< Yanisa Mishiracho 12 >
1 Paziga ba77eles buro usuppun gaalas attishin Yesussay hayqqope denththida Allazarey dizaso biitaniya bides.
၁ပသခါပွဲတော်ကျရောက်ရန်ခြောက်ရက်မျှ အလို၌ သေလွန်ပြီးမှပြန်၍အသက်ရှင် စေတော်မူခဲ့သူ လာဇရုနေထိုင်ရာဗေသနိ ရွာသို့သခင်ယေရှုကြွတော်မူ၏။-
2 hen Yesussas kawo kaththida Marttay iza kawo muzishin izara isife maaddan uttdaytape issay Allazareko.
၂ကိုယ်တော်အားညစာဖြင့်ဧည့်ခံရာ၌မာသက ဧည့်ဝတ်ကိုပြု၏။ ကိုယ်တော်နှင့်အတူစားပွဲတွင် ထိုင်ကြသူများအထဲတွင်လာဇရုလည်းပါ၏။-
3 Maramma daroo allo7o wagara shameetda liitroo bagga gidiza geshsha nardoosa shittoo ekka yada Yesussa too bolla gussada tooza ba huee ithkera quccadus, keethaka shittoo sawoy kummidees.
၃ထိုအခါမာရိသည်အလွန်အဖိုးထိုက်သော နာဒုဆီမွှေးအစစ်သုံးဆယ်သားကိုယူ၍ သခင်ယေရှု၏ခြေတော်ကိုလိမ်းပြီးနောက် မိမိ၏ဆံပင်နှင့်သုတ်လေ၏။ ဤဆီမွှေး၏ ရနံ့သည်တစ်အိမ်လုံးမွှေးကြိုင်လျက်ရှိ၏။-
4 Yesussa kaalliizaytape issay Yesussa aththi immana Asqqoroto Yudday hessa ixxid
၄တပည့်တော်တစ်ဦးဖြစ်သူယုဒရှကာရုတ် က ``ဤဆီမွှေးကိုအဘယ်ကြောင့်ဒေနာရိ သုံးရာဖြင့်ရောင်း၍ ဆင်းရဲသူတို့အားမစွန့် မကြဲပါသနည်း'' ဟုဆို၏။ သူသည်နောင် အခါကိုယ်တော်အားရန်သူ့လက်သို့အပ်နှံ မည့်သူဖြစ်သတည်း။-
5 “Haysi shittoozi heedzdzu xeetu dinares bayzeetdii miishshay aazas manqqotas immetbeynee?” gides.
၅
6 Izi hessa giday mishsha shishshza karaxxte oykkzadey iza gididda gish shiqqza mishshafe bees shishshdi goetzadee gidida gishasa, attin manqqotas michchetdii gidena.
၆ဤသို့ပြောဆိုရာ၌သူသည်ဆင်းရဲသူတို့ အားကြင်နာထောက်ထား၍မဟုတ်၊ ခိုးဝှက် တတ်သူဖြစ်၍သာလျှင်ပြောဆိုခြင်းဖြစ်၏။ သူသည်ငွေအိတ်ကိုလွယ်ရသူဖြစ်၍ငွေများ ကိုခိုးယူသုံးစွဲလေ့ရှိသတည်း။
7 Yesussa qasse hizzgdees “haysi shittoozi tas mooggo gaalasas qoofetdaz gidida gish he woode gakkanaas iza ba achchan nagu bochchofte.
၇သခင်ယေရှုက ``ထိုအမျိုးသမီးကို မနှောင့်ယှက်နှင့်။ သူသည်ငါ့အလောင်းကို သင်္ဂြိုဟ်မည့်အချိန်အတွက်ဤဆီမွှေးကို သိမ်းထားပါလေစေ။-
8 Manqqooti ay woodeka intenara detees, gidoo attin inte tana wuriso woode demmekista.”
၈ဆင်းရဲသူတို့သည်သင်တို့နှင့်အမြဲပင် ရှိကြ၏။ ငါမူကားသင်တို့နှင့်အမြဲရှိ မည်မဟုတ်'' ဟုမိန့်တော်မူ၏။
9 He woode daroo Ayhuda asati Yesussay hen dizaysa erridi izakoo yida, yidaytkka yesussa xalala koyda gidoontta Yesussay hayqqoope denththida Allazareka beyanaskko.
၉ဗေသနိရွာသို့ကိုယ်တော်ရောက်ရှိနေကြောင်း ကြားရသောအခါ လူပရိသတ်ကြီးသည် ထိုရွာသို့လာရောက်ကြ၏။ သူတို့သည်သခင် ယေရှုကြောင့်သာလျှင်လာကြသည်မဟုတ်။ ကိုယ်တော်အသက်ပြန်၍ရှင်စေတော်မူခဲ့ သူ လာဇရုကိုတွေ့မြင်လိုကြသောကြောင့် လည်းဖြစ်၏။-
10 Hessa gish qeessata halaqati Yesussara Allazareka gathii wodhanas ba garssan zooretda.
၁၀လာဇရုကိုအကြောင်းပြု၍ယုဒအမျိုး သားအများပင်ယဇ်ပုရောဟိတ်ကြီးများကို မဆည်းကပ်ကြတော့ဘဲ သခင်ယေရှုကိုယုံ ကြည်ဆည်းကပ်လာကြ၏။ သို့ဖြစ်၍ယဇ်ပု ရောဟိတ်ကြီးတို့သည်လာဇရုကိုလည်း သတ်ရန်ကြံစည်ကြ၏။
11 Hessika Allazare gedoon daroo Ayhuda asay Yesussako bi bidi iza ammaniiza gishasiko.
၁၁
12 Wonttetha gaalas ba77eleza bonchana yida derey Yesussay Yerusalame yizaysa siydees.
၁၂နောက်တစ်နေ့၌ပသခါပွဲတော်သို့လာ ကြကုန်သောလူပရိသတ်အပေါင်းတို့သည် ယေရုရှလင်မြို့သို့သခင်ယေရှုကြွလာ တော်မည်ဟုကြားသဖြင့်၊-
13 Zammba heyththi ekkdi Yesussa mokkan kezzdes, derey qaala dhoqu histtdi hizzgdes “hosaeena!” goda sunththan yiza isiraele kawooy anjjetdade!”
၁၃စွန်ပလွံခက်များကိုကိုင်ဆောင်ကာထွက်သွား ပြီးလျှင် ``ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူး ကြလော့။ ထာဝရဘုရား၏နာမတော်နှင့်ကြွ လာသောအရှင်သည်မင်္ဂလာရှိတော်မူစေသတည်း။ ဣသရေလဘုရင်သည်မင်္ဂလာရှိတော်မူစေ သတည်း'' ဟုကြွေးကြော်လျက်ကိုယ်တော်အား ကြိုဆိုကြ၏။
14 Kase “hane! xiyonee nayee baboofa! hekoo ne kawooy haree gutte toogdii yess” geetetii xaafetda mala Yesussay hare gutte demmidi toogiides.
၁၄ကျမ်းစာတော်တွင်၊ ``အို ဇိအုန်မြို့၊မကြောက်နှင့်၊ကြည့်လော့၊ သင်၏ရှင်ဘုရင်သည်မြည်းကလေးကိုစီးလျက် ကြွလာလေပြီ'' ဟုပါရှိသည်နှင့်အညီသခင်ယေရှုသည် မြည်းတစ်ကောင်ကိုတွေ့၍ထိုမြည်းကိုစီး တော်မူ၏။
16 Iza kaallizayti hessa wuris koyyro wozinan woththbeytana, iza gish xaafettdaysane izas ooththetda hanoka wuris Yesussay hayqqope denddidape guye errida.
၁၆တပည့်တော်တို့သည်ထိုစဉ်အခါကဤ ကျမ်းချက်ကိုနားမလည်ကြ။ သခင်ယေရှု ဘုန်းအသရေပွင့်တော်မူသောအခါကျမှ ဤကျမ်းချက်ကားကိုယ်တော်၏အကြောင်း ဖော်ပြသည်ကိုလည်းကောင်း၊ ကိုယ်တော်၏ အတွက်ထိုသို့ပြုခဲ့ကြသည်ကိုလည်းကောင်း ပြန်လည်သတိရကြ၏။
17 Al77ezare duhaaththaope xeeygidi hayqqope denththida woode ezara isife diza asay iza denththa gish markkattda.
၁၇လာဇရုအားသင်္ချိုင်းဂူမှခေါ်ထုတ်၍ရှင်ပြန် စေတော်မူစဉ်အခါကနောက်တော်ပါပရိသတ် သည် အံ့ဖွယ်သောနိမိတ်လက္ခဏာအကြောင်းကို ပြန်ကြားကြသဖြင့် ကြားရသောလူအပေါင်း တို့သည်ကိုယ်တော်ကိုကြိုဆိုရန်လာကြ၏။
18 Daroo asayka izi hessa mala giita malata ooththidaysa siydi iza mokkana kezides.
၁၈
19 Hessa gish parssaweti ba garssan isay issa “histtin ay ooththana danddaizoon? Beyte! kummetha derey atoontta iza kaalles” gida.
၁၉ဖာရိရှဲတို့က ``ငါတို့မှာလုံးဝအောင်မြင်မှု မရှိ။ လောကတစ်ခုလုံးပင်ထိုသူ့နောက်သို့ လိုက်ပါသွားပါပြီတကား'' ဟုအချင်း ချင်းပြောဆိုကြ၏။
20 Goynanas ba77elezas shiqqda asa garssan girrike dere asatika dettes.
၂၀ပွဲတော်အတွင်းကိုးကွယ်ဝတ်ပြုရန်ယေရု ရှလင်မြို့သို့သွားကြသောလူတို့အထဲတွင် ဂရိအမျိုးသားအချို့ပါ၏။-
21 Isttika gaalila garssan diza beete sayda geetettza dere ass pilphphosa geetetzadeko bidi “Goodo nu Yesussa beeyana koyos” gida.
၂၁သူတို့သည် (ဂါလိလဲပြည်ဗက်ဇဲဒမြို့သားဖြစ် သူ) ဖိလိပ္ပုထံသို့သွားကြ၍ ``ဆရာ၊ အကျွန်ုပ် တို့သည်သခင်ယေရှုကိုမြင်လိုပါသည်'' ဟု ပြောကြားကြ၏။
22 pilphphosayka inddirasas yootdes, inddirasayne pilphphosay bidi Yesussas yootda.
၂၂ဖိလိပ္ပုသည်အန္ဒြေထံသို့သွား၍ထိုအကြောင်းကို ပြောပြ၏။ ထိုနောက်ထိုသူနှစ်ဦးတို့သည်သခင် ယေရှုထံတော်သို့သွား၍ထိုအကြောင်းကိုလျှောက် ထားကြ၏။-
23 Yesussayka isttas hizzgdes “heko asa nay bonchetza saatey gakkides.
၂၃သခင်ယေရှုက ``လူသားဘုန်းအသရေပွင့် မည့်အချိန်ကျရောက်လာလေပြီ။-
24 Ta intes tummu gays gistte ayfey biitan wodhada hayqqontta coou ga uttko berkka atawus, iza hayqqza gidiko hara daroo ayfawusu.
၂၄အမှန်အကန်သင်တို့အားငါဆိုသည်ကား ဂျုံစေ့သည်မြေသို့မကျ၊ မကျေမပျက်ဘဲ ရှိပါမူအစေ့တစ်စေ့ထက်ပိုမိုပွားများ လာလိမ့်မည်မဟုတ်။ ကျေပျက်၍သွားလျှင် မူကားများစွာသောသီးနှံတို့ကိုဖြစ်ထွန်း စေတတ်၏။-
25 Be shemhaaththao dosizadey dhaysess, hayssa biita bolla ba shemhaaththao ixxizadey gidiko medhina deyooy nages. (aiōnios )
၂၅မိမိအသက်ကိုချစ်သောသူသည်အသက် ဆုံးရှုံးလိမ့်မည်။ ဤလောကတွင်မိမိအသက် ကိုမုန်းသောသူသည် မိမိအသက်ကိုအစဉ် ထာဝရစောင့်ရှောက်ထိန်းသိမ်းလိမ့်မည်။- (aiōnios )
26 Tas ooththana koyzadey tana, tas ooththzadey ta dizason dana, tas ooththzade ta aaway iza bonchana.
၂၆ငါ၏အမှုတော်ကိုထမ်းဆောင်သောသူသည် ငါ့နောက်သို့လိုက်ရမည်။ သို့မှသာငါရှိရာ အရပ်၌သူသည်လည်းရှိလိမ့်မည်။ ငါ၏အမှု တော်ကိုထမ်းဆောင်သောသူကိုခမည်းတော် သည်ချီးမြှောက်တော်မူလိမ့်မည်။
27 Qasseka Yesussay hizzgdes “heko ta shemhaaththaoya mettotadus (aabo! ha saateype tana ashsha goosha?) ta hizzgonta mala ta yiday hano ha metto saateysiko.
၂၇``ငါသည်စိတ်ဒုက္ခရောက်လျက်ရှိ၏။ ငါအဘယ် သို့မြွက်ဆိုရအံ့နည်း။ `အို ခမည်းတော်၊ အကျွန်ုပ် အားဤဒုက္ခဝေဒနာရောက်ချိန်နှင့်ကင်းလွတ် စေတော်မူပါ' ဟုမြွက်ဆိုရမည်လော။ သို့ရာ တွင်ငါသည်ဤဒုက္ခဝေဒနာခံဖို့ရန်ရောက်ရှိ လာခြင်းဖြစ်၏။-
28 aabo! ne ne sunththa boncha” hessafe kaalid “ta ta sunthth bonchadis, qasseka gujja bonchana” giza qaalay salope yides.
၂၈အို ခမည်းတော်၊ ကိုယ်တော်ရှင်၏နာမတော် အားဘုန်းအသရေထွန်းတောက်စေတော်မူ ပါ'' ဟုမြွက်ဆိုတော်မူ၏။ ထိုအခါကောင်းကင်မှ ``ငါသည်နာမတော် ကိုဘုန်းအသရေထွန်းတောက်စေပြီ။ နောက် တစ်ဖန်လည်းထွန်းတောက်စေဦးမည်'' ဟုအသံ တော်ပေါ်ထွက်လာ၏။
29 Hen gadan eqqda asay hessa siydi “daday dadates” gida, baggayti qasse “kitanchako hasaizadey” gida.
၂၉ထိုနေရာတွင်ရပ်လျက်နေကြသောလူပရိသတ် သည်ထိုအသံကိုကြား၍အချို့က ``မိုးချုန်း သည်'' ဟုဆိုကြ၏။ အချို့ကမူ ``ကိုယ်တော်အား ကောင်းကင်တမန်စကားပြောသည်'' ဟုဆိုကြ၏။
30 Yesussay hizzgdes “haysi giirethay yiday inte gishasa attin ta gish gidena.
၃၀သခင်ယေရှုက ``ဤအသံတော်ပေါ်ထွက်လာ ခြင်းသည်ငါ၏အတွက်မဟုတ်။ သင်တို့၏အတွက် ဖြစ်၏။-
31 Haysi allamey pirdistana woodey hayssa, hayssa dereza hariza xalaey hai gede kare yegistana.
၃၁ဤလောကသည်ယခုပင်လျှင်တရားစီရင် ခြင်းခံရလေပြီ။ လောကကိုအစိုးရသူ သည်လည်းယခုပင်နှိမ်နင်းခြင်းခံရပေ တော့မည်။-
32 Tani dhoqqu gada kaqqetza woode asa wursa tako zaarana.”
၃၂ငါသည်မြေမှမြှောက်ထားခြင်းခံရသောအခါ လူခပ်သိမ်းတို့ကိုငါထံသို့ဆွဲဆောင်မည်'' ဟု မိန့်တော်မူ၏။-
33 Yesussay hessa yootday izi ay mala hayqqo hayqqanakoo errisanasiko.
၃၃(ဤသို့မိန့်တော်မူရာတွင်မိမိသည်အဘယ် သို့အသေခံရမည်ကိုအရိပ်အမြွက်အား ဖြင့်ဖော်ပြတော်မူခြင်းဖြစ်၏။)
34 Asay qasse “nu woogan xaafettday (xoossay kittidadey medhinas dana) ges histtin ne qasse wanada (asa nay dhoqu gi kaqqistana beses) gazz? ne giza asanay awaysee?” gidi oychchida. (aiōn )
၃၄လူတို့က ``မေရှိယသည်ထာဝစဉ်အသက်ရှင် တော်မူ၏ဟုပညတ်ကျမ်းကဆိုပါသည်။ သို့ ဖြစ်၍`လူသားသည်မြေမှမြှောက်ထားခြင်းကို ခံရမည်' ဟုအဘယ်ကြောင့်သင်ဆိုပါသနည်း။ လူသားကားအဘယ်သူနည်း'' ဟုမေးမြန်းကြ ၏။ (aiōn )
35 Yesussay isttas hizzgdes “hai guutha woodes intenara poo7oy des, gadey dhumontta poo7ora hamutite, qamara hamutzadey izi awa bizakonee errena.
၃၅သခင်ယေရှုကလည်း ``အလင်းသည်သင်တို့ တွင်ခဏသာရှိပေတော့မည်။ သင်တို့အား အမှောင်မဖုံးလွှမ်းစေရန် အလင်းရှိစဉ်အခါ သွားလာကြလော့။ အမှောင်တွင်သွားလာသူ သည်မိမိအဘယ်အရပ်သို့သွားလာသည် ကိုမသိ။-
36 Inte poo7o nayta gidana mala poo7oy dishin poo7on ammanite” Yesussay hessa gidape guye bidi istta ayfepe gemmides.
၃၆သို့ဖြစ်၍အလင်းရှိနေခိုက်ထိုအလင်းကို ယုံကြည်ကြလော့။ သို့မှသာသင်တို့သည် အလင်း၏သားများဖြစ်ကြလိမ့်မည်'' ဟု မိန့်တော်မူ၏။ ဤသို့မိန့်တော်မူပြီးနောက်သခင်ယေရှု သည်ထွက်ကြွ၍ ထိုသူတို့ကိုတိမ်းရှောင် လျက်နေတော်မူ၏။-
37 Yesussay isttas hessa mala malata istta sinththan ooththinkka ayhudat izan ammanbbeytena.
၃၇သူတို့၏မျက်မှောက်တွင်များစွာသောနိမိတ် လက္ခဏာတို့ကိုပြတော်မူခဲ့သော်လည်း သူတို့သည်ကိုယ်တော်ကိုမယုံကြည်ကြ။-
38 Hesi haniday nabe isiyasay “goodo! nu markkatethi ammaniday oonne? Xoossa qaalay ooss qonccide?” gidi
၃၈ဤသို့ဖြစ်ရသည်မှာ၊ ``အို ထာဝရဘုရား၊အဘယ်သူသည် အကျွန်ုပ်တို့၏ ဟောပြောချက်ကိုယုံပါသနည်း။ ထာဝရဘုရားသည်တန်ခိုးတော်ကိုအဘယ် သူအား ထင်ရှားပါသနည်း။ ဟုဟေရှာယမြွက်ဆိုခဲ့သည့်အတိုင်းဖြစ် ပျက်ခြင်းပင်ဖြစ်၏။-
39 Hessa gish ammananas danddaibeytena, gasooyka nabe isiyasay kase hizzgii xaafida gishshasiko.
၃၉ထိုမှတစ်ပါးလည်းဟေရှာယက၊ ``သူတို့၏မျက်စိများသည်မြင်နိုင်၍ သူတို့၏ စိတ်နှလုံးသည်သိနားလည်နိုင်ပါမူ၊ ထိုသူတို့သည်မိမိတို့၏အနာရောဂါပျောက်ကင်း စိမ့်သောငှာစိတ်ပြောင်းလဲကြလိမ့်မည်။ သို့ဖြစ်၍သူတို့မျက်စိအလင်းကိုငါကွယ်စေ လျက် သူတို့စိတ်နှလုံးကိုလည်း၊လေးလံထိုင်းမှိုင်း စေတော်မူ၏ဟုဘုရားသခင်မိန့်တော်မူ၏'' ဟူ၍မြွက်ဆိုပြန်သည့်အတိုင်းထိုသူတို့ မှာယုံကြည်နိုင်စွမ်းမရှိကြ။
40 “Isttii ba ayfen beeydi, ba wozinan yushshi qoopidi simmontta malane izi istta paththontta mala Xoossi istta ayfe qooqisides, istta wozinaka mumisides.”
၄၀
41 Isiyasay hessa giday xoossay kittidade boncho beeyida gishshasa, hessa gish hessa Yesussay geesh yootdes.
၄၁ဟေရှာယသည်သခင်ယေရှု၏ဘုန်းအသရေ ကိုဖူးမြင်ရသဖြင့် ကိုယ်တော်၏အကြောင်းကို ဤသို့မြွက်ဆိုခြင်းဖြစ်၏။
42 Gidikoka ayhudista halaqatape daroo asay Yesussa ammanides, gido attin istta ayhudata woosa keethafe godontta mala parssawistas babiidi ba ammano qonccen markkatibeeytena.
၄၂သို့ဖြစ်စေကာမူယုဒအာဏာပိုင်အမြောက် အမြားပင်ကိုယ်တော်ကိုယုံကြည်လာကြ၏။ သို့ရာတွင်ဖာရိရှဲများကြောင့်တရားဇရပ် မှထုတ်ပယ်ခံရမည်ကိုကြောက်၍မိမိတို့ ယုံကြည်ကြောင်းကိုပွင့်လင်းစွာဝန်မခံကြ။-
43 Istti hessaththo haniday isttas Xoossafe immettza bonchofe aththidi asape immetza boncho dosida gishasa.
၄၃သူတို့သည်ကားလူတို့၏အချီးအမွမ်းကို ပို၍နှစ်သက်ကြသူများဖြစ်သတည်း။
44 Yesussay ba qaala dhoqu histtdii hizzgides “tana ammanizadey tanan xalala gidontta tana kittdadenkka ammanes.
၄၄သခင်ယေရှုကဤသို့ကြွေးကြော်တော်မူသည်။ ``ငါ့ကိုယုံကြည်သူသည်ငါ့ကိုသာမဟုတ်၊ ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုလည်း ယုံကြည်၏။-
45 Tana beeydadey tana kittdadeeka beeyana.
၄၅ငါ့ကိုတွေ့မြင်သူသည်ငါ့ကိုသာတွေ့မြင် သည်မဟုတ်၊ ငါ့ကိုစေလွှတ်တော်မူသော အရှင်ကိုလည်းတွေ့မြင်၏။-
46 Tana ammanizay wuri dhuman dontta mala ta poo7o gidada hayssa ha allameza yadis.
၄၆ငါ့ကိုယုံကြည်သူမှန်သမျှသည်အမှောင် တွင်မနေရစေခြင်းငှာ ငါသည်အလင်း အဖြစ်လောကသို့ကြွလာပြီ။-
47 Ta qaala siydi oosonttade bolla pirdanay tana gidike, gasooyka ta yiday dere ashshanas attin dere bolla pirdanas gidena.
၄၇ငါဟောပြောသောစကားကိုကြား၍မခံမယူ သူကိုငါသည်တရားမစီရင်။ လောကသားတို့ ကိုတရားစီရင်ရန်ငါလာသည်မဟုတ်။ လောက သားတို့ကိုကယ်တင်ရန်ငါလာသတည်း။-
48 Tana koyonttadene ta qaala ekkonttade bolla pirdanadey dees, ta izas yootda qaalay wuriseththa gaalas iza bolla pirdana.
၄၈ငါ့ကိုပစ်ပယ်၍ငါဟောပြောသောစကားကို မခံမယူသောသူကိုတရားစီရင်မည့်သူ ရှိ၏။ ငါဟောပြောသောစကားသည်ပင်လျှင် ထိုသူကိုနောက်ဆုံးသောနေ့၌ တရားသူ ကြီးအဖြစ်ဖြင့်တရားစီရင်လိမ့်မည်။-
49 Gasooyka tani coo ta sheeneni yootabeyke, ta gizaysane ta yootza azazo tas immiday tana kittda ta aawako.
၄၉အဘယ်ကြောင့်ဆိုသော်ငါသည်ကိုယ်ပိုင်အခွင့် အာဏာအရဟောပြောခြင်းမဟုတ်။ ငါ့ကို စေလွှတ်တော်မူသောခမည်းတော်၏အမိန့် တော်အရဟောပြောခြင်းဖြစ်၏။-
50 Iza azazoy medhina deyoo gididaysa ta errays, hessa gish ta yootzay wuri aaway tas yootdaysako. (aiōnios )
၅၀ခမည်းတော်၏အမိန့်တော်သည်ထာဝရအသက် ရစေသည်ကိုငါသိ၏။ သို့ဖြစ်၍ခမည်းတော်ပြော စေလိုသည်အတိုင်းငါဟောပြောသတည်း။'' (aiōnios )