< Jeremia 26 >
1 Im Anfang der Regierung Jojakims, des Sohnes Josias, des Königs von Juda, geschah dieses Wort von seiten Jehovas also:
၁ယုဒ ရှင်ဘုရင် ယောရှိ သား ယောယကိမ် နန်း ထိုင်စ က ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ရောက် လာ ၍၊
2 So spricht Jehova: Tritt in den Vorhof des Hauses Jehovas und zu allen Städten Judas, welche kommen, um anzubeten im Hause Jehovas, rede alle die Worte, welche ich dir geboten habe, zu ihnen zu reden; tue kein Wort davon.
၂ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဗိမာန် တော်၌ ကိုးကွယ် အံ့သောငှါ ရောက် လာသောယုဒ မြို့ သူရွာသားအပေါင်း တို့အား ဆင့်ဆို စေခြင်းငှါ ၊ ငါသည်သင် ၌ မှာ ထားသမျှ သောစကား တို့ကို ဗိမာန် တော် တန်တိုင်း ထဲမှာ ရပ် လျက်၊ သူ တို့အား ပြန်ပြော လော့။ တခွန်း ကိုမျှ မ ထိမ် မဝှက်နှင့်။
3 Vielleicht werden sie hören und ein jeder von seinem bösen Wege umkehren: So werde ich mich des Übels gereuen lassen, welches ich ihnen zu tun gedenke wegen der Bosheit ihrer Handlungen.
၃သူတို့သည် နားထောင် ၍ ၊ အသီးအသီး မိမိ တို့ အဓမ္မ လမ်း မှ လွှဲရှောင် ကောင်း လွှဲရှောင်ကြလိမ့်မည်။ ငါ သည်လည်း သူ တို့ပြု သောဒုစရိုက် ကြောင့် အပြစ် ပေး မည်ဟု ကြံစည် ခြင်းကို နောင်တရ မည်။
4 Und sprich zu ihnen: So spricht Jehova: Wenn ihr nicht auf mich höret, daß ihr in meinem Gesetz wandelt, welches ich euch vorgelegt habe,
၄သို့ဖြစ်၍၊ သင်သည် ဆင့်ဆိုရမည်မှာ၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်တို့သည် ငါ့ စကားကို နား မ ထောင်၊ သင် တို့၌ ငါထား သော ပညတ် တရားလမ်း သို့ မလိုက် ၊
5 daß ihr auf die Worte meiner Knechte, der Propheten, höret, welche ich zu euch sende, früh mich aufmachend und sendend (ihr habt aber nicht gehört):
၅ငါ သည် စောစော ထ၍ သင် တို့ရှိရာသို့ အထပ်ထပ် စေလွှတ် သော ငါ ၏ကျွန် ပရောဖက် တို့၏ စကား ကို နား မထောင်ဘဲနေသကဲ့သို့၊ ယခုလည်း နား မ ထောင်ဘဲ နေလျှင် ၊
6 so will ich dieses Haus wie Silo machen, und diese Stadt werde ich zum Fluche machen allen Nationen der Erde.
၆ဤ အိမ် ကို ရှိလော ရွာကဲ့သို့ ငါဖြစ် စေမည်။ ဤ မြို့ ကိုလည်း ၊ မြေ ပေါ်မှာ လူ အမျိုးမျိုး ကျိန်ဆဲ သော မြို့ဖြစ် စေမည်ဟု မိန့်တော်မူ၏။
7 Und die Priester und die Propheten und alles Volk hörten Jeremia diese Worte reden im Hause Jehovas.
၇ထို စကား ကို ဗိမာန် တော်၌ ယေရမိ ဟောပြော သည်ကို ယဇ် ပုရောဟိတ်များ၊ ပရောဖက် များ၊ လူ များ အပေါင်း တို့သည် ကြား ကြ၏။
8 Und es geschah, als Jeremia alles zu Ende geredet, was Jehova geboten hatte, zu dem ganzen Volke zu reden, da ergriffen ihn die Priester und die Propheten und alles Volk und sprachen: Du mußt gewißlich sterben.
၈လူ များအပေါင်း တို့အား ဆင့်ဆို စေခြင်းငှါ ၊ ထာဝရဘုရား မှာ ထားတော်မူသမျှ သော စကားတော်ကို အကုန်အစင်ဟော ပြောပြီး မှ၊ ယဇ်ပုရောဟိတ် ၊ ပရောဖက် ၊ လူ များအပေါင်း တို့သည် ယေရမိ ကို ဘမ်းဆီး ၍၊ သင်သည် အသေ သတ်ခြင်းကို အမှန်ခံရမည်။
9 Warum hast du im Namen Jehovas geweissagt und gesprochen: Dieses Haus wird wie Silo werden, und diese Stadt verwüstet, ohne Bewohner? Und alles Volk versammelte sich gegen Jeremia im Hause Jehovas.
၉ဤ အိမ် တော်သည် ရှိလော ရွာကဲ့သို့ ဖြစ် လိမ့်မည် ။ ဤ မြို့ သည် လူမ ရှိ ၊ ဆိတ်ညံ ရာအရပ်ဖြစ်လိမ့်မည်ဟု သင်သည် ထာဝရဘုရား ၏နာမ တော်ကို အမှီ ပြု၍ အဘယ်ကြောင့် ဟော သနည်းဟုပြော ဆိုလျက် ၊ လူ များ အပေါင်း တို့သည် ဗိမာန် တော်တွင် ယေရမိ တဘက် ၌ စုဝေး ကြ၏။
10 Und als die Fürsten von Juda diese Worte hörten, gingen sie hinauf aus dem Hause des Königs zum Hause Jehovas und setzten sich in den Eingang des neuen Tores Jehovas.
၁၀ယုဒ မှူးမတ် တို့သည် ထို အမှု ကို ကြားသိ သောအခါ ၊ နန်းတော် မှ ဗိမာန် တော်သို့လာ ၍ ၊ ဗိမာန် တော် တံခါး သစ် အတွင်း၌ ထိုင် ကြ၏။
11 Und die Priester und die Propheten redeten zu den Fürsten und zu allem Volke und sprachen: Diesem Manne gebührt die Todesstrafe, denn er hat wider diese Stadt geweissagt, wie ihr mit euren Ohren gehört habt.
၁၁ယဇ်ပုရောဟိတ် နှင့် ပရောဖက် တို့က၊ ဤ သူ သည် အသေ ခံထိုက် ပေ၏။ သင်တို့သည် ကိုယ် နား နှင့် ကြား သည်အတိုင်း ၊ ဤ မြို့ ကို ဆန့်ကျင် ဘက်ပြု၍ ဟော ပြောပါပြီတကားဟု မှူးမတ် အစရှိ သော လူ များ အပေါင်း တို့အား ပြော ဆိုကြ၏။
12 Und Jeremia redete zu den Fürsten und zu allem Volke und sprach: Jehova hat mich gesandt, um wider dieses Haus und wider diese Stadt all die Worte zu weissagen, welche ihr gehört habt.
၁၂ယေရမိ ကလည်း ၊ သင်တို့ကြား သမျှ အတိုင်း၊ ဤ အိမ် တော်နှင့် ဤ မြို့ တော်ကို ဆန့်ကျင် ဘက်ပြု၍ ဟော ပြောစေခြင်းငှါ ၊ ထာဝရဘုရား သည် ငါ့ ကို စေလွှတ် တော်မူပြီ။
13 Und nun machet gut eure Wege und eure Handlungen, und höret auf die Stimme Jehovas, eures Gottes: so wird Jehova sich des Übels gereuen lassen, welches er über euch geredet hat.
၁၃ယခု မှာသင် တို့၏ ကျင့်ကြံ ပြုမူ ခြင်းတို့ကို ပြောင်းလဲ ကြလော့။ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ၏ စကား တော်ကို နားထောင် ကြလော့။ သို့ပြုလျှင် ၊ ထာဝရဘုရား သည် သင် တို့၌ ဘေးဥပဒ် ရောက်စေမည်ဟု ခြိမ်း တော်မူသော်လည်း၊ တဖန် နောင်တရ တော်မူလိမ့်မည်။
14 Ich aber, siehe, ich bin in eurer Hand; tut mir, wie es gut und wie es recht ist in euren Augen.
၁၄ငါ မူကား၊ သင် တို့လက် ၌ ရှိပါ၏။ သင် တို့စိတ် ၌ ဖြောင့်မတ် လျောက်ပတ် သည်ဟု ထင်သည်အတိုင်း ၊ ငါ့ ကို ပြု ကြလော့။
15 Doch wisset bestimmt, daß ihr, wenn ihr mich tötet, unschuldiges Blut bringen werdet auf euch und auf diese Stadt und auf ihre Bewohner; denn in Wahrheit, Jehova hat mich zu euch gesandt, um alle diese Worte vor euren Ohren zu reden.
၁၅သို့ရာတွင် ၊ ငါ့ ကိုသတ် လျှင် အပြစ် မရှိသောအသွေး ကို သင် တို့သည် ကိုယ် အပေါ် သို့၎င်း ၊ ဤ မြို့ နှင့် မြို့ သား တို့အပေါ် သို့၎င်း စင်စစ်ရောက် စေလိမ့်မည်ဟု ဧကန်အမှန် သိမှတ် ကြလော့။ ဤ စကား အလုံးစုံ တို့ကို သင် တို့အား ကြား ပြောမည်အကြောင်း၊ ထာဝရဘုရား သည် ငါ့ ကို စင်စစ် စေလွှတ် တော်မူပြီဟု မှူးမတ် အစ ရှိသောလူ များအပေါင်း တို့အား ပြော ဆိုလေ၏။
16 Und die Fürsten und alles Volk sprachen zu den Priestern und zu den Propheten: Diesem Manne gebührt nicht die Todesstrafe; denn er hat im Namen Jehovas, unseres Gottes, zu uns geredet.
၁၆ထိုအခါ မှူးမတ် အစ ရှိသော လူ များအပေါင်း တို့ က၊ ဤ သူ သည် အသေခံ ထိုက်သည်မ ဟုတ်။ ငါ တို့ဘုရား သခင် ထာဝရဘုရား ၏ နာမ တော်ကို အမှီပြု ၍၊ ငါ တို့ အား ဟော ပြောလေပြီဟု ယဇ်ပုရောဟိတ် နှင့် ပရောဖက် တို့အား ပြော ဆိုကြ၏။
17 Und es erhoben sich Männer von den Ältesten des Landes, und sie sprachen zu der ganzen Versammlung des Volkes und sagten:
၁၇ပြည် သား အသက်ကြီး သူ အချို့ကလည်း ၊ ယုဒ ရှင်ဘုရင် ဟေဇကိ လက်ထက် ၊ မောရရှ ရွာသားမိက္ခါ သည် ပရောဖက် ပြုလျက်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊
18 Micha, der Moraschtiter, hat in den Tagen Hiskias, des Königs von Juda, geweissagt und zu dem ganzen Volke von Juda gesprochen und gesagt: So spricht Jehova der Heerscharen: “Zion wird als Acker gepflügt werden, und Jerusalem wird zu Trümmerhaufen und der Berg des Hauses zu Waldeshöhen werden”.
၁၈ဇိအုန် တောင်သည် လယ် ကဲ့သို့ထွန် ခြင်းကိုခံရလိမ့်မည်။ ယေရုရှလင် မြို့သည်လည်း၊ မြေပုံ များဖြစ်လိမ့်မည်။ ဗိမာန် တော်တောင် သည်လည်း၊ တော တောင် ကဲ့သို့ ဖြစ် လိမ့်မည်ဟု ယုဒ ပြည်သား အပေါင်း တို့အား ဟောပြော ၏။
19 Haben denn Hiskia, der König von Juda, und ganz Juda ihn getötet? Hat er nicht Jehova gefürchtet und Jehova angefleht, so daß Jehova sich des Übels gereuen ließ, welches er über sie geredet hatte? Und wir wollen eine so große Übeltat wider unsere Seelen begehen!
၁၉ထိုအခါ ယုဒပြည်သားအပေါင်းတို့နှင့်တကွ၊ ယုဒ ရှင်ဘုရင် ဟေဇကိ သည် ထိုပရောဖက် ကိုသတ် သလော။ ထိုမင်းသည် ထာဝရဘုရား ကို ကြောက်ရွံ သည် မ ဟုတ်လော။ ရှေ့ တော်၌ တောင်းပန် သည် မဟုတ်လော။ ထာဝရဘုရား သည် သူ တို့၌ ဘေးဥပဒ် ကို ရောက် စေမည် ဟု ခြိမ်း တော်မူသော်လည်း၊ တဖန် နောင်တရ တော်မူသည် မဟုတ်လော။ ငါ တို့မူကား၊ ကိုယ်အကျိုး ကို ဖျက်ဆီး ခြင်းငှါပြုကြသည်တကားဟု စည်းဝေး သောသူ အပေါင်း တို့အား ပြော ဆိုကြ၏။
20 Und es war auch ein Mann, der im Namen Jehovas weissagte, Urija, der Sohn Schemajas, aus Kirjath-Jearim; und er weissagte wider diese Stadt und wider dieses Land nach allen Worten Jeremias.
၂၀ကိရယတ် ယာရိမ်မြို့နေ၊ ရှေမာယ ၏သား ဥရိယ သည်လည်း၊ ထာဝရဘုရား ၏ နာမ တော်ကို အမှီပြု ၍၊ ထို မြို့ နှင့် ထိုပြည် တဘက် ၌ ပရောဖက် ပြု၍၊ ယေရမိ ဟောပြောသောစကား နှင့် တညီတည်းဟောပြော ၏။
21 Und als der König Jojakim und alle seine Helden und alle Fürsten seine Worte hörten, suchte der König ihn zu töten. Und als Urija es hörte, fürchtete er sich und floh, und er kam nach Ägypten.
၂၁ယောယကိမ် မင်းကြီး နှင့် မင်း များ၊ မှူးမတ် များ အပေါင်း တို့သည် ထိုပရောဖက် ၏ စကား ကို ကြား သောအခါ ၊ သူ့ ကိုသတ် အံ့သောငှါမင်းကြီး သည် ရှာကြံ ၏။ ထိုသိတင်းကိုကြား လျှင် ၊ ဥရိယ သည်ကြောက် ၍ ၊ အဲဂုတ္တု ပြည်သို့ ပြေး သွားလေ၏။
22 Da sandte der König Jojakim Männer nach Ägypten, Elnathan, den Sohn Akbors, und Männer mit ihm nach Ägypten.
၂၂ယောယကိမ် မင်းကြီး သည် အာခဗော် သား ဧလနာသန် နှင့်တကွ လူ အချို့တို့ကို အဲဂုတ္တု ပြည်သို့ စေလွှတ် ၍ ၊
23 Und sie brachten Urija aus Ägypten und führten ihn zu dem König Jojakim; und er erschlug ihn mit dem Schwerte und warf seinen Leichnam auf die Gräber der Kinder des Volkes.
၂၃ထိုသူတို့သည် ဥရိယ ကို အဲဂုတ္တု ပြည်မှ ယောယကိမ် မင်း ထံသို့ ပို့ဆောင် သဖြင့် ၊ မင်းကြီးသည် ဥရိယ ကို ထား နှင့် သတ် ၍ ၊ အသေ ကောင်ကို ဆင်းရဲသား တို့၏ သင်္ချိုင်း ၌ ပစ် ထားလေ၏။
24 Doch die Hand Achikams, des Sohnes Schaphans, war mit Jeremia, daß man ihn nicht in die Hand des Volkes gab, um ihn zu töten.
၂၄သို့ သော်လည်း၊ ရှာဖန် သား အဟိကံ သည် ယေရမိ ကို မစသောကြောင့်၊ အသေခံ စေခြင်းငှါ လူ များ တို့ လက် သို့ မ အပ် ရ။