< Sprueche 1 >
1 Sprüche Salomos, des Sohnes Davids, des Königs von Israel:
၁ပညာတရား ၊ နည်း ဥပဒေသတရားကိုသိ ၍၊ ဉာဏ် နှင့်ယှဉ်သောစကား ကိုနားလည် မည်အကြောင်း ၊
2 um Weisheit und Unterweisung zu kennen, um Worte des Verstandes zu verstehen,
၂ပညာ သွန်သင်ခြင်း၊ ဖြောင့်မတ် စွာကျင့်ခြင်း၊ တရားသဖြင့်
3 um zu empfangen einsichtsvolle Unterweisung, Gerechtigkeit und Recht und Geradheit;
၃စီရင်ခြင်း၊ လျစ်လျူ စွာဆုံးဖြတ်ခြင်းအမှုအရာ၌လေ့ကျက် မည်အကြောင်း၊ မိုက် သောသူသည်လိမ္မာ ၍၊ လူပျို သည်ပညာသတိ နှင့်ပြည့်စုံမည်အကြောင်း၊
4 um Einfältigen [O. Unerfahrenen, Unverständigen, so überall in den Sprüchen] Klugheit zu geben, dem Jüngling Erkenntnis und Besonnenheit.
၄ဒါဝိဒ် ၏သား တော်ဖြစ်သော ဣသရေလ ရှင်ဘုရင် ရှောလမုန် စီရင်သော သုတ္တံစကား ဟူမူကား၊
5 Der Weise wird [O. möge] hören und an Kenntnis zunehmen, und der Verständige wird [O. möge] sich weisen Rat [Eig. Steuerungen, d. h. Verhaltensregeln, weise Lenkung] erwerben;
၅ပညာရှိ သောသူသည် နားထောင် သဖြင့် ၊ ပညာ အတတ်တိုးပွါး ရလိမ့်မည်။
6 um einen Spruch zu verstehen und verschlungene Rede, [d. h. rätselhafter Spruch, bildliche Rede] Worte der Weisen und ihre Rätsel. -
၆ဉာဏ်ကောင်း သောသူသည် သုတ္တံ စကားအနက်အဓိပ္ပါယ်ကို၎င်း၊ ပညာရှိ ဟောပြော ၍ နက်နဲ သောစကားတို့ကို၎င်း၊ နားလည် သောနိဿရည်းဆရာအဖြစ်သို့ ရောက် ရလိမ့်မည်။
7 Die Furcht Jehovas ist der Erkenntnis Anfang; die Narren verachten Weisheit und Unterweisung.
၇ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘောသည် ပညာ ၏အချုပ် အခြာဖြစ်၏။ လူမိုက် တို့သည် ပညာ နှင့် ဥပဒေသ ကို မထီမဲ့မြင် ပြုတတ်ကြ၏။
8 Höre, mein Sohn, die Unterweisung deines Vaters, und verlaß [O. verwirf] nicht die Belehrung deiner Mutter!
၈ငါ့ သား ၊ အဘ ၏နည်း ဥပဒေသကို နားထောင် လော့။ အမိ ၏တရား ကိုလည်း မ ပယ် နှင့်။
9 Denn sie werden ein anmutiger Kranz sein deinem Haupte und ein Geschmeide deinem Halse. -
၉ထိုနည်းဥပဒေသတရားတို့သည် သင် ၏ခေါင်း ၌ တင့်တယ် သော ဦးရစ် ၊ သင် ၏လည်ပင်း ၌ ပတ်ရစ်သော လည်ဆွဲ ဖြစ်ကြလိမ့်မည်။
10 Mein Sohn, wenn Sünder dich locken, so willige nicht ein.
၁၀ငါ့ သား ၊ လူဆိုး တို့သည် သင့် ကိုသွေးဆောင် လျှင် ဝန် မ ခံနှင့်။
11 Wenn sie sagen: Geh mit uns, wir wollen auf Blut lauern, wollen den Unschuldigen nachstellen ohne Ursache;
၁၁သူတို့က ငါ တို့နှင့်အတူ လိုက် တော့။ သူ့အသက် ကို သတ်အံ့သောငှါစောင့် ကြစို့။ အချည်းနှီး အပြစ် လွတ် သောသူတို့ ကို ချောင်းမြောင်း ကြစို့။
12 wir wollen sie lebendig verschlingen wie der Scheol, und unverletzt, gleich denen, welche plötzlich in die Grube hinabfahren; (Sheol )
၁၂သင်္ချိုင်းတွင်း သို့ဆင်း သောသူတို့ ကဲ့သို့ တကိုယ်လုံး ပါ လျက်၊ အသက်ရှင် လျက်ရှိသောထိုသူ တို့ကို မရဏာ နိုင်ငံမျိုသကဲ့သို့ မျို ကြစို့။ (Sheol )
13 wir werden allerlei kostbares Gut erlangen, werden unsere Häuser mit Beute füllen;
၁၃အဘိုး ထိုက်သော ဘဏ္ဍာ အမျိုးမျိုး ကိုတွေ့ ၍ လုယူသောဥစ္စာ နှင့် ငါ တို့အိမ် ကိုပြည့် စေကြမည်။
14 du sollst dein Los mitten unter uns werfen, wir alle werden einen Beutel haben:
၁၄ငါတို့နှင့် ပေါင်းဘော်တော့။ ရသောဥစ္စာကို အညီအမျှ ပိုင်ကြစို့ဟုဆိုသော်လည်း၊
15 Mein Sohn, wandle nicht mit ihnen auf dem Wege, halte deinen Fuß zurück von ihrem Pfade;
၁၅ငါ့ သား ၊ သူ တို့နှင့်အတူ မ လိုက် နှင့်။ သူ တို့သွားသောလမ်း ကို ရှောင် လော့။
16 denn ihre Füße laufen dem Bösen zu, und sie eilen, Blut zu vergießen.
၁၆အကြောင်း မူကား၊ သူ တို့ခြေ သည် ဒုစရိုက် ပြုရာ သို့ ပြေး ၍ ၊ လူအသက် ကို သတ် ခြင်းငှါ လျင်မြန် ၏။
17 Denn vergeblich wird das Netz ausgespannt vor den Augen alles Geflügelten;
၁၇အကယ် စင်စစ်ငှက် မျက်မှောက် ၌ ပိုက်ကွန် ကို ဖြန့် ထားလျှင် အကြံ မမြောက်ရာ။
18 sie aber lauern auf ihr eigenes Blut, stellen ihren eigenen Seelen nach.
၁၈လူဆိုး တို့သည် ကိုယ် အသွေး ကို သွန်အံ့သောငှါစောင့်၍၊ ကိုယ် အသက် ကိုသတ် အံ့သောငှါချောင်းမြောင်း တတ်ကြ၏။
19 So sind die Pfade aller derer, welche der Habsucht frönen: sie nimmt ihrem eigenen Herrn das Leben.
၁၉မ တရားသောစီးပွါးကို ရှာ သောသူအပေါင်း တို့သည် ထိုသို့ သော အကျိုး ကိုခံရ၍၊ ထိုစီးပွါးသည် မိမိ အရှင် ၏အသက် ကိုသတ် တတ်၏။
20 Die Weisheit schreit draußen, sie läßt auf den Straßen ihre Stimme erschallen.
၂၀ပညာ သည်ပြင် မှာ ကြွေးကြော် ၍၊ လမ်းခရီး တို့၌ မိမိ စကား သံကို လွှင့် တတ်၏။
21 Sie ruft an der Ecke lärmender Plätze; an den Eingängen der Tore, in der Stadt redet sie ihre Worte:
၂၁လူ စည်းဝေးရာ အဦး ၌ ၎င်း၊ မြို့ တံခါးဝ တို့၌ ၎င်း၊ မြို့ ထဲ ၌၎င်း ခေါ် ၍မြွက်ဆို သောစကား ဟူမူကား၊
22 Bis wann, ihr Einfältigen, wollt ihr Einfältigkeit lieben, und werden Spötter ihre Lust haben an Spott, und Toren Erkenntnis hassen?
၂၂အိုလူမိုက် တို့၊ သင်တို့သည်မိုက် သောအကျင့်ကို နှစ်သက် လျက် ၊ ကဲ့ရဲ့ သောသူတို့သည် ကဲ့ရဲ့ ခြင်း၌ မွေ့လျော် လျက် ၊ မိုက်မဲ သောသူတို့သည် ပညာ အတတ်ကို မုန်း လျက်၊ အဘယ် မျှကာလ ပတ်လုံးနေကြလိမ့်မည်နည်း။
23 Wendet euch um zu meiner Zucht! Siehe, ich will euch meinen Geist hervorströmen lassen, will euch kundtun meine Reden. -
၂၃ငါ ဆုံးမ သော စကားကို နားထောင် ၍ ပြောင်းလဲ ကြလော့။ ငါ့ ဝိညာဉ် ကို သင် တို့အပေါ် သို့ ငါသွန်းလောင်း ၍၊ ငါ့ စကား ၏အနက်အဓိပ္ပါယ်ကို နားလည် စေမည်။
24 Weil ich gerufen, und ihr euch geweigert habt, meine Hand ausgestreckt, und niemand aufgemerkt hat,
၂၄ငါသည်ခေါ် ၍ သင်တို့သည် ငြင်းပယ် သောကြောင့် ၎င်း၊ ငါ့ လက် ကိုဆန့် ၍ အဘယ်သူ မျှမမှတ် သောကြောင့် ၎င်း၊
25 und ihr all meinen Rat verworfen, und meine Zucht nicht gewollt habt:
၂၅ငါ သတိ ပေးခြင်းရှိသမျှ ကို သင်တို့သည်ပယ် ၍ ၊ ငါ ဆုံးမ သော စကားတခွန်းကိုမျှ နာ မ ခံဘဲနေသောကြောင့် ၎င်း၊
26 so werde auch ich bei eurem Unglück lachen, werde spotten, wenn euer Schrecken kommt;
၂၆သင် တို့သည် ဘေး ဥပဒ်နှင့် တွေ့ကြုံသောအခါ ငါရယ် မည်။ ကြောက်မက် ဖွယ်သော အမှုရောက် သောအခါ ငါပြက်ယယ် ပြုမည်။
27 wenn euer Schrecken kommt wie ein Unwetter, und euer Unglück hereinbricht wie ein Sturm, wenn Bedrängnis und Angst über euch kommen.
၂၇သင် တို့ကြောက်မက် ဘွယ်သော အမှုသည်သုတ်သင် ပယ်ရှင်းခြင်းအမှုကဲ့သို့ ၎င်း၊ သင် တို့ပျက်စီး ခြင်း အမှုသည် လေပြင်း မုန်တိုင်းကဲ့သို့ ၎င်း ရောက် လာ၍ ၊ သင် တို့သည်ဆင်းရဲ ခြင်း၊ ပူပန် ခြင်းနှင့် တွေ့ကြုံ သောအခါ ၊
28 Dann werden sie zu mir rufen, und ich werde nicht antworten; sie werden mich eifrig suchen, und mich nicht finden:
၂၈ထို အမှုရောက်သောသူတို့သည် ငါ့ ကိုခေါ် သော်လည်း ငါမ ထူး။ ငါ့ ကို ကြိုးစား၍ ရှာ သော်လည်း မ တွေ့ ရကြ။
29 darum, daß sie Erkenntnis gehaßt und die Furcht Jehovas nicht erwählt,
၂၉အကြောင်း မူကား၊ သူတို့သည် ပညာ အတတ်ကိုမုန်း ကြ၏။ ထာဝရဘုရား ကို ကြောက်ရွံ့ သော သဘောကို အလို မ ရှိကြ။
30 nicht eingewilligt haben in meinen Rat, verschmäht alle meine Zucht.
၃၀ငါ သတိ ပေးခြင်းကို အလျှင်းနာ မ ခံကြ။ ငါ ဆုံးမ ခြင်းရှိသမျှ ကို မထီမဲ့မြင် ပြုကြ၏။
31 Und sie werden essen von der Frucht ihres Weges, und von ihren Ratschlägen sich sättigen.
၃၁ထိုကြောင့် သူတို့သည် ကိုယ် ကျင့် ခြင်း၏ အကျိုး အပြစ်ကို စား ၍ ၊ ကိုယ် ကြံသော အကြံ တို့နှင့် ဝ ကြလိမ့်မည်။
32 Denn die Abtrünnigkeit der Einfältigen wird sie töten, und die Sorglosigkeit der Toren sie umbringen;
၃၂ဉာဏ် တိမ်သောသူတို့သည် လမ်းလွဲ သဖြင့် အသက် ဆုံးတတ်ကြ၏။ မိုက် သောသူတို့သည် သတိလစ် သောအားဖြင့် ပျက်စီး ခြင်းသို့ ရောက်တတ်ကြ၏။
33 wer aber auf mich hört, wird sicher wohnen, und wird ruhig sein vor des Übels Schrecken.
၃၃ငါ့ စကားကို နားထောင် သောသူမူကား လုံခြုံ စွာ နေ ၍ ၊ ဘေး ကို မ ကြောက်ဘဲငြိမ်ဝပ် လိမ့်မည်။