< 2 Chroniques 34 >
1 Josias avait huit ans lorsqu’il commença à régner, et il régna trente et un ans à Jérusalem,
၁ယောရှိ သည် အသက် ရှစ် နှစ်ရှိသော်နန်း ထိုင်၍ ယေရုရှလင် မြို့၌ သုံးဆယ် တ နှစ် စိုးစံ လေ၏။
2 Et il fit ce qui était droit en la présence du Seigneur, et il marcha dans les voies de David, son père, et il ne se détourna ni à droite ni à gauche.
၂ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကိုပြု ၍ ၊ လက်ျာ ဘက်လက်ဝဲ ဘက်သို့ မ လွှဲ ၊ အဘ ဒါဝိဒ် လိုက်သောလမ်း သို့ လိုက် လေ၏။
3 Or, la huitième année de son règne, quoiqu’il fût encore un enfant, il commença à chercher le Dieu de son père David; et, la douzième année après qu’il eut commencé à régner, il purifia Juda et Jérusalem des hauts lieux, des bois sacrés, des simulacres et des images taillées au ciseau.
၃အသက် တော်ငယ်စဉ် ၊ နန်းစံ ရှစ် နှစ် တွင် ၊ အဘ ဒါဝိဒ် ၏ ဘုရားသခင် ကို ဆည်းကပ် စ ပြု၏။ တဆယ် နှစ် နှစ် တွင် ယုဒ ပြည်၊ ယေရုရှလင် မြို့၌ ရှိသောကုန်း ၊ အာရှရ ပင်၊ ထု သောရုပ်တု၊ သွန်း သောရုပ်တုတို့ကို သုတ်သင် ပယ်ရှင်းစ ပြု၏။
4 Et on détruisit devant lui les autels des Baalim, et quant aux simulacres qui avaient été posés dessus, on les démolit; les bois sacrés aussi, et les images taillées au ciseau, il les coupa, et les mit en pièces, puis il en dispersa les débris sur les tombeaux de ceux qui avaient accoutumé de leur immoler des victimes.
၄ဗာလ ဘုရားတို့ ယဇ် ပလ္လင်များကို ရှေ့ တော်၌ ဖြိုချ ၍ ၊ ယဇ်ပလ္လင်ပေါ်တွင် အမြင့်တင်ထားသော ရုပ်တု တို့ကို ခုတ်လှဲ ကြ၏။ အာရှရ ပင်များနှင့် ထု သောရုပ်တု၊ သွန်း သောရုပ်တုများကိုချိုးဖဲ့ ၍ ညက်ညက် ချေပြီးလျှင် ၊ ယဇ် ပူဇော်သောသူတို့၏ သင်္ချိုင်း ပေါ် မှာ ဖြန့်ဖြူး တော်မူ ၏။
5 Outre cela, il brûla les os des prêtres sur les autels des idoles, et il purifia Juda et Jérusalem.
၅ယဇ်ပုရောဟိတ် တို့အရိုး ကို ထိုယဇ် ပလ္လင်တည်ရာအပေါ် မှာ မီးရှို့ ၍ ၊ ယုဒ ပြည်နှင့် ယေရုရှလင် မြို့ကို စင်ကြယ် စေတော်မူ၏။
6 Mais de plus, dans les villes de Manassé, d’Ephraïm et de Siméon, jusqu’à Nephthali, il renversa tout.
၆ထိုအတူ မနာရှေ ခရိုင် ၊ ဧဖရိမ် ခရိုင်၊ ရှိမောင် ခရိုင်၊ နဿလိ ခရိုင် တိုင်အောင် ၊ အရပ်ရပ် မြို့များတို့၌ ပေါက်တူး နှင့်လုပ်လျက်၊
7 Et lorsqu’il eut détruit les autels et les bois sacrés, brisé en morceaux les images taillées au ciseau, et démoli tous les temples dans toute la terre d’Israël, il revint à Jérusalem.
၇ယဇ် ပလ္လင်နှင့် အာရှရ ပင်တို့ကို ချိုးဖဲ့ ၍ ၊ ဣသရေလ ပြည် တလျှောက်လုံး ၌ ရှိသမျှ သောရုပ်တု ဆင်းတုတို့ကို ခုတ်လှဲ ၍ ညက်ညက် ချေပြီးမှ ယေရုရှလင် မြို့သို့ ပြန် တော်မူ၏။
8 Ainsi, l’an dix-huit de son règne, la terre ayant été déjà purifiée, et le temple du Seigneur, il envoya Saphan, fils d’Esélie, et Maasias, prince de la ville, et Joha, fils de Joachaz, qui tenait les registres, pour réparer la maison du Seigneur son Dieu;
၈နန်းစံ ဆယ် ရှစ် နှစ် တွင် ၊ နိုင်ငံ တော်နှင့် ဗိမာန် တော်ကို စင်ကြယ် စေပြီးမှ ၊ မိမိ ဘုရားသခင် ထာဝရဘုရား ၏ အိမ် တော်ကို ပြုပြင် လိုသောငှါ ၊ အာဇလိ ၏ သား ရှာဖန် ၊ မြို့ဝန် မာသေယ ၊ ယောခတ် သား အတွင်းဝန် ယောအာ တို့ကို စေလွှတ် တော်မူ၏။
9 Lesquels vinrent vers Helcias, le grand prêtre, et ayant reçu de lui l’argent qui avait été porté en la maison du Seigneur, et que les Lévites et les portiers avaient recueilli de Manassé et d’Ephraïm, de tous les restes d’Israël, de tout Juda aussi et de Benjamin, et des habitants de Jérusalem,
၉ထိုသူတို့သည် ယဇ် ပုရောဟိတ်မင်း ဟိလခိ ထံ သို့ သွား ၍ ၊ ဗိမာန် တော်သို့ လူများဆောင်ခဲ့သောငွေ၊ မနာရှေ အမျိုးသား၊ ဧဖရိမ် အမျိုးသား၊ ကျန်ကြွင်း သော ဣသရေလ အမျိုးသားရှိသမျှ ၊ ယုဒ အမျိုးသား၊ ဗင်္ယာမိန် အမျိုးသား၊ ယေရုရှလင် မြို့သူမြို့သားအပေါင်း တို့လက် မှ တံခါး စောင့် လေဝိ သားတို့ခံ သော ငွေ ကိုယူ ၍၊
10 Ils le remirent entre les mains de ceux qui présidaient aux ouvriers dans la maison du Seigneur, pour restaurer le temple et réparer toutes les ruines.
၁၀ဗိမာန် တော်ကို ကြည့်ရှု ပြုစုသောသူတို့ ၌ အပ် သဖြင့် ၊ သူတို့သည် ဗိမာန် တော်ကို ပြုပြင် ခြင်းငှါ လုပ်ဆောင် သောသူ၊
11 Mais ceux-ci le donnèrent aux ouvriers et aux tailleurs de pierres, afin qu’ils en achetassent des pierres des carrières, et des bois pour les assemblages de l’édifice et pour la charpente des maisons qu’avaient détruites les rois de Juda.
၁၁ဗိသုကာနှင့် လက်သမား လုပ် သည့်အတွက် ၊ ယုဒ ရှင်ဘုရင် ဖျက်ဆီး သော အဆောင် တို့ကို ပြင်စရာ ဘို့ ဆစ်သောကျောက်များနှင့် ထုပ်လျောက်ရနယ်များကို ဝယ် သည်အတွက် ပေး ကြ၏။
12 Et ils faisaient fidèlement toutes ces choses. Or étaient préposés à ceux qui travaillaient, Jahath et Abdias, d’entre les fils de Mérari; Zacharie et Mosollam, d’entre les fils de Caath, qui pressaient l’ouvrage; tous Lévites sachant jouer des instruments.
၁၂လုပ်ဆောင် သူ တို့သည် သစ္စာ စောင့် ကြ၏။ လေဝိ အမျိုး၊ မေရာရိ အနွယ် ၊ ယာဟတ် နှင့် ဩဗဒိ ၊ ကောဟတ် အနွှယ် ၊ ဇာခရိ နှင့် မေရှုလံ အစ ရှိသော တူရိယာ မျိုးကို တီးမှုတ်လျက် ၊ သီချင်းဆိုတတ်သော လေဝိ သားအပေါင်း တို့သည် ကြည့်ရှု နှိုးဆော်ကြ၏။
13 Mais au-dessus de ceux qui portaient les fardeaux pour divers’ usages, étaient des scribes et des maîtres portiers d’entre les Lévites.
၁၃ထိုသူတို့သည် ဝန်ထမ်း သောသူမှစ၍ ၊ အလုပ် မျိုးကို လုပ်ဆောင် သော သူအပေါင်း တို့ကို ကြည့်ရှုအုပ်ချုပ် ကြ၏။ လေဝိ သားအချို့တို့သည်လည်း စာရေး ၊ တရားသူကြီး ၊ တံခါးစောင့် လုပ် ကြ၏။
14 Or, comme l’on transférait l’argent qui avait été déposé dans le temple du Seigneur, Helcias, le prêtre, trouva le livre de la loi du Seigneur, écrit de la main de Moïse.
၁၄ဗိမာန် တော်သို့ ဆောင် ခဲ့သောငွေ ကို ထုတ် သောအခါ ၊ ယဇ်ပုရောဟိတ် ဟိလခိ သည် မောရှေ ရေးထားသော ထာဝရဘုရား ၏ ပညတ္တိ ကျမ်းစာစောင် ကို တွေ့ ၍၊
15 Et il dit à Saphan, le scribe: J’ai trouvé le livre de la loi dans la maison du Seigneur, et il le lui remit.
၁၅တွေ့ ကြောင်းကို စာရေး တော်ရှာဖန် အား ပြော လျက် ထိုကျမ်းစာကို အပ် ပေး၏။
16 Et Saphan porta le volume au roi, et il lui annonça, disant: Tout ce que vous avez mis en la main de vos serviteurs, le voilà qui s’accomplit.
၁၆ရှာဖန် သည် ရှင်ဘုရင် ထံသို့ ယူသွား ၍ ၊ ကိုယ်တော် ကျွန် တို့သည် မှာ ထားတော်မူသမျှ အတိုင်း ပြု ကြ ပါ၏။
17 Pour l’argent qui a été trouvé dans la maison du Seigneur, ils l’ont fondu; puis il a été donné aux préposés des ouvriers et de ceux qui font les divers ouvrages.
၁၇ဗိမာန် တော်၌ တွေ့ သောငွေ ကို မှုတ် ၍ ၊ အုပ်ချုပ် သောသူနှင့် လုပ်ဆောင် သောသူတို့၌ အပ် ပါပြီဟူ၍၎င်း၊
18 Outre cela Helcias, le prêtre, m’a remis ce livre. Lorsqu’il l’eut lu, le roi présent,
၁၈ယဇ်ပုရောဟိတ် ဟိလခိ သည် ကျွန်တော် ၌ စာစောင် ကို အပ် ပါပြီဟူ၍၎င်း ကြားလျှောက် လျက် ၊ ရှင်ဘုရင် ရှေ့ တော်၌ ဘတ်ရွတ် လေ၏။
19 Et lorsque le roi eut entendu les paroles de la loi, il déchira ses vêtements;
၁၉ရှင် ဘုရင်သည် တရား စကား ကိုကြား လျှင် ၊ မိမိ အဝတ် ကိုဆုတ် ၍၊
20 Et il ordonna à Helcias, à Ahicam, fils de Saphan, à Abdon, fils de Micha, à Saphan, le scribe, et à Asaas, serviteur du roi, disant:
၂၀ယဇ်ပုရောဟိတ်ဟိလခိ ၊ ရှာဖန် သား အဟိကံ ၊ မိက္ခါ သား အာဗဒုန် ၊ စာရေး တော်ရှာဖန် ၊ မိမိကျွန် အာသာယ ကို ခေါ် ၍၊
21 Allez, et priez le Seigneur pour moi et pour les restes d’Israël et de Juda, au sujet de toutes les paroles de ce livre qui a été trouvé; car la colère du Seigneur s’est épanchée sur nous, parce que nos pères n’ont point écouté les paroles du Seigneur, afin d’accomplir tout ce qui a été écrit dans ce volume.
၂၁ယခုတွေ့သော ကျမ်းစကားကြောင့် ငါ့ အတွက် ဣသရေလ ပြည်နှင့် ယုဒ ပြည်၌ ကျန်ကြွင်း သေးသောသူတို့ အတွက် ထာဝရဘုရား ၌ မေးလျှောက် ကြပါ။ ဘိုးဘေး တို့သည် ထာဝရဘုရား ၏ အမိန့် တော်ကို နား မ ထောင်၊ ဤ ကျမ်းစာ ၌ ရေးထား သမျှ အတိုင်း မကျင့် ဘဲ နေသောကြောင့်၊ ထာဝရဘုရား သည် ငါ တို့၌ ပြင်းစွာ အမျက် ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။
22 Helcias donc s’en alla, et en même temps ceux qui avaient été envoyés par le roi vers Olda, la prophétesse, femme de Sellum, fils de Thécuath, fils de Hasra, le gardien des vêtements, laquelle demeurait à Jérusalem, dans la Seconde; et ils lui dirent les paroles rapportées plus haut.
၂၂ထိုကာလတွင်၊ ဟရဟတ် သား ဖြစ်သော တိကဝ ၏သား အချုပ်ဝန်ရှလ္လုံ ၏မယား ၊ ပရောဖက်မ ဟုလဒ သည် ယေရုရှလင် မြို့၌ နေ သည်ဖြစ်၍၊ ဟိလခိ နှင့် ရှင်ဘုရင် ၏လူ တို့သည် ထိုမိန်းမ ထံသို့ သွား၍ ပြောဆို ကြ၏။
23 Olda leur répondit: Voici ce que dit le Seigneur Dieu d’Israël: Dites à l’homme qui vous a envoyés vers moi:
၂၃မိန်းမကလည်း၊ ငါ့ ထံသို့ စေလွှတ် သော သူ ထံသို့ သင် တို့ပြန်၍ ဆင့်ဆို ရသော ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရ ဘုရား၏ အမိန့် တော်ဟူမူကား၊
24 Le Seigneur dit ceci: Voilà que moi j’amènerai sur ce lieu et sur ses habitants des maux, et toutes les malédictions qui sont écrites dans ce livre qu’on a lu devant le roi de Juda;
၂၄ယုဒ ရှင်ဘုရင် ရှေ့ မှာ ဘတ် ရသော ကျမ်းစာ ၌ ရေးထား သမျှ သောအကျိန် စကားပြည့်စုံစေခြင်းငှါ၊ ငါသည်ဤ အရပ် ၌ ၎င်း ၊ ဤ အရပ် သားတို့၌ ၎င်း ဘေး ရောက် စေမည်။
25 Parce qu’ils m’ont abandonné, et qu’ils ont sacrifié à des dieux étrangers, pour me provoquer au courroux par toutes les œuvres de leurs mains, c’est pourquoi mon courroux s’épanchera sur ce lieu, et il ne s’apaisera point.
၂၅အကြောင်း မူကား၊ သူတို့သည် ငါ့ ကိုစွန့် ကြပြီ။ မိမိ လုပ် သော အရာတို့ဖြင့် ငါ့ အမျက် ကိုနှိုးဆော်ခြင်းငှါ ၊ အခြား တပါးသော ဘုရား တို့ရှေ့ မှာ နံ့သာပေါင်း ကို မီးရှို့ကြပြီ။ ထိုကြောင့်ဤ အရပ် ၌ ငါ့ အမျက် မီးသည် မ ငြိမ်း ဘဲလောင် ရလိမ့်မည်ဟု မိန့်တော်မူ၏။
26 Quant au roi de Juda qui vous a envoyés pour implorer le Seigneur, vous lui direz: Voici ce que dit le Seigneur Dieu d’Israël: Parce que tu as écouté les paroles de ce volume,
၂၆ထာဝရဘုရား ကို မေးလျှောက် စေခြင်းငှါ ၊ သင် တို့ကိုစေလွှတ် သော ယုဒ ရှင်ဘုရင် ကြား သော ကျမ်းစကား ကို ရည်ဆောင် ၍ ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့် တော်မူကြောင်း ကို ထိုရှင်ဘုရင်အား တဖန်ပြန်လျှောက်ရမည်ကား၊
27 Que ton cœur a été attendri, que tu t’es humilié en la présence de Dieu, au sujet de ce qui a été dit contre ce lieu et les habitants de Jérusalem, que tu as révéré ma face, déchiré tes vêtements, et pleuré devant moi, moi aussi je t’ai exaucé, dit le Seigneur.
၂၇ဤ အရပ် ကို ၎င်း ၊ ဤအရပ်သားတို့ကို၎င်း၊ ငါခြိမ်းချောက်သော စကား ကို သင် သည်ကြား သောအခါ ၊ နူးညံ့ သောစိတ်ရှိ၍ ၊ ဘုရားသခင့်ရှေ့ တော်၌ ကိုယ်ကိုနှိမ့်ချ ခြင်း၊ ကိုယ် အဝတ် ကိုဆုတ် ခြင်း၊ ငါ့ ရှေ့ မှာ ငိုကြွေး ခြင်းကိုပြုသောကြောင့် ၊ သင့်စကား ကို ငါ နားထောင် ၏။
28 Car bientôt je te réunirai à tes pères, et tu seras porté dans ta sépulture en paix, et tes yeux ne verront pas tout le mal que je vais amener sur cette ville et sur ses habitants. C’est pourquoi ils rapportèrent au roi tout ce qu’elle avait dit.
၂၈ငါ သည် သင် ကို ဘိုးဘေး စုဝေး ရာသို့ ပို့ဆောင်၍၊ သင် သည် ငြိမ်ဝပ် စွာ သင်္ချိုင်း သို့ရောက် ရလိမ့်မည်။ ဤ အရပ် ၌ ၎င်း၊ ဤအရပ်သားတို့၌၎င်း၊ ငါ ရောက် စေအံ့သော ဘေး ကို သင့် ကိုယ်တိုင် မ တွေ့ မမြင်ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည် အတိုင်း၊ သူတို့သည် ရှင်ဘုရင် အား ပြန် လျှောက် ကြ၏။
29 Or le roi, tous les anciens de Juda et de Jérusalem convoqués,
၂၉ထိုအခါ ရှင် ဘုရင်သည် ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားအသက်ကြီး သူအပေါင်း တို့ကို ခေါ် ၍၊
30 Monta à la maison du Seigneur, et aussi tous les hommes de Juda et les habitants de Jérusalem, les prêtres et les Lévites, et tout le peuple, depuis le plus petit jusqu’au plus grand; lesquels écoutant dans la maison du Seigneur, le roi lut toutes les paroles du volume;
၃၀ယုဒ ပြည်သူ ယေရုရှလင် မြို့သား ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သား၊ လူ အကြီး အငယ် အပေါင်း တို့နှင့်တကွ ၊ ဗိမာန် တော်သို့ တက် ၍ ဗိမာန် တော်၌တွေ့ သော ပဋိညာဉ် ကျမ်းစာ ရှိသမျှ ကို သူ တို့ရှေ့ မှာ ဘတ် တော်မူ၏။
31 Et, se tenant debout sur son tribunal, il fit l’alliance devant le Seigneur, afin qu’il marchât après lui, qu’il gardât ses préceptes, ses lois et ses ordonnances en tout son cœur et en toute son âme, et qu’il fît tout ce qui était écrit dans ce volume quil avait lu.
၃၁ရှင်ဘုရင် ကလည်း ၊ ထာဝရဘုရား ကို ဆည်းကပ် ပါမည်။ စီရင် ထုံးဖွဲ့ချက်ပညတ် တရားကို စိတ်နှလုံး အကြွင်းမဲ့စောင့်ရှောက် ပါမည်။ ဤ ကျမ်းစာ ၌ ပါ သောပဋိညာဉ် စကား အတိုင်း ကျင့် ပါမည်ဟု မိမိ နေရာ ၌ ရပ် ၍ အဓိဋ္ဌာန် ပြု ၏။
32 Il adjura aussi à ce sujet tous ceux qui s’étaient trouvés dans Jérusalem et Benjamin: et les habitants de Jérusalem firent selon l’alliance du Seigneur Dieu de leurs pères.
၃၂စည်းဝေးသော ယုဒအမျိုးနှင့် ဗင်္ယာမိန် အမျိုးသား အပေါင်း တို့သည်၊ ထိုအဓိဋ္ဌာန်ကို ဝန်ခံရမည် အကြောင်းစီရင်တော်မူ၏။ ယေရုရှလင် မြို့သား တို့ သည်လည်း ၊ ဘိုးဘေး တို့ကိုးကွယ်သော ဘုရားသခင် ၏ ပဋိညာဉ် တရားအတိုင်း ကျင့် ကြ၏။
33 Josias enleva donc toutes les abominations de toutes les contrées des enfants d’Israël, et il fit que tous ceux qui restaient encore en Israël servirent le Seigneur leur Dieu. Ainsi, durant tous ses jours, ils ne se séparèrent point du Seigneur Dieu de leurs pères.
၃၃ယောရှိ မင်းသည်လည်း ၊ ရွံရှာ ဘွယ်သောအရာရှိသမျှ တို့ ကို ဣသရေလ အမျိုးသား ပိုင်သော ပြည်အရပ်ရပ် တို့မှ ပယ်ရှား၍၊ ဣသရေလအမျိုးသားပိုင်သော ပြည်အရပ်ရပ်တို့မှ ပယ်ရှား၍၊ ဣသရေလပြည်၌ နေသောသူအပေါင်းတို့သည်၊ မိမိ တို့ဘုရားသခင် ထာဝရဘုရား ကို ဝတ်ပြု ရမည်အကြောင်း ၊ စီရင်တော်မူသဖြင့်၊ လက်ထက် တော်ကာလပတ်လုံး သူတို့သည် မ ဖောက်ပြန် ၊ ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား နောက်တော်သို့ လိုက်လျက်နေကြ၏။