< 1 Samuel 21 >
1 Und David kam nach Nob, zu Ahimelech, dem Priester. Und Ahimelech kam David ängstlich entgegen und sprach zu ihm: Warum bist du allein, und niemand ist bei dir?
၁ဒါဝိဒ် သည် ယဇ်ပုရောဟိတ် အဟိမလက် ရှိရာ နောဗ မြို့သို့ ရောက် ၍ ၊ အဟိမလက် သည် ဒါဝိဒ် နှင့် တွေ့ သောအခါ ကြောက် ၍၊ သင် သည် လူ တယောက်မျှ မ ပါဘဲ အဘယ်ကြောင့် တကိုယ်တည်း လာသနည်းဟုမေး သော်၊
2 Und David sprach zu dem Priester Ahimelech: Der König hat mir eine Sache geboten; und er sprach zu mir: Niemand soll irgendwie um die Sache wissen, in der ich dich sende und die ich dir geboten habe! und die Knaben habe ich an den und den Ort beschieden.
၂ဒါဝိဒ် က၊ ရှင်ဘုရင် အမှု တော်တခုကို အပ် ၍၊ ငါ စေခိုင်း မှာ ထားသော အမှု ကို အဘယ်သူမျှမ သိ စေနှင့်ဟု မိန့် တော်မူသောကြောင့် ၊ ငါ့ကျွန် တို့ကို ဤမည်သောအရပ် ဤမည်သောအရပ်၌ ဆိုင်းလင့်စေခြင်းငှါ အရင်စေလွှတ်လေပြီ။
3 Und nun, was ist unter deiner Hand? Gib fünf Brote in meine Hand, oder was sich vorfindet.
၃သို့ဖြစ်၍ ကိုယ်တော် လက် ၌ ရှိ သော မုန့် ငါး လုံးကိုသော်၎င်း၊ တွေ့ သမျှကို သော်၎င်း၊ ကျွန်ုပ် လက် သို့ အပ် ပေးပါဟု ယဇ်ပုရောဟိတ် အဟိမလက် အား တောင်း ၏။
4 Und der Priester antwortete David und sprach: Es ist kein gemeines Brot unter meiner Hand, sondern nur heiliges Brot ist da; wenn sich nur die Knaben der Weiber enthalten haben!
၄ယဇ် ပုရောဟိတ်က၊ ငါ့ လက် ၌ လူတိုင်းစားရသောမုန့် မ ရှိ။ လုလင် တို့သည် မိန်းမ ကိုသာ ရှောင် လျှင် ၊ သန့်ရှင်း သော မုန့် ရှိ သည်ဟု ဒါဝိဒ် အားဆို ၏။
5 Und David antwortete dem Priester und sprach zu ihm: Ja, denn Weiber sind uns versagt seit gestern und vorgestern, als ich auszog, und die Gefäße der Knaben sind heilig. Und es ist einigermaßen gemeines Brot, und das um so mehr, als heute neues in den Gefäßen geheiligt wird.
၅ဒါဝိဒ် ကလည်း ၊ ကျွန်ုပ် ထွက် ကတည်းကအဘယ်သူမျှမိန်းမ နှင့် မ ပေါင်းဘော်၊ လုလင် တန်ဆာ တို့သည် သန့်ရှင်း ပါ၏။ ထိုမုန့်လည်း လူတိုင်းစားရသောမုန့်ကဲ့သို့ဖြစ်ပါ၏။ အကြောင်းမူကား၊ ယနေ့ သန့်ရှင်း သောမုန့်သစ်ကို တင်ထားလျက်ရှိပါ၏ဟု ယဇ်ပုရောဟိတ် အား ပြန် ပြောသော်၊
6 Da gab ihm der Priester heiliges Brot; denn es war daselbst kein anderes Brot, als nur das Schaubrot, das vor Jehova weggenommen worden war, um warmes Brot aufzulegen am Tage seiner Wegnahme.
၆ယဇ် ပုရောဟိတ်သည် ရှေ့ တော်မုန့် မှတပါး အခြားသော မုန့် မ ရှိ သောကြောင့် သန့်ရှင်း သော မုန့်ကိုပေး ၏။ ထိုရှေ့တော်မုန့်အစား၌ မုန့် သစ်ကို တင် ထားအံ့သောငှါ ထာဝရဘုရား ရှေ့ တော်မှ နှုတ်ပယ် နှင့်ပြီ။
7 [Es war aber daselbst an jenem Tage ein Mann von den Knechten Sauls, der sich zurückgezogen vor Jehova aufhielt, sein Name war Doeg, der Edomiter; er war der Aufseher der Hirten Sauls.]
၇ထို နေ့၌ အမှု တော်ထမ်းအဝင် သိုး တော်ထိန်းအုပ် ဧဒုံ အမျိုးသား၊ ဒေါဂ အမည် ရှိသောသူသည် ထာဝရဘုရား ရှေ့ တော်၌ စောင့် နေရ၏။
8 Und David sprach zu Ahimelech: Und ist hier nicht unter deiner Hand ein Speer oder ein Schwert? Denn weder mein Schwert noch meine Waffen habe ich zur Hand genommen, weil die Sache des Königs dringend war.
၈ဒါဝိဒ် ကလည်း ၊ ကိုယ်တော် ၌ ထား လှံ ရှိ သလော။ အမှု တော်ကို အလျင်အမြန် ဆောင်ရသောကြောင့် ၊ ထား အစရှိသော လက်နက် တစုံတခု မျှ မ ပါ ဟု အဟိမလက် အား ပြော လေသော်၊
9 Und der Priester sprach: Das Schwert Goliaths, des Philisters, den du im Terebinthental erschlagen hast, siehe, es ist in ein Oberkleid gewickelt hinter dem Ephod; wenn du es dir nehmen willst, so nimm es, denn es ist kein anderes hier außer diesem. Und David sprach: Seinesgleichen gibt es nicht; gib es mir!
၉ယဇ် ပုရောဟိတ်က၊ ဧလာချိုင့် ၌ သင်လုပ်ကြံ ခဲ့သော ဖိလိတ္တိ လူ ဂေါလျတ် ၏ ထား သည် အဝတ် နှင့် ထုပ်ရစ် လျက် သင်တိုင်း တော်နောက် မှာ ရှိ၏။ ယူ ချင်လျင် ယူ တော့။ အခြား သော ထားမ ရှိဟု ဆိုလျှင်၊ ဒါဝိဒ် က ထိုထားနှင့် တူသော ထားမ ရှိ။ ပေး ပါတော့ဟု ဆို ၏။
10 Und David machte sich auf und floh an selbigem Tage vor Saul, und er kam zu Achis, dem König von Gath.
၁၀ထို နေ့၌ ဒါဝိဒ် သည် ရှောလု ကို ကြောက်သောကြောင့်ထ ၍ ဂါသ မင်းကြီး အာခိတ် ထံသို့ ပြေး သွား ၏။
11 Und die Knechte Achis sprachen zu ihm: Ist das nicht David, der König des Landes? Haben sie nicht von diesem in den Reigen gesungen und gesprochen: "Saul hat seine Tausende erschlagen, und David seine Zehntausende"?
၁၁အာခိတ် မင်း၏ ကျွန် တို့က၊ ဤ ဒါဝိဒ် သည် ဣသရေလရှင်ဘုရင် ဖြစ်သည်မ ဟုတ်လော။ ရှောလု အထောင်ထောင် ၊ ဒါဝိဒ် အသောင်းသောင်း သတ် လေစွတကားဟု ဤသူရှေ့မှာ အလှည့်လှည့်က လျက် သီချင်း ဆိုကြသည် မ ဟုတ်လော ဟု လျှောက် ကြ၏။
12 Und David nahm sich diese Worte zu Herzen und fürchtete sich sehr vor Achis, dem König von Gath.
၁၂ထို စကား ကို ဒါဝိဒ် သည် မှတ်မိ၍၊ ဂါသ မင်းကြီး အာခိတ် ကို အလွန် ကြောက် သောကြောင့်၊
13 Und er verstellte seinen Verstand vor ihren Augen und tat unsinnig unter ihren Händen, und er kritzelte an die Flügel des Tores und ließ seinen Speichel auf seinen Bart herabfließen.
၁၃ရူးသွပ်ဟန်ဆောင်၍ သူ တို့ရှေ့ မှာ အရူး ကဲ့သို့ပြုလျက် ၊ တံခါးရွက် ပေါ် ၌ ရေးသား ၍ မိမိ တံထွေး ကို မုတ်ဆိတ် တွင် ယို စေ၏။
14 Da kam Achis zu seinen Knechten: Siehe, ihr sehet einen wahnsinnigen Mann; warum bringet ihr ihn zu mir?
၁၄အာခိတ် မင်းကလည်း ကြည့် ကြလော့။ ဤသူ သည် အရူး ဖြစ်၏။ အဘယ်ကြောင့် ငါ့ ထံသို့ သွင်း ကြသနည်း။
15 Fehlt es mir an Wahnsinnigen, daß ihr diesen hergebracht habt, um sich bei mir wahnsinnig zu gebärden? Sollte der in mein Haus kommen?
၁၅အရူး ကို ငါ အသုံးလို သည်ဟု သင်တို့သည် ထင်လျက် ငါ့ ရှေ့ မှာ အရူး လုပ်စေခြင်းငှါ ဤ သူကို သွင်း ကြသလော။ ဤ သူသည် နန်းတော် ထဲသို့ ဝင် ရမည်လော ဟု ကျွန် တို့အား ဆို ၏။