< 1 Samuel 19 >
1 Or, Saül parla à Jonathas, son fils, et à tous ses serviteurs, pour qu’ils tuassent David. Mais Jonathas, fils de Saül, aimait beaucoup David.
၁ထို့ကြောင့် ရှောလုသည် ဒါဝိဒ်ကို သတ်စေခြင်းငှါ၊ သားတော် ယောနသန်နှင့် မိမိကျွန်အပေါင်း တို့ကို မှာထားလေ၏။
2 Aussi Jonathan l’annonça-t-il à David, disant: Saül mon père cherche à te tuer; c’est pourquoi veille sur toi, je te prie, dès le matin; tu resteras dans un lieu secret, et tu te cacheras.
၂သားတော် ယောနသန်သည် ဒါဝိဒ်ကို အလွန်ချစ်၍၊ ငါ့အဘရှောလုသည် သင့်ကို သတ်ခြင်းငှါ ရှာကြံ၏။ သို့ဖြစ်၍ နံနက်တိုင်အောင် ကိုယ်ကို သတိပြုသဖြင့် ဆိတ်ကွယ်ရာအရပ်၌ ပုန်းရှောင်၍ နေပါလော့။
3 Pour moi, sortant, je me tiendrai près de mon père dans le champ, partout où tu seras; et moi-même je parlerai de toi à mon père, et tout ce que je verrai, je te l’annoncerai.
၃ငါထွက်၍ သင်ရှိရာတော၌ ငါ့အဘထံ ခစားလျက်၊ သင့်အမှု၌ စကားပြောမည်။ တွေမြင်သမျှကို သင့်အား ငါပြန်ကြားမည်ဟု ဒါဝိဒ်အား ပြောဆို၏။
4 Jonathas donc parla bien de David à Saül, son père, et il lui dit: Ne péchez pas, ô roi, contre votre serviteur David, parce qu’il n’a pas péché contre vous, et ses œuvres vous sont très avantageuses.
၄ယောနသန်သည် အဘရှောလုထံ၌၊ ဒါဝိဒ်ဘက်မှာပြော၍၊ ရှင်ဘုရင်သည် ကျွန်တော်ဒါဝိဒ်ကို မပြစ်မှားပါစေနှင့်။ သူသည် ကိုယ်တော်ကို မပြစ်မှားပါ။ ကိုယ်တော်၌ အလွန်ကျေးဇူးပြုပါပြီ။
5 Et il a mis son âme en sa main, et a tué le Philistin, et le Seigneur a donné le salut à tout Israël par une grande victoire. Vous l’avez vu, et vous vous êtes réjoui. Pourquoi donc péchez-vous contre un sang innocent, tuant David qui est sans faute?
၅မိမိအသက်ကို မနှမြောဘဲ ဖိလိတ္တိလူကိုသတ်၍ ထာဝရဘုရားသည် ဣသရေလအမျိုးတမျိုးလုံးအဘို့ ကြီးစွာသော ကယ်တင်ခြင်း ကျေးဇူးကို ပြုတော်မူ၏။ ကိုယ်တော်သည် မြင်၍ ဝမ်းမြောက်ပါ၏။ သို့ဖြစ်၍ အကြောင်းမရှိဘဲ ဒါဝိဒ်ကို သတ်သဖြင့် အဘယ်ကြောင့် အပြစ်မရှိသောသူ၏ အသက်ကို သတ်သောအပြစ် သင့်ရောက်စေချင်ပါသနည်းဟု အဘရှောလုအားဆိုသော်၊
6 Lorsque Saul eut entendu cela, apaisé par la voix de Jonathas, il jura: Le Seigneur vit! il ne sera pas tué.
၆ရှောလုသည် ယောနသန်၏ စကားကို နားထောင်၍၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ သူသည် အသေမခံရဟု ကျိန်ဆိုလေ၏။
7 C’est pourquoi Jonathas appela David, et il lui fit connaître toutes ces paroles; ensuite Jonathas introduisit David auprès de Saül; et David fut devant lui, comme hier et avant-hier.
၇ယောနသန်သည် ဒါဝိဒ်ကို ခေါ်၍ အကြောင်းအရာ၊ အလုံးစုံတို့ကို ပြောပြီးမှ၊ ရှောလုထံသို့သွင်းပြန်၍ အထံတော်၌ အရင်နေသကဲ့သို့ နေရ၏။
8 Mais la guerre fut déclarée de nouveau; et David, étant sorti, combattit contre les Philistins; et il les frappa d’une grande plaie; et ils s’enfuirent devant lui.
၈တဖန်စစ်မှုပေါ်ပြန်သောအခါ၊ ဒါဝိဒ်ထွက်၍ ဖိလိတ္တိလူတို့ကို တိုက်လျက်၊ ကြီးစွာသော လုပ်ကြံ ခြင်းအားဖြင့် သတ်၍ သူတို့သည် ပြေးကြ၏။
9 Et le mauvais esprit, envoyé du Seigneur, s’empara de Saül; or, il était assis dans sa maison, et il tenait sa lance; mais David touchait la harpe de sa main.
၉ရှောလုသည် လှံတို့ကို ကိုင်၍နန်းတော်၌ ထိုင်စဉ်တွင်၊ ထာဝရဘုရားထံတော်မှ ဆိုးသောဝိညာဉ် သက်ရောက်၍၊ ဒါဝိဒ်သည် စောင်းတီးလျက်နေသောအခါ၊
10 Et Saül s’efforça de percer David de sa lance contre la muraille; et David se détourna de devant Saül; quand à la lance, sans faire de blessure, elle donna dans la muraille; et David s’enfuit, et il fut sauvé cette nuit-là.
၁၀သူ့ကိုလှံတိုနှင့် ထရံနားမှာ ထိုးစမ်းသော်လည်း၊ အထံတော်မှ ရှောင်ပြေးသဖြင့် လှံတိုသည် ထရံကို စူးလျက် နေ၏။ ဒါဝိဒ်သည် ပြေး၍ ထိုညဉ့်ကို လွတ်ရ၏။
11 Saül envoya donc ses gardes en la maison de David pour s’assurer de lui et le tuer dès le matin. Lorsque Michol, sa femme, l’eut annoncé à David, disant: Si tu ne te sauves cette nuit, demain tu mourras,
၁၁ရှောလုသည် သူ့ကို စောင့်၍ နံနက်ချိန်၌ သတ်စေခြင်းငှါ သူ့အိမ်သို့လူကို လွှတ်စေ၏။ ဒါဝိဒ်မယား မိခါလက၊ သင်သည် ယနေ့ညမှာ ကိုယ်အသက်ကို မကယ်မလျှင်၊ နက်ဖြန်နေ့၌ အသေခံရလိမ့်မည်ဟု ဆိုလျက်၊
12 Elle le descendit par la fenêtre; David donc s’en alla et s’enfuit, et il fut sauvé.
၁၂ဒါဝိဒ်ကို ပြတင်းပေါက်မှ လျှော့ချ၍ သူသည် အလွတ်ထွက်ပြေးလေ၏။
13 Cependant Michol prit la statue, et la posa sur le lit, mit la peau velue de chèvre à sa tête, et la couvrit de vêtements.
၁၃မိခါလသည်လည်း၊ တေရပ်ရုပ်တုကို ယူ၍ ခုတင်ပေါ်မှာ ထားပြီးလျှင်၊ ဆိတ်မွေးဖြင့်ရက်သော ကုလားကာနှင့် ခေါင်းရင်းရှေ့၌ ကာ၍ စောင်နှင့် ခြုံလေ၏။
14 Or Saül envoya des archers pour enlever David; et on répondit qu’il était malade.
၁၄ဒါဝိဒ်ကို ဘမ်းဆီးစေခြင်းငှါ ရှောလု စေလွှတ်သောလုလင် ရောက်သောအခါ၊ ဒါဝိဒ်နာ၍ နေပါသည်ဟု မယားပြောဆို၏။
15 Et Saül envoya de nouveau des messagers, pour voir David, disant: Apportez-le-moi dans le lit, afin qu’il soit tué.
၁၅ရှောလုကလည်း၊ သူ့ကို ငါသတ်မည်အကြောင်း ခုတင်နှင့်တကွ ဆောင်ခဲ့ကြဟု ဒါဝိဒ်ကို အကြည့်အရှု စေလွှတ်၍၊
16 Et lorsque les messagers furent venus, le simulacre fut trouvé sur le lit, et la peau de chèvre à sa tête.
၁၆တမန်တို့သည်ဝင်ကြသောအခါ ဆိတ်မွေးနှင့် ရက်သော ကုလားကာနှင့် ခေါင်းရင်းရှေ့၌ ကာလျက်၊ ခုတင်မှာ တေရပ်ရုပ်တု ရှိပါသည်တကား။
17 Et Saül demanda à Michol: Pourquoi m’as-tu ainsi trompé, et as-tu laissé mon ennemi s’enfuir? Et Michol répondit à Saül: Parce que lui-même m’a dit: Laisse-moi aller, autrement je te tuerai.
၁၇ရှောလုကလည်း ငါ့ကို လှည့်စား၍ အဘယ်ကြောင့် ရန်သူကို လွှတ်လိုက်သနည်း။ ယခုလွတ်အောင် ပြေးပါပြီတကားဟု မိခါလအားပြောဆိုလျှင်၊ မိခါလက ငါသွားမည်။ သို့မဟုတ် သင့်ကို ငါသတ်မည်ဟု သူပြောပါသည်ဟု ရှောလုအား ပြန်လျှောက်လေ၏။
18 Ainsi David fuyant fut sauvé, et il vint vers Samuel à Ramatha, et il lui raconta tout ce que lui avait fait Saül; et ils s’en allèrent, lui et Samuel, et ils demeurèrent à Naïoth.
၁၈ထိုသို့ ဒါဝိဒ် ပြေး၍ ရှောလုလက်မှ လွတ်သဖြင့်၊ ရှမွေလရှိရာ ရာမမြို့သို့ ရောက်လေ၏။ ရှောလု ပြုလေသမျှတို့ကို ပြန်ကြားပြီးမှ၊ ရှမွေလသည် သွား၍ နာယုတ်ရွာမှာ နေ၏။
19 Or, la nouvelle en fut portée à Saül par des gens qui dirent: David est à Naïoth en Ramatha.
၁၉ဒါဝိဒ်သည် ရာမမြို့နယ်၊ နာယုတ်ရွာမှာ ရှိကြောင်းကို ရှောလုသည် ကြား၍၊
20 Saül envoya donc des archers pour enlever David; quand ceux-ci virent la bande des prophètes qui prophétisaient, et Samuel qui les présidait, l’Esprit du Seigneur s’empara aussi d’eux, et ils commencèrent eux aussi à prophétiser.
၂၀ဒါဝိဒ်ကို ဘမ်းဆီးစေခြင်းငှါ စေလွှတ်ပြန်၏။ ပရာဖက် အပေါင်းအသင်းတို့သည် ပရောဖက်ပြုလျက်၊ ရှမွေလစီရင်လျက်နေသည်ကို တမန်တို့သည် တွေ့မြင်သောအခါ၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရှောလု၏ တမန်တော်တို့အပေါ်မှာ သက်ရောက်၍၊ သူတို့သည်လည်း ပရောဖက်ပြုရကြ၏။
21 Ce qui ayant été annoncé à Saül, il envoya encore d’autres messagers; or, ceux-ci aussi prophétisèrent. Et de nouveau Saül envoya de troisièmes messagers, qui eux aussi prophétisèrent. Et Saül fut irrité par la colère,
၂၁ထိုသိတင်းကို ရှောလုသည်ကြားလျှင် အခြားသောသူတို့ကို စေလွှတ်၍၊ သူတို့သည်လည်း ပရောဖက် ပြုရကြ၏။တတိယအကြိမ် ရှောလုသည် စေလွှတ်၍၊ ထို့အတူပြုကြရ၏။
22 Il s’en alla aussi lui-même à Ramatha, vint jusqu’à la grande citerne, qui est à Socho, interrogea et dit: En quel lieu sont Samuel et David? Et il lui fut répondu: Voilà qu’ils sont à Naïoth en Ramatha.
၂၂ထိုအခါ ကိုယ်တိုင်ရာမမြို့သို့ သွား၍၊ စေခုရွာ၌ရှိသော ရေတွင်းကြီးသို့ရောက်သော်၊ ရှမွေလနှင့် ဒါဝိဒ်တို့သည် အဘယ်မှာရှိသနည်းဟု မေးလျှင်၊ ရာမမြို့နယ်၊ နာယုတ်ရွာမှာ ရှိပါသည်ဟု ကြားလျှောက်လေသော်၊
23 Et il s’en alla à Naïoth en Ramatha, et l’esprit du Seigneur s’empara aussi de lui, et il allait marchant, et il prophétisait, jusqu’à ce qu’il vint à Naïoth de Ramatha.
၂၃ထိုအရပ်သို့သွား၍၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်သဖြင့်၊ နာယုတ်ရွာ တိုင်အောင် ပရောဖက်ပြုလျက်သွားလေ၏။
24 Et il se dépouilla aussi lui-même de ses vêtements, et il prophétisa avec tous les autres devant Samuel; et il se coucha nu durant tout ce jour-là et la nuit; d’où est venu le proverbe: Est-ce que Saül est parmi les prophètes?
၂၄အဝတ်တော်ကိုလည်း ချွတ်၍၊ ရှမွေလရှေ့မှာ ထိုအတူပရောဖက်ပြုလျက်၊ အဝတ်မပါဘဲ တနေ့နှင့် တညဉ့် လဲလျက်နေ၏။ ထိုကြောင့် ရှောလုသည်လည်း ပရောဖက်တို့၌ ပါသလောဟု ဆိုလေ့ရှိကြ၏။