< Matthieu 11 >

1 Et il arriva que lorsque Jésus eut fini de donner ces commandements à ses douze disciples, il partit de là pour enseigner et prêcher dans leurs villes.
သ​ခင်​ယေ​ရှု​သည်​ထို​သို့​တ​ပည့်​တော်​တစ်​ကျိပ် နှစ်​ပါး​တို့​အား သြ​ဝါ​ဒ​ပေး​တော်​မူ​ပြီး​နောက် အ​နီး​အ​နား​ရှိ​မြို့​များ​တွင် ဟော​ပြော​သွန်​သင် ရန်​ထို​အ​ရပ်​မှ​ထွက်​ခွာ​တော်​မူ​၏။
2 Or, Jean, quand il eut appris dans la prison les œuvres de Jésus-Christ, envoyant deux de ses disciples,
ခ​ရစ်​တော်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို ယော​ဟန်​သည်​ထောင်​ထဲ​တွင်​ကြား သိ​ရ​သော​အ​ခါ မိ​မိ​၏​တ​ပည့်​များ​ကို​စေ လွှတ်​၍၊-
3 Lui dit: Est-ce vous qui devez venir, ou est-ce un autre que nous attendons?
``အ​ရှင်​သည်​ကြွ​လာ​တော်​မူ​မည်​ဟု​ဆို​သော အ​ရှင်​ပေ​လော။ သို့​မ​ဟုတ်​အ​ကျွန်ုပ်​တို့​သည် အ​ခြား​အ​ရှင်​တစ်​ပါး​ကို​စောင့်​မျှော်​ရ​ကြ ပါ​မည်​လော'' ဟု​မေး​လျှောက်​စေ​၏။-
4 Et Jésus, répondant leur dit: Allez, rapportez à Jean ce que vous avez entendu et vu:
သ​ခင်​ယေ​ရှု​က​ထို​သူ​တို့​အား ``သင်​တို့​မြင်​ရ ကြား​ရ​သည့်​အ​ရာ​များ​ကို​ယော​ဟန်​ထံ​သွား ၍​ပြော​ပြ​ကြ​လော့။-
5 Des aveugles voient, des boiteux marchent, des lépreux sont guéris, des sourds entendent, des morts ressuscitent, des pauvres sont évangélisés.
မျက်​မ​မြင်​တို့​သည်​မျက်​စိ​အ​လင်း​ကို​ရ​ရှိ ကြ​၏။ ခြေ​မ​စွမ်း​မ​သန်​သူ​တို့​သည်​လမ်း​လျှောက် ကြ​၏။ အ​ရေ​ပြား​ရော​ဂါ​စွဲ​သူ​တို့​သည်​သန့်​စင် သွား​ကြ​၏။ နား​ပင်း​သူ​တို့​သည်​ကြား​ရ​ကြ​၏။ သေ​သူ​တို့​သည်​အ​သက်​ပြန်​၍​ရှင်​ကြ​၏။ ဆင်း​ရဲ သူ​တို့​သည်​သ​တင်း​ကောင်း​ကို​ကြား​ရ​ကြ​၏။-
6 Et heureux est celui qui ne se scandalisera point de moi.
ငါ​၏​အ​ပေါ်​၌​ယုံ​မှား​ခြင်း​ကင်း​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
7 Comme ils s’en retournaient, Jésus commença à dire de Jean à la multitude: Qu’êtes-vous allés voir au désert? un roseau agité par le vent?
ယော​ဟန်​၏​တ​ပည့်​များ​ပြန်​သွား​ကြ​သော​အ​ခါ သ​ခင်​ယေ​ရှု​သည် ယော​ဟန်​နှင့်​စပ်​လျဉ်း​၍​လူ​ပရိ သတ်​တို့​အား ``သင်​တို့​သည်​အ​ဘယ်​ကြောင့်​တော ကန္တာ​ရ​သို့​သွား​ကြ​သ​နည်း။ လေ​တိုက်​၍​လှုပ်​သော ကူ​ပင်​ကို​ကြည့်​ရှု​ကြ​ရန်​လော။-
8 Mais encore, qu’êtes-vous allés voir? un homme vêtu mollement? Mais ceux qui se vêtent mollement sont dans les maisons des rois.
ထို​သို့​မ​ဟုတ်​ပါ​မူ​အ​ဘယ်​ကြောင့်​နည်း။ ဝတ် ကောင်း​စား​လှ​ဝတ်​ဆင်​ထား​သူ​ကို​ကြည့်​ရှု​ကြ ရန်​လော။ ဝတ်​ကောင်း​စား​လှ​ဝတ်​ဆင်​ထား​သူ​များ ကား​မင်း​အိမ်​စိုး​အိမ်​များ​တွင်​နေ​ထိုင်​ကြ​၏။-
9 Qu’êtes-vous donc allés voir? un prophète? Oui. je vous le dis, et plus qu’un prophète;
ထို​သူ​တို့​ကို​ကြည့်​ရှု​ရန်​မ​ဟုတ်​ပါ​မူ​အ​ဘယ် ကြောင့်​သွား​ကြ​သ​နည်း။ ပ​ရော​ဖက်​ကို​ကြည့်​ရှု ကြ​ရန်​လော။ မှန်​ပေ​၏။ သင်​တို့​သည်​ပ​ရော​ဖက် ထက်​ကြီး​မြတ်​သူ​ကို​မြင်​ရ​ကြ​လေ​ပြီ​ဟု သင်​တို့​အား​ငါ​ဆို​၏။-
10 Car c’est lui dont il est écrit: Voici que moi j’envoie mon ange devant votre face, lequel préparera votre voie devant vous.
၁၀ယော​ဟန်​ကား​ကျမ်း​စာ​တော်​တွင်၊ `နား​ထောင်​လော့။ သင်​၏​လမ်း​ကို​အ​သင့်​ဖြစ်​စေ​ရန်၊ ငါ​၏​စေ​တ​မန်​ကို​သင့်​အ​လျင်​စေ​လွှတ်​မည်' ဟု ဖော်​ပြ​ထား​၏။- ယော​ဟန်​ကား​ထို​စေ​တ​မန်​ပင်​တည်း။-
11 En vérité, je vous le dis, il ne s’est pas élevé entre les enfants des femmes de plus grand que Jean-Baptiste; mais celui qui est le plus petit dans le royaume des cieux est plus grand que lui.
၁၁လူ့​သ​မိုင်း​တွင်​ယော​ဟန်​ထက်​ကြီး​မြတ်​သူ​တစ်​ဦး တစ်​ယောက်​မျှ​မ​ရှိ​ဟု သင်​တို့​အား​ငါ​ဆို​၏။ သို့​ရာ တွင်​ကောင်း​ကင်​နိုင်​ငံ​တော်​၌ အ​သိမ်​ငယ်​ဆုံး​သော သူ​သည်​ယော​ဟန်​ထက်​ကြီး​မြတ်​၏။-
12 Or, depuis les jours de Jean-Baptiste jusqu’à présent, le royaume des cieux souffre violence, et ce sont des violents qui le ravissent.
၁၂ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​စ​တင်​ဟော​ပြော​ချိန်​မှ အ​စ​ပြု​၍ ယ​နေ့​တိုင်​အောင်​ကောင်း​ကင်​နိုင်​ငံ တော်​သည် အ​ကြမ်း​ဖက်​သ​မား​တို့​၏​တိုက်​ခိုက် မှု​ကို​ခံ​ရ​၏။ အ​ကြမ်း​ဖက်​သ​မား​တို့​သည်​ထို နိုင်​ငံ​တော်​ကို​သိမ်း​ယူ​ရန်​ကြိုး​စား​ကြ​၏။-
13 Car tous les prophètes et la loi ont prophétisé jusqu’à Jean.
၁၃ယော​ဟန်​ပေါ်​ထွန်း​လာ​ချိန်​တိုင်​အောင်​ပ​ရော​ဖက် အ​ပေါင်း​နှင့်​မော​ရှေ​၏​ပ​ညတ်​ကျမ်း​က​နိုင်​ငံ တော်​အ​ကြောင်း​ကို​ဖော်​ပြ​ခဲ့​ကြ​ပေ​သည်။-
14 Et si vous voulez le comprendre, il est lui-même Élie qui doit venir.
၁၄ထို​ဖော်​ပြ​ချက်​များ​ကို​သင်​တို့​လက်​ခံ​ကြ ပါ​လျှင် ယော​ဟန်​သည်​ပေါ်​ထွန်း​လာ​ရ​မည့် ဧ​လိ​ယ​ပင်​ဖြစ်​ကြောင်း​ကို​လည်း​လက်​ခံ ကြ​လိမ့်​မည်။-
15 Que celui qui a des oreilles pour entendre, entende.
၁၅ကြား​တတ်​သော​နား​ရှိ​သူ​တို့​ကြား​ကြ​ကုန်​လော့။
16 Mais à qui comparerai-je cette génération? Elle est semblable à des enfants assis dans la place qui, criant à leurs compagnons,
၁၆``ငါ​သည်​ဤ​ခေတ်​လူ​တို့​ကို​အ​ဘယ်​သို့​ပုံ​နှိုင်း ရ​မည်​နည်း။ သူ​တို့​သည်​စျေး​ရပ်​ကွက်​တွင်​ထိုင်​လျက် နေ​သည့်​က​လေး​သူ​ငယ်​များ​နှင့်​တူ​ကြ​၏။ သူ​ငယ် တစ်​စု​က​အ​ခြား​တစ်​စု​အား `ငါ​တို့​သည်​တီး​မှုတ် သော်​လည်း​သင်​တို့​မ​က​မ​ခုန်​ကြ။-
17 Disent: nous avons chanté pour vous, et vous n’avez point dansé; nous nous sommes lamentés, et vous n’avez poussé ni plaintes ni gémissements.
၁၇ငါ​တို့​သည်​ငို​ချင်း​ကို​ဆို​သော်​လည်း​သင်​တို့ မ​ငို​မ​ကြွေး​ကြ' ဟု​ဟစ်​အော်​ပြော​ဆို​ကြ​၏။-
18 Jean, en effet, est venu ne mangeant, ni ne buvant, et ils disent: Il est démoniaque.
၁၈ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည်​အ​စာ​ရှောင်​လျက် မ​သောက်​မ​စား​ဘဲ သင်​တို့​ထံ​လာ​သော​အ​ခါ သင်​တို့​က `ဤ​သူ​သည်​နတ်​မိစ္ဆာ​ပူး​ဝင်​သူ​ဖြစ် သည်' ဟု​ဆို​ကြ​၏။-
19 Le Fils de l’homme est venu mangeant et buvant, et ils disent: Voilà un homme de bonne chère et adonné au vin, ami des publicains et des pécheurs. Mais la sagesse a été justifiée par ses enfants.
၁၉လူ​သား​သည်​စား​လျက်​သောက်​လျက်​လာ​သော အ​ခါ​၌​မူ​သင်​တို့​က `ကြည့်​လော့။ ဤ​သူ​သည် စား​ကြူး​သောက်​ကြူး​သူ​ဖြစ်​၏။ အ​ခွန်​ခံ​သူ​တို့ နှင့်​အ​ခြား​အ​ပယ်​ခံ​တို့​၏​မိတ်​ဆွေ​ဖြစ်​၏' ဟု ဆို​ကြ​ပြန်​၏။ ဘု​ရား​သ​ခင်​၏​ဉာဏ်​ပ​ညာ​တော် သည်​မှန်​ကန်​ကြောင်း​ကို ထို​ပ​ညာ​တော်​မှ​သက် ရောက်​လာ​သည့်​အ​ကျိုး​တ​ရား​များ​က​သက် သေ​ပြ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
20 Alors il commença à faire des reproches aux villes dans lesquelles s’était opéré le plus grand nombre de ses miracles, de ce qu’elles n’avaient pas fait pénitence.
၂၀အံ့​သြ​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​တော် မူ​ခဲ့​သည့်​မြို့​များ​သည်​နောင်​တ​မ​ရ​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​ထို​မြို့​တို့​အား​ဤ​သို့​ပြစ်​တင် ဆုံး​မ​တော်​မူ​၏။ ကိုယ်​တော်​က၊
21 Malheur à toi, Corozaïn; malheur à toi, Bethsaïde! car si les miracles qui ont été faits au milieu de vous avaient été faits dans Tyr et Sidon, elles auraient fait pénitence autrefois sous le cilice et dans la cendre.
၂၁``အို ခေါ​ရာ​ဇိန်​မြို့၊ သင်​သည်​အ​မင်္ဂ​လာ​ရှိ​၏။ အို ဗက်​ဇဲ ဒ​မြို့၊ သင်​သည်​အ​မင်္ဂ​လာ​ရှိ​၏။ သင်​တို့​တွင်​ငါ​ပြု​ခဲ့ သည့်​အံ့​ဖွယ်​အ​မှု​အ​ရာ​များ​ကို​တု​ရု​နှင့်​ဇိ​ဒုံ​မြို့ တို့​တွင်​သာ​ပြု​ခဲ့​ပါ​မူ ထို​မြို့​တို့​သည်​ရှေး​မ​ဆွ​က​ပင် လျှင်​လျှော်​တေ​ကို​ဝတ်​၍​ပြာ​နှင့်​လူး​လျက်​နောင်​တ ရ​ကြ​လိမ့်​မည်။-
22 Aussi, je vous le dis: Pour Tyr et pour Sidon, il y aura plus de rémission au jour du jugement que pour vous.
၂၂သို့​ရာ​တွင်​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ သင်​တို့​သည် တု​ရု​နှင့်​ဇိ​ဒုံ​မြို့​တို့​ထက်​ပို​၍​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ ပေ​အံ့။-
23 Et toi, Capharnaüm, est-ce jusqu’au ciel que tu t’élèveras? Tu descendras jusqu’aux enfers, parce que, si dans Sodome avaient été faits les miracles qui ont été faits au milieu de toi, elle aurait peut-être subsisté jusqu’à ce jour. (Hadēs g86)
၂၃အို က​ပေ​ရ​နောင်​မြို့၊ သင်​သည်​ကောင်း​ကင်​ဘုံ​တိုင်​အောင် မြှောက်​စား​ခြင်း​ကို​ခံ​ရ​လိမ့်​မည်​ဟု​ထင်​မှတ်​ပါ​သ လော။ မ​ရ​ဏာ​နိုင်​ငံ​အ​ထိ​နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​လတ္တံ့။ အ​ဘယ်​ကြောင့်​ဆို​သော်​သင့်​ထံ​တွင် ငါ​ပြု​ခဲ့​သည့် အံ့​ဖွယ်​အ​မှု​အ​ရာ​များ​ကို​သော​ဒုံ​မြို့​တွင်​သာ​ပြု ခဲ့​ပါ​မူ ထို​မြို့​သည်​ယ​နေ့​တိုင်​အောင်​တည်​လျက် ရှိ​ပေ​မည်။- (Hadēs g86)
24 Bien plus, je vous dis que pour le pays de Sodome, il y aura au jour du jugement plus de rémission que pour toi.
၂၄တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​သင်​သည်​သော​ဒုံ​မြို့ ထက်​ပို​၍​အ​ပြစ်​ဒဏ်​ခံ​ရ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
25 En ce temps-là, Jésus prenant la parole, dit: Mon Père, Seigneur du ciel et de la terre, je vous rends gloire de ce que vous avez caché ces choses aux sages et aux prudents, et que vous les avez révélées aux petits.
၂၅ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ ကြီး​ကို​အ​စိုး​ရ​တော်​မူ​သော​အ​ဖ၊ ကိုယ်​တော်​သည် အ​သိ​ပ​ညာ​ရှင်​များ​အား​သိ​ခွင့်​မ​ပေး​ဘဲ​ထား သည့်​အ​ရာ​များ​ကို ပ​ညာ​မဲ့​သူ​တို့​အား​ဖွင့်​ပြ တော်​မူ​သ​ဖြင့်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​၏။-
26 Oui, mon Père, parce qu’il vous a plu ainsi.
၂၆အို အ​ဖ​ခ​မည်း​တော်၊ ဤ​သို့​ဖြစ်​ရ​သည်​မှာ​ကိုယ်​တော် ရှင်​၏​အ​လို​တော်​အ​တိုင်း​ပင်​ဖြစ်​ပါ​၏'' ဟု​မြွက်​ဆို တော်​မူ​သည်။
27 Toutes choses m’ont été données par mon Père. Et nul ne connaît le Fils, si ce n’est le Père; et nul ne connaît le Père, si ce n’est le Fils, et celui à qui le Fils aura voulu le révéler.
၂၇ထို​နောက်​ကိုယ်​တော်​က ``ငါ့​ခ​မည်း​တော်​သည်​ခပ်​သိမ်း သော​အ​ရာ​တို့​ကို​ငါ့​အား​ပေး​အပ်​ထား​တော်​မူ​လေ​ပြီ။ ခ​မည်း​တော်​မှ​တစ်​ပါး​အခြား​မည်​သူ​မျှ​သား​တော်​ကို မ​သိ။ ခ​မည်း​တော်​ကို​လည်း​သား​တော်​နှင့်​သား​တော် ဖွင့်​ပြ​လို​သူ​များ​မှ​တစ်​ပါး​အ​ခြား​မည်​သူ​မျှ မ​သိ။
28 Venez à moi, vous tous qui prenez de la peine et qui êtes chargés, et je vous soulagerai.
၂၈လေး​သော​ဝန်​ထမ်း​ရ​၍​ပင်​ပန်း​သူ​အ​ပေါင်း​တို့၊ ငါ့​ထံ​သို့​လာ​ကြ​လော့။ ငါ​သည်​သု​ခ​ချမ်း​သာ ပေး​မည်။-
29 Prenez mon joug sur vous, et apprenez de moi que je suis doux et humble de cœur, et vous trouverez du repos pour vos âmes.
၂၉ငါ​သည်​နူး​ညံ့​သိမ်​မွေ့​၍​စိတ်​နှ​လုံး​နှိမ့်​ချ​၏။ ထို ကြောင့်​ငါ​တင်​သော​ထမ်း​ပိုး​ကို​ထမ်း​၍ ငါ​၏​ထံ​တွင် နည်း​နာ​ခံ​ယူ​ကြ​လော့။ သင်​တို့​သည်​သု​ခ​ချမ်း​သာ ရ​ရှိ​ကြ​လိမ့်​မည်။-
30 Car mon joug est doux et mon fardeau léger.
၃၀ငါ​ထမ်း​စေ​သော​ထမ်း​ပိုး​သည်​အ​ထမ်း​ရ​လွယ်​၍ ငါ​တင်​သော​ဝန်​သည်​လည်း​ပေါ့​၏'' ဟု​မိန့်​တော်​မူ သည်။

< Matthieu 11 >