< Actes 6 >
1 Or en ces jours-là, le nombre des disciples croissant, il s’éleva un murmure des Grecs contre les Hébreux, de ce que leurs veuves étaient négligées dans la distribution de chaque jour.
၁ထို ကာလ ၌ တပည့် တော်တို့သည် များပြား သည် ရှိသော်၊ နေ့ရက် အစဉ်အတိုင်းလုပ်ကျွေး သောအခါ ၊ ဟေလေနစ် အမျိုး မုတ်ဆိုးမ တို့ကို မ လုပ်မကျွေးဟု ထိုအမျိုးသားတို့သည် မြည်တမ်း ၍ ဟေဗြဲ လူတို့ကို အပြစ်တင် ကြ၏။
2 Les douze donc, convoquant la multitude des disciples, dirent: Il n’est pas juste que nous abandonnions la parole de Dieu, et que nous vaquions au service des tables.
၂ထိုအခါ တကျိပ် နှစ်ပါးသော တမန်တော်တို့သည် တပည့် တော်အပေါင်း တို့ကို ခေါ် ပြီးလျှင်၊ ငါ တို့သည် ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကိုထား ၍ စားပွဲ ၌လုပ်ကျွေးမှု ကိုမ ဆောင် သင့်။
3 Cherchez donc parmi vous, mes frères, sept hommes de bon témoignage, pleins de l’Esprit-Saint et de sagesse, que nous puissions préposer à cette œuvre.
၃ထိုကြောင့် ညီအစ်ကို တို့၊ ဝိညာဉ် တော်နှင့် ၎င်း၊ ပညာ နှင့်၎င်းပြည့်စုံ လျက်၊ အသရေ ရှိသော လူ ခုနစ် ယောက်တို့ကို သင် တို့တွင် ရှာ ကြလော့။ ဤ အမှု ကို ဆောင်ရွက်စေခြင်းငှာထိုသူ တို့ကို ငါတို့သည် ခန့်ထား ကြမည်။
4 Poumons, nous nous appliquerons à la prière et au ministère de la parole.
၄ငါ တို့မူကား ၊ ဆုတောင်း ပဌနာပြုခြင်း၊ နှုတ်ကပတ် တရားတော် ကို ဟောပြော ခြင်းအမှုတို့ကို အမြဲပြု ၍ နေမည်ဟုဆို ကြ၏။
5 Ce discours plut à toute la multitude. Et ils élurent Etienne, homme plein de foi et de l’Esprit-Saint, Philippe, Prochore, Nicanor, Timon, Parménas et Nicolas, prosélyte d’Antioche.
၅ထို စကားကိုလူအစုအဝေး အပေါင်း တို့သည် နှစ်သက် ကြသဖြင့်၊ ယုံကြည်ခြင်းနှင့် ၎င်း၊ သန့်ရှင်း သော ဝိညာဉ် တော်နှင့်၎င်း ပြည့်စုံ သော သတေဖန် မှစ၍ ဖိလိပ္ပု ၊ ပြောခေါ် ၊ နိကနော် ၊ တိမုန် ၊ ပါမေန ၊ ယုဒဘာသာဝင် သော အန္တိအုတ် မြို့သားနိကောလ တို့ကို ရွေးကောက် ၍ ၊
6 Ils les présentèrent aux apôtres, et ceux-ci, priant, leur imposèrent les mains.
၆တမန်တော် တို့ရှေ့ ၌ ထား ကြ၏။ တမန်တော်တို့ သည်လည်း ဆုတောင်း ပြီးလျှင်ထိုသူ တို့၏ ခေါင်းပေါ်၌လက် ကို တင် ကြ၏။
7 Et la parole du Seigneur croissait, et le nombre des disciples se multipliait grandement à Jérusalem; et même un grand nombre de prêtres obéissaient à la foi.
၇ဘုရားသခင် ၏ သာသနာ တော်သည် တိုးပွား သဖြင့်ယေရုရှလင် မြို့၌ တပည့် တော်တို့သည် အလွန် ပွားများ ၍၊ ယဇ် ပုရောဟိတ်အပေါင်း တို့သည် ယုံကြည် ခြင်း တရားကို နားထောင် ကြ၏။
8 Or Etienne, plein de grâce et de force, faisait des prodiges et de grands miracles parmi le peuple.
၈သတေဖန် သည် ကျေးဇူး တော်နှင့် ၎င်း၊ တန်ခိုး တော်နှင့် ၎င်း ပြည့်စုံ သဖြင့်၊ ကြီးစွာ သောနိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို လူ များရှေ့ မှာပြု လေ၏။
9 Mais quelques-uns de la synagogue qui est appelée des Affranchis, de celle des Cyrénéens et des Alexandrins, et de ceux qui étaient de Cilicie et d’Asie, se levèrent, disputant contre Etienne;
၉ထိုအခါလိဗေရတိန် အပေါင်းအသင်းဝင်သော သူမှစ၍ ၊ ကုရေနေ ပြည်သား၊ အာလေဇန်ဒြိ ပြည်သား၊ ကိလိကိ ပြည်သား၊ အာရှိ ပြည်သားအချို့ တို့သည် ထ ၍ သတေဖန် နှင့်ငြင်းခုံ ခြင်းကို ပြုစဉ်တွင်၊
10 Et ils ne pouvaient résister à la sagesse et à l’Esprit-Saint qui parlait.
၁၀သူဟောပြော ၍သုံးစွဲသောပညာ နှင့် ဝိညာဉ် တော် ကို မ ခံ မဆီးနိုင် ကြ။
11 Alors ils subornèrent des hommes pour dire qu’ils l’avaient entendu proférer des paroles de blasphème contre Moïse et contre Dieu.
၁၁ထိုအခါ ဤသူ သည် မောရှေ ကို၎င်း ၊ ဘုရားသခင် ကို၎င်း လွန်ကျူး ၍ ပြော သည်ကို ငါတို့ကြား ရပါပြီဟု သက်သေခံ မည့်သူ တို့ကို တိတ်ဆိတ် စွာခေါ်၍ ထားကြပြီးလျှင်၊
12 Ils soulevèrent ainsi le peuple, les anciens et les scribes: et ceux-ci accourant ensemble, l’entraînèrent et l’amenèrent au conseil,
၁၂လူ များကို၎င်း၊ အကြီးအကဲ ၊ ကျမ်းပြု ဆရာတို့ကို၎င်း နှိုးဆော် ၍ ၊ သတေဖန်ထံသို့လာ သဖြင့် ဘမ်းဆီး ၍ လွှတ်တော် သို့ ပို့ ကြ၏။
13 Et ils produisirent de faux témoins pour dire: Cet homme ne cesse de parler contre le lieu saint et contre la loi;
၁၃မမှန် သော သက်သေခံ တို့ကိုခေါ် ၍၊ ဤ သူ သည် သန့်ရှင်း သော အရပ် ဌာနတော်နှင့် ပညတ် တရားတော်ကို လွန်ကျူး၍ အစဉ်မပြတ် ပြောဆို လျက်နေပါ၏။
14 Car nous l’avons entendu disant que ce Jésus de Nazareth détruira ce lieu, et changera les traditions que nous a données Moïse.
၁၄ထိုနာဇရက် မြို့သားယေရှု သည် ဤ အရပ် ဌာန တော်ကို ဖျက်ဆီး ၍၊ ငါ တို့အား မောရှေအပ်ပေး သော ထုံးနည်း ဥပဒေကို ပြောင်းလဲ စေမည်ဟု ဤသူ ဆို သည်ကို အကျွန်ုပ်တို့သည် ကြား ရပါပြီဟုသက်သေခံ ကြ၏။
15 Et tous ceux qui siégeaient dans le conseil, ayant fixé les yeux sur lui, ils virent son visage comme le visage d’un ange.
၁၅လွှတ်တော် ၌ ထိုင် လျက်ရှိသောသူ အပေါင်း တို့သည် သတေဖန် ကိုစေ့စေ့ ကြည့်ရှုလျှင် ၊ သူ ၏မျက်နှာ သည် ကောင်းကင် တမန်၏မျက်နှာ ကဲ့သို့ ဖြစ်သည်ဟု ထင်မှတ် ကြ၏။