< Lévitique 8 >

1 Le Seigneur parla encore à Moïse, disant:
တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
2 Prends Aaron avec ses fils, leurs vêtements, l’huile de l’onction, le veau pour le péché, les deux béliers et la corbeille des azymes,
``အာ​ရုန်​နှင့်​သူ​၏​သား​တို့​ကို​ငါ​စံ​တော်​မူ​ရာ တဲ​တော်​တံ​ခါး​ဝ​သို့​ခေါ်​ဆောင်​ခဲ့​လော့။ ယဇ် ပု​ရော​ဟိတ်​ဝတ်​စုံ​များ၊ သိက္ခာ​တင်​ဆီ၊ အ​ပြစ်​ဖြေ ရာ​ယဇ်​အ​တွက်​နွား​ပျို​တစ်​ကောင်၊ သိုး​ထီး​နှစ် ကောင်၊ တ​ဆေး​မဲ့​မုန့်​တစ်​တောင်း​ကို​ယူ​ခဲ့​လော့။-
3 Et tu réuniras toute l’assemblée devant la porte du tabernacle.
ထို့​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​အား​လုံး​ကို ထို​နေ​ရာ​၌​စု​ရုံး​စေ​လော့'' ဟု​မိန့်​တော်​မူ​သည်။
4 Moïse fit comme le Seigneur avait commandé, et, toute la multitude assemblée devant la porte du tabernacle,
မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ သည့်​အ​တိုင်း​ဆောင်​ရွက်​၏။ လူ​တို့​စု​ဝေး ရောက်​ရှိ​လာ​သော​အ​ခါ၊-
5 Il dit: Voici la parole que le Seigneur a commandé qu’on accomplisse.
မော​ရှေ​က​သူ​တို့​အား``ယ​ခု​ငါ​ပြု​လုပ်​မည့် အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ ငါ​ပြု​လုပ်​ခြင်း​ဖြစ်​သည်'' ဟု​ဆို​လေ​၏။
6 Et aussitôt il présenta Aaron et ses fils. Et lorsqu’il les eut lavés,
ထို့​နောက်​မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​သည်​အ​တိုင်း အာ​ရုန်​နှင့်​သူ​၏​သား တို့​ကို​ရှေ့​သို့​ထုတ်​ဆောင်​၍​ရေ​ဆေး​ကြော စေ​၏။-
7 Il revêtit le pontife de la tunique de lin de dessous, le ceignant de la ceinture et le couvrant de la tunique d’hyacinthe, et il mit l’éphod par-dessus.
အာ​ရုန်​အား​အင်္ကျီ၊ ဝတ်​ရုံ​နှင့်​ခါး​ပန်း​ကို ခါး​တွင်​ဝတ်​ဆင်​ပေး​၏။ ထို​နောက်​သင်​တိုင်း ကို​ဝတ်​ပေး​၍​လှ​ပ​စွာ​ရက်​ထား​သော​ခါး စည်း​ဖြင့်​သင်​တိုင်း​ကို​ချည်​နှောင်​ပေး​၏။-
8 Le serrant avec la ceinture, il y adapta le pectoral, sur lequel était: La Doctrine et la Vérité.
ရင်​ဖုံး​ကို​တပ်​ဆင်​ပေး​ပြီး​လျှင်​ရင်​ဖုံး​ထဲ ၌​ဥ​ရိမ်​နှင့်​သု​မိမ် ကို​ထည့်​ထား​၏။-
9 Il couvrit aussi sa tête de la tiare, et sur la tiare, contre le front, il posa la lame d’or consacrée pour la sanctification, comme lui avait ordonné le Seigneur.
အာ​ရုန်​၏​ဦး​ခေါင်း​ပေါ်​တွင်​ဗောင်း​ထုပ်​ကို​တင်​၍ ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​သည့်​အ​ထိမ်း အ​မှတ်​ဖြစ်​သော​ရွှေ​သင်း​ကျစ်​ကို​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း​ဗောင်း ထုပ်​ရှေ့​တွင်​တပ်​ဆင်​ပေး​၏။
10 Il prit aussi l’huile de l’onction, dont il oignit le tabernacle avec toutes ses dépendances;
၁၀ထို​နောက်​မော​ရှေ​သည်​သိက္ခာ​တင်​ဆီ​ကို​ယူ ၍ ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် နှင့်​တဲ​တော်​အ​တွင်း​ရှိ​ပစ္စည်း​တန်​ဆာ​အား လုံး​ကို​လိမ်း​လေ​၏။ ဤ​နည်း​အား​ဖြင့်​ထာ​ဝ​ရ ဘု​ရား​အား​တဲ​တော်​နှင့်​တဲ​တော်​ဆိုင်​ရာ ပစ္စည်း​ရှိ​သ​မျှ​ကို​ဆက်​ကပ်​လေ​သည်။-
11 Et, lorsque, pour le sanctifier, il eut aspergé l’autel sept fois, il l’oignit ainsi que tous les vases et le bassin avec sa base, et il les sanctifia avec l’huile.
၁၁ထို​နောက်​မော​ရှေ​သည်​ဆီ​အ​နည်း​ငယ်​ကို ယူ​ပြီး​လျှင် ယဇ်​ပလ္လင်​နှင့်​ယဇ်​ပလ္လင်​ဆိုင်​ရာ​ပစ္စည်း တန်​ဆာ​တို့​ကို​လည်း​ကောင်း၊ အင်​တုံ​နှင့်​၎င်း ၏​အောက်​ခြေ​ကို​လည်း​ကောင်း​ခု​နစ်​ကြိမ် ဖျန်း​၍​ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ် လေ​သည်။-
12 Versant l’huile sur la tête d’Aaron, il l’oignit et le consacra.
၁၂တစ်​ဖန်​သူ​သည်​ဆီ​အ​နည်း​ငယ်​ကို​အာ​ရုန် ၏​ဦး​ခေါင်း​ပေါ်​တွင်​လောင်း​လျက် ယဇ်​ပု​ရော ဟိတ်​အ​ဖြစ်​သိက္ခာ​တင်​သည်။-
13 Ses fils aussi, après les avoir présentés, il les revêtit de tuniques de lin, les ceignit de ceintures et posa des mitres sur leurs têtes, comme avait commandé le Seigneur.
၁၃ထို​နောက်​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​သည့်​အ​တိုင်း​အာ​ရုန်​၏​သား​များ​ကို ရှေ့​သို့​ခေါ်​ဆောင်​၍ အင်္ကျီ​များ​ကို​ဝတ်​ဆင်​ပေး ပြီး​နောက်​ခါး​ပန်း​ကို​ခါး​တွင်​စည်း​ပေး​၏။ ဦး ခေါင်း​များ​ပေါ်​တွင်​လည်း​ဦး​ထုပ်​များ​ကို ဆောင်း​ပေး​၏။
14 Il offrit encore le veau pour le péché: et lorsque Aaron et ses fils eurent mis leurs mains sur sa tête,
၁၄ထို​နောက်​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့် မှာ​တော်​မူ​သည့်​အ​တိုင်း အ​ပြစ်​ဖြေ​ရာ​ယဇ် ပူ​ဇော်​ရန်​နွား​ပျို​ကို​ထုတ်​ဆောင်​ခဲ့​၍ အာ​ရုန် နှင့်​သူ​၏​သား​တို့​အား​နွား​၏​ဦး​ခေါင်း​ပေါ် တွင်​လက်​ကို​တင်​စေ​သည်။-
15 Il l’immola: prenant le sang, et y trempant son doigt, il toucha les cornes de l’autel tout autour; l’autel purifié et sanctifié, il y répandit le reste du sang au pied.
၁၅မော​ရှေ​သည်​နွား​ကို​သတ်​ပြီး​လျှင်​လက်​ချောင်း ဖြင့်​သွေး​အ​နည်း​ငယ်​ကို​ယူ​၍ ယဇ်​ပလ္လင်​ထောင့် များ​၌​ရှိ​သော​အ​တက်​များ​ကို​သုတ်​လိမ်း ခြင်း၊ ကျန်​သော​သွေး​ကို​ယဇ်​ပလ္လင်​၏​အောက် ခြေ​တွင်​သွန်း​လောင်း​ခြင်း​ဖြင့်​ပလ္လင်​ကို​ဆက် ကပ်​၍​အ​ပြစ်​ဖြေ​ရာ​ယဇ်​ပူ​ဇော်​နိုင်​ရန် သန့်​ရှင်း​စေ​၏။-
16 Quant à la graisse qui était sur les entrailles, à la membrane réticulaire du foie et aux deux reins avec leurs parties grasses, il les brûla sur l’autel;
၁၆မော​ရှေ​သည်​ဝမ်း​တွင်း​သား​မှ​အ​ဆီ​အား လုံး၊ အ​သည်း​မှ​အ​ဆီ၊ ကျောက်​ကပ်​နှင့် ကျောက်​ကပ်​အ​ဆီ​တို့​ကို​ထုတ်​ယူ​၍​ယဇ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​သည်။-
17 Brûlant hors du camp le veau avec la peau, la chair et la fiente, comme l’avait ordonné le Seigneur.
၁၇သူ​သည်​နွား​သား​ရေ​အ​သား​နှင့်​အူ​များ အ​ပါ​အ​ဝင်​ကျန်​သော​အ​ပိုင်း​တို့​ကို ထာ ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း စ​ခန်း​အ​ပြင်​ဘက်​၌​မီး​ရှို့​လေ​သည်။
18 Il offrit aussi en holocauste le bélier; sur la tête duquel lorsque Aaron et ses fils eurent posé leurs mains,
၁၈ထို့​နောက်​မော​ရှေ​သည်​မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော် ရန်​သိုး​ထီး​ကို​ထုတ်​ဆောင်​ခဲ့​၍ အာ​ရုန်​နှင့်​သူ ၏​သား​တို့​အား​သိုး​၏​ဦး​ခေါင်း​ပေါ်​တွင် လက်​ကို​တင်​စေ​၏။-
19 Il l’immola et il en répandit le sang autour de l’autel.
၁၉မော​ရှေ​သည်​သိုး​ကို​သတ်​ပြီး​လျှင် သွေး​ကို ယဇ်​ပလ္လင်​လေး​ဘက်​ပေါ်​သို့​ပက်​ဖျန်း​လေ သည်။-
20 Et le bélier lui-même, le coupant en morceaux, il en brûla au feu la tête, les membres et la graisse,
၂၀မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ သည့်​အ​တိုင်း သိုး​ကို​အ​ပိုင်း​ပိုင်း​ဖြတ်​ပြီး လျှင်​ဝမ်း​တွင်း​သား​နှင့်​နောက်​ခြေ​တို့​ကို​ရေ နှင့်​ဆေး​၍ သိုး​၏​ဦး​ခေါင်း၊ အ​ဆီ​မှ​စ​၍ တစ်​ကောင်​လုံး​ကို​မီး​ရှို့​ပူ​ဇော်​လေ​သည်။ ဤ မီး​ရှို့​ရာ​ယဇ်​သည်​ပူ​ဇော်​သကာ​ဖြစ်​၍ ၎င်း ၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော် မူ​၏။
21 Les intestins et les pieds ayant été auparavant lavés; et il brûla le bélier tout entier sur l’autel, parce que c’était un holocauste d’une très suave odeur pour le Seigneur, comme il lui avait ordonné.
၂၁
22 Il offrit encore le second bélier pour la consécration des prêtres; et Aaron et ses fils posèrent leurs mains sur sa tête;
၂၂ထို​နောက်​မော​ရှေ​သည်​ယဇ်​ပု​ရော​ဟိတ်​များ ကို​သိက္ခာ​တင်​ရာ​၌​ပူ​ဇော်​ရန် ဒု​တိ​ယ​သိုး ထီး​ကို​ယူ​ဆောင်​ခဲ့​၍ အာ​ရုန်​နှင့်​သူ​၏​သား တို့​က​သိုး​၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို တင်​ကြ​သည်။-
23 Lorsque Moïse l’eut immolé, prenant de son sang, il toucha l’extrémité de l’oreille droite d’Aaron et le pouce de sa main droite et également de son pied.
၂၃မော​ရှေ​သည်​သိုး​ကို​သတ်​ပြီး​လျှင်​သွေး အ​နည်း​ငယ်​ကို​ယူ​၍ အာ​ရုန်​၏​လက်​ယာ နား​ပျဉ်း​ကို​လည်း​ကောင်း၊ လက်​ယာ​လက်​မ နှင့်​လက်​ယာ​ခြေ​မ​တို့​ကို​လည်း​ကောင်း သုတ်​လေ​သည်။-
24 Il présenta aussi les fils d’Aaron; et lorsque avec le sang du bélier immolé il eut touché l’extrémité de l’oreille droite de chacun d’eux et les pouces de la main et du pied droits, il répandit le reste sur l’autel tout autour;
၂၄ထို့​နောက်​အာ​ရုန်​၏​သား​တို့​ကို​ခေါ်​ပြီး​လျှင် သူ​တို့​၏​လက်​ယာ​နား​ပျဉ်း​များ၊ လက်​ယာ လက်​မ​များ​နှင့်​လက်​ယာ​ခြေ​မ​များ​ကို သိုး​သွေး​ဖြင့်​သုတ်​လေ​သည်။ မော​ရှေ​သည် ကျန်​သော​သွေး​ကို​ယဇ်​ပလ္လင်​လေး​ဘက်​ပေါ် သို့​ပက်​ဖျန်း​လေ​သည်။-
25 Mais la graisse, la queue, toute la graisse qui couvre les intestins, la membrane réticulaire du foie et les deux reins avec leurs graisses et l’épaule droite, il les sépara.
၂၅သူ​သည်​သိုး​၏​အ​ဆီ၊ ဆူ​ဖြိုး​သော​အ​မြီး၊ ဝမ်း​တွင်း​သား​မှ​အ​ဆုံး​အ​ပိုင်း၊ အ​သည်း မှ​အ​ဆီ၊ ကျောက်​ကပ်​နှင့်​ကျောက်​ကပ်​အ​ဆီ၊ လက်​ယာ​ပေါင်​တို့​ကို​ထုတ်​ယူ​သည်။-
26 Or, prenant de la corbeille des azymes, qui était devant le Seigneur, un pain sans levain, une galette arrosée d’huile et un beignet, il les mit sur les graisses et sur l’épaule droite,
၂၆ထို့​နောက်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ဆက် ကပ်​ထား​သော​တ​ဆေး​မဲ့​မုန့်​တောင်း​ထဲ​မှ​မုန့်၊ ဆီ​နှင့်​လုပ်​သော​မုန့်၊ မုန့်​ကြွပ်​တို့​ကို​တစ်​ခု စီ​ယူ​၍​သိုး​အ​ဆီ​နှင့်​လက်​ယာ​ပေါင်​အ​ပေါ် တွင်​တင်​သည်။-
27 Remettant à la fois toutes ces choses à Aaron et à ses fils. Après que ceux-ci les eurent élevées devant le Seigneur,
၂၇သူ​သည်​၎င်း​တို့​ကို​အာ​ရုန်​နှင့်​သူ​၏​သား​တို့ လက်​သို့​ပေး​အပ်​သ​ဖြင့် သူ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား​အ​ထူး​ပူ​ဇော်​သ​ကာ​အ​ဖြစ် ဆက်​သ​ကြ​သည်။-
28 Moïse les ayant reçues de nouveau de leurs mains, les brûla sur l’autel de l’holocauste, parce que c’était une oblation de consécration, en odeur de suavité de sacrifice pour le Seigneur.
၂၈ထို့​နောက်​မော​ရှေ​သည်​ထို​ပူ​ဇော်​သ​ကာ​များ ကို​သူ​တို့​ထံ​မှ​ပြန်​ယူ​သ​ဖြင့် သူ​သည် သိက္ခာ တင်​ရာ​ပူ​ဇော်​သ​ကာ​အ​ဖြစ်​ယဇ်​ပလ္လင်​ပေါ် ရှိ​မီး​ရှို့​ရာ​ယဇ်​ကောင်​အ​ပေါ်​သို့​တင်​လျက် မီး​ရှို့​လေ​သည်။ ထို​ပူ​ဇော်​သ​ကာ​သည်​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​သော​ပူ​ဇော်​သ​ကာ​ဖြစ်​၍ ၎င်း​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက် တော်​မူ​၏။-
29 Et il prit, l’élevant devant le Seigneur, la poitrine du bélier de la consécration pour sa part, comme lui avait ordonné le Seigneur.
၂၉ထို့​နောက်​မော​ရှေ​သည်​သိုး​၏​ရင်​ပုံ​သား​ကို အ​ထူး​ပူ​ဇော်​သ​ကာ​အ​ဖြစ် ထာ​ဝ​ရ​ဘု​ရား အား​ဆက်​ကပ်​လေ​သည်။ ထို​ရင်​ပုံ​သား​မှာ သိက္ခာ​တင်​ရာ​ယဇ်​ကောင်​မှ​မော​ရှေ​ပိုင်​ဝေ​စု ဖြစ်​သည်။ မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့် မှာ​တော်​မူ​သ​မျှ​အ​တိုင်း​ဆောင်​ရွက်​လေ သည်။
30 Prenant ensuite le parfum à oindre et le sang qui était sur l’autel, il fit l’aspersion sur Aaron et sur ses vêtements, sur ses fils et sur leurs vêtements,
၃၀ထို့​နောက်​မော​ရှေ​သည်​သိက္ခာ​တင်​ဆီ​အ​နည်း ငယ်​နှင့်​ယဇ်​ပလ္လင်​ပေါ်​တွင်​ရှိ​သော​သွေး​အ​နည်း ငယ်​ကို​ယူ​၍ အာ​ရုန်​နှင့်​သူ​၏​သား​များ​အ​ပေါ် သို့​လည်း​ကောင်း၊ သူ​တို့​၏​အ​ဝတ်​များ​အ​ပေါ် သို့​လည်း​ကောင်း​ပက်​ဖျန်း​လေ​သည်။ ယင်း​သို့ ပြု​လုပ်​ခြင်း​အား​ဖြင့်​သူ​သည် အာ​ရုန်​နှင့် သူ​၏​သား​များ​နှင့်​တ​ကွ​သူ​တို့​ဝတ်​ဆင် သော​အ​ဝတ်​များ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ ဆက်​ကပ်​လေ​သည်။
31 Et lorsqu’il les eut sanctifiés dans leur vêtement, il leur ordonna, disant: Faites cuire la chair devant la porte du tabernacle, et là mangez-la; mangez aussi les pains de la consécration qui ont été mis dans la corbeille, comme m’a ordonné le Seigneur, disant: Aaron et ses fils les mangeront;
၃၁ထို့​နောက်​မော​ရှေ​က​အာ​ရုန်​နှင့်​သူ​၏​သား တို့​အား``ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့် အ​တိုင်း သိုး​၏​အ​သား​ကို​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​အ​နီး​တွင် ပြုတ်​၍ ထို​အ​သား​ကို​သိက္ခာ​တင်​ရာ​မုန့် တောင်း​ထဲ​မှ​မုန့်​နှင့်​စား​ကြ​လော့။-
32 Et tout ce qui sera de reste de la chair et des pains le feu le consumera.
၃၂ကြွင်း​ကျန်​သော​အ​သား​နှင့်​မုန့်​ကို​မီး​ရှို့ ရ​မည်။
33 Vous ne sortirez plus hors de la porte du tabernacle pendant sept jours jusqu’au jour où sera accompli le temps de votre consécration; car c’est en sept jours que s’achève la consécration,
၃၃သင်​တို့​သည်​သိက္ခာ​တင်​မင်္ဂ​လာ​ကာ​လ​ခု​နစ် ရက်​မ​စေ့​မီ တဲ​တော်​တံ​ခါး​အ​ပြင်​သို့​မ ထွက်​ရ။-
34 Comme il a été fait aussi présentement, afin que le rite du sacrifice fût accompli.
၃၄သင်​တို့​အ​ပြစ်​ပြေ​စေ​ရန်​အ​တွက်​ငါ​တို့ ယ​နေ့​ပြု​သော​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း​ဖြစ်​သည်။-
35 Jour et nuit vous demeurerez dans le tabernacle, observant les veilles du Seigneur, pour que vous ne mouriez pas; car il m’a été ainsi ordonné,
၃၅သင်​တို့​သည်​တဲ​တော်​တံ​ခါး​ဝ​တွင်​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​ကို ခု​နစ်​ရက် ပတ်​လုံး​နေ့​ည​မ​ပြတ်​ဆောင်​ရွက်​လျက်​နေ ရ​မည်။ သင်​တို့​သည်​မိန့်​မှာ​တော်​မူ​သည် အ​တိုင်း​မ​ဆောင်​ရွက်​လျှင် သေ​ရ​လိမ့်​မည် ဟု​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား​မိန့်​တော် မူ​ပြီ'' ဟူ​၍​ဆင့်​ဆို​လေ​သည်။-
36 Et Aaron et ses fils firent tout ce que le Seigneur avait dit par l’entremise de Moïse.
၃၆သို့​ဖြစ်​၍​အာ​ရုန်​နှင့်​သူ​၏​သား​တို့​သည် မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​ချက်​တို့​ကို​ဆောင်​ရွက်​ကြ​လေ သည်။

< Lévitique 8 >