< 2 Chronik 32 >
1 Nach diesen Begebnissen und solcher Treue kam der Assyrerkönig Sanherib. Er kam nach Juda und belagerte die festen Städte. Er gedachte, sie für sich zu erobern.
၁ဤသို့ဟေဇကိသည်ထာဝရဘုရားအား သစ္စာနှင့်ဆည်းကပ်ကိုးကွယ်လျက်နေသည့် နောက်ပိုင်း၌ အာရှုရိဧကရာဇ်သနာခရိပ် သည် ယုဒပြည်သို့ချင်းနင်းဝင်ရောက်လာ လေသည်။ သူသည်တံတိုင်းကာရံထားသည့် မြို့များကိုဝိုင်းရံတိုက်ခိုက်ကာ မြို့ရိုးများ ကိုချိုးဖောက်ဝင်ရောက်ရန်မိမိ၏တပ်မ တော်အားအမိန့်ပေးတော်မူ၏။-
2 Als Ezechias sah, daß Sanherib gekommen war und Jerusalem erobern wollte,
၂သနာခရိပ်သည်ယေရုရှလင်မြို့ကိုလည်း တိုက်ခိုက်ရန်ကြံစည်လျက်ရှိကြောင်း ဟေဇကိ သိမြင်သောအခါ၊-
3 beschloß er, mit seinen Obersten und Kriegern die Quellwasser außerhalb der Stadt zu verstopfen. Und sie stimmten ihm bei.
၃မိမိ၏မှူးမတ်များနှင့်တိုင်ပင်၍အာရှုရိ အမျိုးသားတို့ရောက်လာချိန်၌ ရေမရအောင် မြို့ပြင်သို့ရေလွှတ်မြောင်းများကိုဖြတ်တောက် စေတော်မူ၏။ မှူးမတ်တို့သည်လူအမြောက် အမြားကိုစုရုံးလျက်စမ်းရေတွင်းရှိသမျှ တို့ကိုပိတ်ဆို့လိုက်ကြ၏။-
4 Da sammelte sich viel Volk und verstopfte alle Quellen und den Bach, der die Gegend durchfließt. Sie sagten: "Wozu sollen die Assyrerkönige kommen und soviel Wasser finden?"
၄
5 Dann rüstete er sich. Er baute die ganze geborstene Mauer auf, errichtete darauf Türme und draußen die andere Mauer. Dann befestigte er die Bastei in der Davidsstadt und machte Schleudern und Schilde in Menge.
၅မင်းကြီးသည်မြို့တော်ကာကွယ်ရေးအတွက် ခိုင်ခံ့စေရန် မြို့ရိုးများကိုပြန်လည်ပြုပြင် ခြင်း၊ ပြအိုးများကိုဆောက်လုပ်ခြင်း၊ အပြင် မြို့ရိုးတစ်ထပ်ကိုတည်ဆောက်ခြင်းတို့ကို ပြုတော်မူ၏။ ထို့ပြင်ယေရုရှလင်မြို့ဟောင်း အရှေ့ပိုင်း၌ရှိသောမြေကတုတ်များကို ပြုပြင်၍ လှံနှင့်ဒိုင်းလွှားအမြောက်အမြား ကိုပြုလုပ်စေတော်မူ၏။-
6 Dann setzte er Kriegsoberste über das Volk. Und er versammelte sie zu sich auf den Platz am Stadttore. Er redete ihnen freundlich zu und sprach:
၆မင်းကြီးသည်မြို့သားအပေါင်းတို့အား တပ်မတော်အရာရှိများ၏အောက်တွင် ထားရှိကာမြို့တံခါးဝရှိကွက်လပ်တွင် စုဝေးစေပြီးလျှင်၊-
7 "Seid mutig und stark! Seid getrost! Erschreckt nicht vor dem Assyrerkönig und nicht vor dem ganzen Haufen, den er mit sich führt! Denn mit uns ist ein Größerer als mit ihm.
၇``အားမာန်တင်း၍ရဲစွမ်းသတ္တိရှိကြလော့။ အာရှုရိဧကရာဇ်ကိုသော်လည်းကောင်း၊ သူ ဦးစီးခေါင်းဆောင်ပြုသည့်တပ်မတော်ကို သော်လည်းကောင်းမကြောက်ကြနှင့်။ သူ၏ တန်ခိုးစွမ်းရည်ထက်ပိုမိုကြီးမားသော တန်ခိုးစွမ်းရည်ငါတို့တွင်ရှိ၏။-
8 Mit ihm ist ein fleischerner Arm. Mit uns aber der Herr, unser Gott, um uns zu helfen und unsere Kriege zu führen." Da verließ sich das Volk auf die Worte des Judakönigs Ezechias.
၈သူ၏ဘက်၌လူသားတို့၏တန်ခိုးစွမ်းရည် သာလျှင်ရှိပေသည်။ ငါတို့ဘက်၌မူကား ကူမတော်မူ၍စစ်ပွဲများတွင်ပါဝင်တိုက် ခိုက်တော်မူသောငါတို့၏ဘုရားသခင် ထာဝရဘုရားရှိတော်မူ၏'' ဟုမိန့်တော် မူလေသည်။ ဤသို့မင်းကြီးမိန့်တော်မူ သောစကားကြောင့်လူတို့သည်အား တက်လာကြကုန်၏။
9 Später hatte der Assyrerkönig Sanherib seine Knechte nach Jerusalem gesandt. Er selbst aber stand vor Lakis mit seiner ganzen Macht. So sandte er zu dem Judakönig Ezechias und zu ganz Juda in Jerusalem und ließ sagen:
၉ကာလအနည်းငယ်ကြာသောအခါသနာ ခရိပ်သည် မိမိတပ်မတော်နှင့်အတူလာခိရှ မြို့၌ပင်ရှိနေစဉ် ဟေဇကိနှင့်ယေရုရှလင် မြို့တွင်ရှိနေကြသောယုဒပြည်သူတို့ထံ သို့စေတမန်လွှတ်၍၊-
10 "So spricht Sanherib, Assyriens König: 'Worauf vertraut ihr, daß ihr euch in Jerusalem belagern lasset?
၁၀``သင်တို့ယေရုရှလင်မြို့သားများသည်အဝိုင်း ခံလျက်နေရချိန်၌ပင်အဘယ်သို့လျှင် စိတ် ချလက်ချနေနိုင်ကြပါသနည်းဟုငါ အာရှုရိဧကရာဇ်မေးမြန်းလိုက်၏။-
11 Verführt euch nicht Ezechias und läßt euch vor Hunger und Durst sterben, wenn er spricht: "Der Herr, unser Gott, rettet uns aus des Assyrerkönigs Hand?"
၁၁ဟေဇကိကသင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် သင်တို့အားငါ၏လက်မှကယ်တော် မူမည်ဟုဆိုချေသည်။ သို့ရာတွင်ဟေဇကိ သည်သင်တို့အစာရေစာငတ်မွတ်၍သေကြ စေရန်လှည့်စားပြောဆိုနေခြင်းဖြစ်၏။-
12 Hat nicht dieser Ezechias seine Höhen und Altäre beseitigt und zu Juda und Jerusalem gesprochen: "Ihr sollt vor einem Altar anbeten und nur auf ihm räuchern?"
၁၂ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ရာဌာန များနှင့်ယဇ်ပလ္လင်များကိုဖြိုဖျက်ကာ ယုဒ ပြည်သူများနှင့် ယေရုရှလင်မြို့သူမြို့သား တို့အားယဇ်ပလ္လင်တစ်ခုတည်းတွင်နံ့သာ ပေါင်းကိုမီးရှို့ပူဇော်၍ဝတ်ပြုကိုးကွယ် ရန်ပြောကြားသူကားဟေဇကိပင်ဖြစ်သည်။-
13 Wißt ihr nicht, was ich und meine Väter allen Völkern der Erde getan haben? Haben der Heiden Götter in den Ländern ihr Land aus meiner Hand retten können?
၁၃ငါနှင့်ငါ၏ဘိုးဘေးများသည်အတိုင်းတိုင်း အပြည်ပြည်မှလူတို့အားအဘယ်သို့ပြု ခဲ့သည့်ကိုသင်တို့မသိကြပါသလော။ အခြားအဘယ်တိုင်းနိုင်ငံ၏ဘုရားများ သည်မိမိတို့လူများအားအာရှုရိဧကရာဇ် ၏လက်မှကယ်ခဲ့ကြပါသနည်း။-
14 Wer von all den Göttern dieser Heiden, die meine Väter vertilgten, hat sein Volk aus meiner Hand gerettet? Da sollte euer Gott euch aus meiner Hand retten?
၁၄ထိုနိုင်ငံများရှိအဘယ်မည်သောဘုရားသည် မိမိ၏လူတို့အားငါ၏လက်မှကယ်ခဲ့ဖူး ပါသနည်း။ သို့ဖြစ်ပါလျက်သင်တို့၏ဘုရား သည်သင်တို့ကိုကယ်တော်မူနိုင်သည်ဟု အဘယ်ကြောင့်သင်တို့ထင်မှတ်ကြပါ သနည်း။-
15 So betöre euch jetzt nicht Ezechias und verführe euch nicht auf solche Art! Glaubt ihm nicht! Denn kein Gott irgendeines Volkes oder Reiches konnte sein Volk aus meiner und meiner Väter Hand retten. Auch will euer Gott euch aus meiner Hand gar nicht retten.'"
၁၅ယခုသင်တို့အားဟေဇကိမလှည့်စားမဖြား ယောင်းစေနှင့်။ သူ၏စကားကိုသင်တို့မယုံ ကြစေနှင့်။ အဘယ်တိုင်းနိုင်ငံ၏ဘုရားမျှ မိမိ၏လူတို့အားအာရှုရိဧကရာဇ်၏လက် မှကယ်နိုင်ခဲ့ဘူးသည်မရှိ။ သို့ဖြစ်၍သင်တို့ ၏ဘုရားသည်လည်းအမှန်ပင်သင်တို့အား မကယ်နိုင်'' ဟုပြောကြားစေလေသည်။
16 Solches und noch mehr redeten seine Knechte wider Gott, den Herrn, und gegen seinen Diener Ezechias.
၁၆အာရှုရိတပ်မှူးသည်လည်းထာဝရအရှင် ဘုရားသခင်အားလည်းကောင်း၊ ထာဝရဘုရား ၏အစေခံဟေဇကိအားလည်းကောင်းထို ထက်ပင်ပိုမိုရှုတ်ချပြောဆိုကြသေး၏။-
17 Auch einen Brief schrieb er, um den Herrn, Israels Gott zu lästern und wider ihn zu reden: "Sowenig in den Ländern die Heidengötter ihr Volk aus meiner Hand retteten, ebensowenig kann des Ezechias Gott sein Volk aus meiner Hand retten."
၁၇ဧကရာဇ်မင်းသည်ဣသရေလအမျိုးသား တို့၏ဘုရားသခင်ကိုအာခံလျက် ပေးပို့ သောအမှာတော်စာတွင်``အတိုင်းတိုင်းအပြည် ပြည်မှဘုရားများသည်မိမိတို့၏လူများ အားငါ၏လက်မှမကယ်နိုင်ခဲ့ကြ။ ဟေဇကိ ၏ဘုရားသည်လည်းမိမိ၏လူတို့ကိုငါ ၏လက်မှကယ်နိုင်လိမ့်မည်မဟုတ်'' ဟု ဖော်ပြထားသတည်း။-
18 Sie riefen auch mit lauter Stimme auf jüdisch zum Volke Jerusalems auf der Mauer, um es in Furcht und Schrecken zu setzen und um so die Stadt zu erobern.
၁၈တပ်မှူးတို့သည်မြို့ရိုးပေါ်ရှိယေရုရှလင်မြို့ သားတို့အားခြိမ်းခြောက်ကာစိတ်ပျက်အား လျော့အောင်ပြု၍ မြို့ကိုအလွယ်တကူသိမ်း ပိုက်နိုင်စေရန်ဟေဗြဲဘာသာစကားဖြင့် အော်ဟစ်ပြောဆိုကြလေသည်။-
19 Sie redeten von dem Gott Jerusalems wie von der Erdenvölker Göttern, dem Werk von Menschenhänden.
၁၉သူတို့သည်ယေရုရှလင်မြို့သားတို့၏ဘုရားသခင်ကိုလူတို့လက်ဖြင့်ပြုလုပ်သောရုပ်တု များဖြစ်သည့်အခြားလူမျိုးတို့၏ဘုရား များနှင့်တန်းတူထား၍ပြောဆိုကြ၏။
20 Nun beteten der König Ezechias und der Prophet Isaias, des Amos Sohn, dieserhalb und schrien zum Himmel.
၂၀ထိုအခါဟေဇကိမင်းနှင့်အာမုတ်၏သား ပရောဖက်ဟေရှာယသည် ဘုရားသခင်ထံ တော်သို့ကယ်မတော်မူရန်ဟစ်လျက်ပတ္ထနာ ပြုကြလေသည်။-
21 Da sandte der Herr einen Engel und tilgte alle Krieger, Heerführer und Obersten im Lager des Assyrerkönigs. Schmachbedeckt kehrte er in sein Land. Als er in das Haus seines Gottes ging, fällten ihn einige leibliche Abkömmlinge dort durch das Schwert.
၂၁ထာဝရဘုရားသည်ကောင်းကင်တမန်ကို စေလွှတ်၍ အာရှုရိတပ်သားများနှင့်တပ်မ တော်အရာရှိများအားသုတ်သင်ပယ်ရှင်း စေတော်မူ၏။ ဧကရာဇ်မင်းသည်အရှက်ကွဲ လျက်အာရှုရိပြည်သို့ပြန်တော်မူ၏။ တစ် နေ့သ၌သူသည်မိမိဘုရား၏ဗိမာန် တော်၌ရှိနေစဉ် သားတော်အချို့တို့သည် သူ့အားဋ္ဌားဖြင့်လုပ်ကြံကြလေသည်။
22 So rettete der Herr den Ezechias und Jerusalems Einwohner aus der Hand des Assyrerkönigs Sanherib und aus der Hand aller anderen und gab ihnen ringsum Ruhe.
၂၂ဤနည်းအားဖြင့်ထာဝရဘုရားသည်ဟေ ဇကိနှင့်ယေရုရှလင်မြို့သူမြို့သားတို့ အား အာရှုရိဧကရာဇ်သနာခရိပ်၏လက် မှလည်းကောင်း၊ အခြားရန်သူများ၏လက် မှလည်းကောင်းကယ်တော်မူ၍ပတ်ဝန်းကျင် နိုင်ငံများနှင့်ငြိမ်းချမ်းမှုကိုပေးတော်မူ၏။-
23 Viele brachten dem Herrn Gaben nach Jerusalem und dem Judakönig Ezechias Kleinodien, und er wurde danach in aller Heiden Augen hochangesehen.
၂၃လူအမြောက်အမြားပင်ထာဝရဘုရား အတွက်ပူဇော်သကာများနှင့် ဟေဇကိ မင်းအတွက်လက်ဆောင်များကိုယေရုရှလင် မြို့သို့ယူဆောင်လာကြ၏။ ထိုကာလမှ အစပြု၍ဟေဇကိသည်နိုင်ငံတကာ တို့၏ရှေ့တွင်ဂုဏ်အသရေကြီးမြင့်လေ၏။
24 Zu jener Zeit wurde Ezechias todkrank. Da betete er zum Herrn. Und er sprach mit ihm und gab ihm ein Wunderzeichen.
၂၄ထိုအချိန်ကာလလောက်၌ပင်ဟေဇကိသည် သေလုနီးပါးဖျားနာသဖြင့် ဆုတောင်းပတ္ထ နာပြုတော်မူ၏။ ထာဝရဘုရားသည်သူပြန် လည်ကျန်းမာလာမည့်နိမိတ်ကိုပြတော်မူ၏။-
25 Aber Ezechias vergalt nicht die Wohltat, die ihm widerfahren war. Denn er ward hochmütig. Darum kam grimmer Zorn über ihn und über Juda und Jerusalem.
၂၅သို့ရာတွင်ဟေဇကိမင်းသည်မာန်မာနရှိ သဖြင့် ခံစားရသောကျေးဇူးတော်အတွက် ကျေးဇူးတော်ကိုမချီးမွမ်း။ ထိုကြောင့်ယုဒ ပြည်သူများနှင့်ယေရုရှလင်မြို့သားတို့ သည်အမျက်တော်ဒဏ်ကိုခံရကြလေသည်။-
26 Dann erst demütigte sich Ezechias in seinem Hochmut, er und Jerusalems Bewohner. So war des Herrn grimmer Zorn nicht über sie in Ezechias Tagen gekommen.
၂၆နောက်ဆုံးတွင်ဟေဇကိနှင့်ယေရုရှလင်မြို့ သူမြို့သားတို့သည်နှိမ့်ချသောစိတ်ရှိလာ ကြသဖြင့် ထာဝရဘုရားသည်ဟေဇကိ ၏လက်ထက်ကာလတွင်ပြည်သူတို့အား အပြစ်ဒဏ်ခတ်တော်မမူ။
27 Ezechias besaß aber sehr großen Reichtum und Prunk. Er legte sich Schatzkammern an für Silber, Gold, Edelsteine, Spezereien, Schilde und allerlei kostbare Geräte
၂၇ဟေဇကိသည်လွန်စွာချမ်းသာကြွယ်ဝလာ ပြီးလျှင် လူအပေါင်းတို့၏ရှေ့တွင်ဂုဏ်အသ ရေကြီးမြင့်လေ၏။ သူသည် ရွှေ၊ ငွေ၊ ကျောက်မျက် ရတနာများ၊ နံ့သာမျိုးများ၊ ဒိုင်းလွှားများ နှင့်အခြားအဖိုးတန်ပစ္စည်းများသိုလှောင် ရန်တိုက်များကိုတည်ဆောက်တော်မူ၏။-
28 und Speicher für den Ertrag an Korn, Wein und Öl, Ställe für allerlei Vieh und Scharen tüchtiger Leute.
၂၈စပါး၊ စပျစ်ရည်နှင့်သံလွင်ဆီအတွက်ကုန် လှောင်ရုံများ၊ မိမိ၏ကျွဲနွားများအတွက် တင်းကုပ်များ၊ သိုးများအတွက်ခြံများ ကိုလည်းတည်ဆောက်တော်မူ၏။-
29 Er beschaffte sich Ställe, dazu großen Besitz an Schafen und Rindern. Denn Gott gab ihm überaus viel Habe.
၂၉ထာဝရဘုရားသည်သူ့အားဤအရာ များအပြင်သိုးနွားများနှင့်အခြားပစ္စည်း ဥစ္စာအမြောက်အမြားကိုလည်းပေးသနား တော်မူသဖြင့် သူသည်မြောက်မြားစွာသော မြို့တို့ကိုတည်ထောင်တော်မူ၏။-
30 Derselbe Ezechias war es auch, der den oberen Ausfluß der Gewässer des Gichon verstopfte und sie westwärts in die Davidsstadt hinableitete. Ezechias hatte bei all seinem Tun Glück.
၃၀ဂိဟုန်စမ်းမှရေစီးကြောင်းကိုပိတ်ဆို့လိုက် ပြီးလျှင်ဥမင်လိုဏ်ခေါင်းတူး၍ ယေရုရှလင် မြို့တံတိုင်းအတွင်းသို့ရေကိုသွယ်သူမှာ ဟေဇကိပင်ဖြစ်၏။ ဟေဇကိသည်ပြုလေ သမျှသောအမှုတို့တွင်အောင်မြင်တော်မူ သည်။-
31 Nur bei den Gesandten der Babelfürsten, die sie zu ihm geschickt hatten, nach dem Wunder, das im Lande geschehen, zu fragen, verließ ihn Gott, um ihn zu prüfen und sein ganzes Herz zu erkunden.
၃၁တိုင်းပြည်တွင်ဖြစ်ပွားခဲ့သောအံ့ဖွယ်အမှု ကိုစုံစမ်းရန်ဗာဗုလုန်သံတမန်များလာ ရောက်ချိန်၌ပင်လျှင် ဘုရားသခင်သည်ဟေ ဇကိ၏သဘောကိုစမ်းသပ်သိရှိနိုင်ရန်သူ ပြုလိုသည့်အတိုင်းပြုနိုင်ခွင့်ကိုပေးတော် မူ၏။
32 Der Rest der Geschichte des Ezechias und seine tapferen Taten sind in dem Gesicht des Propheten Isaias, des Amossohnes, im Buch der Könige von Juda und Israel aufgezeichnet.
၃၂ဟေဇကိမင်းလုပ်ဆောင်ခဲ့သောအခြား အမှုအရာရှိသမျှနှင့်ထာဝရဘုရား အားဆည်းကပ်ပုံတို့ကို အာမုတ်၏သား ပရောဖက်ဟေရှာယ၏ဗျာဒိတ်ရူပါရုံ ကျမ်း၊ ယုဒရာဇဝင်နှင့်ဣသရေလရာဇဝင် တွင်ရေးထားသတည်း။-
33 Ezechias legte sich zu seinen Vätern, und man begrub ihn am Aufstieg zu den Gräbern der Davidsöhne. Ganz Juda und Jerusalems Einwohner erwiesen ihm bei seinem Tode Ehre. Sein Sohn Manasse ward König an seiner Statt.
၃၃ဟေဇကိကွယ်လွန်သောအခါသူ၏အလောင်း ကိုဘုရင်များ၏သင်္ချိုင်းအထက်ပိုင်းတွင်သင်္ဂြိုဟ် ကြ၏။ သူကွယ်လွန်ချိန်၌ယုဒပြည်သူများ နှင့်ယေရုရှလင်မြို့သားတို့သည်သူ့အား အထူးဂုဏ်ပြုကြ၏။ သားတော်မနာရှေ သည်ခမည်းတော်၏အရိုက်အရာကို ဆက်ခံ၍နန်းတက်လေသည်။