< Josué 4 >
1 Et, quand ils eurent passé, le Seigneur dit à Josué:
၁လူအပေါင်းတို့သည် တယောက်မျှမကြွင်း ယော် ဒန်မြစ်ကို ကူးကြပြီးမှ၊ ထာဝရဘုရားက၊
2 Choisis douze hommes, un de chaque tribu,
၂လူများတို့တွင် တမျိုးတယောက်စီ၊ လူတဆယ် နှစ်ယောက်ကို ရွေးကောက်၍၊
3 Et ordonne-leur d’emporter du milieu du lit du Jourdain, où se sont arrêtés les pieds des prêtres, douze pierres très dures, que vous placerez dans l’endroit du camp où vous planterez cette nuit les tentes,
၃သူတို့သည် ယော်ဒန်မြစ်အလယ်၊ ယဇ်ပုရော ဟိတ်တို့ မြဲမြံစွာနင်းရာ၊ ဤအရပ်ထဲက ကျောက်တဆယ် နှစ်လုံးကို ယူပြီးလျှင် ထမ်းသွား၍၊ ယနေ့ညဉ့်စားခန်းချ ရာအရပ်၌ ထားရမည်အကြောင်း ဆင့်ဆိုလော့ဟု ယောရှု အား မိန့်တော်မူသည်အတိုင်း၊
4 Josué appela donc les douze hommes qu’il avait choisis d’entre les enfants d’Israël, un de chaque tribu,
၄ယောရှုသည် ခန့်ထားနှင့်သော ဣသရေလ အမျိုးတမျိုးတယောက်စီ၊ လူတဆယ်နှစ်ယောက်ကို ခေါ်၍၊
5 Et il leur dit: Allez devant l’arche du Seigneur votre Dieu, au milieu de Jourdain, et emportez de là chacun une pierre sur vos épaules, selon le nombre des enfants d’Israël,
၅သင်တို့ဘုရားသခင် ထာဝရဘုရား၏ သေတ္တာ တော်ရှေ့၊ ယော်ဒန်မြစ်အလယ်သို့ ကူးသွား၍၊ ဣသရေလ အမျိုးအရေအတွက်အတိုင်း၊ လူတယောက် ကျောက် တလုံးစီယူ၍ ထမ်းသွားကြလော့။
6 Afin que ce soit un signe parmi vous. Et quand vos fils vous interrogeront demain, disant: Que veulent dire ces pierres?
၆သို့ပြုလျှင် သက်သေကို ရကြလိမ့်မည်။ နောင် ကာလ၌ သင်တို့၏ သားသမီးတို့က၊ ဤကျောက်တို့သည် အဘယ်သို့ဆိုလိုသနည်းဟု မေးမြန်းလျှင်၊
7 Vous leur répondrez: Les eaux du Jourdain se sont dissipées devant l’arche de l’alliance du Seigneur, quand elle le passait, c’est pourquoi ces pierres ont été placées comme un monument des enfants d’Israël pour toujours.
၇သင်တို့က၊ ထာဝရဘုရား၏ သေတ္တာတော်သည် ယော်ဒန်မြစ်ကို ကူးသောအခါ၊ သေတ္တာတော်ရှေ့မှာ မြစ်ရေပြတ်လေသည်ဟု ပြန်ပြောရကြမည်။ ထိုသို့ ဤကျောက်တို့သည် အစဉ်မပြတ် ဣသရေလအမျိုးသား အောက်မေ့စရာဘို့ ဖြစ်ကြလိမ့်မည်ဟု ယောရှုမှာထား သည်အတိုင်း၊
8 Les enfants d’Israël firent donc comme ordonna Josué, portant du milieu du lit du Jourdain douze pierres, comme le Seigneur lui avait commandé, selon le nombre des enfants d’Israël, jusqu’au lieu dans lequel ils étaient campés; et c’est là qu’ils les placèrent.
၈ဣသရေလအမျိုးသားတို့သည် ပြုကြ၏။ ထာဝရဘုရားသည် ယောရှုအား မိန့်တော်မူသည်နှင့် အညီ၊ ဣသရေလအမျိုး အရေအတွက်အတိုင်း၊ ယော်ဒန် မြစ်ထဲက ကျောက်တဆယ်နှစ်လုံးကို ယူပြီးမှ၊ စားခန်းချ ရာအရပ်သို့ ထမ်းသွား၍ ထားကြ၏။
9 Josué plaça aussi douze autres pierres au milieu du lit du Jourdain, où s’arrêtèrent les prêtres qui portaient l’arche de l’alliance; et elles sont là jusqu’au présent jour.
၉တဖန်တုံ၊ ပဋိညာဉ်သေတ္တာတော်ကို ထမ်းသော ယဇ်ပုရောဟိတ်တို့နင်းရာအရပ် ယော်ဒန်မြစ်အလယ်၌ ကျောက်တဆယ်နှစ်လုံးကို ယောရှုသည် စိုက်ထား၍ ယနေ့တိုင်အောင် ရှိကြ၏။
10 Or, les prêtres qui portaient l’arche se tenaient au milieu du Jourdain, jusqu’à ce que fût accompli tout ce que le Seigneur avait ordonné à Josué d’annoncer au peuple, et que lui avait dit Moïse. Et le peuple se hâta et passa le fleuve.
၁၀ယောရှုသည် မောရှေမှာထားသည်အတိုင်း၊ လူများတို့အား ဆင့်ဆိုစေခြင်းငှါ ထာဝရဘုရား မိန့်တော် မူသမျှတို့ကို အကုန်အစင်ပြုသည်တိုင်အောင် သေတ္တာ တော်ကို ထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊ ယော်ဒန် မြစ်အလယ်၌ ရပ်နေကြ၏။ လူများတို့သည်လည်း ကြိုးစား၍ ကူးကြ၏။
11 Et lorsque tous eurent passé, l’arche du Seigneur passa aussi, et les prêtres marchaient devant le peuple.
၁၁လူများအပေါင်းတို့သည် အကုန်အစင်ကူးကြပြီး မှ၊ ထာဝရဘုရား၏ သေတ္တာတော်နှင့်တကွ ယဇ်ပုရော ဟိတ်တို့သည် လူများမျက်မှောက်တွင် ကူးကြ၏။
12 De plus, les enfants de Ruben et de Gad, et la demi-tribu de Manassé, armés, précédaient les enfants d’Israël, comme leur avait ordonné Moïse;
၁၂ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသား၊ မနာရှေ အမျိုး သားတဝက်တို့သည် မောရှေမှာခဲ့သည်အတိုင်း လက်နက် ကို စွဲကိုင်၍၊ ဣသရေလအမျိုးသားတို့ရှေ့မှာ ကူးသွား ကြ၏။
13 Et quarante mille combattants marchaient par bandes et par bataillons à travers les plaines et les campagnes de la ville de Jéricho.
၁၃ထိုအမျိုးသားတို့သည် အရေအတွက်အားဖြင့် လေးသောင်းခန့်မျှရှိ၍၊ စစ်တိုက်ခြင်းငှါ ပြင်ဆင်လျက် ထာဝရဘုရားရှေ့တော်၌ ယေရိခေါလွင်ပြင်သို့ ကူးသွား ကြ၏။
14 En ce jour-là le Seigneur exalta Josué devant tout Israël, afin qu’ils le craignissent comme ils avaient craint Moïse pendant qu’il vivait.
၁၄ထိုနေ့၌ ထာဝရဘုရားသည် ဣသရေလအမျိုး သားအပေါင်းတို့ရှေ့မှာ ယောရှုကို ချီးမြှင့်တော်မူ၍၊ သူတို့ သည် မောရှေကို ကြောက်ရွံ့သကဲ့သို့ ယောရှုကိုလည်း သူ၏အသက်တည်သည် ကာလပတ်လုံးကြောက်ရွံ့ကြ၏။
၁၅တဖန် ထာဝရဘုရားက၊ သက်သေခံချက် သေတ္တာတော်ကို ထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊
16 Ordonne aux prêtres qui portent l’arche de l’alliance de monter du Jourdain.
၁၆ယော်ဒန်မြစ်ထဲက တက်လာရမည် အကြောင်း၊ ဆင့်ဆိုလော့ဟု မိန့်တော်မူသည်အတိုင်း၊
17 Et il leur ordonna, disant: Montez du Jourdain.
၁၇ယော်ဒန်မြစ်ထဲက တက်လာကြလော့ဟု ယဇ်ပု ရောဟိတ်တို့အား ယောရှုသည် ဆင့်ဆိုလေ၏။
18 Et lorsqu’ils furent montés, portant l’arche de l’alliance du Seigneur, et qu’ils eurent commencé à marcher sur la terre sèche, les eaux revinrent dans leur lit, et elles coulaient comme elles avaient coutume auparavant.
၁၈ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာကို ထမ်း သော ယဇ်ပုရောဟိတ်တို့သည်၊ ယော်ဒန်မြစ်အလယ်ထဲ က တက်လာ၍၊ ခြေဘဝါးတို့သည် ကုန်းကို နင်းမိကြ သောအခါ၊ ယော်ဒန်မြစ်ရေသည် မိမိနေရာသို့ ပြန်လာ၍၊ အရင်ကဲ့သို့ ကမ်းတရှောက်လုံးကို လျှံလျက်နေ၏။
19 Or, le peuple monta du Jourdain le dixième jour du premier mois, et ils campèrent à Galgala, vers le côté oriental de la ville de Jéricho.
၁၉ပဌမလ၊ ဒသမ နေ့ရက်တွင်၊ လူများတို့သည် ယော်ဒန်မြစ်ထဲကတက်လာ၍၊ ယေရိခေါမြို့အရှေ့ဘက် နားမှာ၊ ဂိလဂါလအရပ်၌ တပ်ချကြ၏။
20 Josué plaça aussi à Galgala les douze pierres qu’ils avaient prises dans le lit du Jourdain.
၂၀ယော်ဒန်မြစ်ထဲက ထုတ်ယူသော ကျောက်တ ဆယ်နှစ်လုံးကို ယောရှုသည် ဂိလဂါလအရပ်၌ စိုက်ထား ၏။
21 Et il dit aux enfants d’Israël: Quand vos fils interrogeront demain leurs pères, et leur diront: Que veulent dire ces pierres?
၂၁ဣသရေလအမျိုးသားတို့အားလည်း၊ နောင်ကာ လ၌ သင်တို့၏သားသမီးတို့က၊ ဤကျောက်တို့သည် အဘယ်သို့ ဆိုလိုသနည်းဟု အဘတို့အား မေးမြန်းလျှင်၊
22 Vous les instruirez et vous direz: C’est à travers son lit desséché qu’Israël a passé ce Jourdain.
၂၂သင်တို့က၊ ဣသရေလလူတို့သည် မြေပေါ်မှာ ရှောက်သကဲ့သို့ ဤယော်ဒန်မြစ်ကို ကူးလာကြသည်ဟု သားသမီးတို့အား ကြားပြောရကြမည်။
23 Le Seigneur votre Dieu ayant séché les eaux en votre présence jusqu’à ce que vous eussiez passé, Comme il avait fait auparavant à la mer Rouge, jusqu’à ce que nous eussions passé,
၂၃ထာဝရဘုရားသည် တန်ခိုးကြီးတော်မူသည်ကို မြေကြီးသားအပေါင်းတို့သည် သိကြမည်အကြောင်းနှင့် သင်တို့၏ဘုရားသခင် ထာဝရဘုရားကို သင်တို့သည် အစဉ်အမြဲ ကြောက်ရွံ့ရမည်အကြောင်း၊ ငါတို့သည် ဧဒုံပင်လယ်ကို ကူး၍ ကမ်းတဘက်သို့ မရောက်မှီတိုင် အောင်၊
24 Afin que tous les peuples de la terre connaissent la main toute puissante du Seigneur, et que vous-mêmes vous craigniez aussi le Seigneur votre Dieu en tout temps.
၂၄သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် ငါတို့ရှေ့မှာ ပင်လယ်ရေကို ခန်းခြောက်စေတော်မူသည် နည်းတူ၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ကမ်းတ ဘက်သို့ မရောက်မှီတိုင်အောင်၊ သင်တို့ရှေ့မှာ မြစ်ရေကို ခန်းခြောက်စေတော်မူသည်ဟု ယောရှုမှာထားလေ၏။