< Jesaja 56 >
1 So spricht Jehova: Wahret das Recht und übet Gerechtigkeit! Denn mein Heil steht im Begriff zu kommen, und meine Gerechtigkeit geoffenbart zu werden.
၁ထာဝရဘုရားမိန့်တော်မူသည်ကား၊ တရားကို စောင့်၍ ဖြောင့်မတ်စွာ ကျင့်ကြလော့။ ငါ၏ကယ်တင် ခြင်း ကျေးဇူးရောက်ချိန်နှင့်၊ ငါ၏ဖြောင့်မတ်ခြင်းတရား ထင်ရှားချိန်ရောက်လုနီးပြီ။
2 Glückselig der Mensch, der dieses tut, und das Menschenkind, welches hieran festhält: Der den Sabbath hält, daß er ihn nicht entweihe, und seine Hand davor bewahrt, irgend etwas Böses zu tun!
၂ထိုသို့ပြုသောသူ၊ အမြဲစွဲလမ်းသော လူသား သည်၊ ဥပုသ်နေ့ကို မရှုတ်ချ၊ စောင့်ရှောက်၍ ဒုစရိုက်ကို မပြုမည်အကြောင်း၊ မိမိလက်ကို ချုပ်တည်းလျှင်လည်း မင်္ဂလာရှိ၏။
3 Und der Sohn der Fremde, der sich Jehova angeschlossen hat, spreche nicht und sage: Jehova wird mich sicherlich von seinem Volke ausschließen; und der Verschnittene sage nicht: Siehe, ich bin ein dürrer Baum.
၃ထာဝရဘုရား၌ မှီဝဲသော တပါးအမျိုးသားက၊ ထာဝရဘုရားသည် ငါ့ကို မိမိလူမျိုးနှင့် ရှင်းရှင်းခွဲထား တော်မူပြီဟု မဆိုစေနှင့်။ မိန်းမလျှာကလည်း၊ ငါသည် သွေ့ခြောက်သော အပင်ဖြစ်သည်ဟု မဆိုစေနှင့်။
4 Denn so spricht Jehova: Den Verschnittenen, welche meine Sabbathe halten und das erwählen, woran ich Gefallen habe, und festhalten an meinem Bunde,
၄ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏ဥပုသ် နေ့ကို စောင့်လျက်၊ ငါနှစ်သက်သောအရာကို ရွေးယူ၍၊ ငါ၏ပဋိညာဉ်ကို မှီဝဲသော မိန်းမလျှာတို့အား၊
5 ihnen will ich in meinem Hause und in meinen Mauern einen Platz geben, und einen Namen, besser als Söhne und Töchter: Einen ewigen Namen werde ich ihnen geben, der nicht ausgerottet werden soll.
၅သားသမီးတို့ ထက်မြတ်သောအရာ၊ မြတ်သော နာမကို ငါ့အိမ်၊ ငါ့တန်တိုင်းအတွင်း၌ ငါပေးမည်။ မပျောက်နိုင်သော ထာဝရနာမကို သူတို့အား ငါပေးမည်။
6 Und die Söhne der Fremde, die sich Jehova angeschlossen haben, um ihm zu dienen und den Namen Jehovas zu lieben, ihm zu Knechten zu sein, einen jeden, der den Sabbath hält, daß er ihn nicht entweihe, und die da festhalten an meinem Bunde:
၆ထာဝရဘုရားထံ၌ အမှုစောင့်ခြင်း၊ နာမတော် ကို ချစ်ခြင်း၊ ကျွန်တော်ရင်းဖြစ်ခြင်း အလိုငှါ၊ ထာဝရ ဘုရား၌မှီဝဲသော တပါးအမျိုးသားတို့ကို၎င်း၊ ဥပုသ်နေ့ကို မရှုတ်ချ၊ စောင့်ရှောက်၍၊ ငါ၏ပဋိညာဉ်ကို စွဲလမ်းသော သူအပေါင်းတို့ကို၎င်း၊
7 die werde ich zu meinem heiligen Berge bringen und sie erfreuen in meinem Bethause; ihre Brandopfer und ihre Schlachtopfer sollen wohlgefällig sein auf meinem Altar. Denn mein Haus wird ein Bethaus genannt werden für alle Völker.
၇ငါ၏သန့်ရှင်းသော တောင်သို့ ငါဆောင်ခဲ့၍၊ ငါ၏ပဌနာအိမ်၌ ဝမ်းမြောက်စေမည်။ သူတို့ မီးရှို့ရာ ယဇ်နှင့် ယဇ်အမျိုးမျိုးတို့ကို ငါ့ယဇ်ပလ္လင်ပေါ်မှာ လက်ခံ မည်။ ငါ့အိမ်ကို လူအမျိုးမျိုးဆုတောင်းရာ အိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ့။
8 Es spricht der Herr, Jehova, der die Vertriebenen Israels sammelt: Zu ihm, zu seinen Gesammelten, werde ich noch mehr hinzusammeln.
၈အရပ်ရပ်၌ ကွဲပြားသော ဣသရေလအမျိုးသား တို့ကို စုဝေးစေသော အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ စုဝေးပြီးသော သူများမှတပါး အခြားသော သူတို့ကို ထိုအစုအဝေး၌ ငါစုဝေးစေဦးမည်ဟု မိန့်တော် မူ၏။
9 Kommet her, um zu fressen, alle ihr Tiere des Feldes, alle ihr Tiere im Walde!
၉အို လယ်ပြင်သားအပေါင်းနှင့် တော၌လည် သော သားရဲအပေါင်းတို့၊ ကိုက်စားခြင်းငှါ လာကြလော့။
10 Seine Wächter sind blind, sind alle ohne Erkenntnis; sie alle sind stumme Hunde, die nicht bellen können; sie träumen, liegen da, lieben den Schlummer.
၁၀သူ၏ကင်းစောင့်တို့သည် မျက်စိကန်းကြ၏။ ရှိသမျှတို့သည် မိုက်ကြ၏။ အ၍မဟောင်နိုင်သော ခွေး၊ ယောင်ယမ်းသောခွေး၊ အိပ်လျက်အိပ်ချင်အားကြီးသော ခွေးဖြစ်ကြ၏။
11 Und die Hunde sind gefräßig, kennen keine Sättigung; und das sind Hirten! Sie haben kein Verständnis; sie alle wenden sich auf ihren eigenen Weg, ein jeder von ihnen allen seinem Vorteil nach:
၁၁စားချင်အားကြီး၍ ဝမ်းမပြည့်နိုင်သော ခွေး လည်း ဖြစ်ကြ၏။ သိုးထိန်းတို့သည်လည်း မကြည့်မရှု တတ်ကြ။ ထိုသိုးထိန်းရှိသမျှတို့သည် လမ်းလွှဲ၍ မိမိတို့ လမ်းသို့ လိုက်ကြပြီ။ တယောက်မျှမကြွင်း၊ တညီတညွတ် တည်း ကိုယ်အကျိုးစီးပွားကိုသာ ရှာကြ၏။
12 “Kommet her, ich will Wein holen, und laßt uns starkes Getränk saufen; und der morgende Tag soll wie dieser sein, herrlich über alle Maßen!”
၁၂လာကြ။ စပျစ်ရည်ကို ယူခဲ့မည်။ သေရည် သေရက်ကို ဝစွာသောက်ကြစို့။ ယနေ့ဖြစ်သကဲ့သို့ နက်ဖြန်နေ့ဖြစ်လိမ့်မည်။ ထိုမျှမက၊ သာ၍ ကြွယ်ဝလိမ့် မည်ဟု ဆိုတတ်ကြ၏။