< Deutéronome 1 >
1 Voici les paroles que Moïse dit à tout Israël au-delà du Jourdain au désert, dans la plaine, contre la mer Rouge, entre Pharan, Thophel, Laban et Haséroth, où il y a beaucoup d’or;
၁ဤကျမ်းစောင်တွင်ဣသရေလအမျိုးသား တို့ ယော်ဒန်မြစ်အရှေ့ဘက်တောကန္တာရသို့ ရောက်ရှိကြသောအခါ မောရှေကသူတို့ အားပြောကြားသည့်စကားကိုမှတ်တမ်း တင်ထားသည်။ သူတို့သည်သုဖမြို့အနီး ယော်ဒန်မြစ်ဝှမ်းတွင်ရောက်ရှိနေကြသည်။ သူတို့တစ်ဘက်၌ပါရန်မြို့ရှိ၍အခြား တစ်ဘက်၌တောဖေလမြို့၊ လာဗန်မြို့၊ ဟာဇရုတ်မြို့၊ ဒိဇဟတ်မြို့တို့ရှိကြသည်။-
2 À onze journées d’Horeb, par la voie de la montagne de Séir jusqu’à Cadesbarné.
၂(သိနာတောင်မှကာဒေရှဗာနာအရပ်သို့ တောင်ထူထပ်သောဧဒုံပြည်လမ်းဖြင့် ခရီး သွားသော်တစ်ဆယ့်တစ်ရက်ကြာ၏။-)
3 En la quarantième année, au onzième mois, au premier jour du mois. Moïse dit aux enfants d’Israël tout ce que le Seigneur lui avait ordonné de leur dire;
၃ဣသရေလအမျိုးသားတို့သည်အီဂျစ်ပြည် မှထွက်လာကြပြီးနောက် လေးဆယ်မြောက်သော နှစ်၊ တစ်ဆယ့်တစ်လ၊ ပထမနေ့ရက်၌ထာဝရ ဘုရားကဣသရေလအမျိုးသားတို့အား မိန့်တော်မူသမျှကိုမောရှေသည်ထပ်မံ၍ ဆင့်ဆိုလေ၏။-
4 Après qu’il eut battu Séhon, roi des Amorrhéens, qui habitait à Hésébon, et Og, roi de Basan, qui demeurait à Astaroth et à Edraï,
၄မောရှေသည်ဟေရှဘုန်မြို့တွင်စိုးစံသော အာမောရိဘုရင်ရှိဟုန်ကိုလည်းကောင်း၊ အာရှ တရုတ်မြို့နှင့်ဧဒြိမြို့များတွင်စိုးစံသော ဗာရှန်ဘုရင်သြဃကိုလည်ကောင်း၊ နှိမ် နှင်းပြီးနောက်အောက်ပါအတိုင်းဆင့်ဆို ခြင်းဖြစ်သည်။-
5 Au delà du Jourdain, dans la terre de Moab. Moïse commença donc à expliquer la loi et à dire:
၅မောရှေသည်ဣသရေလအမျိုးသားတို့ ယော်ဒန်မြစ်အရှေ့ဘက်မောဘပြည်တွင် ရောက်ရှိနေကြစဉ် ဘုရားသခင်၏ပညတ် များနှင့်သွန်သင်ချက်များကိုစတင်ရှင်းလင်း ပေးလေသည်။
6 Le Seigneur notre Dieu nous a parlé à Horeb disant: Vous avez suffisamment demeuré près de cette montagne;
၆မောရှေက``ငါတို့သည်သိနာတောင်တွင်ရှိနေ ကြစဉ် ငါတို့၏ဘုရားသခင်ထာဝရဘုရား က`သင်တို့သည်ဤတောင်တွင်ကြာမြင့်စွာနေ ထိုင်ခဲ့ကြပြီ။-
7 Retournez, et venez à la montagne des Amorrhéens et dans tous les lieux qui l’avoisinent, les plaines, les montagnes et les vallées, contre le midi et sur le rivage de la mer, dans la terre des Chananéens et du Liban, jusqu’au grand fleuve d’Euphrate.
၇စခန်းသိမ်း၍ခရီးဆက်ကြလော့။ အာမောရိ အမျိုးသားတို့နေထိုင်ရာတောင်ကုန်းဒေသ နှင့် ၎င်းအနီးရှိဒေသများဖြစ်သောတောင် ကုန်းဒေသ၊ လွင်ပြင်ဒေသ၊ တောင်ဘက်ဒေသ၊ မြေထဲပင်လယ်ကမ်းခြေတို့သို့သွားကြလော့။ ခါနာန်ပြည်သို့သွားကြလော့။ ထိုမှတစ်ဖန် လေဗနုန်တောင်ကိုကျော်၍ ဥဖရတ်မြစ်သို့ တိုင်အောင်သွားကြလော့။-
8 Voilà, dit-il, que je vous l’ai livrée; entrez, et possédez cette terre, au sujet de laquelle le Seigneur a juré à vos pères, Abraham, Isaac et Jacob, qu’il la leur donnerait, à eux et à leur postérité après eux.
၈သင်တို့၏ဘိုးဘေးများဖြစ်ကြသောအာဗြ ဟံ၊ ဣဇာက်၊ ယာကုပ်မှစ၍သူတို့၏အဆက် အနွယ်တို့အား ဤဒေသအားလုံးကိုပေး မည်ဟု ငါထာဝရဘုရားကတိထားတော် မူခဲ့သည်။ သင်တို့သွား၍သိမ်းယူကြလော့' ဟူ၍မိန့်တော်မူသည်'' ဟုဆို၏။
9 Et je vous ai dit en ce temps-là:
၉မောရှေက``ထာဝရဘုရားကငါသည်သင်တို့ အားခေါင်းဆောင်ရသည့်တာဝန်မှာ ငါ့အတွက် အလွန်ကြီးလေးလှသည်။ ငါတစ်ဦးတည်း ထိုတာဝန်ကိုမထမ်းနိုင်။-
10 Je ne puis seul vous soutenir, parce que le Seigneur votre Dieu vous a multipliés, et que vous êtes aujourd’hui comme les étoiles du ciel, en très grand nombre.
၁၀သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် မိုးကောင်းကင်ရှိကြယ်များနှင့်အမျှသင်တို့ ကိုများပြားစေတော်မူပြီ။-
11 (Que le Seigneur Dieu de vos pères ajoute à ce nombre beaucoup de milliers, et qu’il vous bénisse, comme il a dit.)
၁၁သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရ ဘုရားသည် သင်တို့အားအဆပေါင်းတစ်ထောင် တိုးပွားများပြားပါစေသော။ ကတိတော်ရှိ သည့်အတိုင်းကောင်းချီးပေးတော်မူပါစေ သော။-
12 Je ne puis seul soutenir vos affaires, et leur poids, et vos querelles.
၁၂သို့ရာတွင်သင်တို့၏အငြင်းပွားမှုများကို ဖြေရှင်းရသည့်ကြီးလေးသောတာဝန်ကို ငါ တစ်ဦးတည်းမည်သို့ထမ်းဆောင်နိုင်ပါအံ့ နည်း။-
13 Présentez d’entre vous des hommes sages et habiles et d’une conduite éprouvée dans vos tribus, afin que je les établisse vos princes.
၁၃သင်တို့အနွယ်အသီးသီးမှပညာအမြော် အမြင်နှင့် အတွေ့အကြုံရှိသောပ္ဂိုလ်တို့ ကိုရွေးချယ်ပေးကြလော့။ သင်တို့ကိုအုပ်ချုပ် စေရန်သူတို့အားငါခန့်ထားမည်' ဟုပြော ကြားခဲ့သည်။-
14 Alors vous m’avez répondu: C’est une bonne chose que tu veux faire.
၁၄သင်တို့ကထိုအမှုသည်သင့်မြတ်ပါသည် ဟုဆို၍ သဘောတူလက်ခံခဲ့ကြသည်။-
15 Et je pris de vos tribus des hommes sages et nobles, et je les ai établis princes, tribuns, chefs de cent, de cinquante et de dix hommes, pour vous enseigner toutes ces choses.
၁၅သို့ဖြစ်၍ငါသည်သင်တို့အနွယ်ထဲမှပညာ ရှိ၍ အတွေ့အကြုံများသောခေါင်းဆောင်များ ကိုရွေးချယ်ပြီးလျှင်သင်တို့အားအုပ်ချုပ် စေ၏။ အချို့တို့ကိုလူတစ်ထောင်အုပ်၊ အချို့ တို့ကိုလူတစ်ရာအုပ်၊ အချို့တို့ကိုလူငါး ဆယ်အုပ်၊ အချို့တို့ကိုလူတစ်ဆယ်အုပ်အဖြစ် ခန့်ထားခဲ့သည်။ ထို့ပြင်သင်တို့အနွယ်အား လုံး၌ အခြားသောအရာရှိများကိုလည်း ခန့်ထားခဲ့၏။
16 Puis, je leur ordonnai, disant: Ecoutez-les, et jugez selon ce qui est juste, que ce soit un citoyen ou un étranger.
၁၆``ထိုအချိန်ကငါသည်အုပ်ချုပ်သူတို့အား`သင် တို့အမျိုးသားချင်းနှင့်ဆိုင်သောအမှုအခင်း များနှင့် သင်တို့တွင်အတူနေထိုင်သောလူမျိုး ခြားများနှင့်ဆိုင်သည့်အမှုအခင်းများကို ကြားနာ၍ တရားမျှတစွာစီရင်ဆုံးဖြတ် ကြလော့။-
17 Il n’y aura aucune différence de personnes; vous écouterez le petit comme le grand; vous n’aurez égard à la personne de qui que ce soit, parce que c’est le jugement de Dieu. Que si quelque chose vous paraît difficile, rapportez-le-moi, et moi, je l’entendrai.
၁၇အဆုံးအဖြတ်ပေးရာ၌မျက်နှာမလိုက် နှင့်။ မျက်နှာကြီးမျက်နှာငယ်မလိုက်ဘဲ ကြားနာစစ်ဆေးလော့။ သင်တို့၏အဆုံး အဖြတ်သည်ထာဝရဘုရားချမှတ်သော အဆုံးအဖြတ်ဖြစ်သောကြောင့် မည်သူ့ကို မျှမကြောက်ရွံ့ရ။ သင်တို့ကိုယ်တိုင်မစီရင် နိုင်သောအမှုရှိလျှင် ငါ့ထံသို့တင်ပြကြ လော့။ ထိုအမှုကိုငါစီရင်မည်' ဟုမှာကြား ခဲ့၏။-
18 Et je vous ai ordonné tout ce que vous deviez faire.
၁၈တစ်ချိန်တည်းမှာပင်သင်တို့ပြုရမည့်အမှု တို့ကိုငါညွှန်ကြားခဲ့၏။''
19 Or, partis d’Horeb, nous passâmes par le désert terrible et très grand que vous avez vu, par la voie de la montagne de l’Amorrhéen, comme nous avait ordonné le Seigneur notre Dieu. Et lorsque nous fûmes venus à Cadesbarné,
၁၉``ငါတို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း ငါတို့လိုက်နာကြ၏။ ငါတို့သည်သိနာတောင်မှထွက်ခွာခဲ့ပြီး နောက် အပြောကျယ်၍ကြောက်မက်ဖွယ်ကောင်း သောတောကန္တာရကိုဖြတ်သန်းလျက် တောင် ထူထပ်သောအာမောရိပြည်သို့ဦးတည် ခရီးပြုခဲ့ကြ၏။ ငါတို့သည်ကာဒေရှ ဗာနာအရပ်သို့ရောက်သောအခါ၊-
20 Je vous dis: Vous êtes parvenus à la montagne de l’Amorrhéen que le Seigneur notre Dieu doit nous donner.
၂၀ငါက`ငါတို့၏ဘုရားသခင်ထာဝရ ဘုရားငါတို့ဘိုးဘေးများ၏ဘုရားသခင် က ငါတို့အားပေးတော်မူမည့်အာမောရိ တောင်ကုန်းဒေသသို့သင်တို့ယခုရောက်ရှိ ကြပြီ။ ဘုရားသခင်မိန့်တော်မူသည့်အတိုင်း ချီတက်၍သိမ်းပိုက်ကြလော့။ မကြောက်ကြ နှင့်။ တုံ့နှေးခြင်းမရှိကြနှင့်' ဟုသင်တို့အား ပြောခဲ့၏။
21 Vois la terre que le Seigneur ton Dieu te donne: monte, et possède-la, comme a dit le Seigneur notre Dieu à tes pères: ne crains point, et n’aie frayeur de rien.
၂၁
22 Alors vous vous approchâtes tous de moi, et vous dites: Envoyons des hommes, qui considèrent la terre, et qu’ils nous disent par quel chemin nous devons monter, et vers quelles villes nous devons marcher.
၂၂``သို့ရာတွင်သင်တို့သည် ငါ့ထံသို့ချဉ်းကပ် ၍`တိုင်းပြည်၏အခြေအနေကိုထောက်လှမ်း လျက် မည်သည့်လမ်းဖြင့်ချီတက်ရမည်၊ မြို့ များ၏အနေအထားမည်သို့ရှိသည်ကို ပြန် လည်သတင်းပို့နိုင်ရန်အထောက်တော်များ ကိုစေလွှတ်ကြပါစို့' ဟူ၍အကြံပေး တင်ပြကြ၏။''
23 Et comme ce discours me plut, j’envoyai d’entre vous douze hommes, un de chaque tribu;
၂၃``ထိုအကြံသည်သင့်မြတ်သဖြင့် ငါသည် တစ်နွယ်လျှင်တစ်ယောက်ကျလူတစ်ဆယ့် နှစ်ယောက်ကိုရွေးခဲ့၏။-
24 Lesquels s’étant mis en chemin et ayant monté à travers les montagnes, ils vinrent jusqu’à la vallée de la Grappe de raisin; et, la terre considérée,
၂၄သူတို့သည်တောင်ကုန်းဒေသကိုတက်၍ ဧရှ ကောလချိုင့်သို့တိုင်အောင်သွားပြီးလျှင် ထို အရပ်၌အခြေအနေကိုထောက်လှမ်း ကြ၏။-
25 Prenant de ses fruits, pour montrer sa fertilité, ils nous les apportèrent, et dirent: Elle est bonne, la terre que le Seigneur notre Dieu doit nous donner.
၂၅သူတို့သည်ထိုအရပ်မှထွက်သောသစ်သီး အချို့ကို ငါတို့ထံသို့ယူဆောင်ခဲ့ကြ၏။ ငါ တို့၏ဘုရားသခင်ထာဝရဘုရားပေး သနားတော်မူမည့်ပြည်သည် မြေသြဇာ အလွန်ထက်သန်ကြောင်းပြန်ကြားကြ၏။''
26 Et vous ne voulûtes point monter, mais incrédules à la parole du Seigneur notre Dieu,
၂၆``သို့ရာတွင်သင်တို့သည်သင်တို့ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကိုဖီဆန်လျက် ထိုပြည်ထဲသို့မဝင်ဘဲနေကြ၏။-
27 Vous murmurâtes dans vos tentes, et vous dites: Le Seigneur nous hait, et c’est pour cela qu’il nous a retirés de l’Egypte, afin de nous livrer à la main de l’Amorrhéen, et de nous détruire.
၂၇သင်တို့က`ထာဝရဘုရားသည်ငါတို့ကို မုန်းသဖြင့် အာမောရိအမျိုးသားတို့၏လက် ဖြင့် ငါတို့အားသေစေခြင်းငှာအီဂျစ်ပြည် မှထုတ်ဆောင်တော်မူခဲ့၏။-
28 Où monterons-nous? les envoyés ont épouvanté nos cœurs, disant: C’est une très grande multitude, et leur stature est plus haute que la nôtre: les villes sont grandes et fortifiées jusqu’au ciel; nous avons vu là les enfants d’Enac.
၂၈ငါတို့သည်အဘယ်ကြောင့် ထိုပြည်သို့သွား ရပါမည်နည်း။ ငါတို့သည်ကြောက်ရွံ့ပါ၏။ ငါတို့စေလွှတ်လိုက်သောသူများပြောကြား ချက်အရ ထိုပြည်သားတို့သည်ငါတို့ထက် ခွန်အားကြီး၍ အရပ်အမောင်းလည်းမြင့်မား သည်။ သူတို့သည်မိုးထိအောင်မြင့်သောမြို့ရိုး အတွင်း၌နေထိုင်ကြသည်။ အလွန်ထွား ကြိုင်းသောသူများကိုတွေ့မြင်ခဲ့ကြသည်' ဟူ၍သင်တို့ပြောဆိုညည်းညူကြသည်။
29 Et je vous répondis: N’ayez pas peur, et ne les craignez point:
၂၉``ထိုအခါ ငါကသင်တို့အား`ထိုသူတို့ကို မကြောက်ကြနှင့်။-
30 Le Seigneur Dieu qui est votre guide, combattra lui-même pour vous, comme il a fait en Egypte, tous le voyant.
၃၀သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်နှင့်တောကန္တာရ၌သင်တို့အား စောင့်ရှောက်ခဲ့သည့်နည်းတူ ယခုလည်းသင်တို့ ကိုဦးဆောင်၍သင်တို့ဘက်၌စစ်ကူတိုက်တော် မူလိမ့်မည်။ အဖကသားကိုချီပိုက်သကဲ့သို့ ထာဝရဘုရားသည်သင်တို့အားချီပိုက်လျက် ဤအရပ်သို့ရောက်ရှိသည့်တိုင်အောင်ပို့ဆောင် တော်မူခဲ့ကြောင်းကို သင်တို့သိမြင်ရကြပြီ' ဟူ၍ပြောခဲ့သည်။-
31 Et dans le désert (toi-même tu l’as vu) le Seigneur ton Dieu t’a porté, comme un homme a coutume de porter son petit enfant, dans toute la voie par laquelle vous avez marché, jusqu’à ce que vous soyez venus en ce lieu.
၃၁
32 Et même alors vous n’avez pas cru au Seigneur votre Dieu,
၃၂ယင်းသို့ငါပြောသော်လည်း သင်တို့သည်ည အချိန်၌မီးတိမ်တိုင်အားဖြင့်လည်းကောင်း၊ နေ့ အချိန်၌မိုးတိမ်တိုင်အားဖြင့်လည်းကောင်း သင် တို့ကိုရှေ့ကကြွသွား၍လမ်းပြလျက် သင်တို့ စခန်းချရာနေရာကိုရှာပေးတော်မူခဲ့သော ထာဝရဘုရားအားမယုံကြည်မကိုး စားကြ။''
33 Qui vous a précédés dans la voie, et a mesuré le lieu dans lequel vous deviez planter vos tentes, la nuit, vous montrant le chemin par le feu, et le jour, par la colonne de nuée.
၃၃
34 Et lorsque le Seigneur eut entendu la voix de vos discours, irrité, il jura et dit:
၃၄``ထာဝရဘုရားသည်သင်တို့၏ညည်းညူ သံကိုကြားရသောအခါအမျက်ထွက်လျက် အလေးအနက်ကြေညာတော်မူ၏။-
35 Nul des hommes de cette génération très méchante ne verra la terre bonne, que sous le serment, j’ai promis à vos pères,
၃၅ကိုယ်တော်က`သင်တို့၏ဘိုးဘေးတို့အားငါပေး မည်ဟူ၍ကတိထားသောမြေသြဇာကောင်း သည့်ပြည်သို့ ဆိုးယုတ်သောဤလူမျိုးဆက်ထဲ မှတစ်ဦးတစ်ယောက်မျှမဝင်ရ။-
36 Excepté Caleb, fils de Jéphoné; car lui la verra, et c’est à lui que je donnerai la terre qu’il a foulée, et à ses enfants, parce qu’il a suivi le Seigneur.
၃၆ယေဖုန္နာ၏သားကာလက်တစ်ဦးတည်းသာထို ပြည်သို့ဝင်ရမည်။ သူသည်ငါ့အားသစ္စာရှိသူ ဖြစ်၍သူထောက်လှမ်းခဲ့သောပြည်ကိုသူနှင့်သူ ၏အဆက်အနွယ်တို့အားငါပေးမည်' ဟုမိန့် တော်မူ၏။-
37 Et elle n’est pas étonnante, cette indignation contre le peuple, puisque irrité même contre moi, à cause de vous, le Seigneur a dit: Tu n’y entreras pas non plus.
၃၇ထာဝရဘုရားသည်သင်တို့အတွက်ကြောင့်ငါ့ ကိုလည်းအမျက်တော်ထွက်လျက် ငါ့အား`သင် ကိုယ်တိုင်ပင်လျှင်ထိုပြည်သို့မဝင်ရ။-
38 Mais Josué, fils de Nun, ton serviteur, entrera lui-même au lieu de toi; exhorte-le et le fortifie, car lui-même partagera au sort la terre à Israël.
၃၈သင်၏လက်ထောက်ဖြစ်သူနုန်၏သားယောရှု မူကားထိုပြည်သို့ဝင်ရမည်။ ယောရှုကိုအားပေး လော့။ သူသည်ဣသရေလအမျိုးသားတို့ကို ခေါင်းဆောင်၍ထိုပြည်ကိုသိမ်းယူလိမ့်မည်' ဟုမိန့်တော်မူ၏။''
39 Vos petits enfants, dont vous avez dit qu’ils seraient emmenés captifs, et les enfants qui aujourd’hui ignorent la différence du bien et du mal, ceux là entreront; et c’est à eux que je donnerai la terre, et ils la posséderont.
၃၉``ထို့နောက်ထာဝရဘုရားက ငါတို့အား`သင် တို့ကရန်သူ၏လက်တွင်းသို့ကျရောက်မည် ဟုဆိုသောကလေးများ၊ တစ်နည်းအားဖြင့် အမှားအမှန်ကိုခွဲခြား၍မသိနိုင်သေး သောသင်တို့၏ကလေးများသည် ထိုပြည် သို့ဝင်ရောက်ကြလိမ့်မည်။ ငါသည်ထိုပြည် ကိုသူတို့အားပေးသဖြင့်သူတို့သိမ်းယူ ကြလိမ့်မည်။-
40 Mais vous, retournez et allez au désert par la voie de la mer Rouge.
၄၀သင်တို့မူကားလှည့်၍အာကာဘာပင်လယ် ကွေ့သို့ဦးတည်လျက် တောကန္တာရထဲသို့ပြန် ကြလော့' ဟုမိန့်တော်မူ၏။''
41 Et vous me répondîtes: Nous avons péché contre le Seigneur; nous monterons et nous combattrons, comme a ordonné le Seigneur notre Dieu. Et comme vous marchiez en armes vers la montagne,
၄၁``သင်တို့ကငါ့အား`အကျွန်ုပ်တို့သည်ထာဝရ ဘုရားအား ပြစ်မှားမိကြပါပြီ။ အကျွန်ုပ်တို့ ၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူ သည့်အတိုင်း ယခုစစ်ချီတိုက်ခိုက်ပါမည်' ဟု ဆိုကြ၏။ ထို့နောက်သင်တို့သည်တောင်ကုန်း ဒေသကိုလွယ်ကူစွာဝင်ရောက်တိုက်ခိုက်နိုင် မည့်အထင်နှင့် သင်တို့အားလုံးစစ်ချီတိုက် ရန်အသင့်ပြင်ကြ၏။''
42 Le Seigneur me dit: Dis-leur: Ne montez point, ni ne combattez, car je ne suis pas avec vous: ne tombez point devant vos ennemis.
၄၂``သို့ရာတွင်ထာဝရဘုရားက ငါ့အား`ငါသည် သူတို့နှင့်အတူရှိမည်မဟုတ်သောကြောင့် စစ်ချီ တိုက်ခိုက်ခြင်းမပြုရန်သတိပေးလော့။ သူတို့ သည်စစ်ရေးနိမ့်လိမ့်မည်' ဟုမိန့်တော်မူ၏။-
43 Je vous parlai, et vous ne m’écoutâtes point; mais vous opposant au commandement du Seigneur, et enflés d’orgueil, vous vous montâtes sur la montagne.
၄၃ငါသည်ထာဝရဘုရား၏အမိန့်တော်ကို သင်တို့အားဆင့်ဆိုသော်လည်း သင်တို့သည် အမိန့်တော်ကိုမနာခံကြ။ သင်တို့သည် ထာဝရဘုရားကိုဖီဆန်လျက် မာနထောင် လွှားလျက်တောင်ကုန်းဒေသသို့ချီတက်ခဲ့ ကြ၏။-
44 C’est pourquoi l’Amorrhéen, qui habitait dans les montagnes, étant sorti et venant au-devant de vous, vous poursuivit, comme les abeilles ont coutume de poursuivre, et il vous tailla en pièces depuis Séir jusqu’à Horma.
၄၄ထိုအခါတောင်များပေါ်တွင်နေထိုင်သော အာမောရိအမျိုးသားတို့သည် ပျားအုပ်ပမာ သင်တို့အားထွက်၍တိုက်ကြ၏။ သူတို့သည် သင်တို့ကိုလိုက်လံတိုက်ခိုက်ကြရာ ဧဒုံပြည် ဟောမာမြို့တွင်သင်တို့အားစစ်ရေးနိမ့်စေ ခဲ့ကြသည်။-
45 Et comme, étant retournés, vous pleuriez devant le Seigneur, il ne vous écouta point, et il ne voulut pas acquiescer à votre voix.
၄၅ထိုအခါသင်တို့သည် ထာဝရဘုရားကူမတော် မူရန်ငိုကြွေးတောင်းပန်ကြ၏။ သို့ရာတွင်ကိုယ် တော်သည် သင်တို့၏တောင်းပန်သံကိုနားညောင်း တော်မမူ၊ ဂရုလည်းပြုတော်မမူ၊-
46 Vous demeurâtes donc à Cadesbarné durant un long temps.
၄၆``ထို့ကြောင့်ငါတို့သည်ကာဒေရှအရပ်၌ ကြာမြင့်စွာနေထိုင်ကြလျက်။-