< Ecclésiaste 3 >
1 Toutes choses ont leur temps, et dans leurs limites elles passent toutes sous le ciel.
၁ခပ်သိမ်း သော အမှုအရာတို့သည် မိမိတို့အချိန် ရှိ၏။ မိုဃ်း ကောင်းကင်အောက် ၌ ကြံစည် သမျှ အသီးသီး တို့ကို ပြုရသောအချိန် ရှိ၏။
2 Il est un temps de naître et un temps de mourir; Un temps de planter, et un temps d’arracher ce qui a été planté;
၂ဘွား ချိန် နှင့် သေ ချိန် လည်းရှိ၏။ စိုက်ပျိုး ရသောအချိန် နှင့် စိုက်ပျိုး သောအရာကို နှုတ် ရသောအချိန် လည်း ရှိ၏။
3 Un temps de tuer, et un temps de guérir; Un temps d’abattre, et un temps de bâtir;
၃သတ် ရသောအချိန် နှင့် အနာ ပျောက်စေရသော အချိန် လည်း ရှိ၏။ ဖြိုဖျက် ရသောအချိန် နှင့် တည်ဆောက် ရသောအချိန် လည်း ရှိ၏။
4 Un temps de pleurer, et un temps de rire; Un temps de gémir, et un temps de sauter de joie;
၄ငို ရ သောအချိန် နှင့် ရယ် ရ သောအချိန် လည်းရှိ၏။ ညည်းတွား ရသောအချိန် နှင့် ကခုန် ရသောအချိန် လည်း ရှိ၏။
5 Un temps de disperser les pierres, et un temps de les rassembler; Un temps d’embrasser, et un temps de s’éloigner des embrassements;
၅ကျောက် တို့ကို ဖြန့်ကြဲ ရ သောအချိန် နှင့် စုသိမ်း ရသော အချိန် လည်း ရှိ၏။ ဘက်ယမ်း ရ သောအချိန် နှင့် ၊ မဘက်ယမ်း ဘဲ ခွဲခွါ ၍ နေရ သောအချိန် လည်း ရှိ၏။
6 Un temps d’acquérir, et un temps de perdre; Un temps de garder, et un temps de rejeter;
၆ဆည်းဖူး ရ သောအချိန် နှင့် ဥစ္စာပျောက် ရ သောအချိန် လည်းရှိ၏။ သိုထား ရ သောအချိန် နှင့် ပစ် လိုက် ရ သောအချိန် လည်းရှိ၏။
7 Un temps de déchirer, et un temps de coudre; Un temps de se taire, et un temps de parler;
၇အဝတ်ကို ဆုတ် ရ သောအချိန် နှင့် ချုပ် ရ သောအချိန် လည်းရှိ၏။ တိတ်ဆိတ် စွာနေသော အချိန် နှင့် ၊ စကားပြော ရ သော အချိန် လည်းရှိ၏။
8 Un temps d’amour, et un temps de haine; Un temps de guerre, et un temps de paix;
၈ချစ် ရ သောအချိန် နှင့် မုန်း ရ သောအချိန် လည်း ရှိ၏။ စစ်တိုက် သောအချိန် နှင့် စစ်ငြိမ်း ရသောအချိန် လည်း ရှိ၏။
9 Quel avantage a l’homme de son travail?
၉လုပ်ကိုင် သောသူသည်ကြိုးစား အားထုတ်ရာတွင် ၊ အဘယ် ကျေးဇူး ရှိသနည်း။
10 J’ai vu l’affliction qu’a donnée Dieu aux fils des hommes, pour qu’ils en soient tourmentés.
၁၀လူ သား တို့ ကျင်လည် ရာဘို့ ဘုရား သခင်ပေး တော်မူသောပင်ပန်း ခြင်းအမှုကို ငါကြည့် မြင်ပြီ။
11 Il a fait toutes choses bonnes en leur temps, et il a livré le monde à leurs disputes; en sorte que l’homme ne découvre pas l’œuvre que Dieu a opérée depuis le commencement jusqu’à la fin.
၁၁ခပ်သိမ်း သောအရာတို့ကို မိမိ တို့အချိန် တန်မှ၊ လျောက်ပတ် စွာ ဖန်ဆင်း တော်မူပြီ။ လူ စိတ် နှလုံးကို လည်း အနန္တ ကာလ၌ စွဲလန်း စေတော်မူပြီ။ သို့ရာတွင် ၊ ဘုရား သခင်စီရင် တော်မူသော အမှု ကို၊ အစ မှ အဆုံး တိုင်အောင် ၊ လူ သည် စစ် ၍မ ကုန်နိုင်။
12 Et j’ai reconnu qu’il n’y avait rien de mieux que de se réjouir et de faire le bien pendant sa vie.
၁၂ရွှင်လန်း ခြင်းအမှုနှင့် အသက်ရှင် စဉ် တွင်ကျေးဇူး ပြု ခြင်း အမှုမှတပါး အခြားသော အမှုအရာတို့၌၊ အကျိုး ကျေးဇူးမ ရှိသည်ကို ငါသိ ၏။
13 Car tout homme qui mange, boit et voit le bien de son travail, c’est un don de Dieu.
၁၃လူ တိုင်း စား သောက် ခြင်းငှါ ၎င်း ၊ မိမိ ကြိုးစား အားထုတ်သမျှ သောအမှု၌ ပျော်မွေ့ ခြင်းငှါ၎င်း၊ ဘုရား သခင်၏ ကျေးဇူးတော် ကြောင့်သာ အခွင့် ရှိ၏။
14 J’ai appris que les œuvres que Dieu a faites persévèrent à perpétuité; nous ne pouvons rien ajouter ni rien retrancher aux choses que Dieu a faites afin qu’il soit craint.
၁၄ဘုရား သခင်ပြု တော်မူသမျှ သော အမှုသည် နိစ္စ ထာဝရဖြစ် သည်ကို ငါသိ ၏။ ထပ် ၍ မ ပြုနိုင်ရာ။ နှုတ် ၍ မ ယူနိုင်ရာ။ လူတို့သည် ရှေ့ တော်၌ ကြောက်ရွံ့ မည် အကြောင်း ၊ ဘုရား သခင်ပြု တော်မူ၏။
15 Ce qui a été fait demeure: les choses qui doivent être ont déjà été; et Dieu rétablit ce qui est passé.
၁၅ဖြစ် ဘူးသောအရာ သည် ယခု ဖြစ် သောအရာ နှင့် တူ၏။ ဖြစ်လတံ့သောအရာသည်လည်း၊ ဖြစ်ဘူးသော အရာနှင့်တူ။ လွန် ပြီးသောအရာတို့ကိုလည်း ဘုရား သခင်တောင်း ပြန်တော်မူ၏။
16 J’ai vu sous le soleil, dans le lieu du jugement, l’impiété; et, dans le lieu de la justice, l’iniquité.
၁၆ထိုမှတပါး၊ နေ အောက် မှာ တရား စီရင်ရာအရပ် ၌ အဓမ္မ အမှုရှိ သည်ကို၎င်း၊ ဖြောင့်မတ် ရာအရပ် ၌ ဒုစရိုက် ရှိ သည်ကို၎င်းငါမြင် ပြီ။
17 Et j’ai dit dans mon cœur: Dieu jugera le juste et l’impie, et ce sera alors le temps de toute chose.
၁၇ဘုရား သခင်သည် ဖြောင့်မတ် သောသူတို့၏အမှု နှင့်၊ မ တရားသောသူတို့၏အမှုကို စစ်ကြော စီရင်တော်မူမည် ဟု ငါအောက်မေ့ ၏။ အကြောင်း မူကား၊ ခပ်သိမ်း သောအကြံ ၊ ခပ်သိမ်းသော အမှုတို့ကို စစ်ကြောစီရင် ရသောအချိန်ရှိ၏။
18 J’ai dit en mon cœur touchant les fils des hommes: Que Dieu les éprouve, et montre qu’ils sont semblables à des bêtes.
၁၈လူ သား တို့နေရာကို ရည်မှတ်၍ ငါ အောက်မေ့သည်ကား၊ လူတို့ကို ဘုရား သခင်စုံစမ်း တော်မူမည် အကြောင်း နှင့်၊ သူ တို့သည် တိရစ္ဆာန် ကဲ့သို့ ဖြစ်သည် ကို သူ တို့သိမြင် မည်အကြောင်း ၊ နေရာကျသတည်း။
19 C’est pour cela que le trépas est pour l’homme et pour les bêtes, et qu’égale est leur condition: comme l’homme meurt, ainsi elles meurent; de la même manière elles respirent toutes, et l’homme n’a rien de plus que la bête: toutes choses sont soumises à la vanité:
၁၉လူ သား တွေ့ကြုံ သော အမှုကို တိရစ္ဆာန် တွေ့ကြုံ တတ်၏။ ထို သူနှစ်ဦးတို့သည် တပါး တည်းသောအမှု ကို တွေ့ကြုံလျက် ၊ တဦး သေ သကဲ့သို့ တဦး သေ တတ်၏။ အလုံးစုံ တို့သည် အသက် တမျိုး တည်းရှိကြ၏။ သို့ဖြစ်၍ ၊ လူ သည်တိရစ္ဆာန် ထက် ထူးမြတ် သော အကြောင်း မ ရှိ။ အလုံးစုံ တို့သည် အနတ္တ ဖြစ်ကြ၏။
20 Toutes choses vont vers un seul lieu: elles ont été faites de la terre, et elles retournent pareillement à la terre.
၂၀အလုံးစုံ တို့သည် တခု တည်းသောအရပ် သို့ ရောက် တတ်ကြ၏။ အလုံးစုံ တို့သည် မြေမှုန့် ထဲက ဖြစ် သည်နှင့်အညီ ၊ မြေမှုန့် ထဲသို့ ပြန် သွားတတ်ကြ၏။
21 Qui sait si l’esprit des fils d’Adam monte en haut, et si l’esprit des bêtes descend en bas?
၂၁သို့ရာတွင်၊ အထက် သို့ တက် သော လူ သား ၏ ဝိညာဉ် ကို၎င်း၊ အောက် အရပ်မြေ သို့ ဆင်း တတ်သော တိရစ္ဆာန် ၏ဝိညာဉ် ကို၎င်း ၊ အဘယ်သူ သည် ပိုင်းခြား၍ သိ သနည်း။
22 Et j’ai trouvé que rien n’est meilleur pour l’homme que de se réjouir en son œuvre, et que c’est là sa part: car qui l’amènera à connaître les choses qui doivent arriver après lui?
၂၂လူ သည်မိမိ ပြုမူ ရာ၌ ပျော်မွေ့ ခြင်းအမှုထက် သာ၍ ကောင်း သောအမှုမ ရှိသည်ကို ငါသိမြင် ၏။ ထိုအမှုသည်သူ ၏ အဘို့ ဖြစ်၏။ သူသည် မိမိ နောက် မှာ အဘယ်သို့ ဖြစ် လတံ့သည်ကို သိမြင် မည်အကြောင်း ၊ အဘယ် သူဆောင် ခဲ့လိမ့်မည်နည်း။