< Yanisa Mishiracho 3 >
1 Parsawista baga ass gidida ayhudata hllaqappe issi Niqodimossa getetizaday assi dess.
၁ဖာရိရှဲဂိုဏ်းဝင်ဖြစ်သူနိကောဒင်နာမည်ရှိသော ယုဒအမျိုးသားခေါင်းဆောင်တစ်ယောက်ရှိ၏။-
2 Izi qamara Yesussakko yidi “astamare Xoossi izara dzade gidikofe atin hayta ne oothiza malalsiza malatata oothanas danda7izadeye dena. Hessa gish ne Xoossa achafe yida astamare gdidayysa nuu erosu” gidass.
၂သူသည်ညဥ့်အခါကိုယ်တော်၏ထံသို့လာ၍ ``အရှင်ဘုရား၊ ဘုရားသခင်အတူပါရှိတော် မမူလျှင် အဘယ်သူမျှအရှင်ပြတော်မူသော အံ့ဖွယ်နိမိတ်လက္ခဏာများကိုပြနိုင်မည် မဟုတ်ပါ။ သို့ဖြစ်၍အရှင်သည်ဘုရားသခင် စေလွှတ်တော်မူသောဆရာဖြစ်ကြောင်းကို အကျွန်ုပ်တို့သိကြပါ၏'' ဟုလျှောက်၏။
3 Yesussaykka izas zaridi “ta nes tumu gays assi namantho yeletoonta agikko Xoossa kawoteth beynanas danda7ena” gidess.
၃သခင်ယေရှုက ``အမှန်အကန်သင့်အားငါဆို သည်ကား တစ်ဖန်မွေးဖွားခြင်းမခံရသူသည် ဘုရားသခင်၏နိုင်ငံတော်ကိုမမြင်နိုင်'' ဟု မိန့်တော်မူ၏။
4 Niqodimosaykka zaridi “histin assi cimidappe guye wandi namaantho yeletan danda7izee? Qassekka gede bee aye ul7on simi gelidi yeletanee?” gidi oychides.
၄နိကောဒင်က ``အသက်ကြီးသောသူသည် အဘယ်သို့လျှင် တစ်ဖန်မွေးဖွားခြင်းကိုခံရ ပါမည်နည်း။ အမိဝမ်းသို့ပြန်၍ဝင်ပြီးလျှင် ဒုတိယအကြိမ်မွေးဖွားခြင်းကိုခံရပါ မည်လော'' ဟုလျှောက်၏။
5 Yesussyka izas hizggidi zarides “ta nes tumu gays assi hathafenne Xillo Anappe yeletontaa dishe Xoossa kawoteth gelanass danda7ena.
၅သခင်ယေရှုက ``အမှန်အကန်သင့်အားငါ ဆိုသည်ကား၊ ရေနှင့်ဝိညာဉ်တော်အားဖြင့်မွေး ဖွားလာသူမဟုတ်လျှင် အဘယ်သူမျှဘုရား သခင်၏နိုင်ငံတော်သို့မဝင်ရ။-
6 Asappe yelettida asa. Ayanappe yeletdeye ayana.
၆အသွေးအသားအားဖြင့်မွေးဖွားသူသည် အသွေးအသားဖြစ်၏။ ဝိညာဉ်တော်အားဖြင့် မွေးဖွားသူသည်ဝိညာဉ်ဖြစ်၏။-
7 Hessa gish (inte nmma7antho yeletanas kooshes) ta nena gida gish malaletofa.
၇တစ်ဖန်မွေးဖွားခြင်းကိုခံရကြမည်ဟုငါ ဆိုသည်ကိုမအံ့သြနှင့်။-
8 Carkkoy ba koyida baga carkess, ne carkoss gireth siyasa atin izi awappe yizakkonne awa bizakko erakka, ayanafe yelettidaykka hessa malla.”
၈လေသည်မိမိတိုက်လိုရာသို့တိုက်တတ်၏။ လေ၏ အသံကိုကြားရသော်လည်းအဘယ်အရပ်မှ တိုက်လာသည်ကိုသော်လည်းကောင်း၊ အဘယ်အရပ် သို့တိုက်လိမ့်မည်ကိုသော်လည်းကောင်းမသိနိုင်။ ဝိညာဉ်တော်အားဖြင့်မွေးဖွားသူတိုင်းသည် လည်း ဤနည်းတူပင်ဖြစ်၏'' ဟုမိန့်တော်မူ၏။
9 Niqodimossay “haysi wani hnana danda7ize?” gidi oychdess.
၉နိကောဒင်က ``ဤအမှုအရာသည်အဘယ် သို့ဖြစ်နိုင်ပါမည်နည်း'' ဟုလျှောက်၏။
10 Yesussaykka izas “Isra7ele Astemare gidautada hessa ne eriki?
၁၀သခင်ယေရှုက ``သင်သည်ဣသရေလအမျိုး သားတို့၏ဆရာတစ်ဦးဖြစ်ပါလျက် ဤ အမှုအရာအကြောင်းကိုမသိသလော။-
11 Ta nes tumu gays nuni nu erazaysa yotoss, nu be7idaysa markatos gido attin inte nu markateth ekekketta.
၁၁အမှန်အကန်သင့်အားငါဆိုသည်ကား ငါတို့ သည်မိမိတို့သိသည့်အရာကိုပြောကြ၏။ မြင် သည့်အရာကိုသက်သေခံကြ၏။ သို့ရာတွင် ငါတို့၏သက်သေခံချက်ကိုသင်တို့လက် မခံကြ။-
12 Ta intess hayssa ha biitta yo yotin amanonta ixikko sallo miish yotikko wosti inte wosti ammanane?
၁၂လောကနှင့်ဆိုင်သောအရာများကိုငါဖော်ပြ သောအခါ၌သင်တို့မယုံကြလျှင် ကောင်းကင် ဘုံနှင့်ဆိုင်သောအရာများကိုဖော်ပြသော အခါ၌ အဘယ်သို့လျှင်သင်တို့ယုံကြည် ကြမည်နည်း။-
13 Saloppe dugge wopdhia asa naape attin pude saloo keziday haray onikka denna.
၁၃ကောင်းကင်ဘုံမှဆင်းသက်လာသောလူသား မှတစ်ပါး အဘယ်သူမျှကောင်းကင်ဘုံသို့ မရောက်ဖူးကြ'' ဟုမိန့်တော်မူ၏။
14 Bazoo biittan Musey shoshu dhoqqu histi kaqqidaysatho heesathokka asa nayy dhoqqan kaqistanas beses.
၁၄
15 Hessikka izan ammanizadeye wurikka medhina deyo demanasa gsaasa. (aiōnios )
၁၅မိမိအားယုံကြည်သူအပေါင်းတို့သည် ထာဝရ အသက်ကိုရရှိကြစေရန် လူသားသည်တော ကန္တာရ၌တိုင်ထိပ်တွင်မောရှေမြှောက်တင်ထား သည့်ကြေးမြွေရုပ်ကဲ့သို့မြှောက်တင်ခြင်း ခံရလိမ့်မည်။- (aiōnios )
16 Xoossa na ammanizay wuri medhina deyo demanappe attin dhayonta mala Xoossi hayssa alameza daro siqida gish ba mixi issi na immides. (aiōnios )
၁၆ဘုရားသခင်သည်လောကသားတို့ကိုလွန်စွာ ချစ်တော်မူသဖြင့် သားတော်အားယုံကြည်သူ အပေါင်းတို့သည်ပျက်စီးဆုံးပါးခြင်းမရှိ ဘဲ ထာဝရအသက်ကိုရစေခြင်းငှာ မိမိ ၏တစ်ပါးတည်းသောသားတော်ကိုစွန့်တော် မူ၏။- (aiōnios )
17 Xoassay ba naza ha dugge alame kittday alame asay izan amanidi atinn izi alamme asa bolla firdanas gidena.
၁၇သားတော်ကိုလောကသို့စေလွှတ်တော်မူသည် မှာ လောကသားတို့အားအပြစ်စီရင်ရန် မဟုတ်။ လောကသားတို့ကိုကယ်တင်ရန် ဖြစ်၏။
18 Iza amanizade bola pirdetena, iza amanonntadey gdikko Xoossa na isinezan amanonta gish benipekka pirdeti utides.
၁၈သားတော်ကိုယုံကြည်သူသည်အပြစ်စီရင် တော်မူခြင်းကိုမခံရ။ မယုံကြည်သူမူကား ဘုရားသခင်၏တစ်ပါးတည်းသောသားတော် ကိုမယုံကြည်သည့်အတွက် ယခုပင်အပြစ် စီရင်ခြင်းကိုခံရ၏။-
19 Pirdayyka hysamala po77oy ha alame yides shin asas oothoy iitta gdidagish asay po7oppe daro dumma doosides.
၁၉အပြစ်စီရင်ခြင်း၏သဘောတရားကား ဤသို့တည်း။ အလင်းတော်သည်ဤလောက သို့ရောက်ရှိလာ၏။ သို့ရာတွင်လူတို့သည် ဆိုးယုတ်သူများဖြစ်သည်အားလျော်စွာ အလင်းတော်ထက်အမှောင်ကိုနှစ်သက် ကြ၏။-
20 Iita o7htzadeye wurikka poo7 dosena. izi o7thazza ita o7thooy pooncci kkazontamala izi ba huees poo77y dzzasa kezena.
၂၀ဆိုးယုတ်သူတိုင်းအလင်းကိုမုန်း၏။ မိမိ၏ အကျင့်ဆိုးပေါ်သွားမည်ကိုစိုး၍အလင်း အနီးသို့မကပ်ဝံ့။-
21 Tuumu o7thzadey gdiiko po77y dizasa yees. izi po77y dizzasa yeza gasoy Xoossa azazzomalla izi o7thdda o7thooy qonncana maalla.”
၂၁သို့ရာတွင်သစ္စာတရားကိုကျင့်သောသူများ ကား မိမိပြုလေသမျှသောအရာတို့သည် ဘုရားသခင်၏အလိုတော်နှင့်အညီဖြစ် ကြောင်းကို သိသာထင်ရှားစေရန်အလင်း သို့ချဉ်းကပ်လာတတ်သည်။
22 Hessafe kallidi Yesussy bena kallizaytara Yhuudaa dere bedess. heniikka Asaa xxamaqqshe istarra guusa woode gmmidess.
၂၂ထိုနောက်သခင်ယေရှုသည်တပည့်တော်တို့ နှင့်အတူ ယုဒကျေးလက်သို့ကြွတော်မူ၏။ ထိုအရပ်တွင်တပည့်တော်တို့နှင့်အတူနေ တော်မူလျက်ဗတ္တိဇံမင်္ဂလာကိုပေးတော်မူ၏။-
23 Hee wode salleme achaan Henoone gistattzasann daroo haathia dizza gsaa Yaansay asa xaamakchhn asayyka izzko biidi xmaqettdess.
၂၃ရှာလိမ်မြို့အနီးအဲနုန်အရပ်တွင်ရေများစွာ ရှိသဖြင့်ယောဟန်သည်လည်း ဗတ္တိဇံမင်္ဂလာ ပေးလျက်နေ၏။ လူတို့သည်ယောဟန်ထံ သို့လာ၍ဗတ္တိဇံမင်္ဂလာကိုခံယူကြ၏။-
24 Hesa woode Yannsaay buro qaacho kketha gelii beyyna.
၂၄(ထိုအခါကယောဟန်ထောင်မကျသေးချေ။)
25 Hee wode Yaansassne isi isi ayyhudea asat. garrsane Ayyhudata gessa wooga gesii gtta polamaay denndidess.
၂၅ယောဟန်၏တပည့်အချို့တို့သည်သန့်ရှင်း ခြင်းမင်္ဂလာအကြောင်းနှင့်ပတ်သက်၍ ယုဒ အမျိုးသားတစ်ယောက်နှင့်အငြင်းပွား ကြ၏။-
26 Yannssa kallisayta izakoo shiqqdie “asstamare nenara Yorrdanose shaafa pinnthane neenrra issifa dishhn ne iza gess marrkatoo adezikaa heko xaamaqess asaayka izika bess gdda.”
၂၆သို့ဖြစ်၍သူတို့သည်ယောဟန်ထံသို့လာပြီး လျှင် ``ဆရာတော်၊ ယော်ဒန်မြစ်တစ်ဖက်ကမ်း တွင်ဆရာတော်၏ထံသို့ လာရောက်ခဲ့ဖူးသူ လူတစ်ယောက်ကိုသတိရပါသလော။ သူ၏ အကြောင်းကိုဆရာတော်သက်သေခံခဲ့ဖူး ပါ၏။ ယခုသူသည်ဗတ္တိဇံမင်္ဂလာကိုပေး လျက်နေပါသည်။ လူအပေါင်းတို့သည်လည်း သူ့ထံသို့လာလျက်နေကြပါ၏'' ဟုလျှောက် ၏။
27 Yannsaayka isstas hzzgdess. “o7nnsika Xoossafe imetonta dishnn ayykoykka dana dandaeena.
၂၇ယောဟန်က ``ဘုရားသခင်ပေးအပ်တော်မမူ လျှင် လူသည်အဘယ်အလုပ်တာဝန်ကိုမျှ မခံမယူနိုင်။-
28 (Tani izafe snthataa kitadiis atin yana Krrstossay tana gdikke) gada ta intees yotooysas inte inte huerra taa marrkataa.
၂၈ငါသည်မေရှိယမဟုတ်။ ထိုအရှင်၏ရှေ့တော် ပြေးမျှသာဖြစ်၏။ ယင်းသို့ဖြစ်ကြောင်းသင် တို့အား ငါပြောကြားခဲ့သည်ကိုသင်တို့ ကိုယ်တိုင်ပင်သက်သေဖြစ်ကြ၏။-
29 Machii msshray dzadey izika msshra msshra lageey gdikko msshraza achaan ekkdi Msshrazzi gzazz siyees. msshrraza xxalla siiydi ufaeetess hessa gssha ta uhaaththaaysi hii polltdess.
၂၉မင်္ဂလာဆောင်သတို့သမီးကိုသိမ်းပိုက်ရ သူသည် မင်္ဂလာဆောင်သတို့သားဖြစ်၏။ သတို့ သား၏မိတ်ဆွေသည်ကားအဆင်သင့်စောင့် ဆိုင်းကာ သတို့သား၏အသံကိုနားထောင် လျက်နေ၏။ သူသည်သတို့သား၏အသံကို ကြားသော် လွန်စွာအားရဝမ်းမြောက်သကဲ့ သို့ ငါသည်လည်းအပြည့်အဝဝမ်းမြောက်ရ လေပြီ။-
30 Izi xooqu xooqu ganamala taaka zqqi ganamalla koshees.
၃၀ထိုအရှင်သည်တိုးတက်ရမည်။ ငါမူကား ဆုတ်ယုတ်ရမည်'' ဟုဆို၏။
31 Puudape yezadey wursofe boola. garrsa biitafe gedidaay izi bitazanne biitaaz yootees (hasaees) saloope yesadeey izi wursofe bola.
၃၁ကောင်းကင်ဘုံမှကြွလာတော်မူသောအရှင် သည်အလုံးစုံတို့ထက်ကြီးမြတ်တော်မူ၏။ ကမ္ဘာမြေကြီးမှပေါက်ဖွားသူသည်ကမ္ဘာမြေ ကြီးသားဖြစ်၍ မြေကြီးနှင့်ဆိုင်သော အကြောင်းအရာများကိုပြောတတ်၏။-
32 Izi ba beeydazine ba siiydazz markariis gdoo atiin zia marrsatiths ekkzadeey deena.
၃၂ထိုအရှင်သည်မိမိမြင်ခဲ့ကြားခဲ့ရသော အရာများအကြောင်းကိုဟောပြောတော်မူ သော်လည်း ကိုယ်တော်၏ဟောပြောချက်ကို အဘယ်သူမျှလက်မခံကြ။-
33 Iza marrkethe ekkzadeey gddko Xoossa tumanncha gdidaaysa qonncsees (besees)
၃၃ကိုယ်တော်၏ဟောပြောချက်ကိုလက်ခံသော သူမူကားယင်းသို့လက်ခံခြင်းအားဖြင့် ဘုရား သခင်သည်သစ္စာတော်ရှင်ဖြစ်ကြောင်းကို သက်သေခံသူဖြစ်၏။-
34 Xoossa kittdadeey Xoossa Qalla yotiss Xssika izades ba ayana kunnthie imess.
၃၄ဘုရားသခင်သည်မိမိစေလွှတ်တော်မူသောသူ အားဝိညာဉ်တော်ကိုအပြည့်အဝချပေးတော် မူသည်ဖြစ်၍ ထိုသူသည်ဘုရားသခင်၏နှုတ် ကပတ်တရားတော်ကိုဖော်ပြတတ်၏။-
35 Awaay ba na dosees haanizza yoo wurrsi iza kuseen yeegdees.
၃၅ခမည်းတော်သည်သားတော်ကိုချစ်တော်မူ သဖြင့် တန်ခိုးအာဏာရှိသမျှကိုသားတော် လက်သို့ပေးအပ်တော်မူပြီ။-
36 Nazaan amanizades medaana deyooy dees. nazaan aamanontaay gediiko Xoossa hankooy iza bola dees attin deyoo demena.” (aiōnios )
၃၆သားတော်ကိုယုံကြည်သူသည်ထာဝရအသက် ကိုရ၏။ သားတော်၏စကားကိုနားမထောင်သူ မူကားအသက်ကိုမရဘဲ ဘုရားသခင်၏ အမျက်တော်သင့်သူဖြစ်လိမ့်မည်။ (aiōnios )