< Marqqossa 3 >
1 Hara galas Mukurabe gelidees, henikka kushey silida uray dees.
၁တရားစရပ်သို့ တဖန်ဝင်တော်မူ၍၊ ထိုစရပ်၌ လက်တဘက်သေသောသူတယောက်ရှိ၏။
2 Iza motanas gasso koyza asati izi Ayhudata sambata galas pathankkonne gidi pathishin beyana koyda.
၂ဥပုသ်နေ့၌ သူ၏ရောဂါကိုငြိမ်းစေမည် မငြိမ်းစေမည်ကို ထိုသူတို့သည် ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရှာ၍ ချောင်းကြည့်ကြ၏။
3 Izikka ha kushey silida addeza “shiqi utidda asa sinthan denda eqqa” gidees.
၃ကိုယ်တော်ကလည်း၊ အလယ်၌ မတ်တတ်နေလော့ဟု လက်တဘက်သေသောသူအား မိန့်တော်မူပြီးမှ၊
4 Hessafe guye Yesusay asa “sambata galas besizay lo7o othoye ita othoo? Assa shemmpo aashoye woykko shemppo wodho? gidi oychidees. Isstikka coo7u gida.
၄ဥပုသ်နေ့၌ ကျေးဇူးပြုအပ်သလော၊ သူ့အကျိုးကိုဖျက်ဆီးအပ်သလော၊ အသက်ကို ကယ်အပ်သလော၊ သတ်အပ်သလောဟု ပရိသတ်တို့အား မေးတော်မူလျှင်၊ ထိုသူတို့သည် တိတ်ဆိတ်စွာနေကြ၏။
5 Istta wozina shuchatethan michetidi izza giddothidi yuyi adhi eqida asa hanqora eqidi addeza “Ne kushe pidisa” gidees. Addezikka ba kushe pidisin kushezi mulera pathidees.
၅ထိုအခါ အမျက်တော်နှင့် သူတို့ကို ပတ်လည်ကြည့်ရှု၍ သူတို့စိတ်နှလုံးမိုက်သောကြောင့် ဝမ်းနည်း တော်မူခြင်းရှိလျက်၊ သင်၏လက်ကိုဆန့်လော့ဟု ထိုသူအား မိန့်တော်မူ၍ သူသည် မိမိလက်ကိုဆန့်လျှင်၊ ထို လက်သည် လက်တဘက်ကဲ့သို့ ပကတိဖြစ်လေ၏။
6 Parsaweti kezi bidi iza wosti dhaysanakkone Herdossa baga gidida asatara zoretida.
၆ထိုအခါ ဖာရိရှဲတို့သည်ထွက်၍ ကိုယ်တော်ကို အဘယ်သို့ဖျက်ဆီးရအံ့နည်းဟု ဟေရုဒ်တပည့်တို့နှင့် ချက်ခြင်းတိုင်ပင်ကြ၏။
7 Yesusay bena kalizata abbako bidees. Galilappenne Yudappe yida daro derey iza kalidees.
၇ယေရှုသည် တပည့်တော်တို့နှင့်အတူ အိုင်နားသို့ ပြောင်းကြွတော်မူ၍၊ ဂါလိလဲပြည်၊
8 Izi othizaysa siyidi asay Yudapppe, Yerusalemppe, Edomasappe, Yordanose pinthan diza dereyppe qasse Xirosappene Siddona herappe izakko yidees.
၈ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ဣဒုမဲပြည်၊ ယော်ဒန်မြစ်တဘက်မှ လာကြသော လူများအပေါင်း တို့နှင့် တုရုမြို့၊ ဇိဒုန်မြို့ ပတ်ဝန်းကျင်အရပ်တို့မှလာကြသော လူများအပေါင်းတို့သည် ပြုတော်မူသမျှကို ကြား လျှင် အထံတော်သို့ လာကြ၏။
9 Asay darida gish iza kun7isonta mala gutha wogolo issti gigisana mala bena kalizayta azazidees.
၉လူများတို့သည် ကိုယ်တော်ကိုဝန်းရံ၍ မထိခိုက်စေမည်အကြောင်း၊ ကိုယ်တော်၏အနီးအပါးတွင် လှေ တစင်းကို အမြဲရှိစေခြင်းငှါ တပည့်တော်တို့အား အမိန့်တော်ရှိ၏။
10 Izi darota harganchata pathida gish sakkoy waysizayti wurii iza ba kushera bochanas dafetidees.
၁၀အကြောင်းမူကား၊ လူများတို့အား ချမ်းသာပေးတော်မူသောကြောင့်၊ ရောဂါဝေဒနာ နှိပ်စက်သောသူ ရှိသမျှတို့သည် ကိုယ်တော်ကို တို့ခြင်းငှါ တွန်းကြ၏။
11 Tuna ayanatikka iza be7ida mala iza sinthan kundidi “Neni Xoossa na” gishe wasida.
၁၁ညစ်ညူးသောနတ်တို့သည်လည်း ကိုယ်တော်ကိုမြင်သောအခါ ပြပ်ဝပ်၍၊ ကိုယ်တော်သည် ဘုရား သခင်၏သားတော်ဖြစ်တော်မူသည်ဟု ဟစ်ကြော်ကြ၏။
12 Gido atin izi oonakone tuna ayanati qoncisontamala kehippe hanqidees.
၁၂သိတင်းတော်ကို မပွင့်စေမည်အကြောင်း သူတို့အား ကြပ်တည်းစွာ ပညတ်တော်မူ၏။
13 Yeusay pudde zumma bolla kezidi ba koyzayta bekko yana mala xeygidees, isttikka izakko yida.
၁၃ထိုအခါ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ အလိုတော်ရှိသောသူတို့ကို ခေါ်တော်မူလျှင်၊ အထံ တော်သို့ လာကြ၏။
14 Izara issippe gidana malanne sabakanas yedana mala tamane namm7ata Hawarista gis sunthidees.
၁၄ကိုယ်တော်နှင့်အတူ ရှိနေစေခြင်းငှါ၎င်း၊ တရားဟောသောအခွင့်၊ အနာရောဂါတို့ကို ငြိမ်းစေ၍၊
15 Assappe daydanthata kessana mala istasi godateth imidees.
၁၅နတ်ဆိုးတို့ကို နှင်ထုတ်နိုင်သောအခွင့်နှင့် စေလွှတ်ခြင်းငှါ၎င်း၊ တကျိပ်နှစ်ပါးသောသူတည်းဟူသော၊
16 Izi sunthida tammane nam7ata sunthi hayssappe kalizaysa; Phixirosa getetida Simmona,
၁၆ပေတရုအမည်သစ်ကို ပေးတော်မူသောရှိမုန်၊
17 Bo7ornegesse woykko dada nayta getetida Zabidossa nayta Yaqobene Yanisa,
၁၇မိုဃ်းကြိုးသားဟု ဆိုလိုသော ဗောနေရဂက် အမည်သစ်ကို ပေးတော်မူသော ဇေဗေဒဲ၏သားနှစ် ယောက်ယာကုပ်နှင့် ယောဟန်၊
18 Indirasa, Philiphosa, Bertelemossa, Mattossa, Tommasa, Ilposa na Yaqobbe, Tadossa, ba bittas zil7etiza Simmona,
၁၈အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ၏သားယာကုပ်၊ သဒ္ဒဲ၊ ကာနနိတ်လူရှိမုန်၊
19 Yesusa athi immida Asqorotu Yudda.
၁၉ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်တို့ကို ခန့်ထားတော်မူ၏။
20 Hessappe guye Yesusay issi so gelidees. Izine iza kalizayti kath mana wodey istas dhayana gakanas derey qassekka dari shiqidees.
၂၀ထိုသူတို့သည် အိမ်သို့ဝင်ကြလျှင်၊ အစာကို မစားနိုင်သည့်တိုင်အောင် လူများတို့သည် တဖန်စုဝေး ကြပြန်၏။
21 Iza hanota siyida iza daboti gooyonta agena gidi benara ekki banas izi dizaso gakida.
၂၁ကိုယ်တော်၏ အဆွေအမျိုးတို့သည်ကြားလျှင်၊ သူသည် အရူးဖြစ်၏ဟုဆို၍ ကိုယ်တော်ကို ဘမ်းဆီး ခြင်းငှါ ထွက်သွားကြ၏။
22 Yerusalameppe Yida Xafetikka Bi7el zebula betetiza daydanthata halaqay iza bolla dees, izi daydanthata kesizay daydanthata halaqa wolqana gida.
၂၂ယေရုရှလင်မြို့မှလာသော ကျမ်းပြုဆရာတို့ကလည်း၊ သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏။ နတ်ဆိုးမင်းကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။
23 Izikka ista xeygidi lemusora, “Xala7y asappe Xal7e wosti kesanne?” gidees.
၂၃ကိုယ်တော်သည် သူတို့ကိုခေါ်၍ ဥပမာကို ဆောင်တော်မူလျက်၊ စာတန်သည် စာတန်ကို အဘယ်သို့ နှင်ထုတ်နိုင်သနည်း။
24 Be garsan shakkoy diza kawotethi minanas danda7ena.
၂၄တိုင်းနိုင်ငံသည် မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် မတည်နိုင်ရာ။
25 Issi ketha assikka ba garasan shaketikko eqanas danda7ena.
၂၅အိမ်သည်လည်း မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် မတည်နိုင်ရာ။
26 Hessathokka Xala7ey ba garasan issay issara shaketikkonne eqanas shakkoy dikko mini eqanas danda7ena, hesikka izas wurseth gidees.
၂၆စာတန်သည် မိမိတဘက်၌ ထ၍ မိမိနှင့် မသင့်မတင့်ကွဲပြားလျှင် မတည်နိုင်ဘဲ ဆုံးခြင်းသို့ ရောက် လိမ့်မည်။
27 Hessa gason issi uray koyrotidi wolqamara ura qashonta dishe wolqamazaso gelanasine iza mishe bonqanas danda7ena, Ketha mishe bonqanas danda7etizay wolqama ura qachikko xala.
၂၇သူရဲကို ရှေ့ဦးစွာ မချည်မနှောင်လျှင်၊ သူ၏ အိမ်သို့ဝင်၍ သူ၏ဥစ္စာကို အဘယ်သူများ မလုမယူနိုင်။ သူရဲကို ချည်နှောင်ပြီးမှ သူ၏အိမ်ကို လုယူနိုင်၏။
28 Ta intess tumu gays asa naytas nagaraynne cashi wuri matistana,
၂၈ငါအမှန်ဆိုသည်ကား၊ ပြစ်မှားသောအပြစ် အမျိုးမျိုး၊ ဘုရားကို ကဲ့ရဲ့သောအပြစ်အမျိုးမျိုးရှိသမျှ တို့နှင့် လွတ်စေခြင်းအခွင့်ကို လူသားတို့သည် ရနိုင်ကြ၏။
29 gido attin Xillo ayana bolla casha qaala hasa7iza asa wursoso medhinas nagara aco gidana atin medhinaskka maristana. (aiōn , aiōnios )
၂၉သန့်ရှင်းသောဝိညာဉ်တော်ကို ကဲ့ရဲ့သောသူသည် အပြစ်လွတ်စေခြင်းအခွင့်ကို အဘယ်ကာလ၌မျှ မရ နိုင်ကြ။ ထာဝရအပြစ်ဒဏ်ကို ခံရသောသူဖြစ်ပေ၏ဟု မိန့်တော်မူ၏။ (aiōn , aiōnios )
30 Hessa izi giday isstti iza “Ne bolla tunna ayanay dees” gidaysa gishasa.
၃၀အဘယ်ကြောင့် ဤသို့ မိန့်တော်မူသနည်းဟူမူကား၊ ကိုယ်တော်သည် ညစ်ညူးသော နတ်စွဲသောသူ ဖြစ်သည်ဟု ဆိုကြသတည်း။
31 Hessappe guye iza ayiyanne iza ishati yidinne karen eqidi asse izakko kitidi xeygisida.
၃၁ထိုအခါ မယ်တော်နှင့်ညီတော်တို့သည်လာ၍ ပြင်မှာရပ်နေလျက်၊ တစုံတယောက်သောသူကို ကိုယ် တော်ထံသို့ စေလွှတ်၍ ခေါ်ကြ၏။
32 Iza yuyi adhi utidda daro asay “Hekko ne ayiyanne ne ishati karen eqidi nena koyetees” gida.
၃၂ခြံရံလျက်ထိုင်သောသူများတို့က၊ မယ်တော်နှင့် ညီတော်တို့သည် ကိုယ်တော်ကိုရှာလျက် ပြင်မှာရှိကြပါ ၏ ဟုလျှောက်လျှင်၊
33 Izikka zaridi ta aya onne? ta ishatichi onanitte? gidees.
၃၃ကိုယ်တော်က၊ ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၍၊
34 Iza yui utidda asakko xelidi “ta ayanne ta ishati haytantakko” gidees.
၃၄ခြံရံလျက်ထိုင်သောသူတို့ကို ပတ်လည်ကြည့်ရှု၍၊ ဤသူတို့သည် ငါ့အမိ၊ ငါ့ညီပေတည်း။
35 Xoossa shene othizay wuri izi ta isha, ta michchone, ta ayo” gidees.
၃၅ဘုရားသခင်၏အလိုတော်ကို ဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိဖြစ်သတည်းဟု မိန့်တော်မူ၏။