuptern sieht man Glatzen, und jedes Kinn ist ausgerauft.
၂ဒိဘုန်မြို့သားတို့သည်ရုပ်တုကိုးကွယ်ရာ ဌာနသို့ သွားရောက်ငိုကြွေးရန်တောင်ပေါ်သို့ တက်ကြ၏။ မောဘပြည်သူတို့သည်လည်း နေဗောမြို့နှင့်မေဒဘမြို့အတွက်ဝမ်းနည်း သဖြင့်အော်ဟစ်ငိုကြွေးကြကုန်၏။ သူတို့ သည်ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် ဆံပင်နှင့် မုတ်ဆိတ်များကိုရိတ်ပစ်ကြလေ သည်။-
3 Auf seinen Straßen schreitet man im Trauerkleide; auf seinen Dächern, seinen Plätzen in Tränenfluten alles klagt.
၃လမ်းများပေါ်ရှိလူတို့သည်လျှော်တေကို ဝတ်ထားကြ၏။ မြေကွက်လပ်များနှင့်အိမ် ခေါင်မိုးများအပေါ်၌လည်းဝမ်းနည်း ကြေကွဲမှုကိုပြ၍ငိုကြွေးကြ၏။-
4 Sie schreien, Hesbon und Elale; bis Jahaz hört man ihr Geschrei. Dort schlottern Moabs Hüften; bis in die Seele zittert es.
၄ဟေရှဘုန်နှင့်ဧလာလေမြို့သူမြို့သားတို့ သည်အော်ဟစ်ငိုကြွေးကြရာ သူတို့ငိုကြွေး သံကိုယာဟတ်မြို့တိုင်အောင်ကြားရသဖြင့် မောဘစစ်သူရဲများပင်လျှင်တုန်လှုပ်ချောက် ချားကာကြောက်စိတ်ဝင်၍လာကုန်၏။-
5 Ich muß von Herzen über Moab jammern; bis Soar ziehen seine Flüchtlinge und bis zur dritten Furt. Hinan steigt man die Steige von Luchit mit Weinen; den Weg herab nach Horonaim füllen sie mit Jammerklagen.
၅ငါသည်မောဘပြည်အတွက်ငိုကျွေး၏။ ပြည် သူတို့သည်ဇောရမြို့ဧဂလတ်ရှလိရှိယ အထိထွက်ပြေးကြ၏။ အချို့သောသူတို့ သည်မျက်ရည်ကျလျက် လုဟိတ်တောင်လမ်း အတိုင်းတက်သွားကြ၏။ အချို့တို့ကမူ ဝမ်းနည်းအော်ဟစ်ငိုကြွေးကာ ဟောရနိမ် မြို့သို့ထွက်ပြေးကြကုန်၏။-
6 Die Wasser Nimrims sind verschüttet. Das Gras verdorrt; das Kraut verwelkt, nichts Grünes mehr.
၆နိမရိမ်ချောင်းသည်ခန်းခြောက်လျက် ချောင်းနံ ဘေးရှိမြက်တို့သည်လည်းခြောက်သွေ့ခဲ့ပြီ ဖြစ်၍စိမ်းစိုနေသည့်အရာတစ်စုံတစ်ခု မျှမကျန်မရှိတော့ပေ။-
7 Drum tragen sie, was sie erspart, und das, was sie gerettet, hin zum Weidenbach.
၇လူတို့သည်မိမိတို့၏ပစ္စည်းဥစ္စာရှိသမျှကို ယူ၍ မိုးမခပင်ချိုင့်ဝှမ်းကိုဖြတ်ကျော်ထွက် ပြေးရန်ကြိုးစားကြ၏။-
8 Doch rings um Moabs Grenzen schallt Geschrei; bis Eglaim tönt sein Geheul und bis zum Elimbrunnen sein Geschrei: -
၈မောဘပြည်၊ နယ်စပ်အနှံ့အပြားတွင်ငို ကြွေးမြည်တမ်းသံကိုကြားရကြ၏။ ထို အသံကိုဧဂလိမ်မြို့နှင့်ဗေရဧလိမ်မြို့ မှပင်ကြားရကြလေသည်။-
9 Denn Dimons Wasser sind voll Blut. Bei Dimon schwelle ich sie wieder an; ich fülle sie mit Flüchtlingen der Moabiter an und auch den letzten Rest vernichte ich."
၉ဒိဘုန်မြို့၌မြစ်ရေသည်သွေးများဖြင့်နီ မြန်းလျက်ရှိ၏။ ဘုရားသခင်သည်လည်း ထိုမြို့မှလူတို့သည်ပိုမိုဆိုးရွားသည့်ဘေး အန္တရာယ်ကိုစီမံထားတော်မူလေပြီ။ မောဘ ပြည်တွင်ကြွင်းကျန်နေသူမှန်သမျှသည် ထိုအရပ်တွင်ရက်စက်ကြမ်းကြုတ်စွာ အသတ်အဖြတ်ခံရကြလိမ့်မည်။