< 2 Chronik 2 >

1 Und Salomo befahl, dem Namen des Herrn ein Haus zu bauen und für sich einen Königspalast.
ရှောလမုန် သည် ထာဝရဘုရား ၏ နာမတော် အဘို့ အိမ် ကို၎င်း ၊ နန်းတော် ကို၎င်း တည်ဆောက် ခြင်းငှါ အကြံ ရှိ၍၊
2 Und Salomo zählte 70.000 Lastträger ab und 80.000 Steinhauer im Gebirge und 3.600 Aufseher darüber.
ထမ်းရွက် သောသူခုနစ် သောင်း၊ တောင်ရိုး ပေါ်မှာ သစ်ခုတ် သော သူရှစ်သောင်း ၊ ကြည့်ရှု စီရင်ရသောသူ သုံး ထောင် ခြောက် ရာ တို့ကို ခွဲခန့် ပြီးမှ၊
3 Dann sandte Salomo an den König von Tyrus, Churam, und ließ sagen: "Wie du meinem Vater David getan, als du ihm Zedern sandtest, um sich ein Wohnhaus zu bauen, ...
တုရု မင်းကြီး ဟိရံ ထံသို့ စေလွှတ် ၍၊ မင်းကြီးသည် ငါ့ အဘ ဒါဝိဒ် ၏ နန်းတော် ဆောက် စရာဘို့ အာရဇ် သစ်သားကိုပေး လိုက်သည်နည်းတူ ငါ၌တဖန် ကျေးဇူးပြု ပါလော့။
4 nun baue ich dem Namen des Herrn, meines Gottes, ein Haus, es ihm zu weihen, vor ihm duftendes Räucherwerk zu verbrennen, ständig Brote darzubringen und jeden Morgen und Abend an den Sabbaten, Neumonden und Festen des Herrn, unseres Gottes, Brandopfer darzubringen. Solches obliegt Israel für ewig.
ဣသရေလ အမျိုးသည် အစဉ် ကျင့်ရသောတရားအတိုင်း ဘုရားရှေ့ မှာ နံ့သာပေါင်း ကို မီးရှို့ခြင်းငှါ၎င်း၊ ရှေ့ တော်မုန့်ကို အစဉ် တင်ခြင်းငှါ၎င်း၊ ညဦး ၊ နံနက် ၊ ဥပုသ်နေ့ ၊ လဆန်း နေ့၊ ငါ တို့ဘုရားသခင် ထာဝရဘုရား ၏ဓမ္မပွဲ နေ့တို့၌ မီးရှို့ ရာယဇ်ကိုပူဇော် ခြင်းငှါ ၎င်း၊ ငါ ၏ ဘုရားသခင် ထာဝရဘုရား ၏ နာမ တော်အဘို့ အိမ် တော် ကို တည်ဆောက် ၍ ပူဇော် ရမည်။
5 Das Haus, das ich bauen will, wird groß. Denn unser Gott ist größer als alle Götter.
ငါ တည်ဆောက် ရသော အိမ် တော်သည် ကြီး ရမည်။ ငါ တို့ဘုရားသခင် သည် ဘုရား တကာ တို့ထက် ကြီးမြတ် တော်မူ၏။
6 Wer aber vermöchte ihm ein Haus zu bauen? Denn der Himmel und die Himmel der Himmel fassen ihn nicht. Wer aber bin ich, daß ich ihm ein Haus baute? Wenn auch nur, um vor ihm zu räuchern.
ကောင်းကင် နှင့် ကောင်းကင် တကာတို့၏ အထွဋ်အမြင့်ဆုံးသော ကောင်းကင် သည် ကိုယ်တော် ကို အဆံ့ မ ခံနိုင်သည်ဖြစ်၍ ၊ ကျိန်းဝပ်တော်မူရာ အိမ် ကိုအဘယ်သူ တည်ဆောက် နိုင် မည်နည်း။ ရှေ့ တော်၌ ယဇ် ကို မီးရှို့ရာ အိမ်မှတပါး အခြား သော အိမ် တော်ကို တည်ဆောက် ခြင်းငှါ ငါ သည် အဘယ်သို့သော သူဖြစ်သနည်း။
7 Sende mir nun einen Mann, der in Gold, Silber, Erz, Eisen, Purpurrot, Karmin und Purpurblau zu arbeiten versteht und der es versteht, Bildwerke einzuschneiden im Verein mit Künstlern, die bei mir in Juda und Jerusalem sind und die mein Vater David bestellt hat!
ယခုမှာ ရွှေ ၊ ငွေ ၊ ကြေးဝါ ၊ သံ ၊ မောင်း သော အထည်၊ နီ သောအထည်၊ ပြာ သောအထည်ကို လုပ် တတ် သောအတတ် ၊ ငါ့ အဘ ဒါဝိဒ် ပြင်ဆင် ၍ ယေရုရှလင် မြို့၊ ယုဒ ပြည်၌ ငါ့ ထံမှာ ရှိသော ဆရာသမား တို့နှင့် ဝိုင်း၍ ထုလုပ် တတ်သော အတတ်နှင့် ပြည့်စုံ သော သူတယောက် ကို ငါ့ ထံသို့ စေလွှတ် ပါ။
8 Sende mir auch Zedern, Zypressen und Sandelholz vom Libanon! Denn ich weiß, daß deine Leute es verstehen, auf dem Libanon Holz zu fällen. Meine Knechte werden mit deinen Leuten sein.
အာရဇ် သစ်သား ၊ ထင်းရူး သစ်သား၊ အာလဂုံ သစ်သားများကို လေဗနုန် တောင်မှာ ခုတ်၍ပေး လိုက်ပါ။ မင်းကြီး ၏ ကျွန် တို့သည် လေဗနုန် တောင်ပေါ်မှာ သစ် ခုတ် တတ် သည် ကို ငါ သိ ၏။
9 Holz aber muß mir viel beschafft werden. Denn das Haus, das ich baue, soll groß und wunderbar werden.
သစ်သား အများကို ပြင်ဆင် ခြင်းငှါ ၊ ငါ့ ကျွန် တို့ သည် မင်းကြီး ကျွန် တို့နှင့် ဝိုင်း၍လုပ်ကိုင်ကြလိမ့်မည်။ ငါ တည်ဆောက် ရသော အိမ် တော်သည် အလွန် ကြီး၍ အံ့ဩဘွယ် သော အိမ်ဖြစ်ရမည်။
10 Den Holzhauern, die die Bäume fällen, gebe ich als Zehrung für deine Knechte 20.000 Scheffel Weizen, 20.000 Scheffel Gerste, 20.000 Maß Wein und 20.000 Maß Öl."
၁၀သစ် ခုတ် သော မင်းကြီး ကျွန် တို့အား ဂျုံဆန် ကောရ နှစ်သောင်း ၊ မုယောဆန် နှစ်သောင်း ၊ စပျစ်ရည် ဗတ် နှစ်သောင်း ၊ ဆီ နှစ်သောင်း ကို ငါပေး မည်ဟု မှာ လိုက် လေ၏။
11 Churam aber, der König von Tyrus, antwortete in einem Brief und sandte an Salomo die Botschaft: "Der Herr hat aus Liebe zu seinem Volk dich zum König über es gemacht."
၁၁တုရု မင်းကြီး ဟိရံ သည် စာရေး ၍ ရှောလမုန် ထံသို့ ပြန်ပေး လိုက်သည်ကား၊ ထာဝရဘုရား သည် မိမိ လူမျိုး ကို ချစ် တော်မူသောကြောင့် ၊ ကိုယ်တော် ကို သူ တို့ ရှင်ဘုရင် အရာ၌ ချီးမြှောက် တော်မူပြီ။
12 Churam sprach weiter: "Gepriesen sei der Herr, Israels Gott, der Himmel und Erde gemacht! Er hat König David einen Sohn geschenkt, weise, klug und umsichtig, um für den Herrn ein Haus zu bauen und für sich einen Königspalast!
၁၂ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူသော ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား သည် ဗိမာန် တော်ကို၎င်း ၊ နန်းတော် ကို၎င်း၊ တည်ဆောက် ခြင်းငှါတတ်စွမ်းနိုင်အောင် ဉာဏ်ကောင်း ၍ ပညာသတိ နှင့် ပြည့်စုံသောသား ကို ဒါဝိဒ် မင်းကြီး အား ပေး တော်မူသည်ဖြစ်၍၊ ထာဝရဘုရားသည် မင်္ဂလာ ရှိတော်မူစေသတည်း။
13 Nun sende ich einen weisen, kunstverständigen Mann, den einheimischen Churam Abi.
၁၃ယခုမှာ ဉာဏ်ကောင်း ၍ လိမ္မာ သောသူ ဟိရံအဘိ ကို ငါစေလွှတ် ပါ၏။
14 Er ist der Sohn eines danitischen Weibes und eines tyrischen Vaters. Er versteht zu arbeiten in Gold, Silber, Erz, Eisen Holz, Purpurrot und Purpurblau, Byssus und Karmin, allerlei einzustechen und allerlei Sinnreiches zu ersinnen, das ihm vorgelegt wird, im Verein mit deinen Künstlern und den Künstlern meines Herrn, deines Vaters David.
၁၄သူ့အမိ ကားဒန် အမျိုးသမီး ၊ အဘ ကား တုရု အမျိုးသား ဖြစ်၏။ သူသည် ရွှေ ၊ ငွေ ၊ ကြေးဝါ ၊ သံ ၊ ကျောက် ၊ သစ်သား ၊ မောင်း သောအထည်၊ ပြာ သော အထည်။ နီ သောအထည်၊ ပိတ်ချော ကို လုပ် တတ်သော အတတ် ၊ အမျိုးမျိုး ထုလုပ် တတ်သော အတတ်နှင့်ပြည့်စုံ၍၊ ကိုယ်တော် ၏ ဆရာသမား ၊ ခမည်းတော် အရှင် ဒါဝိဒ် ၏ ဆရာသမား တို့နှင့် ဝိုင်းလျက်၊ လိုသမျှ ကို ဉာဏ်ရှာ ၍ လုပ်တတ်သောသူဖြစ် ၏။
15 Nun schicke mein Herr den Weizen und die Gerste, das Öl und den Wein seinen Knechten, wie mein Herr gesagt!
၁၅သို့ဖြစ်၍ ကိုယ်တော်အမိန့် ရှိသည်အတိုင်း ၊ ဂျုံဆန် ၊ မုယောဆန် ၊ စပျစ်ရည် ၊ ဆီ ကိုကိုယ်တော် ကျွန် တို့ အား ပေး ပါတော့။
16 Wir aber fällen auf dem Libanon Bäume, soviel du bedarfst, und bringen sie dir als Flöße auf dem Meer nach Joppe. Du läßt sie dann nach Jerusalem hinaufschaffen."
၁၆ငါ တို့သည် ကိုယ်တော် လိုချင် သမျှ သောသစ်သား ကို၊ လေဗနုန် တောင်ပေါ်မှာ ခုတ် ပြီးလျှင် ဘောင် လုပ်၍ ပင်လယ် လမ်းဖြင့် ၊ ယုပ္ပေ မြို့သို့ ဆောင် ခဲ့ပါမည်။ ကိုယ်တော် သည် ယေရုရှလင် မြို့သို့ သယ်ပို့ ရမည်ဟု ပြန်ပြော ၏။
17 Da zählte Salomo alle fremden Männer im Lande Israels nach der Zählung, die sein Vater David gemacht hatte. Es waren 153.600.
၁၇ခမည်းတော် ဒါဝိဒ် သည် ဣသရေလ နိုင်ငံ ၌ နေသော တပါးအမျိုးသား အပေါင်း တို့ကို စာရင်း ယူပြီး သည်နောက် ၊ တဖန်ရှောလမုန် သည် စာရင်း ယူပြန်၍၊ တသိန်း ငါးသောင်းသုံး ထောင် ခြောက် ရာ တို့ကို တွေ့ ၏။
18 Von diesen machte er 70.000 zu Lastträgem und 80.000 zu Steinhauern im Gebirge sowie 3.600 zu Aufsehern, um die Leute zum Frondienst anzuhalten.
၁၈ထမ်း သောသူ ခုနစ်သောင်း ၊ တောင် ပေါ်မှာ သစ်ခုတ် သောသူရှစ်သောင်း ၊ အမှု ကိုကြည့်ရှု စီရင်သောသူ သုံး ထောင် ခြောက် ရာ တို့ကို ခွဲထား တော်မူ၏။

< 2 Chronik 2 >