< 2 Mose 30 >
1 "Mach einen Rauchaltar! Mach ihn aus Akazienholz!
၁တနည်းကား၊ နံ့သာ ပေါင်းကို မီးရှို့ စရာ ယဇ်ပလ္လင် ကို အကာရှ သား နှင့် လုပ် ရမည်။
2 Viereckig sei er, eine Elle lang und eine breit, zwei hoch! Seine Hörner sollen von ihm ausgehen!
၂ထိုပလ္လင်သည် အလျား တတောင် ၊ အနံ တတောင် ၊ စတုရန်း လေးထောင့်ဖြစ်၍ ၊ အမြင့် နှစ်တောင် ရှိ ရမည်။ ဦးချို တို့ကိုလည်း အကာရှသား ဖြင့် ပြီး စေရမည်။
3 Überziehe ihn mit reinem Gold, seine Platte, seine Wände ringsum und seine Hörner und mach ihm einen goldenen Kranz ringsum!
၃ပလ္လင်ထိပ် ၊ နံရံ ၊ ဦးချို တို့ကို ရွှေ စင် နှင့် မွမ်းမံ ၍ ၊ အပေါ်နားပတ်လည် ၌ ကွပ်သော ရွှေ တန်ဆာ ကိုလည်း လုပ် ရမည်။
4 Zwei goldene Ringe sollst du unterhalb des Kranzes an den beiden Seiten machen! An seinen Seiten sollst du sie machen, daß sie Gehäuse der Stangen seien, ihn daran zu tragen!
၄ရွှေတန်ဆာ အောက်၊ ပလ္လင် တဘက် တချက်ထောင့်၌ ရွှေ ကွင်း နှစ် ကွင်းကို လုပ် ၍၊ ပလ္လင် ထမ်း စရာ ထမ်းဘိုး နေရာ ဖြစ် ရမည်။
5 Die Stangen mach aus Akazienholz und überzieh sie mit Gold!
၅ထမ်းဘိုး တို့ကို အကာရှ သား နှင့် လုပ် ၍ ရွှေ နှင့်မွမ်းမံ ရမည်။
6 Stelle ihn vor den Vorhang vor der Lade des Zeugnisses und vor den Deckel über dem Zeugnis, wo ich mich dir offenbaren werde!
၆ငါသည် သင် နှင့် တွေ့ ရာအရပ် ၊ သက်သေခံ ချက် ထားသောသေတ္တာ ကို၊ ကာသော ကုလားကာ ရှေ့ ၌ ထိုပလ္လင် ကို ထား ရမည်။
7 Aaron räuchere darauf wohlriechendes Räucherwerk! Er soll es alle Morgen räuchern, wenn er die Lampen richtet!
၇အာရုန် သည် နံနက် တိုင်း မီးခွက် တို့ကို ပြင်သောအခါ၊ ထိုပလ္လင်ပေါ်မှာ မွှေး သော နံ့သာ ပေါင်းကို ရှို့ ရမည်။
8 Und wenn Aaron abends die Lampen aufsteckt, dann soll er räuchern! In euren Geschlechtern sei vor dem Herrn ein stetig Rauchopfer!
၈ညဦး ယံ၌ လည်း မီးခွက် တို့ကို ထွန်း သောအခါ ၊ ထိုပလ္လင်ပေါ်မှာ နံ့သာ ပေါင်းကို ရှို့ ရမည်။ ထိုသို့ သင် တို့သား စဉ်မြေးဆက်တို့သည် ထာဝရဘုရား ရှေ့ တော်၌ အစဉ်အမြဲ ပြုရသော နံ့သာပေါင်းရှို့ခြင်း ဖြစ်သတည်း။
9 Ihr sollt auf ihm kein fremdes Räucherwerk darbringen, nicht Brand-, nicht Speiseopfer! Ihr sollt darauf kein Trankopfer ausgießen!
၉ထိုပလ္လင် ပေါ် မှာ ထူးခြား သော နံ့သာ ပေါင်းကို မရှို့ရ။ မီးရှို့ သော ယဇ်ကို မပြုရ။ ဘောဇဉ်ပူဇော်သက္ကာ ကိုလည်း မပြုရ။ သွန်းလောင်း ရာ ပူဇော်သက္ကာကိုလည်း မ ပြု ရ။
10 Einmal im Jahr verrichte Aaron an seinen Hörnern die Sühnehandlung! Einmal im Jahr soll er daran durch das Versöhnungssündenopferblut die Sühne in euren Geschlechtern vornehen! Dem Herrn ist er hochheilig."
၁၀အာရုန် သည် တနှစ် တခါ အပြစ် ဖြေ ရာယဇ် ကောင်အသွေး ကိုယူ၍၊ ထိုပလ္လင် ၏ ဦးချို တို့၌ အပြစ် ဖြေခြင်း မင်္ဂလာကို ပြုရမည်။ သင် တို့သား စဉ်မြေးဆက်တို့သည် တနှစ် တခါ ထိုသို့ ပြုရ ကြမည်။ ထာဝရဘုရား အား အလွန်သန့်ရှင်း သော ယဇ်ပလ္လင်ဖြစ်သည်။
11 Und der Herr redete mit Moses also:
၁၁တဖန် ထာဝရဘုရား သည်၊ မောရှေ အား မိန့် တော်မူသည်ကား၊
12 "Erhebst du der Söhne Israels Zahl bei ihrer Musterung, dann sollen sie dem Herrn ein Lösegeld für ihr Leben geben, Mann für Mann, wenn man sie mustert! Dann befällt sie keine Plage, wenn man sie mustert.
၁၂ဣသရေလ အမျိုးသား တို့ကို ရေတွက် ၍ စာရင်းယူသောအခါ ၊ ဘေး လွတ် မည်အကြောင်းရှိသမျှတို့ သည် အသီးအသီးမိမိ အသက် ရွေးရန် အဘိုး ကို ထာဝရဘုရား အား ဆက်ကပ် ရမည်။
13 Wer der Musterung unterliegt, der soll die Hälfte des heiligen Ringes zahlen! Zwanzig Korn sind ein gemeiner Ring; dieser gilt nur als halber Ring bei einer Abgabe für den Herrn.
၁၃ရေတွက် ၍ စာရင်းဝင် သော သူအပေါင်း တို့သည် အကျပ် တော်အလိုက် ၊ ငွေအကျပ် တဝက် စီ ထာဝရဘုရား အား ဆက်ကပ် ရမည်။ အကျပ်ကား၊ ဂေရ နှစ်ဆယ် ဖြစ်သတည်း။
14 Wer der Musterung unterliegt, von zwanzig Jahren und darüber, soll für den Herrn die Abgabe geben!
၁၄အသက် နှစ်ဆယ် မှစ၍ ၊ ပိုလွန် သောသူ အပေါင်း တို့သည် စာရင်း ဝင်၍၊ ထိုသို့သော ပူဇော် သက္ကာကို ထာဝရဘုရား အားပြု ရမည်။
15 Der Reiche gebe nicht mehr, der Arme nicht weniger als einen halben Ring, wenn sie die Abgabe für den Herrn entrichten, um euer Leben zu lösen!
၁၅ကိုယ် အသက် ကို ရွေး ခြင်းငှါ ၊ ထာဝရဘုရား အား ပူဇော် သက္ကာကို ပြု သောအခါ၊ ငွေ ရတတ်သောသူတို့ သည် မ ပို ၊ ဆင်းရဲ သောသူတို့ သည် မ လျှော့ ဘဲ၊ လူတိုင်း အကျပ် တဝက် စီ ပေးရမည်။
16 Nimm von den Söhnen Israels das Sühnegeld und gib es für den Dienst am Festgezelt! So wirke es den Söhnen Israels beim Herrn ein Gedenken und ihres Lebens Lösung!"
၁၆ဣသရေလ အမျိုးသား တို့၏ အရွေး ငွေ ကို ယူ ၍ သူ တို့အသက် ကို ရွေး ခြင်းငှာ ၊ ထာဝရဘုရား ရှေ့ တော်၌ ဣသရေလ အမျိုးသား တို့၏ သက်သေ ဖြစ် ရမည်အကြောင်း၊ ပရိသတ်စည်းဝေး ရာ တဲ တော်စရိတ် အဘို့ အလိုငှာ ထား ရမည်ဟု မိန့် တော်မူ၏။
17 Der Herr sprach zu Moses:
၁၇တဖန် ထာဝရဘုရား သည်၊ မောရှေ အား မိန့် တော်မူသည်ကား၊
18 "Mach dir ein Kupferbecken mit kupfernem Gestell zum Waschen und stelle es zwischen Festgezelt und Altar und gieße Wasser darein!
၁၈အာရုန်နှင့် သူ၏သားတို့ လက်ခြေဆေး စရာဘို့ ကြေးဝါ ခြေထောက် ပါသောကြေးဝါ အင်တုံ ကို လုပ် ၍ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်နှင့် ယဇ်ပလ္လင် စပ်ကြား ၌ ထား ရမည်။
19 Daraus sollen sich Aaron und die Söhne Hände und Füße waschen!
၁၉သူ တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်သို့ ဝင် သော် ၎င်း၊
20 Wenn sie zum Festgezelt kommen, sollen sie sich waschen, daß sie nicht sterben, oder wenn sie beim Dienst zum Altare treten, ein Mahl für den Herrn aufdampfen zu lassen,
၂၀အမှုတော် ကို ထမ်း၍ ထာဝရဘုရား အား မီးရှို့ သောယဇ်ကို ပူဇော် ခြင်းငှာ ၊ ယဇ်ပလ္လင် အနားသို့ ချဉ်းကပ် သော် ၎င်း၊
21 dann sollen sie Hände und Füße waschen, daß sie nicht sterben! Dies sei ihnen ewige Pflicht, ihm sowie seinem Stamm für ihre Geschlechter!"
၂၁သေ ဘေးနှင့် ကင်းလွတ် မည်အကြောင်း ၊ မိမိတို့လက်ခြေကို ဆေး ရမည်။ ထိုသို့သူတို့နှင့် သူတို့အမျိုးအနွယ် အစဉ်အဆက်တို့သည် စောင့်ရသောပညတ်တော်ဖြစ်သတည်းဟု မိန့် တော်မူ၏။
22 Der Herr sprach zu Moses also:
၂၂တဖန် ထာဝရဘုရား သည်၊ မောရှေ အား မိန့် တော်မူပြန်သည်ကား၊
23 "Nimm dir Balsamessenz und reine Myrrhe fünfhundert, und Zimt halb soviel, zweihundertfünfzig, Gewürzrohr, zweihundertfünfzig,
၂၃သင် သည် မြတ်သောနံ့သာ မျိုးကို အကျပ်တော်နှင့်ချိန်လျက်၊ စင်ကြယ် သော မုရန် စေး အကျပ်ငါးရာ ၊ မွှေး သော သစ်ကြံပိုး နှစ်ရာ ငါးဆယ် ၊ မွှေး သောကြံ နှစ်ရာ ငါးဆယ် ၊
24 und Kassia, fünfhundert nach dem heiligen Ring, und einen Krug voll Olivenöl!
၂၄သစ်ကြံပိုး တမျိုးငါးရာ ၊ သံလွင် ဆီ တဟိန် ကို ယူ၍၊
25 Und mache es zu heiligem Salböl, zu würziger Salbe, zu eines Salbenmischers Werk! Ein heilig Salböl soll es werden!
၂၅ဆေးသမားအတတ် နှင့် ဖယောင်း ဆီကို ဘော်တတ်သည်အတိုင်း၊ လိမ်း ရန်ဆီ တည်းဟူသောသန့်ရှင်း သော နံ့သာ ဆီကို ဘော် ပြီးမှ ၊
26 Salbe damit das Festgezelt und die Lade des Zeugnisses,
၂၆ပရိသတ်စည်းဝေး ရာ တဲ တော်နှင့် သက်သေခံ ချက်သေတ္တာ ကို၎င်း၊
27 den Tisch und alle seine Geräte, den Leuchter und sein Zubehör, den Rauchaltar,
၂၇စားပွဲ နှင့် စားပွဲတန်ဆာ ရှိသမျှ ကို၎င်း၊ မီးခုံ နှင့် မီးခုံတန်ဆာ ကို၎င်း ၊ နံ့သာ ပေါင်းရှို့သောပလ္လင် ၊
28 den Brandopferaltar und alle seine Geräte, das Becken und sein Gestell!
၂၈မီးရှို့ ရာ ယဇ်ပူဇော်သောပလ္လင် နှင့် ပလ္လင်တန်ဆာ ရှိသမျှ ကို၎င်း ၊ အင်တုံ နှင့် အင်တုံခြေထောက် ကို၎င်း၊ ထိုနံ့သာ ဆီနှင့် လိမ်း သဖြင့် ၊
29 So weihe sie, daß sie hochheilig seien! Wer sie berührt, wird gleichfalls heilig.
၂၉ထို အရာတို့ကို အလွန်သန့်ရှင်း စေ ခြင်းငှာ ၊ ထိုသို့ သန့်ရှင်း စေရမည်။ ထို အရာတို့နှင့် တွေ့ သမျှသော အရာသည် သန့်ရှင်း သောအရာဖြစ်ရမည်။
30 Auch Aaron und seine Söhne sollst du salben; so weihe sie, daß sie mir Priester seien!
၃၀အာရုန် နှင့် သူ ၏သား တို့ကို လိမ်း ၍ ၊ သူ တို့သည် ငါ့ ရှေ့ ၌ ယဇ်ပုရောဟိတ် အမှုကို ဆောင်စေခြင်းငှာ ၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထား ရမည်။
31 Sprich zu den Söhnen Israels: 'Ein heilig Salböl sei mir dies für eure Geschlechter!
၃၁ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင် တို့သား စဉ်မြေးဆက်အပေါင်းတို့၌ ဤဆီ သည်၊ ငါ့ အဘို့ သန့်ရှင်း သော လိမ်း ရန်ဆီ ဖြစ် ရမည်။
32 Auf keines Menschen Leib darf es gegossen werden! Ihr dürft in seiner Mischung für euch nichts Gleiches machen. Ein heilig Ding ist es. Ein heilig Ding bleibe es euch.
၃၂လူ ၏ကိုယ် ပေါ် မှာ မ လောင်း ရ။ ထိုဆီကို ဘော်သည်နည်းတူ ၊ အခြားသောဆီကို မ ဘော် ရ။ သန့်ရှင်းသည်ဖြစ်၍၊ သန့်ရှင်းသည်ဟု သင်တို့သည် မှတ်ရမည်။
33 Wer solches mischt und davon an einen Unbefugten bringt, werde aus seinem Volke gestrichen!'"
၃၃ထိုဆီနှင့်တူ အောင် ဘော် သော သူ ၊ မ ဆိုင်သောလူ၌ လိမ်း သောသူ မည်သည်ကား၊ မိမိ အမျိုး မှ ပယ်ရှင်း ခြင်းကိုခံ ရမည်ဟု မိန့် တော်မူ၏။
34 Der Herr sprach zu Moses: "Nimm Spezereien, Tropfharz, Räucherklaue, wohlriechendes Harz und reinen Weihrauch, alles zu gleichen Teilen!
၃၄တဖန် ထာဝရဘုရား သည်၊ မောရှေ အား မိန့်တော်မူသည်ကား၊ မွှေးသော နံ့သာမျိုးတည်းဟူသောနတပ်စေး ၊ မွှေး သော ငါးခွံ ၊ ဂါလဗန် စေး၊ စင် သော လောဗန် စေးတို့ကို အညီအမျှ ချိန် ယူ၍ ၊
35 Mach daraus ein Räucherwerk, eine würzige Mischung, eines Salbenmischers Werk, scharf, rein, ein heilig Ding!
၃၅ဆေးသမားအတတ် နှင့် နှာဆေးကို ဘော်တတ်သည်နည်းတူရောနှော၍၊ သန့်ရှင်း စင်ကြယ် သော နံ့သာ ပေါင်းကို ဘော် ရမည်။
36 Verreibe davon staubfein und bringe davon vor das Zeugnis ins Festgezelt, wo ich mich dir offenbaren werde! Hochheilig sei es euch!
၃၆အချို့ ကိုလည်း ညက်ညက်ထောင်း ပြီးမှ ၊ ငါသည် သင် နှင့် တွေ့ ရာအရပ် ၊ ပရိသတ်စည်းဝေး ရာတဲ တော်၌ သက်သေခံ ချက်ရှေ့ မှာ ထား ရမည်။ သင် တို့တွင် အလွန်သန့်ရှင်း ရမည်။
37 Das Räucherwerk, das du machst, dürft ihr für euch nicht mehr nachmachen. Ein heilig Ding für den Herrn sei es dir!
၃၇ထိုသို့ သောနံ့သာ ပေါင်းကို ဘော် သည်နည်းတူ၊ အခြားသော နံ့သာပေါင်းကို ကိုယ် သုံးဘို့ မ ဘော် ရ။ သင် တို့တွင် ထာဝရဘုရား အဘို့ သန့်ရှင်း ရမည်။
38 Wer gleiches macht, daran zu riechen, werde aus seinem Volke gestrichen!"
၃၈အကြင် သူ သည် မိမိရှူ စရာဘို့ ထိုနံ့သာပေါင်း နှင့် တူ အောင်ဘော် ၏။ ထိုသူသည် မိမိ အမျိုး မှ ပယ်ရှင်း ခြင်းကိုခံ ရမည်ဟု မိန့် တော်မူ၏။