< Apostelgeschichte 3 >
1 Petrus aber und Johannes gingen zusammen hinauf in den Tempel um die Stunde des Gebets, die neunte.
၁ထိုအခါ ပဌနာ ပြုရသော သုံးချက်တီး အချိန် ၌ ပေတရု နှင့် ယောဟန် တို့သည် ဗိမာန် တော်သို့ တက် ကြ သည်ရှိသော်၊
2 Und ein gewisser Mann, der von seiner Mutter Leibe an lahm war, wurde getragen, welchen sie täglich an die Pforte des Tempels setzten, die man die schöne nennt, um Almosen zu erbitten von denen, die in den Tempel gingen.
၂အမိ ဝမ်း တွင်းကပင် ခြေမစွမ်း သော သူ တစ် ယောက်ကို သူတစ်ပါးတို့သည်ထမ်း လျက်လာကြ၏။ ဗိမာန် တော်သို့ ဝင် သောသူတို့မှာ စွန့်ကြဲ ခြင်းကိုခံ စေခြင်းငှာ ၊ တင့်တယ် အမည် ရှိသော တံခါး နား မှာ ထိုသူ ကိုထား လေ့ရှိ၏။
3 Als dieser Petrus und Johannes sah, wie sie in den Tempel eintreten wollten, bat er, daß er ein Almosen empfinge.
၃ပေတရု နှင့် ယောဟန် တို့သည် ဗိမာန် တော်သို့ဝင် မည် လာကြသည်ကို ထိုသူ သည်မြင် လျှင် စွန့်ကြဲ ပါဟု တောင်း လေ၏။
4 Petrus aber blickte unverwandt mit Johannes auf ihn hin und sprach: Sieh uns an!
၄ထိုအခါ ပေတရု နှင့် ယောဟန် တို့သည် ထိုသူ ကိုစေ့စေ့ ကြည့်ရှု၍ ငါ တို့အား မျှော်ကြည့် လော့ဟုဆို လျှင်၊
5 Er aber gab acht auf sie, in der Erwartung, etwas von ihnen zu empfangen.
၅ထိုသူ သည်တစ်စုံတစ်ခု ကို ရ မည်ဟုစိတ်ထင် နှင့် တမန်တော်တို့ကိုမျှော်ကြည့် လျက်နေ၏။
6 Petrus aber sprach: Silber und Gold habe ich nicht; was ich aber habe, das gebe ich dir: In dem Namen Jesu Christi, des Nazaräers, [stehe auf und] wandle!
၆ပေတရု ကလည်း၊ ငါ ၌ရွှေ ငွေ မ ရှိ ။ ရှိ သည်အရာ ကိုသင့် အားငါ ပေးမည်။ နာဇရက် မြို့သားယေရှု ခရစ် ၏ နာမ တော်အားဖြင့် ထ ၍ လှမ်းသွား လော့ဟုဆို လျက်၊
7 Und er ergriff ihn bei der rechten Hand und richtete ihn auf. Alsbald aber wurden seine Füße und seine Knöchel stark,
၇သူ ၏လက်ျာ လက် ကို ကိုင်ဆွဲ ချီကြွ လေသောခဏခြင်း တွင်၊ ခြေ နှစ်ဘက်ဖမျက်စိ တို့သည် စွမ်းအား ကို ရသဖြင့်၊
8 und aufspringend stand er und wandelte; und er ging mit ihnen in den Tempel, wandelte und sprang und lobte Gott.
၈ရုတ်တရက်ထ ၍ မတ်တပ် ရပ်ပြီးလျှင် လှမ်းသွား လေ၏။ သွား လျက်၊ ခုန် လျက်၊ ဘုရားသခင် ကို ချီးမွမ်း လျက်၊ တမန်တော် တို့နှင့်အတူ ဗိမာန် တော်သို့ ဝင် လေ၏။
9 Und das ganze Volk sah ihn wandeln und Gott loben;
၉ထိုသို့လှမ်းသွား ၍ ဘုရားသခင် အား ချီးမွမ်း သည်ကို လူ အပေါင်း တို့သည် မြင် သောအခါ၊
10 und sie erkannten ihn, daß er der war, welcher um das Almosen an der schönen Pforte des Tempels gesessen; und sie wurden mit Verwunderung und Erstaunen erfüllt über das, was sich mit ihm ereignet hatte.
၁၀ထိုသူ သည် ဗိမာန် တော်၏တင့်တယ် တံခါး နားမှာ စွန့်ကြဲ ခြင်းကိုခံ၍ ထိုင် နေသောသူ ဖြစ် သည်ကို သိ ကြသောကြောင့်၊ သူ ၌ဖြစ် သည် အမှု ကိုအံ့ဩ မိန်းမော တွေဝေခြင်းရှိ ၍၊
11 Während er aber den Petrus und Johannes festhielt, lief das ganze Volk voll Erstaunen zu ihnen zusammen in der Säulenhalle die Salomonshalle genannt wird.
၁၁ထိုသူ သည် ပေတရု နှင့် ယောဟန် ကို အမှီပြု လျက်ရှိရာအရပ်၊ ရှောလမုန် ကနားပြင် အမည်ရှိသော ကနားပြင်သို့ပြေးဝင်၍ စုဝေး ကြ၏။
12 Als aber Petrus es sah, antwortete er dem Volke: Männer von Israel, was verwundert ihr euch hierüber, oder was sehet ihr unverwandt auf uns, als hätten wir aus eigener Kraft oder Frömmigkeit ihn wandeln gemacht?
၁၂ပေတရု သည် မြင် လျှင်၊ ဣသရေလ လူ တို့ အဘယ်ကြောင့် ဤ အမှုကို အံ့ဩ ကြသနည်း။ ဤသူ သည် လှမ်းသွား နိုင်သောအခွင့်ကို ငါတို့သည်ကိုယ် တန်ခိုး ၊ ကိုယ်သီလ အားဖြင့်ပေး ဘိသကဲ့သို့ အဘယ်ကြောင့် ငါ တို့ကို စေ့စေ့ ကြည့်ရှုကြသနည်း။
13 Der Gott Abrahams und Isaaks und Jakobs, der Gott unserer Väter, hat seinen Knecht Jesus verherrlicht, den ihr überliefert und angesichts des Pilatus verleugnet habt, als dieser geurteilt hatte, ihn loszugeben.
၁၃အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့၏ဘုရားသခင် ၊ ငါ တို့ဘိုးဘေး များ၏ ဘုရားသခင် သည် မိမိ သား တော်၏ ဘုန်း ကိုထင်ရှားစေတော်မူပြီ။ ထိုသခင် ကို သင် တို့သည် ပိလတ် မင်းလက်သို့အပ်နှံ ၍ ၊ ထိုမင်း သည် လွှတ် မည်အကြံရှိ သော်လည်းသင်တို့သည် ထိုသခင်ကိုငြင်းပယ် ကြ၏။
14 Ihr aber habt den Heiligen und Gerechten verleugnet und gebeten, daß euch ein Mann, der ein Mörder war, geschenkt würde;
၁၄သန့်ရှင်း ဖြောင့်မတ် တော်မူသော သခင်ကိုငြင်းပယ် ၍ ၊ လူ အသက်ကို သတ်ခြင်း၊ အပြစ်ရှိသောသူ တစ်ယောက်ကို ရ မည်အကြောင်း တောင်းပန် သဖြင့်၊
15 den Urheber des Lebens aber habt ihr getötet, welchen Gott aus den Toten auferweckt hat, wovon wir Zeugen sind.
၁၅အသက် ရှင်ခြင်းသို့ ပို့ဆောင်တော်မူသောအရှင် ကို ကွပ်မျက် ကြပြီတကား၊ ထိုအရှင် ကို ဘုရားသခင် သည် သေ ခြင်းမှ ထမြောက် စေတော်မူသည်ကို ငါ တို့သည် သက်သေခံ ဖြစ် ကြ၏။
16 Und durch Glauben an seinen Namen hat sein Name diesen, den ihr sehet und kennet, stark gemacht; und der Glaube, der durch ihn ist, hat ihm diese vollkommene Gesundheit gegeben vor euch allen.
၁၆ထိုသခင်ကို ယုံကြည် ခြင်းအားဖြင့် ထိုသခင် ၏နာမ တော်သည် သင်တို့သိ မြင် သော ဤသူ အား အစွမ်း ကို ပေးတော်မူပြီ။ ထိုသခင် ကြောင့် ရသော ယုံကြည် ခြင်းသည် သင် တို့မျက်မှောက် တွင် ဤသူ ၌စေ့ စုံခြင်း အခွင့်ကိုပေး ၍ရှိလေပြီ။
17 Und jetzt, Brüder, ich weiß, daß ihr in Unwissenheit gehandelt habt, gleichwie auch eure Obersten.
၁၇ယခု လည်း ညီအစ်ကို တို့၊ သင်တို့မှစ၍အစိုးရ သောသူတို့သည် မ သိဘဲလျက်ထိုသို့ ပြု ကြသည်ကို ငါသိ ၏။
18 Gott aber hat also erfüllt, was er durch den Mund aller Propheten zuvor verkündigt hat, daß sein Christus leiden sollte.
၁၈ခရစ်တော် သည် အသေ ခံရမည်ဟု ပရောဖက် အပေါင်း တို့သည် ဟောပြော ၍၊ ဘုရားသခင် ဘော်ပြတော်မူနှင့်သောအမှု ကို ထိုသို့အားဖြင့်ပြီးစီး တော်မူပြီ။
19 So tut nun Buße und bekehret euch, daß eure Sünden ausgetilgt werden, damit Zeiten der Erquickung kommen vom Angesicht des Herrn,
၁၉ထိုကြောင့် ထာဝရဘုရားထံ တော်မှ ချမ်းဧ သောအချိန် ကာလသည် ရောက်လာ ၍၊
20 und er den euch zuvorverordneten Jesus Christus sende,
၂၀သင် တို့အဘို့အလိုငှာ ခန့်ထား တော်မူနှင့်သော ယေရှု ခရစ် ကို စေလွှတ် တော်မူမည်အကြောင်း၊ သင် တို့ အပြစ် များကို ပြေ စေခြင်းငှာ နောင်တရ ၍ စိတ်ပြောင်းလဲ ခြင်းသို့ ရောက်ကြလော့။
21 welchen freilich der Himmel aufnehmen muß bis zu den Zeiten der Wiederherstellung aller Dinge, von welchen Gott durch den Mund seiner heiligen Propheten von jeher geredet hat. (aiōn )
၂၁ကမ္ဘာ ဦးမှစ၍ သန့်ရှင်း သောပရောဖက် ဆရာတော်တို့နှုတ် ဖြင့် ဘုရားသခင် ဗျာဒိတ် ထားတော်မူသော ထိုကပ်ကာလ၊ အလုံးစုံ သောအရာတို့ကို အသစ်ပြုပြင် တော်မူသော ကပ်ကာလ မ ရောက်မှီတိုင်အောင်ကောင်းကင် ဘုံသည် ထိုခရစ်တော် ကို ခံယူ သိမ်းဆည်းရ မည်။ (aiōn )
22 Moses hat schon gesagt: “Einen Propheten wird euch der Herr, euer Gott, aus euren Brüdern erwecken, gleich mir; auf ihn sollt ihr hören in allem, was irgend er zu euch reden wird.
၂၂ငါတို့ဘိုးဘေးများတို့အားလည်း မောရှေ က၊ သင် တို့၏ဘုရားသခင် ထာဝရ ဘုရားသည်၊ သင် တို့ အမျိုးသား ချင်းတို့အထဲ ၌ ငါ နှင့်တူ သော ပရောဖက် တစ်ပါးကို သင်တို့ အဘို့ပေါ်ထွန်း တော်မူမည်။ ထိုပရောဖက် ဟောပြော သောအရာ တို့ကို သင် တို့သည် နားထောင် ရကြမည်။
23 Es wird aber geschehen, jede Seele, die irgend auf jenen Propheten nicht hören wird, soll aus dem Volke ausgerottet werden.”
၂၃အကြင်သူသည် ထိုပရောဖက် ၏စကားကိုနား မ ထောင်ဘဲနေအံ့ ၊ ထိုသူသည် မိမိအမျိုး ထဲက ပယ်ရှင်း ခြင်းကို ခံရမည်ဟုဟော၏။
24 Aber auch alle Propheten, von Samuel an und der Reihe nach, so viele ihrer geredet haben, haben auch diese Tage verkündigt.
၂၄ပရောဖက်ရှမွေလ မှစ၍ နောက် ဟော သော ပရောဖက် ရှိသမျှ တို့သည် ဤ သည်နေ့ရက် ကာလကို ဟောပြော ပြညွှန်ကြပြီ။
25 Ihr seid die Söhne der Propheten und des Bundes, den Gott unseren Vätern verordnet hat, indem er zu Abraham sprach: “Und in deinem Samen werden gesegnet werden alle Geschlechter der Erde”.
၂၅သင် တို့သည် ပရောဖက် အမျိုးအနွယ် ဖြစ် ကြ၏။ ဘုရားသခင် သည် အာဗြဟံ ကို၊ သင် ၏ အမျိုးအနွယ်အားဖြင့် လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကိုခံရကြလိမ့်မည်ဟု ဗျာဒိတ်ထားတော်မူ၍၊ ငါ တို့ ဘိုးဘေး များတို့အား ပေး တော်မူသော ပဋိညာဉ် တရားတော်နှင့် သင်တို့သည်ဆိုင်ကြ၏။
26 Euch zuerst hat Gott, als er seinen Knecht erweckte, ihn gesandt, euch zu segnen, indem er einen jeden von euren Bosheiten abwendet.
၂၆သင် တို့တွင် မိမိဒုစရိုက် တို့ကို ကြဉ်ရှောင် ပယ်ရှားသောသူ ရှိသမျှ တို့အား ကောင်းကြီး မင်္ဂလာကိုပေးစေခြင်းငှာဘုရားသခင် သည်မိမိ သားတော် ယေရှုကို ထမြောက် စေတော်မူပြီးလျှင်၊ သင် တို့ရှိရာသို့ ရှေးဦးစွာ စေလွှတ် တော်မူသည်ဟု လူများတို့အား ပေတရုဟောပြော ၏။