< Matthaeus 28 >
1 Nach dem Sabbat, im Morgengrauen des ersten Wochentages, gingen Maria von Magdala und die andere Maria hin, um das Grab zu besuchen.
၁ဥပုသ်နေ့ လွန် ခုနစ် ရက်တွင် ပဌမ နေ့ရက်မိုဃ်းလင်း အံ့ဆဲဆဲအချိန်၌၊ မာဂဒလ မာရိ နှင့် အခြား သော မာရိ သည် သင်္ချိုင်း တော်ကို အကြည့်အရှု သွား ကြ၏။
2 Plötzlich entstand ein starkes Erdbeben. Denn ein Engel des Herrn kam vom Himmel herab, trat zum Grab, wälzte den Stein hinweg und setzte sich darauf.
၂ထိုအခါ မြေကြီး သည် ပြင်းစွာ လှုပ်လေ၏။ အကြောင်းမူကား ၊ ထာဝရ ဘုရား၏ ကောင်းကင်တမန် သည် ကောင်းကင် ဘုံမှ ဆင်းလာ ၍၊ တွင်းဝ၌ပိတ်သောကျောက် ကို လှိမ့်လှန် ပြီးလျှင် ၊ ထိုကျောက် ပေါ်မှာ ထိုင် နေ၏။
3 Er sah aus wie ein leuchtender Blitz, und sein Gewand war weiß wie Schnee.
၃သူ ၏မျက်နှာ သည် လျှပ်စစ် ကဲ့သို့ ထင် ၏။ အဝတ် သည်လည်း မိုဃ်းပွင့် ကဲ့သို့ ဖြူ ၏။
4 Bei seinem Anblick erschraken die Grabeswächter: sie erbebten und waren wie tot.
၄လူစောင့် တို့သည် ကောင်းကင် တမန်ကို ကြောက်ရွံ့ သဖြင့် တုန်လှုပ် ၍ သေ မတတ်ဖြစ် ကြ၏။
5 Der Engel aber sprach zu den Frauen: "Fürchtet ihr euch nicht! Ich weiß, ihr wollt nach Jesus sehen, dem Gekreuzigten.
၅ကောင်းကင် တမန်ကလည်း ၊ ကြောက်ရွံ့ ခြင်းမ ရှိကြနှင့်။ လက်ဝါးကပ်တိုင် မှာသတ်သောယေရှု ကို သင် တို့ရှာ ကြသည်ကို ငါသိ ၏။
6 Er ist nicht hier, er ist auferstanden, wie er es vorausgesagt. Kommt her und seht die Stätte, wo er gelegen hat!
၆ဤ အရပ်၌မ ရှိ ။ မိန့် တော်မူသည်အတိုင်း ထမြောက် တော်မူပြီ။ လာ ကြ၊ သခင်လျောင်း တော်မူရာ အရပ် ကို ကြည့် ကြလော့။
7 Geht jetzt schnell hin und meldet seinen Jüngern: 'Er ist auferstanden von den Toten und geht euch nun voraus nach Galiläa; dort werdet ihr ihn sehen!' Das versichere ich euch."
၇အလျင်အမြန် ပြန်သွား ၍ သေ ခြင်းမှ ထမြောက် တော်မူကြောင်းကို တပည့် တော်တို့အားပြော ကြလော့။ သင် တို့ ရှေ့ ဂါလိလဲ ပြည်သို့ ကြွတော်မူမည်။ ထို ပြည်၌ သင်တို့သည်ကိုယ်တော် ကို တွေ့မြင် ရကြလိမ့်မည်။ ငါပြော ပြီဟုထိုမိန်းမ တို့အား ကောင်းကင်တမန်ဆို ၏။
8 Da gingen sie schnell von dem Grab weg, und noch voll Schrecken, aber auch in großer Freude eilten sie davon, um seinen Jüngern, diese Botschaft zu bringen.
၈ထိုမိန်းမတို့သည်လည်း ကြောက်ရွံ့ သဖြင့် ၎င်း၊ အလွန် ဝမ်းမြောက် သဖြင့်၎င်း၊ သင်္ချိုင်း တော်မှ အလျင်အမြန် သွား ၍ တပည့် တော်တို့အား ထိုသိတင်းစကားကို ကြားပြော ခြင်းငှာပြေး ကြ၏။
9 Plötzlich trat ihnen Jesus entgegen mit den Worten: "Seid gegrüßt!" Da eilten sie auf ihn zu, umfaßten seine Füße und fielen vor ihm nieder.
၉လမ်းမှာသွားကြစဉ် ယေရှု သည် ကြိုဆို တော်မူ၍ ၊ သင်တို့အား မင်္ဂလာ ဖြစ်စေသတည်း ဟု မိန့် တော်မူ၏။ ထို မိန်းမတို့သည် ချဉ်းကပ် ၍ ခြေ တော်ကိုဘက်ယမ်း လျက် ပြပ်ဝပ် ကိုးကွယ်ကြ၏။
10 Jesus aber sprach zu ihnen: "Fürchtet euch nicht! Geht hin und sagt meinen Brüdern, sie sollen nach Galiläa gehen: dort werden sie mich sehen!
၁၀ယေရှု ကလည်း ကြောက်ရွံ့ ခြင်းမ ရှိကြနှင့်။ သွား ကြလော့။ ငါ့ ညီ တို့သည် ဂါလိလဲ ပြည်သို့ သွား စေခြင်းငှာဤသိတင်းစကားကို ကြားပြော ကြလော့။ ထို ပြည်၌ သူတို့သည် ငါ့ ကိုတွေ့မြင် ရကြလိမ့်မည် ဟု မိန့် တော်မူ၏။
11 Während sie ihres Weges gingen, kamen einige der Grabeswächter in die Stadt und meldeten den Hohenpriestern alles, was vorgefallen war.
၁၁ထိုမိန်းမ တို့သည် သွား ကြစဉ်အခါလူစောင့် အချို့ တို့သည် မြို့ ထဲသို့ ဝင် ၍ ဖြစ် လေသမျှသောအခြင်းအရာ တို့ကို ယဇ်ပုရောဟိတ် အကြီးတို့အား ပြန်ကြား ကြ၏။
12 Da hielten diese mit den Ältesten eine Versammlung und, als sie Rats gepflogen, gaben sie den Soldaten reichlich Geld
၁၂ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲ တို့သည် စုဝေး ၍ တိုင်ပင် ပြီးမှ စစ်သူရဲ တို့အား ငွေ အများ ကို ပေး ၍၊
13 und sprachen: "Sagt: 'Seine Jünger sind bei Nacht gekommen und haben ihn gestohlen, als wir gerade schliefen.'
၁၃ညဉ့် အခါငါ တို့အိပ်ပျော် စဉ်တွင် ထိုသူ ၏ တပည့် တို့သည်လာ၍ အလောင်းကို ခိုး သွား ကြသည်ဟု သင်တို့ပြော ကြလော့။
14 Und wenn es dem Statthalter zu Ohren kommt, so wollen wir ihn schon beschwichtigen und dafür sorgen, daß ihr straflos ausgeht."
၁၄ထို အကြောင်းကို မြို့ဝန်မင်း ကြား ပြန်လျှင် ၊ ငါ တို့သည် သူ့ ကိုဖျောင်းဖျ ၍ သင် တို့၌ အမှု မရှိစေခြင်းငှာပြု မည်ဟု၊
15 Da nahmen sie das Geld und taten, wie sie angewiesen waren. So hat sich dies Gerede bei den Juden verbreitet, und noch heute ist es in Umlauf.
၁၅သွန်သင် သည်နှင့်အညီ စစ်သူရဲ တို့သည် ငွေ ကိုယူ ၍ ပြု ကြ၏။ ထို စကား ကို ယခု တိုင်အောင် ယုဒ လူတို့ သည် အနှံ့အပြား ပြောဆိုကြ၏။
16 Die elf Jünger aber gingen nach Galiläa auf den Berg, wohin sie Jesus beschieden hatte.
၁၆တစ်ကျိပ် တစ်ပါးသော တပည့် တော်တို့သည် ဂါလိလဲ ပြည်သို့ သွား ၍ ယေရှု မှာထား တော်မူသော တောင် ပေါ်သို့ တက်ကြလျှင်၊ ကိုယ်တော် ကိုတွေ့မြင် ၍ ပြပ်ဝပ် ကိုးကွယ်ကြ၏။
17 Bei seinem Anblick fielen sie anbetend vor ihm nieder; andere aber hatten Zweifel.
၁၇အချို့ တို့သည် ယုံမှား ခြင်းရှိကြ၏။
18 Da trat Jesus näher und sprach zu ihnen: "Mir ist alle Macht verliehen worden im Himmel und auf Erden.
၁၈ယေရှု သည် အနီးအပါးသို့ ချဉ်း တော်မူပြီးလျှင် ၊ ကောင်းကင် ဘုံ၌ ၎င်း ၊ မြေကြီး ပေါ်၌ ၎င်း၊ စီရင်ပိုင် သော အခွင့် တန်ခိုးရှိသမျှ တို့ကို ငါ ခံရ ပြီ။
19 So geht denn hin und sammelt mir aus allen Völkern Jünger: führt sie durch die Taufe in die Gemeinschaft des Vaters, des Sohnes und des Heiligen Geistes
၁၉သင်တို့သွား ၍ လူမျိုး တကာ တို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော် ၊ သား တော်၊ သန့်ရှင်း သော ဝိညာဉ် တော်၏နာမ ၌ ဗတ္တိဇံ ကို ပေးကြလော့။
20 und lehrt sie gehorchen allem, was ich euch geboten habe. Und wisset: ich bin bei euch alle Tage bis an das Ende dieser Weltzeit." (aiōn )
၂၀ငါသည် သင် တို့အား ပေးသမျှ သော ပညတ် တော်တို့ကို စောင့်ရှောက် စေခြင်းငှာဆုံးမ ဩဝါဒပေးကြ လော့။ ငါ သည်လည်း ကပ် ကမ္ဘာကုန် သည်တိုင်အောင် သင် တို့နှင့်အတူ အစဉ်မပြတ် ရှိ သည် ဟု တပည့် တော်တို့ အား မိန့် တော်မူ၏။ (aiōn )