< Exode 27 >
1 Tu feras encore un autel de bois de sétim, qui aura cinq coudées en longueur et autant en largeur, c’est-à-dire carré, et trois coudées en hauteur.
၁``အကာရှသစ်သားဖြင့်ယဇ်ပလ္လင်ကိုပြုလုပ် လော့။ ထိုပလ္လင်သည်အလျားခုနစ်ပေခွဲ၊ အနံ ခုနစ်ပေခွဲနှင့်အမြင့်လေးပေခွဲရှိစေရမည်။-
2 Mais les cornes en sortiront aux quatre angles; et tu le couvriras d’airain.
၂ပလ္လင်လေးထောင့်တွင်ဦးချိုသဏ္ဌာန်အတက် လေးခုရှိစေရမည်။ ထိုဦးချိုတို့သည်ပလ္လင် နှင့်တစ်သားတည်းရှိ၍ တစ်ခုလုံးကိုကြေး ဝါပြားဖြင့်ဖုံးထားရမည်။-
3 Et tu feras à son usage des chaudières pour recevoir les cendres, des pincettes, des fourchettes et des brasiers; tu feras tous ces instruments en airain.
၃ပြာနှင့်အဆီခံအိုး၊ ဂေါ်ပြား၊ အင်တုံ၊ ချိတ်၊ မီး ကျီးခံအိုးအစရှိသောယဇ်ပလ္လင်နှင့်ဆိုင်ရာ တန်ဆာရှိသမျှတို့ကိုကြေးဝါဖြင့်ပြုလုပ် ရမည်။-
4 Tu feras encore une grille d’airain en forme de rets: à ses quatre angles seront des anneaux d’airain,
၄ပလ္လင်အတွက်ကြေးဝါဆန်ခါကိုလည်းပြုလုပ် ရမည်။ ထိုဆန်ခါထောင့်လေးထောင့်တွင်ကြေးဝါ ကွင်းလေးကွင်းတပ်ဆင်ရမည်။-
5 Que tu mettras au-dessous du foyer de l’autel: et la grille viendra jusqu’au milieu de l’autel.
၅ပလ္လင်အမြင့်ထက်ဝက်နေရာ၌ဆန်ခါကိုတပ် ဆင်ရမည်။-
6 Tu feras aussi deux leviers d’autel de bois de sétim, que tu couvriras de lames d’airain:
၆ပလ္လင်ကိုထမ်းရန်အကာရှသစ်သားဖြင့်ထမ်း ပိုးများပြုလုပ်၍၊ ထိုထမ်းပိုးများကိုကြေး ဝါပြားဖြင့်ဖုံးထားရမည်။-
7 Et tu les passeras dans les anneaux; et ils seront des deux côtés de l’autel pour le porter.
၇ယဇ်ပလ္လင်ကိုသယ်ဆောင်ရန်ထမ်းပိုးများကို တစ်ဘက်တစ်ချက်ရှိကွင်းများတွင်လျှိုထား ရမည်။-
8 Tu ne feras point l’autel solide, mais vide et creux au dedans, comme il t’a été montré sur la montagne.
၈တောင်ပေါ်တွင်ငါပြသောပုံစံအတိုင်းယဇ်ပလ္လင် ကို ဟင်းလင်းပေါက်ဖြစ်စေရန်ပျဉ်ပြားဖြင့်ပြု လုပ်ရမည်။
9 Tu feras aussi le parvis du tabernacle au côté austral duquel seront contre le midi des rideaux de fin lin retors: un seul côté tiendra cent coudées en longueur.
၉``ငါစံတော်မူရာတဲတော်ကို ပိတ်ချောကန့်လန့် ကာတို့ဖြင့်ကာရံထားရမည်။ တောင်ဘက်ကိုက် ငါးဆယ်ရှည်သောကန့်လန့်ကာဖြင့်ကာရမည်။-
10 Et tu y poseras vingt colonnes avec autant de soubassements d’airain, lesquelles auront leurs chapiteaux avec leurs ornements d’argent.
၁၀ထိုကန့်လန့်ကာချိတ်ဆွဲရန်အတွက်တိုင်နှစ်ဆယ်၊ ဖိနပ်နှစ်ဆယ်တို့ကိုကြေးဝါဖြင့်ပြုလုပ်၍တိုင် ချိတ်၊ တိုင်တန်းများကိုငွေဖြင့်ပြီးစေရမည်။-
11 De même aussi du côté de l’aquilon il y aura des rideaux de cent coudées de long, vingt colonnes et des soubassements d’airain de même nombre; leurs chapiteaux avec leurs ornements seront d’argent.
၁၁မြောက်ဘက်တွင်လည်းထိုနည်းအတိုင်းကန့်လန့် ကာချိတ်ဆွဲရန်စီမံလော့။-
12 Mais dans la largeur du parvis qui regarde l’occident il y aura dans l’espace de cinquante coudées des rideaux, dix colonnes et autant de soubassements.
၁၂တဲတော်ဝင်းအနောက်ဘက်တွင်နှစ်ဆယ့်ငါးကိုက် ရှည်သောကန့်လန့်ကာကိုချိတ်ဆွဲရန်၊ တိုင်ဆယ် တိုင်နှင့်ဖိနပ်ဆယ်ခုရှိစေရမည်။-
13 De même, dans la largeur du parvis, laquelle regarde l’orient, il y aura cinquante coudées,
၁၃တဲတော်တံခါးဝတည်ရှိရာအရှေ့ဘက်တွင် လည်း၊ နှစ်ဆယ့်ငါးကိုက်ရှည်သောအကာအရံ ရှိစေရမည်။-
14 Dans lesquelles seront affectés à un côté des rideaux de quinze coudées, trois colonnes et autant de soubassements:
၁၄အဝင်ဝတစ်ဘက်တစ်ချက်တွင်ခုနစ်ကိုက်ခွဲ ရှည်သောကန့်လန့်ကာနှင့်တိုင်သုံးတိုင်၊ ဖိနပ် သုံးခုရှိစေရမည်။-
15 Et de l’autre côté seront des rideaux ayant quinze coudées, trois colonnes et autant de soubassements.
၁၅
16 Mais à l’entrée du parvis on fera un rideau de vingt coudées d’hyacinthe, de pourpre, d’écarlate deux fois teinte et d’un fin lin retors, en ouvrage de brodeur: cette entrée aura quatre colonnes et autant de soubassements.
၁၆တဲတော်ဝင်းတံခါးဝအတွက်အလျားဆယ် ကိုက်ရှိ၍သိုးမွေးအပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်နှင့်ချည်ချောတို့ဖြင့်ရက်သောပန်းထိုး ကန့်လန့်ကာပြုလုပ်ရမည်။ ထိုကန့်လန့်ကာကို ဖိနပ်လေးခုတွင်စွပ်ထားသောတိုင်လေးတိုင် ဖြင့်ချိတ်ဆွဲရမည်။-
17 Toutes les colonnes du parvis seront revêtues tout autour de lames d’argent; elles auront des chapiteaux d’argent et des soubassements d’airain.
၁၇တဲတော်ပတ်လည်ရှိတိုင်အားလုံးကိုငွေတန်းများ ဖြင့်ဆက်ထား၍၊ ချိတ်များကိုငွေဖြင့်လည်းကောင်း၊ ဖိနပ်များကိုကြေးဝါဖြင့်လည်းကောင်းပြုလုပ် ရမည်။-
18 En longueur le parvis aura cent coudées, en largeur cinquante; sa hauteur sera de cinq coudées; et il sera fait de fin lin retors, et il aura des soubassements d’airain.
၁၈တဲတော်ဝင်းအကာအရံသည်အလျားပေတစ် ရာ့ငါးဆယ်၊ အနံခုနစ်ဆယ့်ငါးပေနှင့်အမြင့် ခုနစ်ပေခွဲရှိရမည်။ ကန့်လန့်ကာများကိုပိတ် ချောဖြင့်လည်းကောင်း၊ ဖိနပ်များကိုကြေးဝါ ဖြင့်လည်းကောင်းပြုလုပ်ရမည်။-
19 Tous les vases du tabernacle destinés à tous les usages et à toutes les cérémonies, tant ses pieux que ceux du parvis, tu les feras d’airain.
၁၉တဲတော်အတွက်အသုံးအဆောင်ပစ္စည်းအား လုံးကိုလည်းကောင်း၊ တဲတော်နှင့်တဲတော်အကာ အရံအတွက်ကြက်ဆူးရှိသမျှကိုလည်းကောင်း၊ ကြေးဝါဖြင့်ပြုလုပ်ရမည်။
20 Ordonne aux enfants d’Israël qu’ils t’apportent de l’huile d’oliviers très pure, et pilée au mortier, afin qu’une lampe brûle toujours.
၂၀``ဆီမီးတိုင်ကိုညနေတိုင်းထွန်းညှိနိုင်ရန် အ ကောင်းဆုံးသံလွင်ဆီကိုယူဆောင်ခဲ့ကြလော့ ဟု ဣသရေလအမျိုးသားတို့အားဆင့်ဆို လော့။-
21 Dans le tabernacle de témoignage en dehors du voile qui est suspendu devant le témoignage. Et Aaron et ses fils la placeront, afin qu’elle éclaire jusqu’au matin devant le Seigneur. Ce sera un culte perpétuel durant leurs successions parmi les enfants d’Israël.
၂၁အာရုန်နှင့်သူ၏သားတို့သည်ထာဝရဘုရား စံတော်မူရာ တဲတော်အတွင်းပဋိညာဉ်သေတ္တာ ကို ကာရံထားသောကန့်လန့်ကာအပြင်ဘက် တွင်၊ ထိုဆီမီးတိုင်ကိုညနေမှနံနက်ထိ ထာဝရဘုရား၏ရှေ့တော်တွင်ထွန်းထားရ မည်။ ဣသရေလအမျိုးသားတို့နှင့်သူတို့၏ အဆက်အနွယ်တို့သည် ဤပညတ်ချက်ကို အမြဲစောင့်ထိန်းရကြမည်။