< 2 Koenige 25 >

1 Im neunten Jahre seiner Regierung am zehnten Tage des zehnten Monats zog Babels König Nebukadrezar mit seiner ganzen Heeresmacht gegen Jerusalem und belagerte es. Und sie bauten dagegen ringsum einen Wall.
ဇေဒကိမင်းနန်းစံကိုး နှစ် ၊ ဒသမ လ ဆယ် ရက် နေ့တွင် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ဗိုလ်ခြေ အပေါင်း တို့နှင့်တကွ ယေရုရှလင် မြို့သို့ စစ်ချီ သဖြင့် ၊ မြို့ ပတ်လည် ၌ တပ်ချ ၍ မြေကတုပ်တို့ကို တူးလုပ်ပြီးမှ၊”
2 So wurde die Stadt bis zum elften Jahre des Königs Sedekias belagert.
ဇေဒကိ မင်း နန်းစံတဆယ် တ နှစ် တိုင်အောင် မြို့ ကိုဝိုင်း ထားလေ၏
3 Am neunten Tage des Monats nahm in der Stadt die Hungersnot überhand, und der eingesessene Volksteil hatte nichts mehr zu essen.
ထိုနှစ်စတုတ္ထလ ကိုး ရက်နေ့တွင် ၊ မြို့ ထဲမှာ အလွန်အစာ အာဟာရခေါင်းပါးသဖြင့် ၊ မြို့သူ မြို့သားတို့ သည် စားစရာ မ ရှိ သောအခါ၊ “
4 Da wurde die Stadt erstürmt. Alle Kriegsleute waren in der Nacht auf dem Weg durch das Tor zwischen den beiden Mauern am Königsgarten. Die Chaldäer aber standen noch rings um die Stadt. So zogen jene gegen die Steppe hin.
ခါလဒဲ လူတို့သည်မြို့ ရိုးကို ဖြို ဖောက်၍ မြို့ ကို လည်း ဝိုင်း နေသောကြောင့်၊ မြို့သားစစ်သူရဲ အပေါင်း တို့ သည် ညဉ့် အခါ ပြေး ၍ မြို့ရိုး နှစ်ထပ်စပ်ကြား ဥယျာဉ် တော်နား တံခါးဝ ဖြင့် ထွက်ပြီးမှလွင်ပြင် သို့ သွားကြ၏
5 Da jagten die Chaldäertruppen dem König nach. Und sie erreichten ihn in Jerichos Steppen. Sein ganzes Heer aber hatte ihn verlassen und wurde zerstreut.
ခါလဒဲ စစ်သူရဲ တို့သည် ရှင် ဘုရင်ကို လိုက် ၍ ယေရိခေါ လွင်ပြင် ၌ မှီ သဖြင့် ၊ ဇေဒကိ မင်း၏ စစ်သူရဲ အပေါင်း တို့သည် လွင့် ပြေးကြ၏
6 Sie ergriffen nun den König und führten ihn nach Ribla zum Babelkönig. Dieser sprach ihm das Urteil.
ရန်သူတို့သည် ရှင် ဘုရင်ကိုဘမ်းဆီး ၍ ဗာဗုလုန် ရှင်ဘုရင် ရှိရာ ရိဗလ မြို့သို့ ဆောင် သွားကြ၏။ ဗာဗုလုန် ရှင်ဘုရင်သည် ဇေဒကိမင်း၏အမှုကို စစ်ကြောစီရင်သည် အတိုင်း၊”
7 Da schlachteten sie des Sedekias Söhne vor seinen Augen ab. Den Sedekias selbst aber ließ er blenden und in Ketten legen. So brachte man ihn nach Babel.
ဇေဒကိ မင်း၏ သား တို့ကို အဘ မျက်မှောက် ၌ သတ် ကြ၏။ ဇေဒကိ မျက်စိ ကိုလည်း ဖောက် ပြီးမှ ၊ သူ့ ကိုကြေးဝါ ကြိုးနှင့် ချည်နှောင် ၍ ဗာဗုလုန် မြို့သို့ ယူ သွားကြ၏
8 Am siebten Tage des fünften Monats, das ist im neunzehnten Regierungsjahre des Babelkönigs Nebukadrezar, kam Nebuzaradan, der Oberste der Leibwächter und Diener des Königs, nach Jerusalem.
ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံဆယ် ကိုး နှစ် ၊ ပဉ္စမ လ ခုနစ် ရက်နေ့တွင် ၊ အမှု တော်ထမ်း ကိုယ်ရံတော် မှူးနေဗုဇာရဒန် သည် ယေရုရှလင် မြို့သို့ လာ ၍၊ “
9 Er verbrannte das Haus des Herrn, das Haus des Königs und alle anderen Häuser Jerusalems. Jedes bedeutendere Haus verbrannte er.
ဗိမာန် တော်၊ နန်းတော် ၊ မင်း အိမ်၊ ဆင်းရဲသားအိမ် ရှိသမျှ တို့ကို မီးရှို့ လေ၏
10 Die Chaldäertruppen insgesamt, die beim Obersten der Leibwächter waren, rissen die Mauern um Jerusalem ein.
၁၀ကိုယ်ရံတော် မှူး၌ပါသော ခါလဒဲ စစ်သူရဲ အပေါင်း တို့သည် ယေရုရှလင် မြို့ရိုး ရှိသမျှတို့ကို ဖြိုဖျက် ကြ၏
11 Den Rest des Volkes, die in der Stadt Zurückgebliebenen und die Überläufer, die zum Babelkönig übergelaufen waren, und den Rest des Pöbels führte Nebuzaradan, der Oberste der Leibwächter, fort.
၁၁ထိုအခါ ကိုယ်ရံတော် မှူး နေဗုဇာရဒန် သည် မြို့ ထဲမှာ ကျန်ကြွင်း သောသူ ၊ ဗာဗုလုန် ရှင်ဘုရင် ဘက် သို့ ကူး သွားနှင့်သောသူ ၊ ကြွင်း သမျှသောသူတို့ကို သိမ်း သွား လေ၏
12 Von den geringen Leuten des Landes ließ der Oberste der Leibwächter etliche für Weinberge und für Äcker zurück.
၁၂သို့ရာတွင် စပျစ် ဥယျာဉ်ကိုပြုစု၍ လယ် လုပ်စေခြင်းငှါ ၊ ဆင်းရဲသား အချို့တို့ကိုထား ခဲ့လေ၏
13 Die ehernen Säulen am Hause des Herrn, die Gestühle und das eherne Meer im Hause des Herrn zerbrachen die Chaldäer und führten das Erz davon nach Babel.
၁၃ဗိမာန် တော်၌ ကြေးဝါ တိုင် တို့ကို၎င်း ၊ ကြေးဝါ ရေကန် ကို၎င်း ၊ ရေချိုးအင်တုံ အခြေအမြစ်တို့ကို၎င်း၊ ခါလဒဲ လူတို့သည် ချိုးဖဲ့ ၍ ၊ ကြေးဝါ ရှိသမျှကို ဗာဗုလုန် မြို့သို့ ယူ သွားကြ၏
14 Auch die Töpfe, Schaufeln, Messer, Schalen und alle ehernen Gefäße, mit denen man Dienst getan, nahmen sie mit.
၁၄အိုးကင်း ၊ တူးရွင်း ပြား၊ မီးညှပ် ၊ ဇွန်း မှစ၍ အမှု တော်ထမ်းစရာ ကြေးဝါ တန်ဆာ ရှိသမျှ တို့ကိုလည်း ယူ သွားကြ၏
15 Auch die Pfannen und Sprengschalen, die einen golden, die anderen silbern, nahm der Oberste der Leibwächter mit.
၁၅ရွှေ တန်ဆာ၊ ငွေ တန်ဆာတည်းဟူသော လင်ပန်း ၊ အိုး အစရှိသော တန်ဆာများကို ရွှေ ဖြစ်စေ ၊ ငွေ ဖြစ်စေ၊ ကိုယ်ရံတော် မှူးသည် ယူ သွားလေ၏
16 Von den zwei Säulen, von dem einen Meer und den Gestühlen, die Salomo für das Haus des Herrn gemacht, von all diesen Geräten war das Erz nicht zu wägen.
၁၆ဗိမာန် တော်၌ ရှောလမုန် မင်းလုပ် သော တိုင် နှစ် တိုင်၊ ရေကန် တခု ၊ အခြေအမြစ်များ၌ပါသောကြေးဝါ သည် အချိန် အားဖြင့် အတိုင်းမသိများ၏
17 Achtzehn Ellen war die eine Säule hoch. Oben auf ihr ein eherner Knauf. Die Höhe des Knaufes war drei Ellen. Rings um den Knauf war ein Gittergeflecht mit Granatäpfeln, alles aus Erz. Solche hatte auch die zweite Säule am Gittergeflecht.
၁၇တိုင် အမြင့် ကားတဆယ် ရှစ် တောင် ရှိ၏။ ကြေးဝါ တိုင် ထိပ်လည်း ရှိ၏။ တိုင် ထိပ်အမြင့် ကား သုံး တောင် ရှိ၍ ၊ ထိပ် ပတ်လည် ကြေးဝါ ကွန်ရွက် ၊ ကြေးဝါသလဲ သီးတို့နှင့် ပြည့်စုံ၏။ အခြား သောတိုင် သည်လည်း ထို အတူ ဖြစ်၍ ကွန်ရွက် နှင့် ပြည့်စုံ ၏
18 Der Oberste der Leibwächter nun nahm den Oberpriester Seraja fest, den zweiten Priester Sephanja und die drei Schwellenhüter.
၁၈ကိုယ်ရံတော် မှူးသည် ယဇ်ပုရောဟိတ် မင်း စရာယ ၊ ဒုတိယ ယဇ်ပုရောဟိတ် ဇေဖနိ ၊ ဗိမာန်တော် တံခါးမှူး သုံး ယောက်တို့ကို ဘမ်းဆီး လေ၏
19 Aus der Stadt nahm er einen Kämmerer, den Befehlshaber über die Kriegsleute, fünf Männer von denen, die des Königs Antlitz sehen durften und sich in der Stadt befanden, des Feldhauptmanns Schreiber, der die einheimische Bevölkerung aufbot, und von der einheimischen Bevölkerung sechzig Mann, die sich in der Stadt fanden.
၁၉စစ် သူရဲတို့ကိုအုပ် သော ဗိုလ် တ ယောက်၊ မြို့ ထဲ၌ တွေ့ မိသော တိုင်ပင်မှူးမတ်ငါးယောက်၊ ပြည်သူ ပြည်သားများကို နှိုးဆော် သော တပ် စာရေး ကြီး တယောက်၊ မြို့ ထဲ၌ တွေ့ မိသော ပြည်သား ခြောက်ဆယ် တို့ ကိုမြို့ ထဲက ခေါ် သွား၍၊ “
20 Und Nebuzaradan, der Oberste der Leibwächter, nahm sie und führte sie nach Ribla zum Babelkönig.
၂၀ဗာဗုလုန် ရှင်ဘုရင် ရှိရာ ရိဗလ မြို့သို့ ဆောင် ခဲ့ ပြီးလျှင်၊ “
21 Der König von Babel ließ sie zu Ribla in der Landschaft Hamat hinrichten. So wanderte Juda von seinem Boden in die Verbannung.
၂၁ဗာဗုလုန် ရှင် ဘုရင်သည် ဟာမတ် ပြည် ရိဗလ မြို့ ၌ ထိုသူ တို့ကို ဒဏ် ပေး၍ ကွပ်မျက် လေ၏။ ထိုသို့ ယုဒ အမျိုးသည် မိမိ ပြည် မှ သိမ်းသွား ခြင်းကို ခံရသတည်း
22 Über das Volk, das im Lande zurückblieb und das Nebukadrezar, Babels König, zurückließ, setzte er den Gedalja, den Sohn Achikams und Enkel Saphans.
၂၂ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ ၏ အခွင့်နှင့် ယုဒ ပြည် ၌ ကျန်ကြွင်း သေးသော လူ တို့ကို အုပ်ရသောမင်းအရာ၌၊ ရှာဖန် ၏သား ဖြစ်သော အဟိကံ ၏သား ဂေဒလိ ကို ခန့်ထား တော်မူ၏
23 Als alle Heeresobersten samt den Leuten hörten, daß der König von Babel den Gedalja eingesetzt habe, kamen sie nach der Mispa zu Gedalja. Auch Ismael, Netanjas Sohn, ferner Kareachs Sohn Jochana, Tanchumets Sohn Seraja, der Netophatiter und des Maakatiters Sohn Jaazanja samt ihren Leuten.
၂၃ဗာဗုလုန် ရှင် ဘုရင်သည် ဂေဒလိ ကို ပြည်အုပ် အရာ၌ခန့်ထား ကြောင်း ကို တပ်မှူးတို့နှင့် စစ်သူရဲများ တို့သည် ကြားသိသောအခါ၊ နာသနိ သား ဣရှမေလ ၊ ကာရာ သား ယောဟနန် ၊ နေတောဖတ် အမျိုး၊ တာနုမက် သား စရာယ ၊ မာခသိ အမျိုးသား ယေဇနိ တို့သည် မိမိ လူ များနှင့်တကွ ၊ ဂေဒလိ ရှိရာမိဇပါ မြို့သို့ လာ ၍၊ “
24 Da schwur Gedalja ihnen und ihren Leuten und sprach zu ihnen: "Fürchtet euch nicht vor den chaldäischen Dienern! Bleibt im Lande und seid dem Babelkönig untertan! Dann geht es euch gut."
၂၄ဂေဒလိ က၊ ခါလဒဲ မင်းအမှုကို ဆောင်ရွက်ရမည် အခွင့်ကို မ စိုးရိမ် ကြနှင့်။ ဤပြည် ၌ နေ ကြလော့။ ဗာဗုလုန် ရှင် ဘုရင်၏အမှုကို ဆောင်ရွက် ကြလော့။ သို့ပြုလျှင် ချမ်းသာ ရကြလိမ့်မည်ဟူ၍ထိုသူ တို့အား ကျိန်ဆို လေ၏
25 Aber im siebten Monate kam Ismael, der Sohn Netanjas und Enkel Elisamas aus königlichem Geschlecht, mit zehn Männern. Sie schlugen Gedalja, daß er starb, ebenso die Juden und Chaldäer, die bei ihm zu Mispa waren.
၂၅သတ္တမ လ တွင် ၊ ဆွေတော်မျိုးတော်ဧလိရှမာ သား နာသနိ ၏ သား ဣရှမေလ သည် လူ တကျိပ် နှင့်တကွ လာ၍ ဂေဒလိ ကို၎င်း၊ မိဇပါ မြို့ ၌ ဂေဒလိထံမှာရှိသော ယုဒ လူတို့နှင့် ခါလဒဲ လူတို့ကို၎င်း သေ အောင် လုပ်ကြံ လေ၏
26 Da brach alles Volk, klein und groß, auf, samt den Heeresobersten, und sie kamen nach Ägypten. Denn sie fürchteten sich vor den Chaldäern.
၂၆ထိုအခါ တပ်မှူး များနှင့် ပြည်သူ ပြည်သားအကြီး အငယ် အပေါင်း တို့သည် ခါလဒဲ လူတို့ကို ကြောက် သောကြောင့် ထ ၍ အဲဂုတ္တု ပြည်သို့ သွား ကြ၏
27 Im siebenunddreißigsten Jahre der Wegführung des Judakönigs Jojachin, am siebenundzwanzigsten Tage des zwölften Monats, entließ der König von Babel, Evilmerodach, in dem Jahre, da er König ward, die Person des Judakönigs Jojachin aus dem Kerker.
၂၇ယုဒ ရှင်ဘုရင် ယေခေါနိ သည် အချုပ် ခံရသောသက္ကရာဇ် သုံးဆယ် ခုနစ် နှစ်၊ ဒွါ ဒသမ လ နှစ်ဆယ် ခုနစ် ရက်နေ့တွင် ၊ ဗာဗုလုန် ရှင်ဘုရင် ဧဝိလ မေရောဒက်နန်းစံ စက၊ ယုဒ ရှင်ဘုရင် ယေခေါနိ ကို ထောင် ထဲ က နှုတ် ၍ ချမ်းသာပေးလေ၏
28 Er redete gütig mit ihm und setzte seinen Stuhl über die Stühle der anderen Könige, die bei ihm zu Babel waren.
၂၈ကောင်းမွန်စွာ နှုတ်ဆက် ၍ သူ ၏ပလ္လင် ကို ဗာဗုလုန် မြို့မှာ အထံ တော်၌ ရှိသော မင်းကြီး များထိုင်ရာပလ္လင် တို့ထက် ချီးမြှင့် လေ၏
29 Er wechselte seine Gefängniskleider und speiste beständig vor ihm alle Tage seines Lebens.
၂၉ယေခေါနိမင်းသည် ထောင် ထဲမှာ ဝတ်သော အဝတ် ကို လဲ ၍ ၊ အသက် ရှည်သမျှကာလ ပတ်လုံးအစဉ် မပြတ်အထံ တော်၌ စား သောက်ရ၏
30 Sein ständiger Bedarf wurde ihm vom König gegeben, jeden Tag, was er benötigte, alle Tage seines Lebens.
၃၀အသက် ရှည် သမျှနေ့ရက် အစဉ်မပြတ်သူ စားစရာ ဘို့ ဗာဗုလုန်ရှင်ဘုရင် ပေး သနားတော်မူ၏

< 2 Koenige 25 >