< Psaumes 9 >
1 Pour la fin, pour les mystères du Fils, psaume de David. Je vous louerai, Seigneur, en tout mon cœur; je raconterai toutes vos merveilles.
၁အိုထာဝရဘုရား၊ အကျွန်ုပ်သည် စိတ်နှလုံး အကြွင်းမဲ့ကိုယ်တော်ကို ချီးမွမ်းပါမည်။ အံ့ဘွယ်သော အမှုတော်ရှိသမျှတို့ကို ပြညွှန်ပါမည်။
2 Je me réjouirai et je tressaillirai d’allégresse en vous; je chanterai votre nom, ô Très-Haut.
၂ကိုယ်တော်ကို အမှီပြု၍ ဝမ်းသာရွှင်လန်းပါ မည်။ နာမတော်ကို ထာမနာသီချင်းဆိုပါမည်။ အမြင့်ဆုံး သောဘုရား။
3 Quand vous aurez mis mon ennemi en fuite, ils seront sans force, et ils périront devant votre face.
၃အကြောင်းမူကား၊ အကျွန်ုပ်၏ရန်သူတို့သည် ပြန်ဆုတ်၍ လဲကြပါ၏။ ရှေ့တော်၌ ပျက်စီးကြပါ၏။
4 Puisque vous m’avez fait justice et pris en main ma cause: vous vous êtes assis sur votre trône, vous qui jugez selon la justice.
၄ကိုယ်တော်သည် အကျွန်ုပ်ဘက်မှာ တရား ဆုံးဖြတ်တော်မူပြီ။ ပလ္လင်တော်ပေါ်မှာ ထိုင်၍ဖြောင့်မတ် စွာ စီရင်တော်မူပြီ။
5 Vous avez gourmande les nations, et l’impie a péri; vous avez effacé leur nom pour l’éternité, et pour les siècles des siècles.
၅တပါးအမျိုးသားတို့ကို ဆုံးမတော်မူပြီ။ ဆိုးသော သူတို့ကို ဖျက်ဆီး၍ သူတို့ နာမကိုကာလအစဉ်အဆက် ချေဖျောက်တော်မူပြီ။
6 Les armes de l’ennemi ont perdu leur force pour toujours, et vous avez détruit leurs villes. Leur mémoire a péri avec bruit:
၆ရန်သူတို့သည် အကုန်အစင်ပျက်စီးခြင်းသို့ ရောက်ကြပါပြီ။ မြို့တို့ကို ဖြိုဖျက်တော်မူ၍၊ သူတို့အမှတ် မျှမရှိပျောက်ပါပြီ။
7 Et le Seigneur demeure éternellement. Il a préparé son trône pour le jugement:
၇ထာဝရဘုရားမူကား၊ ကာလအစဉ်အဆက် တည်တော်မူ၏။ တရားပလ္လင်တော်ကို ပြင်ဆင်၍၊
8 Et lui-même jugera le globe de la terre avec équité, il jugera les peuples avec justice.
၈မြေကြီးသားတို့ကို တရားသဖြင့် စီရင်တော်မူ ၏။ လူမျိုးတို့အား ဖြောင့်မတ်စွာသော စီရင်ခြင်းကို ပြုတော်မူ၏။
9 Et le Seigneur s’est fait le refuge du pauvre, son aide au temps du besoin, dans la tribulation.
၉ထာဝရဘုရားသည် ညှဉ်းဆဲခြင်းကိုခံရသော သူတို့၏ခိုလှုံရာ၊ ဘေးအန္တရာယ်ရောက်သည် ကာလ ခိုလှုံရာဖြစ်တော်မူ၏။
10 Qu’ils espèrent donc en vous ceux qui connaissent votre nom, puisque vous n’avez pas délaissé ceux qui vous cherchent. Seigneur.
၁၀နာမတော်ကို သိသောသူတို့သည် ကိုယ်တော်ကို ယုံကြည်ကြပါလိမ့်မည်။ အကြောင်းမူကား၊ အိုထာဝရ ဘုရား၊ ကိုယ်တော်ကိုရှာသော သူတို့ကိုစွန့်ပစ်တော်မမူ တတ်ပါ။
11 Chantez le Seigneur, qui habite dans Sion; annoncez ses desseins parmi les nations.
၁၁ဇိအုန်မြို့မှာ ကျိန်းဝပ်တော်မူသော ထာဝရ ဘုရားကို ထောမနာသီချင်းဆိုကြလော့။ အမှုတော်များကို လူမျိုးတို့အား ဟောပြောကြလော့။
12 Puisqu’il s’est souvenu d’eux, en demandant compte du sang, et qu’il n’a pas oublié le cri du pauvre.
၁၂လူအသက်သတ်ခြင်းအမှုကို စစ်တော်မူ၍၊ အသေခံရသောသူတို့ကို အောက်မေ့တော်မူ၏။ နှိမ့်ချ လျက်ရှိသော သူတို့၏အော်ဟစ်ခြင်း အသံကိုမေ့လျော့ တော်မမူတတ်ပါ။
13 Ayez pitié de moi. Seigneur, voyez l’abaissement où m’ont réduit mes ennemis.
၁၃အိုထာဝရဘုရား၊ အကျွန်ုပ်ကို ကယ်မသနား တော်မူပါ။ အကျွန်ုပ်ကို မုန်းသောသူတို့၏ ညှဉ်းဆဲခြင်း အမှုကိုကြည့်ရှု၍၊ သေမင်းလက်မှ အကျွန်ုပ်ကို ကယ်နှုတ် တော်မူပါ။
14 Vous qui me relevez des portes de la mort, afin que je publie toutes vos louanges aux portes de la fille de Sion.
၁၄သို့ဖြစ်၍ ဂုဏ်ကျေးဇူးတော်အပေါင်းကို ဇိအုန် မြို့တံခါးဝမှာ အကျွန်ုပ်ပြညွှန်ပါမည်။ ကယ်တင်တော် မူခြင်းကျေးဇူးကို အမှီပြု၍ ဝမ်းမြောက်ပါမည်။
15 Je tressaillirai de joie dans votre salut. Les nations ont été englouties dans le gouffre qu’elles avaient préparé; Leur pied a été pris dans le même lacet qu’elles avaient caché.
၁၅တပါးအမျိုးသားတို့သည် ကိုယ်တူးသော တွင်းထဲသို့ ကိုယ်ကျကြ၏။ ကိုယ်ဝှက်ထားသော ကျော့ ကွင်းထဲမှာ ကိုယ်ခြေတို့သည် ကျော့မိကြ၏။
16 Ainsi on reconnaîtra que le Seigneur rend justice; le pécheur a été pris dans les œuvres de ses mains.
၁၆ထာဝရဘုရားသည် တရားစီရင် ဆုံးဖြတ်တော်မူ ခြင်းအားဖြင့် ထင်ရှားတော်မူ၏။ မတရားသောသူသည် မိမိလုပ်သော အလုပ်ထဲမှာ ကျော့မိခြင်းကိုခံရ၏။
17 Que de même les pécheurs soient précipités dans l’enfer, et toutes les nations qui oublient Dieu. (Sheol )
၁၇မတရားသောသူတို့နှင့် ဘုရားသခင်ကို မေ့ လျော့သော အမျိုးသားအပေါင်းတို့သည် မရဏာနိုင်ငံသို့ နှင်ခြင်းကို ခံရကြလိမ့်မည်။ (Sheol )
18 Car le pauvre ne sera pas pour toujours en oubli; la patience des pauvres ne sera pas toujours vaine.
၁၈ငတ်မွတ်သော သူတို့ကို အစဉ်မေ့လျော့တော် မမူ။ ဆင်းရဲသော သူတို့သည် မြော်လင့်၍ မရဘဲ အစဉ် မနေရကြ။
19 Levez-vous, Seigneur, que l’homme ne se fortifie point: que les nations soient jugées en votre présence.
၁၉အိုထာဝရဘုရား၊ ထတော်မူပါ။ လူမနိုင်ပါစေ နှင့်။ တပါးအမျိုးသားတို့သည် ရှေ့တော်၌ စစ်ကြောစီရင် ခြင်းကို ခံရကြပါစေသော။
20 Établissez, Seigneur, un législateur sur eux, afin que les peuples sachent qu’ils ne sont que des hommes.
၂၀အိုထာဝရဘုရား၊ သူတို့ကို ချောက်လှန့်တော် မူပါ။ သို့ဖြစ်၍ မိမိတို့သည် လူသက်သက်ဖြစ်သည်ကို လူမျိုးတို့သည် သိကြပါလိမ့်မည်။