< Yaqobeppe 1 >
1 Xoossa Goda Yesusi Kiristossa oothancha gidida Yaqobeppe biitta bolla laletida tammane nam77u kochatas sarotethi intes gido.
၁ဘုရားသခင်နှင့်သခင်ယေရှုခရစ်၏အစေ ခံဖြစ်သူယာကုပ်သည် ကမ္ဘာအရပ်ရပ်သို့ပျံ့နှံ့ လျက်ရှိသည့်ဘုရားသခင်၏လူစုတော်ဝင် အပေါင်းတို့ထံသို့မေတ္တာပို့သလိုက်ပါသည်။
2 Ta ishato inte bolla duma duma wayey gakkiiko hessa wursi ufaysan qoodite.
၂ငါ့ညီအစ်ကိုတို့၊ သင်တို့သည်စုံစမ်းနှောင့်ယှက် ခြင်းအမျိုးမျိုးနှင့်တွေ့ကြုံရသောအခါ ဝမ်းမြောက်စရာဖြစ်သည်ဟုခံယူကြလော့။-
3 Gaasoykka inte amano paccetithi intes danda7a immizayssa inte ereetta.
၃အဘယ်ကြောင့်ဆိုသော်သင်တို့၏ယုံကြည် ခြင်းကိုစစ်ကြောစုံစမ်းမှုသည်ခံနိုင်ရည် ကိုဖြစ်ပွားစေကြောင်းသင်တို့သိကြသော ကြောင့်ဖြစ်၏။-
4 Inte danda7an mini eqanaysi intes issi miishshikka pacconta kumetha assine wothoy bayndayta gidana mala ootho.
၄သင်တို့သည်မည်သည့်အရာမျှချို့တဲ့မှုမရှိ ဘဲပြည့်ဝစုံလင်ကြစေရန်အဆုံးတိုင်အောင် ခံနိုင်ရည်ရှိရကြမည်။-
5 Inte garssafe oonasikka eratethi pacciko oonakka kadhontta ba kiiyatethara wurisos immiza Xoossa wosso; izadeskka imettana.
၅သင်တို့အနက်တစ်စုံတစ်ယောက်သည်ဉာဏ် ပညာချို့တဲ့ပါလျှင် ဘုရားသခင်ထံတောင်း လျှောက်စေ။ ဘုရားသခင်သည်သူ့အားဉာဏ် ပညာကိုပေးသနားတော်မူလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်ကိုယ်တော်သည်လူခပ်သိမ်းတို့ အားရက်ရောစွာကျေးဇူးပြုတော်မူတတ် သောကြောင့်ဖြစ်၏။-
6 Gido attin sidhey baynda amanon wosso. Gaasoykka sidhiiza uray abba qathiza bullahe cariko malakko.
၆သို့ရာတွင်သင်တို့သည်ယုံမှားသံသယမရှိ ဘဲယုံကြည်သောစိတ်နှင့်တောင်းလျှောက်ကြရ မည်။ ယုံမှားသံသယရှိသောသူသည်လေ တိုက်၍လှုပ်ရှားနေသောပင်လယ်လှိုင်းနှင့်တူ၏။-
7 Hessadey Godape aykokk demana giidi issinokka qoppofo.
၇ဤကဲ့သို့သောသူသည်စိတ်နှစ်ခွရှိသူ၊ ပြု လေသမျှတို့၌တည်ကြည်မှုမရှိသူဖြစ် သောကြောင့် ထာဝရဘုရား၏ထံတော်မှ တစ်စုံတစ်ရာကိုရရှိလိမ့်မည်ဟုမမှတ် စေနှင့်။
8 He uray nam77u qohaaththaan ooyketidi ba bizza oge bolla hene haane giza asa malakko.
၈
9 Kase ziiqan diza ura Xoossi dhoqqu histiza gish ufa7etto.
၉ညီအစ်ကိုတစ်စုံတစ်ယောက်သည်မိမိအား နိမ့် ကျသည့်အခြေအနေမှ ဘုရားသခင်မြှင့် တင်ပေးလိုက်သောအခါဝမ်းမြောက်စေ။-
10 Asa haroy maata cisha mala qoqofettiza gish dure ura Xoossi ziq histikko ufa7etto.
၁၀ချမ်းသာကြွယ်ဝသောညီအစ်ကိုသည်မိမိ အားဘုရားသခင်နိမ့်ကျစေတော်မူသော အခါဝမ်းမြောက်ရမည်။ အဘယ်ကြောင့်ဆို သော်ချမ်းသာကြွယ်ဝသူတို့သည်တောပန်း ကဲ့သို့ညှိုးနွမ်းပျောက်ပျက်သွားမည်ဖြစ် သောကြောင့်တည်း။-
11 Away xugidi maata shullisees; maata ciishayka shullees; iza loo7etethikka dhayees; hessathokka durey hachchi hachchi dabursan diishin iza duretethi dhayees.
၁၁နေပူရှိန်သည်အပင်ကိုခြောက်သွေ့စေ၍ အပွင့်ကိုကြွေကျစေ၏။ သို့ဖြစ်၍ယင်း၏ တင့်တယ်လှပမှုသည်ပျက်စီးရသကဲ့သို့ ချမ်းသာကြွယ်ဝသူသည် မိမိ၏အလုပ် အကိုင်ကိုဆောင်ရွက်လျက်နေစဉ်ပျောက် ကွယ်ရလိမ့်မည်။
12 Paccen miinni eqidadey izi anjjetidade. Gaasoyka izi paccera eqitishin Xoossi bena dosizaytas immida ufaysa deyo zawude izi ekkana.
၁၂စုံစမ်းနှောင့်ယှက်ခြင်းကိုကြံ့ကြံ့ခံနိုင်သော သူသည်မင်္ဂလာရှိ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူသည်ယင်းသို့ခံနိုင်သည်ရှိသော် ဘုရား သခင်ကိုချစ်သောသူတို့အားကိုယ်တော်ကတိ ထားတော်မူသည့်အသက်တည်းဟူသောဆု ကိုရရှိမည်ဖြစ်သောကြောင့်တည်း။-
13 Oonikka paccetiza gidikko tana Xoossi paccees goppo, gaasoykka Xoossi ase iittan paccena, izi oonakka pacci erena.
၁၃စုံစမ်းသွေးဆောင်ခြင်းကိုခံရသူသည်`ငါ့အား ဘုရားသခင်စုံစမ်းသွေးဆောင်လျက်နေသည်' ဟုမဆိုစေနှင့်။ မကောင်းမှုသည်ဘုရားသခင် အားမသွေးဆောင်နိုင်ရာ။ ထို့ပြင်ကိုယ်တော် တိုင်အဘယ်သူ့ကိုမျှစုံစမ်းသွေးဆောင်တော် မမူ။-
14 Gido attin issi issi uray paccetizay berika ba iitta amo kalishene baletishekko.
၁၄လူသည်စုံစမ်းသွေးဆောင်ခြင်းခံရသည်ဆို သည်မှာ မိမိ၏ဆိုးညစ်သောလိုအင်ဆန္ဒဆွဲ ဆောင်ရာသို့လိုက်ပါခြင်းပင်ဖြစ်၏။-
15 Amoy qanthetetidape guye nagara yellees. Nagaraykka dicciidape guye hayqo yellees.
၁၅ထိုလိုအင်ဆန္ဒသည်သန္ဓေယူကာအပြစ် ဒုစရိုက်ကိုဖွားမြင်၏။ အပြစ်ဒုစရိုက် သည်ကြီးပြင်းလာသောအခါသေခြင်း ကိုဖွားမြင်လေ၏။
16 Ta siiqo ishato inte ballettopite.
၁၆ချစ်သောညီအစ်ကိုတို့၊ အယူမလွဲကြနှင့်။-
17 Loo7o imotethine kumetha anjjoy wuri bolla Salo poo7ota Aawape wodhetes. Iza achan gede ha yuyiza kuwayka (eshoykka) dena.
၁၇ကောင်းမြတ်စုံလင်သောဆုကျေးဇူးမှန်သမျှ သည်ကောင်းကင်မှလည်းကောင်း၊ ကောင်းကင် အလင်းတန်ဆာများကိုဖန်ဆင်းတော်မူ သောဘုရားသခင်၏ထံတော်မှလည်းကောင်း သက်ဆင်း၍လာပေသည်။ ကိုယ်တော်သည် ပြောင်းလဲတော်မမူ။ လှည့်ခြင်းအားဖြင့် အမှောင်ကိုကျစေတော်မမူ။-
18 Nu iza medhetethas koyro bayrata gidana mala ba sheninne ba tuma qaalan nuna yellides.
၁၈ကိုယ်တော်သည်ဖန်ဆင်းတော်မူသောသတ္တဝါ များတွင်အဦးဆုံးနေရာ၌ရှိကြစေရန် သမ္မာ တရားတော်အားဖြင့်မိမိ၏အလိုတော်နှင့် အညီငါတို့အားဖြစ်ပွားစေတော်မူ၏။
19 Dosetida ta ishato hayssa yuushi qoppite. Asi wurikka siyanas esoto, hasa7asinne hanqqos esotopo.
၁၉ချစ်သောညီအစ်ကိုတို့၊ ဤအချက်ကိုမှတ် သားထားကြလော့။ သင်တို့အားလုံးသည် ကြားနာမှုတွင်လျင်မြန်ကြစေ။ ပြောဆို မှုနှင့်အမျက်ထွက်မှုတွင်မူနှေးကြစေ။-
20 Asa hanqqoy Xoossa xiiloteth oothena.
၂၀လူ၏အမျက်ဒေါသသည်ဘုရားသခင်၏ ဖြောင့်မတ်သောအကြံအစည်တော်ကိုမပြု စုတတ်။-
21 Hessa gish tunatethinne dalggida iittatethi intefe kessi yegidi inte shemppo ashanaas danda7iza inte gidon toketida qaala ashketethara ekkite.
၂၁သို့ဖြစ်၍သင်တို့သည်ညစ်ညမ်းသည့်အလေ့ အထနှင့်ဆိုးယုတ်သည့်အကျင့်မှန်သမျှတို့ ကိုပယ်ရှားကြလော့။ သင်တို့၏စိတ်အတွင်း ၌ဘုရားသခင်သွင်းပေးတော်မူသောတရား တော်သည် သင်တို့ကိုကယ်တင်နိုင်၏။ တရား တော်ကိုသိမ်မွေ့စွာခံယူကြလော့။
22 Qaalay gizayssa oothite; attin mela siisi xalala siyzadista gididi interkka intena balethofite.
၂၂တရားတော်ကိုကြားနာရုံမျှသာကြားနာ ခြင်းအားဖြင့်မိမိတို့ကိုယ်ကိုမလှည့်စား ကြနှင့်။ တရားတော်ကိုလက်တွေ့ကျင့်သုံး ကြလော့။-
23 Qaala siyishe siyida qaalay gizayssa oothontadey ba ayfeso mastotera xelliza asa malakko.
၂၃တရားတော်ကိုလက်တွေ့မကျင့်သုံးဘဲ ကြားနာရုံမျှသာကြားနာသောသူသည် မိမိပကတိမျက်နှာကိုမှန်တွင်ကြည့်သူ နှင့်တူ၏။-
24 Bena xeelli beydi bees; izi ay milatizakone heraka baletti gides.
၂၄သူသည်ယင်းသို့ကြည့်၍ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက်မိမိပုံသဏ္ဌာန်ကိုမေ့ပျောက်၍ သွားတတ်လေသည်။-
25 Gido attin bena geshiza loo7o woga xeelli beydi izan minizadey ba siydayssa oothizadeynne balonttadey izi ba oothon anjjetidade gidana.
၂၅သို့ရာတွင်လူတို့အားအပြစ်အနှောင်အဖွဲ့မှ လွတ်မြောက်စေသောစုံလင်သည့်တရားကို သေချာစွာလေ့လာကြည့်ရှုသောသူကား တရားနာရုံသာနာ၍မေ့လျော့သောသူ မဟုတ်ဘဲဆက်လက်အာရုံပြုကာလက်တွေ့ ကျင့်သုံးသောသူဖြစ်သဖြင့် အဘယ်အမှု မျိုးကိုပြုသည်မဆိုဘုရားသခင်၏ ကောင်းချီးမင်္ဂလာကိုခံစားရလိမ့်မည်။
26 Be duuna nagontta berikka ba wozina baleththishe ta ammanayss gizadey berikka bena baleththees. Iza ammanoykka mella hada ammanokko.
၂၆လူတစ်စုံတစ်ယောက်သည်မိမိကိုယ်ကို ဘုရားတရားကြည်ညိုသူဟူ၍ယူဆ သော်လည်း မိမိ၏လျှာကိုမထိန်းနိုင်လျှင် ကိုယ့်ကိုယ်ကိုလှည့်စားသူဖြစ်၏။ သူ၏ဘုရား တရားကြည်ညိုမှုသည်လည်းအချည်းနှီး ပင်ဖြစ်၏။-
27 Xoossa Aawa sinthan iittatethi baynda loo7o ammanoy; “Aayanne Aaway hayqqida nayta, istta azinati hayqqida maccashata metotetishin maadonne hayssa alameza tunatethafe bena nagokko.
၂၇ခမည်းတော်ဘုရားသခင်ရှေ့တော်၌စစ်မှန် သောဘုရားတရားကြည်ညိုမှုသည်ကား ဒုက္ခ ရောက်သောမိဘမဲ့ကလေးများနှင့်မုဆိုးမ တို့ကိုကြည့်ရှုစောင့်ရှောက်ခြင်း၊ လောကီအညစ် အကြေးတို့မှကင်းစင်အောင် မိမိတို့ကိုယ်ကို စောင့်ထိန်းခြင်းတို့ပင်ဖြစ်သတည်း။