< Isaïe 50 >

1 Voici ce que dit le Seigneur: Quel est cet acte de répudiation donné à votre mère, par lequel je l’ai renvoyée? ou quel est mon créancier à qui je vous ai vendus? voilà que pour vos iniquités vous avez été vendus, et pour vos crimes, j’ai renvoyé votre mère.
ထာ​ဝ​ရ​ဘု​ရား​က၊ ``ဇ​နီး​သည်​ကို​ကွာ​ရှင်း​ပစ် လိုက်​သည့် ယောကျာ်း​ကဲ့​သို့၊ ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​နှင်​ထုတ်​လိုက် သည်​ဟု သင်​တို့​ထင်​မှတ်​ကြ​ပါ​သ​လော။ ယင်း​သို့​နှင်​ထုတ်​လိုက်​ပါ​မူ​ဖြတ်​စာ​များ​ကား အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။ မိ​မိ​၏​သား​သ​မီး​များ​ကို​ကျွန်​အ​ဖြစ် ရောင်း​စား​သူ​ကဲ့​သို့၊ငါ​သည်​သင်​တို့​အား သုံ့​ပန်း​အ​ဖြစ်​ဖြင့်​ရောင်း​ချ​လိုက်​သည်​ဟု​သင်​တို့ ထင်​မှတ်​ကြ​ပါ​သ​လော။ သင်​တို့​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​ကြ သည်​မှာ သင်​တို့​၏​အ​ပြစ်​များ​ကြောင့်​ဖြစ်​ပေ​သည်။ သင်​တို့​သည်​မိ​မိ​တို့​ကူး​လွန်​ကြ​သည့် ရာ​ဇ​ဝတ်​မှု​များ​ကြောင့်​အ​နှင်​ခံ​ရကြ​ခြင်း ဖြစ်​၏။
2 Parce que je suis venu, et il n’y avait pas un homme: j’ai appelé, et il n’y avait personne qui entendit; est-ce que ma main s’est raccourcie, et est devenue toute petite, en sorte que je ne puisse vous racheter? ou bien n’y a-t-il pas en moi de force pour délivrer? Voici qu’à ma réprimande je ferai un désert de la mer; je mettrai les fleuves à sec; les poissons pourriront faute d’eau, et périront de soif.
``ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​ကယ်​ရန် လာ​စဉ်​အ​ခါ​က၊ အ​ဘယ်​ကြောင့်​သူ​တို့​သည်​ငါ့​အား​တုံ့​ပြန် ဖြေ​ကြား​မှု​မ​ပြု​ကြ​ပါ​သ​နည်း။ ငါ​ခေါ်​သော​အ​ခါ​အ​ဘယ်​ကြောင့်​မ​ထူး​ကြ ပါ​သ​နည်း။ ငါ​သည်​သူ​တို့​ကို​ကယ်​နိုင်​စွမ်း​မ​ရှိ​အောင်​ပင် အား​အင်​ချည့်​နဲ့​၍​နေ​ပါ​သ​လော။ ပင်​လယ်​ကို​အ​မိန့်​ပေး​၍​ငါ​ခန်း​ခြောက်​စေ​နိုင်​၏။ မြစ်​များ​ကို​သဲ​ကန္တာ​ရ​အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​နိုင်​၏။ ထို​မြစ်​တို့​တွင်​ရေ​မ​ရှိ​သ​ဖြင့်​ငါး​များ သေ​ကြ​ကုန်​၏။
3 J’envelopperai les cieux de ténèbres, et je leur mettrai un sac pour couverture.
မိုး​ကောင်း​ကင်​သည်​သူ​သေ​အ​တွက် ဝမ်း​နည်း​ပူ​ဆွေး​သည့်​အ​မှတ်​လက္ခ​ဏာ​ကို ပြ​သည့်​အ​လား မှောင်​မဲ​၍​လာ​အောင်​ငါ​ပြု​နိုင်​၏။''
4 Le Seigneur m’a donné une langue savante, afin que je sache soutenir par la parole celui qui est abattu; il prépare dès le matin, dès le matin il prépare mon oreille, afin que je l’écoute comme un maître.
မော​ပန်း​နွမ်း​နယ်​သူ​အား၊အား​အင်​ဖြည့်​တင်း​ပေး နိုင်​ရန် အ​ဘယ်​သို့​ပြော​ဆို​ရ​မည်​ကို ငါ့​အား​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် သွန်​သင်​ပေး​တော်​မူ​လေ​ပြီ။ မိ​မိ​သွန်​သင်​တော်​မူ​မည့်​အ​ရာ​ကို​နား​ထောင်​ရန် ကိုယ်​တော်​သည်​ငါ့​အား​နံ​နက်​တိုင်း​စိတ်​စော​လျက် နေ​စေ​တော်​မူ​၏။
5 Le Seigneur Dieu m’a ouvert l’oreille, et moi je ne le contredis pas; je ne me suis pas retiré en arrière.
ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​နား​လည်​နိုင်​သော သ​ဘော​ကို​ပေး​တော်​မူ​ပြီ​ဖြစ်​၍၊ ငါ​သည်​ကိုယ်​တော်​ကို​မ​ပုန်​ကန်။ အ​ထံ​တော်​မှ​လည်း​သွေ​ရှောင်​၍​မ​သွား​ပါ။
6 J’ai abandonné mon corps à ceux qui me frappaient, mes joues à ceux qui arrachaient ma barbe; je n’ai pas détourné ma face à ceux qui me réprimandaient et qui crachaient sur moi.
ငါ​သည်​မိ​မိ​ကို​ရိုက်​နှက်​သူ​တို့​အား​ကျော​ခင်း ၍ ပေး​ပါ​၏။ ငါ​၏​မုတ်​ဆိတ်​မွေး​တို့​ကို​ဆွဲ​နုတ်​ပြီး​လျှင် ငါ​၏​မျက်​နှာ​ကို​တံ​တွေး​နှင့်​ထွေး​၍၊ ငါ့​ကို​သူ​တို့​စော်​ကား​ကြ​သော​အ​ခါ​ငါ​သည် သူ​တို့​အား​ဆီး​တား​မှု​ကို​မ​ပြု။
7 Le Seigneur Dieu est mon aide; c’est pour cela que je n’ai pas été confondu; c’est pour cela que j’ai présenté ma face comme une pierre très dure, et je sais que je ne serai pas confondu.
သို့​ရာ​တွင်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် ငါ့​အား​ကူ​မ​တော်​မူ​သည်​ဖြစ်​၍၊ ထို​သူ​တို့​၏​စော်​ကား​မှု​များ​သည်​ငါ့​ကို ဘေး​အန္တ​ရာယ်​မ​ဖြစ်​စေ​နိုင်။ ထို​အ​ရာ​တို့​ကို​ခံ​နိုင်​ရန်​ငါ​သည်​အား​တင်း​၍ ထား​ပါ​၏။
8 Près de moi est celui qui me justifie, qui me contredira? présentons-nous ensemble, qui est mon adversaire? qu’il s’approche de moi.
ဘု​ရား​သ​ခင်​သည်​ငါ​၏​အ​နီး​တွင်​ရှိ​တော်​မူ​၍၊ ငါ​၌​အ​ပြစ်​မဲ့​ပုံ​ကို​သက်​သေ​ခံ​အ​ထောက်​အ​ထား ပြ​တော်​မူ​မည်​ဖြစ်​သ​ဖြင့်၊ ငါ​သည်​အ​သ​ရေ​ပျက်​ရ​လိမ့်​မည်​မ​ဟုတ်​ကြောင်း​ကို သိ​ပါ​၏။ ငါ့​အား​စွပ်​စွဲ​ပြော​ဆို​ရဲ​သူ​တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​မူ၊ ရုံး​တော်​သို့​သွား​ကြ​ကုန်​အံ့။ ထို​သူ​သည်​မိ​မိ​၏​စွပ်​စွဲ​ချက်​ကို​ယူ​ဆောင်​ခဲ့​ပါ​စေ။
9 Voici que le Seigneur Dieu est mon aide, qui est-ce qui me condamnera? voici que tous seront mis en pièces comme un vêtement, la teigne les rongera.
ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ပင် ငါ​၏​ဘက်​မှ​ခု​ခံ​လျှောက်​လဲ​တော်​မူ​မည်​ဖြစ်​၍ ငါ​၌​အပြစ်​ရှိ​ကြောင်း၊အ​ဘယ်​သူ​သည်​သက်​သေ​ခံ အ​ထောက်​အ​ထား​ပြ​နိုင်​ပါ​မည်​နည်း။ ငါ့​အား​စွပ်​စွဲ​ပြော​ဆို​သူ​မှန်​သ​မျှ​သည် ပျောက်​ကွယ်​သွား​ကြ​လိမ့်​မည်။ သူ​တို့​သည်​ပိုး​ကိုက်​သည့်​အ​ဝတ်​ကဲ့​သို့ ပျောက်​ပျက်​သွား​လိမ့်​မည်။
10 Qui de vous craint le Seigneur, écoute la voix de son serviteur? que celui qui a marché dans les ténèbres et en qui n’est pas la lumière, espère au nom du Seigneur, et qu’il s’appuie sur son Dieu.
၁၀ထာ​ဝ​ရ​ဘု​ရား​အား​ကြောက်​ရွံ့​ရို​သေ​၍၊ ကိုယ်​တော်​အ​စေ​ခံ​၏​စ​ကား​ကို​နား​ထောင်​သူ အ​ပေါင်း​တို့၊ သင်​တို့​လျှောက်​ရ​သည့်​လမ်း​သည်​မှောင်​လျက် နေ​ကောင်း​နေ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ယုံ​ကြည်​ကိုး​စား​ကြ​လော့။ သင်​တို့​၏​ဘု​ရား​သ​ခင်​ကို​မှီ​ခို​အား​ကိုး​ကြ​လော့။
11 Voici que vous tous qui avez allumé un feu, qui êtes environnés de flammes, marchez à la lumière de votre feu. et dans les flammes que vous avez allumées; c’est par ma main que cela vous a été fait, vous dormirez au milieu des douleurs.
၁၁သူ​တစ်​ပါး​တို့​အား​သုတ်​သင်​ဖျက်​ဆီး​ရန်​လျှို့​ဝှက် ကြံ​စည်​သူ​အ​ပေါင်း​တို့၊ သင်​တို့​သည်​မိ​မိ​တို့​၏​လျှို့​ဝှက်​ကြံ​စည်​မှု​ဖြင့်​ပင် ဆုံး​ပါး​ပျက်​စီး​ရကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​ဤ​အ​မှု​အ​ရာ​တို့​ကို ဖြစ်​စေ​မည်။ သူ​တို့​သည်​အ​တိ​ဒုက္ခ​နှင့်​ကြုံ​တွေ့​ရကြ​လိမ့်​မည်။

< Isaïe 50 >