< Haggai 2 >

1 Am einundzwanzigsten Tag des siebenten Monats erging das Wort des Herrn durch den Propheten Aggäus, also lautend:
သတ္တမ လ နှစ်ဆယ် တ ရက်နေ့တွင် ၊ ပရောဖက် ဟဂ္ဂဲ အားဖြင့် ထာဝရဘုရား ၏ နှုတ်ကပတ် တော် ရောက် လာ၍၊
2 "Zum Sohn Salatiels, Zorobabel, dem Statthalter von Juda, sowie zum Hohenpriester Josue, dem Sohne Josadaks, und zu des Volkes Rest sprich also:
သင်သည် ယုဒ မြို့ဝန် ၊ ရှာလသေလ သား ဇေရုဗဗေလ နှင့် ယဇ်ပုရောဟိတ် မင်း ယောဇဒက် သား ယောရှု မှစ၍ကျန် ကြွင်းသောသူ တို့အား ဆင့်ဆို ရမည်မှာ၊
3 'Wer ist von euch noch übrig, der dies Haus geschaut in seiner ersten Herrlichkeit? Wie aber seht ihr's jetzt? Ist's nicht wie nichts in euren Augen?
ဤ အိမ် တော်သည် ရှေး ဘုန်း နှင့် ပြည့်စုံသည်ကို မြင် ဘူး၍ သင် တို့တွင် ကျန် ကြွင်းသော သူ ကား အဘယ်သူ နည်း။ ယခု အဘယ် အရာကို မြင် သနည်း။ နှိုင်းယှဉ်လျှင် သင် တို့မျက်မှောက် ၌ အဘယ် မျှမဟုတ်သကဲ့သို့ ဖြစ်သည်မ ဟုတ်လော။
4 Und doch, faß Mut, Zorobabel!' Ein Spruch des Herrn. 'Faß Mut, du Josue, Sohn des Josadak und Hoherpriester! Faß Mut, gesamtes Volk des Landes!' Ein Spruch des Herrn. 'Und haltet doch - ich will ja mit euch sein', ein Spruch des Herrn der Heerscharen -
သို့သော်လည်း ၊ အိုဇေရုဗဗေလ ၊ အား ယူလော့ ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။ အို ယဇ်ပုရောဟိတ် မင်း ယောဇဒက် သား ယောရှု ၊ အား ယူလော့။ အိုပြည် သူ ပြည် သားအပေါင်း တို့၊ အား ယူကြလော့ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
5 'den Bund, den ich bei eurem Auszug aus Ägypten mit euch geschlossen habe! Dann bleibt mein Geist in eurer Mitte, und ihr braucht keine Furcht zu haben!'"
အဲဂုတ္တု ပြည်မှ ထွက် သောအခါ သင် တို့နှင့် ငါဖွဲ့ သော ပဋိညာဉ်စကား နှင့်အညီ ငါ သည် သင် တို့နှင့်အတူ ရှိ၏။ ငါ ၏ဝိညာဉ် တော်သည် သင် တို့တွင် နေရာ ကျ၏။ မ စိုးရိမ် ကြနှင့်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
6 "Denn also spricht der Herr der Heerscharen: 'Noch einmal eine kleine Weile noch, erschüttre ich den Himmel und die Erde, das Meer sowie das trockene Land.
ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ကာလမကြာမမြင့် မှီကောင်းကင် ၊ မြေကြီး ၊ ပင်လယ် ၊ ကုန်း တို့ကို တဖန် ငါ လှုပ် ဦးမည်။
7 Und ich erschüttre alle Heidenvölker, und aller Heiden Schätze kommen her, und so erfülle ich dies Haus mit Herrlichkeit.' So spricht der Herr der Heerscharen.
လူမျိုး အပေါင်း တို့ကိုလည်း ငါလှုပ် ဦးမည်။ လူမျိုး အပေါင်း တို့ နှစ်သက် ဘွယ်သောအရာသည် ရောက် ၍ ၊ ဤ အိမ် ကို ဘုန်း နှင့် ငါပြည့်စုံ စေမည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
8 'Mein ist das Silber, mein das Gold.' Ein Spruch des Herrn der Heerscharen.
ရွှေ နှင့် ငွေ ကို ငါ ပိုင် သည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
9 'Und dieses Hauses künftige Pracht wird größer als die des früheren.' So spricht der Herr der Heerscharen. 'An diesem Orte will ich Heil verleihen.' Ein Spruch des Herrn der Heerscharen."
နောက် တည်သော ဤ အိမ် တော်သည် အရင် အိမ်တော်ထက် ဘုန်း သာ၍ကြီး လိမ့်မည် ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ ဤ အရပ် ၌ လည်း ငြိမ်သက် ခြင်းကို ငါပေး မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
10 Am vierundzwanzigsten des neunten Monats, im zweiten Jahre des Darius, erging das Wort des Herrn durch den Propheten Aggäus also:
၁၀ဒါရိ မင်းကြီးနန်းစံနှစ် နှစ် ၊ နဝမ လနှစ်ဆယ် လေး ရက်နေ့ တွင် ၊ ထာဝရဘုရား ၏နှုတ်ကပတ် တော် သည် ပရောဖက် ဟဂ္ဂဲ အားဖြင့်ရောက် လာလျက်၊
11 "So spricht der Herr der Heerscharen: 'Die Priester bitte um Belehrung über dies:
၁၁ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား က၊ သင်သည် တရား အမှုကို ယဇ်ပုရောဟိတ် ၌ မေးမြန်း ရမည် မှာ၊
12 Trägt jemand heilig Fleisch in seines Kleides Bausch, und er berührt mit seinem Bausche Brot, Gekochtes oder Wein und Öl und sonst etwas Genieß bares, wird dies dadurch geweiht?'" Die Priester gaben drauf zur Antwort: "Nein!"
၁၂လူ သည် သန့်ရှင်း သော အမဲသား ကို မိမိ အဝတ် နှင့် ထုတ် ၍ ဆောင် ခဲ့လျက် ၊ မုန့် ၊ ဟင်း ၊ စပျစ်ရည် ၊ ဆီ အစရှိသော စားစရာ တစုံတခု ကို ထိုအဝတ် နှင့် ထိ လျှင် ၊ ထိုစားစရာသည် သန့်ရှင်း လိမ့်မည်လောဟု မေးမြန်း သော် ၊ ယဇ် ပုရောဟိတ်တို့က၊ ထိုစားစရာသည် မ သန့်ရှင်းဟု ပြန်ပြော ကြ၏။
13 Da sprach Aggäus: "Berührte aber jene Dinge jemand, der unrein ist durch eine Leiche, so würden sie wohl unrein werden?" Die Priester gaben drauf zur Antwort: "Ja!"
၁၃ဟဂ္ဂဲ ကလည်း ၊ အသေ ကောင်အားဖြင့် မ စင်ကြယ်သော သူသည် ထို အရာတစုံတခု ကိုထိ လျှင် ညစ်ညူး ခြင်း ရှိလိမ့်မည်လောဟု မေးမြန်း သော် ၊ ယဇ် ပုရောဟိတ်တို့က၊ ညစ်ညူး ခြင်းရှိလိမ့်မည်ဟု ပြန်ပြော ကြ၏။
14 Da fuhr Aggäus fort und sprach: "So ist in meinen Augen dieses Volk, so diese Nation beschaffen", ein Spruch des Herrn, "und so auch alle Arbeit ihrer Hände, wohin sie treten, wird es unrein.
၁၄ဟဂ္ဂဲ ကလည်း ၊ ဤ လူမျိုး ၊ ဤ ပြည်သား တို့သည် ငါ့ မျက်မှောက် ၌ ထိုအတူဖြစ်ကြ၏။ သူ တို့လုပ်ဆောင် သမျှ သည် လည်း ထိုအတူ ဖြစ်၏။ ငါ့ထံမှာပူဇော် သော အရာသည်လည်း ညစ်ညူး ၏ဟု၊ ထာဝရဘုရား မိန့် တော်မူ ၏။
15 Nun denkt vom heutigen Tag in die Vergangenheit zurück, bevor man Stein auf Stein am Heiligtum des Herrn gelegt!
၁၅ထာဝရဘုရား ၏ဗိမာန် တော်၌ ကျောက် တခု ပေါ် မှာ တခုကို မ တင် မှီ၊ ယခု နေ့ မှစ၍ အထက် အမှုကို ပြန်ကြည့်ဆင်ခြင် ကြပါလော့။
16 Eh dies geschehen war, wenn einer kam zu einem Haufen Gerste, gut zu zwanzig Maß geschätzt, so waren's nur noch zehn. Wenn einer hin zur Kelter kam, um fünfzig Maß zu schöpfen, so waren's nur noch zwanzig.
၁၆ထိုကာလတွင် ဆန်အတင်းနှစ်ဆယ် ထွက်ရသော စပါး ပုံသို့ လူလာ သောအခါ တဆယ် ကိုသာ ရ ၏။ စပျစ်ရည် အိုးငါးဆယ် ကို ယူ ခြင်းငှါ စပျစ်သီး နယ်ရာကျင်း သို့ လာ သောအခါ နှစ်ဆယ် ကိုသာ ရ ၏။
17 Mit Kornbrand schlug ich euch und mit Vergilbung, mit Hagel alles, was ihr angebaut. Doch wolltet ihr von mir nichts wissen." Ein Spruch des Herrn.
၁၇သင် တို့လုပ်ဆောင် သမျှ တို့တွင် လေထိ၍ အပင်သေဘေး၊ အရည်ယို၍ သေဘေးဖြင့် ငါသည် ဒဏ်ခတ် ခဲ့ပြီ။ သို့သော်လည်း ၊ သင် တို့သည် ငါ့ ထံ သို့ပြန်၍ မလာကြဟု ထာဝရဘုရား မိန့် တော်မူ၏။
18 "Nun aber richtet euer Augenmerk von diesem Tag an vorwärts hin, vom vierundzwanzigsten des neunten Monats! Vom Tag an, da man an dem Heiligtum des Herrn den Grundstein legte, gebt acht,
၁၈ထာဝရဘုရား ၏ဗိမာန် တော်တိုက်မြစ် ကျ၍၊ နဝမ လ နှစ်ဆယ် လေး ရက်နေ့ ၊ ယခု နေ့ မှစ၍ ရှေ့သို့ မျှော်ကြည့် ဆင်ခြင် ကြပါလော့။ ဆင်ခြင် ရမည် အကြောင်းအရာ ဟူမူကား၊
19 ob noch die Saatfrucht in den Speichern schwindet und ob der Weinstock und der Feigenbaum, Granat- und Ölbaum noch nicht tragen! Von diesem Tag an spendete ich Segen."
၁၉စပါး ကျီ၌ စပါး ရှိသလော။ မရှိ။ စပျစ် ပင်၊ သင်္ဘောသဖန်း ပင်၊ သလဲ ပင်၊ သံလွင် ပင် တို့သည် အသီး ကို မ သီးကြသေး။ သို့သော်လည်း၊ ယနေ့ မှစ၍ သင်တို့ကို ငါကောင်းကြီး ပေးမည်ဟု မိန့်တော်မူ၏။
20 Zum zweitenmal erging das Wort des Herrn am vierundzwanzigsten desselben Monats an Aggäus, also lautend:
၂၀ထိုလ နှစ်ဆယ် လေး ရက်နေ့တွင် ၊ ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ဟဂ္ဂဲ သို့ တဖန် ရောက် လာ၍၊
21 "Zum Statthalter von Juda, zu Zorobabel sprich also: Ich werde jetzt den Himmel und die Erde tief erschüttern.
၂၁သင်သည် ယုဒ မြို့ဝန် ၊ ဇေရုဗဗေလ ကို ဆင့် ဆိုရမည်မှာ၊ ငါ သည် ကောင်းကင် နှင့် မြေကြီး ကို လှုပ် မည်။
22 Die Königsthrone stürz ich um. Die Rosse samt den Reitern sinken hin, ein jeder durch des andern Schwert.
၂၂တိုင်း နိုင်ငံတို့၏ ရာဇ ပလ္လင်များကို မှောက်လှန် ၍ ၊ အမျိုးမျိုး သော တိုင်း နိုင်ငံတန်ခိုး ကို ဖျက်ဆီး မည်။ ရထား နှင့် ရထား စီး သူရဲတို့ ကိုလည်း မှောက်လှန် မည်။ မြင်း နှင့် မြင်း စီး သူရဲ တို့သည် တယောက် ကို တယောက်ခုတ် ၍ လဲ ကြလိမ့်မည်။
23 An jenem Tag", ein Spruch des Herrn der Heerscharen, "da nehm ich dich, Zorobabel, Salatiels Sohn, zu meinem Diener", ein Spruch des Herrn, "und hüte dich wie einen Siegelring. Dich habe ich erkoren." Ein Spruch des Herrn der Heerscharen.
၂၃ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အို ရှာလသေလ သား ၊ ငါ့ ကျွန် ဇေရုဗဗေလ ၊ ထိုအခါ သင့် ကိုငါယူ ၍ တံဆိပ် လက်စွပ်ကဲ့သို့ ခန့် ထားမည်ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။ သင့် ကို ငါရွေးချယ် ပြီဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။

< Haggai 2 >