< Josué 15 >
1 Ainsi le lot des enfants de Juda, selon leur parenté, fut celui-ci: Depuis la frontière d’Edom, le désert de Sin contre le midi, jusqu’à l’extrémité de la contrée australe.
၁ယုဒအမျိုးသားတို့သည် စာရေးတံပြု၍ အဆွေ အမျိုးအလိုက် အမွေခံရသောမြေဟူမူကား၊ တောင်မျက် နှာ၌ ဧဒုံပြည်နယ်နှင့် နီးစပ်လျက်၊ တေမန်ပြည်စွန်းမှ စ၍ ဇိနတောဖြစ်သော၊
2 Le commencement de ce pays est à la pointe de la mer très salée, et à cette langue de mer qui regarde le midi;
၂တောင်ဘက်အပိုင်းအခြားသည် သောဒုံအိုင်၌ တောင်အကွေ့မှထွက်၍၊
3 Et il sort contre la montée du Scorpion, et passe à Sina; puis, monte vers Cabesbarné, et parvient à Esron, montant vers Addar, et faisant le tour de Carcaa,
၃တောင်မျက်နှာနား၊ အကရဗ္ဗိမ်ကုန်းကို ရှောက် လျက် ဇိနရွာသို့ ရောက်လေ၏။ တဖန် တောင်မျက်နှာ နား၊ ကာဒေရှဗာနာရွာ၊ ဟေဇရုန်ရွာ၊ အာဒါရွာ၊ ကာကာ ရွာ၊
4 Et de là traversant Asémona, et arrivant jusqu’au torrent d’Egypte, et ses limites seront la grande mer: ce seront là ses confins du côté méridional.
၄အဇမုန်ရွာကို ရှောက်သဖြင့် အဲဂုတ္တုချောင်းသို့ လိုက်၍ ပင်လယ်၌ ဆုံးလေ၏။
5 Mais à l’orient, le commencement sera la mer très salée jusqu’à l’extrémité du Jourdain, et tout ce qui regarde vers l’aquilon, depuis la langue de mer jusqu’au même fleuve du Jourdain.
၅အရှေ့ဘက်၌ သောဒုံအိုင်သည် ယော်ဒန်မြစ်ဝ တိုင်အောင် အရှေ့အပိုင်းအခြားဖြစ်၏။ မြောက်ဘက် အပိုင်းအခြားသည် ယော်ဒန်မြစ်သို့ဆင်းရာ သောဒုံအိုင် ကွေ့မှ ထွက်၍၊
6 Sa frontière monte à Beth-Hagla, et passe de l’aquilon à Beth-Araba, montant vers la pierre de Boën, fils de Ruben,
၆ဗေသောဂလရွာသို့၎င်း၊ ဗေသရာဗရွာ မြောက် နားမှာရှောက်လျက် ရုဗင်သားဗောဟန်၏ ကျောက်သို့ ၎င်း ရောက်လေ၏။
7 S’étendant jusqu’aux frontières de Débéra, de la vallée d’Achor, contre l’aquilon, regardant Galgala qui est vis-à-vis de la montée d’Adommim, du côté austral du torrent; elle passe les eaux qui sont appelées Fontaine du Soleil, et se termine à la Fontaine du Rogel.
၇အာခေါ်ချိုင့်မြောက်ဘက်မှထွက်၍ ဒေဗိရရွာ သို့၎င်း၊ မြစ်တောင်ဘက် အဒုမ္မိမ်ကုန်းရှေ့၌ရှိသော ဂိလဂါလမြို့သို့၎င်း ရောက်ပြီးမှ၊ အင်ရှေမက်အိုင်၊ အင်္ရော ဂေလရွာလမ်းသို့ လိုက်လျက်၊
8 Elle monte aussi par la vallée du fils d’Ennom du côté du Jébuséen au midi, c’est-à-dire de Jérusalem: et de là montant jusqu’au sommet de la montagne, qui est contre Géennom, à l’occident, à l’extrémité de la vallée des Raphaïm, contre l’aquilon,
၈ဟိန္နုံသား၏ချိုင့်နား ယေရုရှလင်မြို့ရာ ယေဗု သိအရပ် တောင်ဘက်နားမှာရှောက်၍ ဟိန္နုံချိုင့်အ နောက်၊ ရေဖိမ်ချိုင့်မြောက်ဘက်၌ရှိသော တောင်ပေါ်သို့ တက်လေ၏။
9 Elle passe depuis le sommet de la montagne jusqu’à la fontaine de Nephtoa, et arrive jusqu’aux bourgs de la montagne d’Ephron; elle incline ensuite vers Baala, qui est Cariathiarim, c’est-à-dire. Ville des Forêts;
၉ထိုတောင်ပေါ်မှဆင်းပြန်၍၊ နေဖတောစမ်းရေ တွင်းကို ရှောက်သဖြင့် ဧဖရုန်တောင်နှင့်ဆိုင်သော မြို့ များသို့၎င်း၊ ကိရယတ်ယာရိမ်မြို့ ရာဗာလာမြို့သို့၎င်း၊
10 Elle tourne de Baala contre l’occident jusqu’à la montagne de Séïr, passe au côté de la montagne de Jarim, vers l’aquilon, à Cheslon, descend à Bethsamès, et passe à Thamna;
၁၀ဗာလာမြို့အနောက်ဘက်နားမှာ ရှောက်လျက် စိရတောင်သို့၎င်း၊ ခေသလုန်တောင်တည်းဟူသော ယာရိမ်တောင်မြောက်ဘက်နားမှာ ရှောက်လျက် ဗက်ရှေ မက်မြို့၊ တိမနာမြို့သို့၎င်း၊
11 Elle parvient contre la partie septentrionale d’Accaron, par le côté, incline ensuite vers Séchrona, passe la montagne de Baala, parvient jusqu’à Jebnéel, et se termine contre l’occident par la grande mer.
၁၁ဧကြုန်မြို့မြောက်ဘက်နားမှာ ရှောက်လျက် ရှိကြုန်ရွာသို့၎င်း၊ ဗာလာတောင်သို့၎င်း၊ ယာဗနေလရွာသို့ ၎င်း၊ ရောက်၍ ပင်လယ်၌ ဆုံးလေ၏။
12 Telles sont les limites des enfants de Juda, de tous côtés, selon leur parenté.
၁၂အနောက်ဘက်၌ ပင်လယ်ကြီးနှင့် ပင်လယ် ကမ်းပါးသည် အနောက်အပိုင်းအခြားဖြစ်၏။ ဤရွေ့ ကား ယုဒအမျိုးသား အဆွေအမျိုးအလိုက် နေရာပြည် နယ်အပိုင်းအခြားဖြစ်သတည်း။
13 Mais à Caleb, fils de Jéphoné, Josué donna en partage, au milieu des enfants de Juda, Cariath-Arbé du père d’Enac, la même qu’Hébron.
၁၃ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ယောရှုသည် ယုဒအမျိုးသားတို့တွင် ယေဖုန္န၏သား ကာ လက်အဘို့ ဟေဗြုန်မြို့တည်းဟူသော အာနကအဘအာ ဘ၏မြို့ကို ချပေးလေ၏။
14 Et Caleb extermina de cette ville les trois enfants d’Enac, Sésaï, Ahiman et Tholmaï, de la race d’Enac.
၁၄ထိုမြို့ထဲက ကာလက်သည် အာနကသားသုံး ယောက်၊ ရှေရှဲ၊ အဟိမန်၊ တာလမဲတို့ကို နှင်ထုတ်သော နောက်၊
15 Et montant de là, il vint vers les habitants de Dabir, qui auparavant était appelée Cariath-Sépher, c’est-à-dire Ville des lettres.
၁၅ကိရယဿေဖါအမည်ဟောင်းရှိသော ဒေဗိရ မြို့သားတို့ရှိရာသို့ တဖန်ချီသွား၍၊
16 Et Caleb dit: Celui qui attaquera Cariath-Sépher, et la prendra, je lui donnerai Axa, ma fille, pour femme.
၁၆ကိရယဿေဖါမြို့ကို တိုက်ယူလုပ်ကြံသောသူ အား ငါသည် သမီးအာခသကို ပေးစားမည်ဟုဆိုလျှင်၊
17 Othoniel, fils de Cénez et jeune frère de Caleb, la prit, et Caleb lui donna sa fille Axa pour femme.
၁၇ကာလက်ညီ ကေနတ်၏သား ဩသံယေလ သည် ထိုမြို့ကိုတိုက်ယူ၍ ကာလက်သည် သမီးအာခသကို သူ့အားပေးစားလေ၏။
18 Axa, lorsqu’ils allaient ensemble, fut engagée par son mari à demander à son père un champ; or, elle soupira pendant qu’elle était montée sur l’âne; alors Caleb: Qu’as-tu? lui dit-il.
၁၈ထိုမိန်းမသည် ခရီးသွားစဉ်အခါ၊ လယ်တကွက် ကို အဘ၌ တောင်းခြင်းငှါ လင်နှင့်တိုင်ပင်ပြီးမှ မြည်းပေါ် ကဆင်းလေ၏။ အဘကာလက်က အဘယ်အလိုရှိသ နည်းဟု မေးလျှင်၊
19 Et elle répondit: Accorde-moi une grâce: c’est une terre située au midi et aride, que tu m’as donnée, ajoutes-y une terre arrosée. Caleb lui en donna une arrosée en haut et en bas.
၁၉သမီးက ကောင်းကြီးပေးစေချင်ပါ၏။ ကိုယ် တော်သည် တောင်မျက်နှာအရပ်ကို ပေးပါပြီ။ စမ်းရေ တွင်းတို့ကိုလည်း ပေးတော်မူပါဦးဟု တောင်းသည်အ တိုင်း အဘသည် အထက်စမ်းရေတွင်း၊ အောက်စမ်းရေ တွင်းတို့ကို ပေးလေ၏။
20 Telle est la possession de la tribu des enfants de Juda, selon leur parenté.
၂၀ဤရွေ့ကား၊ ယုဒအမျိုးသား အဆွေအမျိုးအ လိုက် ခံရသောအမွေမြေ ဖြစ်သတည်း။
21 Et aux extrémités de la terre des enfants de Juda, le long des frontières d’Edom, au midi, étaient les villes: Cabséel, Eder, Jagur,
၂၁ယုဒအမျိုးသားပိုင်သော မြို့များဟူမူကား၊ ဧဒုံ ပြည်နှင့်နီးစပ်သော တောင်ပိုင်း၌ ကပ်ဇေလမြို့၊ ဧဒေရ မြို့၊ ယာဂုရမြို့၊
၂၂ကိနမြို့၊ ဒိမောနမြို့၊ အာဒဒါမြို့၊
၂၃ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဣသနန်မြို့၊
၂၄ဇိဖမြို့၊ တေလင်မြို့၊ ဗာလုတ်မြို့၊
25 Asor la nouvelle, Carioth, Hesron, qui est la même qu’Asor,
၂၅ဟာဇော်မြို့သစ်၊ ဟာဇော်မြို့ဟောင်းတည်းဟူ သော ဟေဇရုန်မြို့၊
၂၆အာမန်မြို့၊ ရှေမမြို့၊ မောလဒမြို့၊
27 Asergadda, Hassémon, Bethphélet,
၂၇ဟာဇာဂဒ္ဒမြို့၊ ဟေရှမုန်မြို့၊ ဗက်ပါလက်မြို့၊
28 Hasersual, Bersabée, Baziothia,
၂၈ဟာဇာရွာလမြို့၊ ဗေရရှေဘမြို့၊ ဗိဇ္ဇောသယာ မြို့၊
၂၉ဗာလာမြို့၊ ဣအိမ်မြို့၊ အာဇင်မြို့၊
30 Eltholad, Césil, Harma,
၃၀ဧလတောလဒ်မြို့၊ ခေသိလမြို့၊ ဟောမာမြို့၊
31 Sicéleg, Médéména, Sensenna,
၃၁ဇိကလတ်မြို့၊ မာဒမန္နာမြို့၊ သံသန္နာမြို့၊
32 Lébaoth, Sélim, Aen et Remmon: en tout vingt-neuf villes et leurs villages;
၃၂လေဗောက်မြို့၊ ရှိလဟိမ်မြို့၊ အအိန်မြို့၊ ရိမ္မုန် မြို့၊ ရွာနှင့်တကွ မြို့ပေါင်းကား သုံးဆယ်ခြောက်မြို့ တည်း။
33 Et dans les plaines: Estaol, Saréa, Aséna,
၃၃ချိုင့်၌လည်း ဧရှတောလမြို့၊ ဇောရာမြို့၊ အာရှ နာမြို့၊
34 Zanoé, Engannim, Taphua, Enaïm,
၃၄ဇာနောမြို့၊ အင်္ဂန္နိမ်မြို့၊ တာပွါမြို့၊ ဧနံမြို့၊
35 Jérimoth, Adullam, Socho, Azéca,
၃၅ယာမုတ်မြို့၊ အဒုလံမြို့၊ စောခေါမြို့၊ အဇေကာ မြို့၊
36 Saraïm, Adithaïm, Gédéra, et Gédérothaïm: quatorze villes et leurs villages;
၃၆ရှာရိမ်မြို့၊ အဒိသိမ်မြို့၊ ဂဒေရမြို့၊ ဂဒေရော သိမ်မြို့၊ ရွာနှင့်တကွ မြို့ပေါင်းကား၊ ဆယ်ငါးမြို့တည်း။
37 Sanam, Hadassa, Magdalgad,
၃၇ထိုမှတပါး၊ ဇေနန်မြို့၊ ဟဒါရှမြို့၊ မိဂဒလဂဒ်မြို့၊
38 Déléan, Masépha, Jecthel,
၃၈ဒိလန်မြို့၊ မိဇပါမြို့၊ ယောကသေလမြို့၊
39 Lachis, Bascath, Eglon,
၃၉လာခိရှမြို့၊ ဗောဇကတ်မြို့၊ ဧကလုန်မြို့၊
40 Chebbon, Léhéman, Céthlis,
၄၀ကဗ္ဗုန်မြို့၊ လာမံမြို့၊ ကိသလိတ်မြို့၊
41 Gidéroth, Bethdagon, Naama et Macéda: seize villes et leurs villages;
၄၁ဂဒေရုတ်မြို့၊ ဗက်ဒါဂုန်မြို့၊ နေမမြို့၊ မက္ကဒါမြို့၊ ရွာနှင့်တကွ ဆယ်ခြောက်မြို့တည်း။
၄၂ထိုမှတပါး၊ လိဗနမြို့၊ ဧသာမြို့၊ အာရှန်မြို့၊
၄၃ယိဖတမြို့၊ အာရှနာမြို့၊ နေဇိပ်မြို့၊
44 Ceïla, Achzib et Marésa: neuf villes et leurs villages;
၄၄ကိလမြို့၊ အောခဇိပ်မြို့၊ မရေရှမြို့၊ ရွာနှင့်တကွ ကိုးမြို့တည်း။
45 Accaron avec ses bourgs et ses petits villages,
၄၅ထိုမှတပါး ဧကြုန်မြို့နှင့်သူဆိုင်သော မြို့ရွာများ၊
46 Depuis Accaron jusqu’à la mer, tout ce qui s’étend vers Azot et ses bourgades;
၄၆ဧကြုန်မြို့မှစ၍ ပင်လယ်တိုင်အောင်၊ အာဇုတ် မြို့နှင့်နီးစပ်သောမြို့ရွာများ၊
47 Azot avec ses bourgs et ses petits villages; Gaza avec ses bourgs et ses petits villages, jusqu’au torrent d’Egypte, et la grande mer est sa limite;
၄၇အာဇုတ်မြို့နှင့် သူဆိုင်သော မြို့ရွာများ၊ အဲဂုတ္တု မြစ်၊ ပင်လယ်ကြီး၊ ပင်လယ်ကမ်းပါးတိုင်အောင်၊ ဂါဇမြို့ နှင့် သူဆိုင်သော မြို့ရွာများ၊
48 Et dans la montagne: Samir, Jéther, Socoth,
၄၈တောင်ပေါ်၌လည်း၊ ရှမိရမြို့၊ ယတ္တိရမြို့၊ စော ခေါမြို့၊
49 Danna, Chariathsenna, qui est la même que Dabir,
၄၉ဒန္နမြို့၊ ဒေဗိရမြို့တည်းဟူသော၊ ကိရယဿန္န မြို့၊
၅၀အာနပ်မြို့၊ ဧရှတမောမြို့၊ အာနိမ်မြို့၊
51 Gosen, Olon et Gilo: onze villes et leurs villages,
၅၁ဂေါရှင်မြို့၊ ဟောလုန်မြို့၊ ဂိလောမြို့၊ ရွာနှင့် တကွ ဆယ်တမြို့တည်း။
၅၂အာရပ်မြို့၊ ဒုမာမြို့၊ ဧရှန်မြို့၊
53 Janum, Beththaphua, Aphéca,
၅၃ယာနုံမြို့၊ ဗက်တာပွါမြို့၊ အာဖက်မြို့၊
54 Athmatha, Cariath-Arbé, qui est la même qu’Hébron, et Sior: neuf villes et leurs villages;
၅၄ဟုန္တမြို့၊ ဟေဗြုန်မြို့တည်းဟူသော ကိရယသာဘ မြို့၊ ဇိအောရမြို့၊ ရွာနှင့်တကွ ကိုးမြို့တည်း။
55 Mahon, Carmel, Ziph, Jota,
၅၅မောင်မြို့၊ ကရမေလမြို့၊ ဇိဖမြို့၊ ယုတ္တမြို့၊
56 Jezraël, Jucadam, Zanoë,
၅၆ယေဇရေလမြို့၊ ယောကဒံမြို့၊ ဇာနောမြို့၊
57 Accaïn, Gabaa et Thamna: dix villes et leurs villages.
၅၇ကဣနမြို့၊ ဂိဘာမြို့၊ တိမနမြို့၊ ရွာနှင့်တကွ ဆယ်မြို့တည်း။
58 Halhul, Bessur, Gédor,
၅၈ဟာလဟုလမြို့၊ ဗက်ဇုရမြို့၊ ဂေဒေါ်မြို့၊
59 Mareth, Béthanoth et Eltécon: six villes et leurs villages;
၅၉မာရပ်မြို့၊ ဗေသနုတ်မြို့၊ ဧလတေကုန်မြို့၊ ရွာ နှင့်တကွခြောက်မြို့တည်း။
60 Cariathbaal, qui est la même que Cariathiarim, ville des Forêts, et Arebba: deux villes et leurs villages;
၆၀ကိရယတ်ယာရိမ်မြို့တည်းဟူသော ကိရယတ် ဗာလမြို့၊ ရဗ္ဗာမြို့၊ ရွာနှင့်တကွ နှစ်မြို့တည်း။
61 Dans le désert: Betharaba, Meddin, Sachacha,
၆၁တော၌လည်း၊ ဗေသရာဗမြို့၊ မိဒ္ဒိန်မြို့၊ သေကာ ကမြို့၊
62 Nebsan, la ville de sel et Eugaddi: six villes et leurs villages.
၆၂နိဗရှန်မြို့၊ မေလက်မြို့၊ အင်္ဂေဒိမြို့၊ ရွာနှင့်တကွ ခြောက်မြို့တည်း။
63 Quant au Jébuséen, habitant de Jérusalem, les enfants de Juda ne purent le détruire; et le Jébuséen a habité avec les enfants de Juda dans Jérusalem jusqu’au présent jour.
၆၃ယေရုရှလင်မြို့၌နေသော ယေဗုသိလူတို့ကို ကား၊ ယုဒအမျိုးသားတို့သည် မနှင်ထုတ်နိုင်ဘဲ သူတို့ သည် ယနေ့တိုင်အောင် ယုဒအမျိုးသားတို့နှင့်အတူ ယေရုရှလင်မြို့၌ နေကြသတည်း။