< Psalm 89 >

1 [Ein Maskil; von Ethan, dem Esrachiter.] Die Gütigkeiten Jehovas will ich besingen ewiglich, von Geschlecht zu Geschlecht mit meinem Munde kundmachen deine Treue.
အကျွန်ုပ်သည် ထာဝရဘုရား ၏ ကရုဏာ တော် ကို အစဉ် အမြဲသီချင်း ဆိုပါမည်။ ကိုယ်တော် ၏သစ္စာ ကို လူမျိုး အဆက်ဆက်တို့အား ဟောပြော မြွက်ဆိုပါမည်။
2 Denn ich sagte: Auf ewig wird die Güte gebaut werden; die Himmel, in ihnen wirst du feststellen deine Treue.
ကရုဏာ တော်သည် အစဉ် အမြဲတည် ရပါ၏။ သစ္စာ တော်ကို ကောင်းကင် ၌ခိုင်ခံ့ မြဲမြံစေတော်မူသည် ဟု အကျွန်ုပ်သဘောကျပါ၏။
3 Einen Bund habe ich mit meinem Auserwählten gemacht, habe David, meinem Knechte, geschworen:
ကိုယ်တော်မိန့်တော်မူသည်ကား၊ သင် ၏အမျိုးအနွယ် ကို အစဉ် မပြတ်ငါမြဲမြံစေမည်။
4 "Bis in Ewigkeit will ich feststellen deinen Samen, und auf alle Geschlechter hin bauen deinen Thron." (Sela)
သင် ၏ပလ္လင် ကိုလည်း လူမျိုး အဆက်ဆက်တည်စေမည်ဟု ငါ ရွေးကောက် သောသူနှင့် ငါသည် ပဋိညာဉ် ဖွဲ့ ၍ ၊ ငါ ၏ ကျွန် ဒါဝိဒ် အား ကျိန်ဆို ခြင်းကိုပြုပြီ။
5 Und die Himmel werden deine Wunder preisen, Jehova, und deine Treue in der Versammlung der Heiligen.
အို ထာဝရဘုရား ၊ ကောင်းကင် သည် အံ့ဘွယ် သော အမှုတော်တို့ကို၎င်း ၊ သန့်ရှင်း သောသူတို့သည် စည်းဝေး လျက် သစ္စာ တော်ကို၎င်း ချီးမွမ်း ကြပါစေသော။
6 Denn wer in den Wolken ist mit Jehova zu vergleichen? Wer ist Jehova gleich unter den Söhnen der Starken?
အကြောင်း မူကား၊ ကောင်းကင် တွင် ထာဝရဘုရား နှင့် အဘယ် သူပြိုင် နိုင်သနည်း။ ဘုရား သခင်၏ သား တို့တွင် ထာဝရဘုရား နှင့် အဘယ်သူတူ သနည်း။
7 Er ist ein Gott, [El] gar erschrecklich in der Versammlung [Eig. im vertrauten Kreise] der Heiligen, und furchtbar über alle, die rings um ihn her sind.
ဘုရား သခင်သည် သန့်ရှင်း သူတို့၏ ပရိသတ် တွင် အလွန် ကြောက်ရွံ့ ဘွယ်ဖြစ်တော်မူ၏။ အထံ တော်၌ ပတ်လည် နေသောသူအပေါင်း တို့ထက် ရိုသေ ဘွယ် ဖြစ်တော်မူ၏။
8 Jehova, Gott der Heerscharen, wer ist mächtig wie du, o Jah? Und deine Treue ist rings um dich her.
ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် နှင့် အဘယ်သူ တူပါသနည်း။ ထာဝရ ဘုရား သည် ခွန်အား ကြီးတော်မူ၏။ သစ္စာ တော်လည်း ကိုယ်တော် ကို ပတ် ဝန်းလျက်ရှိပါ၏။
9 Du beherrschest des Meeres Toben; [Eig. Übermut] erheben sich seine Wogen-du stillest sie.
သမုဒ္ဒရာ ဟုန်း ခြင်းကို အစိုးရ တော်မူ၏။ လှိုင်း တံပိုးထ သောအခါ ငြိမ်း စေတော်မူ၏။
10 Du hast Rahab [d. h. Ägypten] zertreten wie einen Erschlagenen; mit deinem starken Arme hast du deine Feinde zerstreut.
၁၀ကိုယ်တော် သည် သူရဲ ကဲ့သို့ ရာခပ် ကိုချိုးဖျက် ၍၊ အားကြီး သော လက်ရုံး တော်ဖြင့် ရန်သူ တို့ကို အရပ်ရပ်သို့ ကွဲပြား စေတော်မူ၏။
11 Dein sind die Himmel und dein die Erde; der Erdkreis und seine Fülle, du hast sie gegründet.
၁၁ကောင်းကင် နှင့်မြေကြီး သည် ကိုယ်တော် ၏ ဥစ္စာဖြစ်ပါ၏။ လောကဓါတ် နှင့် လောကဓါတ် တန်ဆာ များကို တည် တော်မူပြီ။
12 Norden und Süden, du hast sie erschaffen; Tabor und Hermon jubeln in deinem Namen. [O. wegen deines Namens]
၁၂မြောက် မျက်နှာနှင့် တောင် မျက်နှာကိုလည်း ဖန်ဆင်း တော်မူပြီ။ တာဗော် တောင်နှင့် ဟေရမုန် တောင်သည် နာမတော် ကို အမှီပြု ၍ ရွှင်လန်းစွာ သီချင်း ဆိုကြပါ၏။
13 Du hast einen gewaltigen Arm, stark ist deine Hand, hoch deine Rechte.
၁၃တန်ခိုး ရှိသောလက်ရုံး နှင့် ပြည့်စုံတော်မူ၏။ လက် တော်သည် အားကြီး ၍၊ လက်ျာ လက်တော်သည် မြင့် ပါ၏။
14 Gerechtigkeit und Gericht [O. Recht] sind deines Thrones Grundfeste; Güte und Wahrheit gehen vor deinem Angesicht her.
၁၄တရား သဖြင့် စီရင်ခြင်း၊ ဖြောင့်မတ် စွာ ဆုံးဖြတ်ခြင်းသည် ပလ္လင် တော်၏ တည် ရာဖြစ်ပါ၏။ ကရုဏာ နှင့် သစ္စာ သည် မျက်နှာ တော်ရှေ့၌ သွား ကြပါ၏။
15 Glückselig das Volk, das den Jubelschall kennt! Jehova, im Lichte deines Angesichts wandeln sie.
၁၅အို ထာဝရဘုရား ၊ နှိုးဆော် တော်မူ ခြင်းအသံကို နားလည် သော လူမျိုး သည် မင်္ဂလာ ရှိပါ၏။
16 In deinem Namen [O. wegen deines Namens] frohlocken sie den ganzen Tag, und durch deine Gerechtigkeit werden sie erhöht.
၁၆သူတို့သည် မျက်နှာ တော်အလင်း ၌ သွား လာရကြပါ၏။ နာမ တော်၌ အစဉ် ဝမ်းမြောက် ၍ ဖြောင့်မတ် တော်မူခြင်းတရားအားဖြင့် ချီးမြှောက် ခြင်းသို့ ရောက်ရ ကြပါ၏။
17 Denn die Zierde [O. der Ruhm, Stolz] ihrer Stärke bist du; und durch deine Gunst wird erhöht werden [Nach and. Lesart: wirst du erhöhen] unser Horn.
၁၇ကိုယ်တော် သည် သူ တို့အစွမ်း သတ္တိ၏ ဘုန်း ဖြစ် တော်မူ၏။ ကျေးဇူး တော်အားဖြင့် လည်း အကျွန်ုပ် တို့၏ ဦးချို သည် ချီးမြှောက် လျက် ရှိပါ၏။
18 Denn Jehova [O. Jehovas] ist unser Schild, und der Heilige [O. des Heiligen] Israels unser König.
၁၈ထာဝရဘုရား သည် အကျွန်ုပ် တို့ကို ကွယ်ကာ တော်မူ၏။ ဣသရေလ အမျိုး၏သန့်ရှင်း သော ဘုရား သည် အကျွန်ုပ် တို့၏ ရှင်ဘုရင် ဖြစ်တော်မူ၏။
19 Dazumal redetest du im Gesicht von deinem Frommen [Nach and. Lesart: zu deinen Frommen] und sagtest: Hülfe habe ich auf einen Mächtigen [O. Helden] gelegt, ich habe einen Auserwählten erhöht aus dem Volke.
၁၉တရံရောအခါ ကိုယ်တော် ၏ သန့်ရှင်း သူတို့ကို ဗျာဒိတ် တော်အားဖြင့် မိန့် မြွက်တော်မူသည်ကား၊ အားကြီး သောသူသည် ကူမ မည် အကြောင်း ငါခန့်ထား ပြီ။ လူစု ထဲ က ရွေးကောက်သောသူ တယောက်ကို ငါချီးမြှောက် ပြီ။
20 Ich habe David gefunden, meinen Knecht-mit meinem heiligen Öle habe ich ihn gesalbt-
၂၀ငါ ၏ ကျွန် ဒါဝိဒ် ကို ငါတွေ့ ၍၊ သန့်ရှင်း သော ဆီ နှင့် ဘိသိက် ပေးပြီ။
21 Mit welchem fest bleiben soll meine Hand, und mein Arm soll ihn stärken.
၂၁သူ့ ဘက် မှာ ငါ့ လက် သည် တည် လိမ့်မည်။ ငါ့ လက်ရုံး သည် သူ့ ကို မြဲမြံ ခိုင်ခံ့စေမည်။
22 Nicht soll ihn drängen [O. überfallen] der Feind, und der Sohn der Ungerechtigkeit ihn nicht bedrücken;
၂၂ရန်သူ သည် သူ ၏ ဥစ္စာကို အနိုင်အထက်မ ယူ ရ။ မ တရားသောသူ သည် မ ညှဉ်းဆဲ ရ။
23 Und ich will seine Bedränger vor ihm zerschmettern, und seine Hasser will ich schlagen.
၂၃သူ ၏ ရန်သူ တို့ကို သူ့ ရှေ့ မှာ ငါနှိပ်စက် ၍ ၊ သူ့ ကိုမုန်း သောသူတို့ ကို ဒဏ်ခတ် မည်။
24 Und meine Treue und meine Güte werden mit ihm sein, und durch meinen Namen wird sein Horn erhöht werden.
၂၄ငါ ၏သစ္စာ နှင့် ကရုဏာ သည် သူ့ ဘက် မှာနေ၍ ၊ ငါ ၏နာမ အားဖြင့် သူ ၏ ဦးချို သည် ချီးမြှောက် လျက် ရှိလိမ့်မည်။
25 Und ich will seine Hand an das Meer legen, und seine Rechte an die Ströme.
၂၅သူ ၏လက် ကိုလည်း ၊ ပင်လယ် ပေါ် မှာ၎င်း ၊ သူ ၏လက်ျာ လက်ကို မြစ် များပေါ် မှာ၎င်း ငါတင် ၍ ထားမည်။
26 Er wird mir zurufen: Mein Vater bist du, mein Gott, [El] und der Fels meiner Rettung!
၂၆သူကလည်း၊ ကိုယ်တော် သည် အကျွန်ုပ် ၏အဘ ၊ အကျွန်ုပ် ၏ ဘုရား သခင်၊ အကျွန်ုပ် ကို ကယ်တင် ရာ ကျောက် ဖြစ်တော်မူ၏ဟု၊ ငါ့ ကို ကြွေးကြော် လိမ့်မည်။
27 So will auch ich ihn zum Erstgeborenen machen, zum Höchsten der Könige der Erde.
၂၇အကယ် စင်စစ်သူ့ ကို သားဦး အရာ၌ ခန့်ထား ၍၊ လောကီ ရှင် ဘုရင်တို့အပေါ် မှာ ချီးမြှောက် မည်။
28 Ewig will ich ihm meine Güte bewahren, und mein Bund soll ihm fest bleiben.
၂၈ငါ ၏ ကရုဏာ ကို သူ့ အဘို့ ငါသည် အစဉ် စောင့် ၍ ၊ ငါ ၏ ပဋိညာဉ် တရားသည် သူ ၌ မြဲမြံ လိမ့်မည်။
29 Und ich will seinen Samen einsetzen für immer, und seinen Thron wie die Tage der Himmel.
၂၉သူ ၏ အမျိုးအနွယ် ကို အစဉ် အမြဲတည် စေမည်။ သူ ၏ပလ္လင် သည် ကောင်းကင် ကာလ ကဲ့သို့ နိစ္စ ထာဝရဖြစ်လိမ့်မည်။
30 Wenn seine Söhne mein Gesetz verlassen und nicht wandeln in meinen Rechten,
၃၀သူ ၏သား မြေးတို့သည် ငါ့ တရား ကို စွန့်ပယ် ၍ ၊ ငါ ၏စီရင် ချက်တို့ကို မ ကျင့် ၊
31 Wenn sie meine Satzungen entweihen und meine Gebote nicht halten,
၃၁ငါ ၏အထုံးအဖွဲ့ တို့ကို ရှုတ်ချ ၍ ၊ ငါ ၏ပညတ် တို့ကို မ စောင့် ဘဲနေလျှင် ၊
32 So werde ich mit der Rute heimsuchen ihre Übertretung, und mit Schlägen ihre Ungerechtigkeit.
၃၂ငါသည် သူ တို့ပြစ်မှား သောကြောင့်၊ ကြိမ်လုံး နှင့် ဆုံးမ ၍ ဒဏ်ချက် တို့နှင့် ဒုစရိုက် အတိုင်း အပြစ်ပေးမည်။
33 Aber meine Güte werde ich nicht von ihm weichen lassen, und nicht verleugnen meine Treue.
၃၃သို့သော်လည်း ၊ ငါ ၏ကရုဏာ ကိုသူ မှ ငါမ နှုတ် မပယ်။ ငါ ၏သစ္စာ ကိုလည်း မ ဖျက် ။
34 Nicht werde ich entweihen meinen Bund, und nicht ändern, was hervorgegangen ist aus meinen Lippen.
၃၄ငါ ၏ပဋိညာဉ် တရားကိုလည်း မ ရှုတ်ချ ။ ငါ မိန့် မြွက်သော စကား လည်း ဖေါက်ပြန် ခြင်းမ ရှိရ။
35 Einmal [O. Eines] habe ich geschworen bei meiner Heiligkeit: Wenn ich dem David lüge!
၃၅ငါသည် ဒါဝိဒ် ကို မ လှည့်စား ဟု ငါ ၏သန့်ရှင်း ခြင်း ပါရမီကို တိုင်တည်၍ တခါ ကျိန်ဆို ပြီ။
36 Sein Same wird ewig sein, und sein Thron wie die Sonne vor mir;
၃၆သူ ၏အမျိုးအနွယ် သည် အစဉ် အမြဲတည် ရမည်။ သူ ၏ပလ္လင် သည်လည်း ၊ ငါ့ ရှေ့ ၌ နေ ကဲ့သို့ ဖြစ်ရမည်။
37 Ewiglich wird er feststehen wie der Mond; und der Zeuge in den Wolken ist treu. (Sela)
၃၇လ ကဲ့သို့ ၎င်း၊ မိုဃ်း ကောင်းကင်၌ သစ္စာ စောင့်သော သက်သေ ကဲ့သို့၎င်း ၊ အစဉ် မြဲမြံ ရမည်ဟု ကိုယ်တော် သည် မိန့်တော်မူပါပြီ။
38 Du aber hast verworfen und verstoßen, bist sehr zornig gewesen gegen deinen Gesalbten;
၃၈သို့သော်လည်း ၊ ကိုယ်တော် သည် ယခုစွန့်ပယ် ၍ ရွံရှာ တော်မူပြီ။ အထံ တော်၌ ဘိသိက် ခံသောသူကို အမျက်ထွက် တော်မူပြီ။
39 Du hast verworfen den Bund deines Knechtes, hast zu Boden entweiht seine Krone;
၃၉ကိုယ်တော် ၏ ကျွန် နှင့်ဖွဲ့သော ပဋိညာဉ် ကို ဖျက် ၍၊ သူ ၏သရဖူ ကို မြေ တိုင်အောင် ရှုတ်ချ တော်မူပြီ။
40 Du hast niedergerissen alle seine Mauern, hast seine Festen in Trümmer gelegt.
၄၀သူ ၏ခြံ ရှိသမျှ တို့ကိုချိုး ၍၊ သူ ၏တိုက် များကို ဖြိုဖျက် တော်မူပြီ။
41 Es haben ihn beraubt alle, die des Weges vorübergehen; er ist zum Hohn geworden seinen Nachbarn.
၄၁လမ်း ၌ရှောက်သွား သော သူအပေါင်း တို့သည် သူ့ ကိုလုယူ ကြ၏။ အိမ်နီးချင်း တို့တွင် ကဲ့ရဲ့ ဘွယ်ဖြစ် ပါ၏။
42 Du hast erhöht die Rechte seiner Bedränger, hast erfreut alle seine Feinde;
၄၂သူ ၏ရန်သူ တို့ လက်ျာ လက်ကို ချီးမြှင့် ၍၊ ရန်ဘက် ပြုသောသူ အပေါင်း တို့ကို ဝမ်းမြောက် စေ တော်မူ၏။
43 Auch hast du zurückgewandt die Schärfe seines Schwertes, und hast ihn nicht bestehen lassen im Kampfe;
၄၃သူ ၏ထား သွားကိုလိပ် စေ၍ ၊ သူ စစ် တိုက်ရာတွင် ထောက်မ တော်မ မူပါ။
44 Du hast aufhören lassen seinen Glanz und zur Erde gestürzt seinen Thron;
၄၄သူ ၏ဘုန်း ကို ကွယ် စေ၍ ၊ သူ ၏ရာဇပလ္လင် ကို မြေ သို့ နှိမ့်ချ တော်မူပြီ။
45 Du hast verkürzt die Tage seiner Jugend, mit Schmach hast du ihn bedeckt. (Sela)
၄၅သူ ၏ပျို သောအရွယ် ကို တို စေ၍ အရှက်ခွဲ တော်မူပြီ။
46 Bis wann, Jehova, willst du dich immerfort verbergen, soll wie Feuer brennen dein Grimm?
၄၆အို ထာဝရဘုရား ၊ ကိုယ်တော်သည် အလျှင်း မ ထင်ရှားဘဲ၊ အဘယ် မျှကာလ ပတ်လုံးပုန်း ၍ နေတော်မူ မည်နည်း။ အမျက် တော်သည် အဘယ်မျှကာလ ပတ်လုံးမီး ကဲ့သို့ လောင် ရပါမည်နည်း။
47 Gedenke, was meine Lebensdauer ist, zu welcher Nichtigkeit du alle Menschenkinder erschaffen hast!
၄၇အကျွန်ုပ် ၏ အသက်တာသည် အဘယ် မျှလောက် တို သည်ကို၎င်း၊ အဘယ် မျှလောက်ပျက် တတ် စေ ခြင်းငှါ၊ လူသား အပေါင်း တို့ကို ဖန်ဆင်း တော်မူသည် ကို၎င်း၊ အောက်မေ့ တော်မူပါ။
48 Welcher Mann lebt und wird den Tod nicht sehen, wird seine Seele befreien von der Gewalt des Scheols? (Sela) (Sheol h7585)
၄၈သေ ခြင်းသို့မ ရောက်၊ အသက် ရှင်၍ မိမိ ဝိညာဉ် ကို မရဏ နိုင်ငံတန်ခိုး မှ ကယ်နှုတ် နိုင်သော သူကား အဘယ် သူနည်း။ (Sheol h7585)
49 Wo sind, o Herr, deine früheren Gütigkeiten, die du David zugeschworen hast in deiner Treue?
၄၉အို ထာဝရ ဘုရား၊ သစ္စာ တော်နှင့်တကွ ကိုယ်တော် ၏ ကျွန်ဒါဝိဒ် အား ကျိန်ဆို တော်မူသောရှေး ကရုဏာ တော်သည် အဘယ် မှာရှိပါသနည်း။
50 Gedenke, Herr, des Hohnes deiner Knechte, daß ich in meinem Busen trage den Hohn all der vielen [And. l.: trage den Schimpf vieler usw.] Völker,
၅၀အိုထာဝရ ဘုရား၊ ကိုယ်တော် ၏ ကျွန် တို့သည် ခံရသောကဲ့ရဲ့ ခြင်းကို အောက်မေ့ တော်မူပါ။ များစွာ သော လူ တို့၏ အမှုအလုံးစုံ ကို အကျွန်ုပ် သည် ကိုယ် ရင်ခွင် ၌ ဆောင် ရပါ၏။
51 Womit deine Feinde gehöhnt haben, Jehova, womit sie gehöhnt haben die Fußstapfen deines Gesalbten!
၅၁အကြောင်း မူကား၊ အိုထာဝရဘုရား ၊ ကိုယ်တော် ၏ ရန်သူ တို့သည် ကဲ့ရဲ့ တတ်ကြပါ၏။ အထံ တော်၌ ဘိသိက် ခံသောသူ၏ ခြေတော် ရာတို့ကို ကဲ့ရဲ့ တတ်ကြပါ ၏။
52 Gepriesen sei Jehova ewiglich! Amen, ja, Amen!
၅၂ထာဝရဘုရား သည် ကမ္ဘာ အဆက်ဆက်မင်္ဂလာ ရှိတော်မူစေသတည်း။ အာမင် နှင့် အာမင် ။

< Psalm 89 >