< 1 Corinthiens 6 >
1 Quelqu’un de vous ayant avec un autre un différend, ose l’appeler en jugement devant les infidèles et non devant les saints!
၁သင် တို့သည် အချင်းချင်း အမှု ရှိ လျှင် ၊ သန့်ရှင်း သူတို့ရှေ့ ၌ တရား စီရင်ခြင်းကို မ ခံဘဲသာသနာပ လူတို့ ရှေ့ ၌ ခံ ဝံ့သောသူတစ်စုံတစ်ယောက် ရှိသလော။
2 Ne savez-vous pas que les saints jugeront ce monde? Or si le monde doit être jugé par vous, êtes-vous indignes de juger des moindres choses?
၂သန့်ရှင်း သူတို့သည် လောကီ နိုင်ငံကို တရား စီရင်မည်ဟု မ သိ ကြသလော။ သင် တို့သည် လောကီ နိုင်ငံကို စီရင် ရသည်မှန်လျှင် ၊ အငယ်ဆုံး သော အမှုများကို မ စီရင် ထိုက်သလော။
3 Ne savez-vous pas que nous jugerons les anges? Combien plus les choses du siècle?
၃ငါတို့သည်ကောင်းကင်တမန် တို့ကို တရား စီရင်မည်ဟု မ သိ ကြသလော။ သို့ဖြစ်၍ လောကီ အမှုကို စီရင် ထိုက်သည်မ ဟုတ်လော။
4 Si donc vous avez des différends touchant les choses du siècle, établissez, pour les juger, ceux qui tiennent le dernier rang dans l’Eglise.
၄ထိုကြောင့် သင် တို့သည် လောကီ အမှုကိုစီရင် စရာရှိလျှင် ၊ အသင်းတော် ၌ အသရေ နည်းသောသူ တို့ကို တရားသူကြီး အရာ၌ ခန့်ထား ကြလော့။
5 Je le dis pour votre honte: N’y a-t-il donc parmi vous aucun sage qui puisse être juge entre ses frères?
၅ထိုသို့ဆိုသော် ၊ သင် တို့ရှက် စေခြင်းငှာပြောဆို ၏။ သင် တို့တွင် ပညာရှိ တစ်စုံတစ်ယောက်မျှ မ ရှိ သလော။ ညီအစ်ကို ချင်းတို့၏ အမှုကို စီရင် ဆုံးဖြတ်နိုင် သောသူ တစ်စုံတစ်ယောက်မျှမရှိသလော။
6 Mais un frère plaide contre son frère, et cela devant des infidèles?
၆ညီအစ်ကို ချင်းတို့သည် တရား တွေ့သည် သာမက၊ မယုံကြည် သော သူတို့ရှေ့ ၌ပင် တရားတွေ့ပါ သည်တကား။
7 C’est déjà certainement pour vous une faute, que vous ayez des procès entre vous. Pourquoi ne supportez-vous pas plutôt d’être lésés? Pourquoi ne supportez-vous pas plutôt la fraude?
၇ထိုသို့ သင် တို့သည် အချင်းချင်း တရား တွေ့သည် အမှုမှာ အလွန်ကြီးစွာသော အပြစ်ရှိ ကြ၏။ တရားမတွေ့ဘဲ ညှဉ်းဆဲ ခြင်းကို အဘယ်ကြောင့် မ ခံသနည်း။
8 Mais vous-mêmes, vous lésez, vous fraudez, et cela à l’égard de vos frères.
၈ကိုယ်ဥစ္စာရှုံး ခြင်းကို အဘယ်ကြောင့် မ ခံသနည်း။ ထိုသို့ သင်တို့သည် မခံဘဲ၊ ညီအစ်ကိုချင်းတစ်ယောက်ကိုတစ်ယောက်ညှင်းဆဲ ၍ ၊ ညီအစ်ကို ချင်းတို့၏ ဥစ္စာကိုသိမ်းယူ ကြသည်တကား ၊
9 Ne savez-vous pas que les injustes ne posséderont pas le royaume de Dieu? Ne vous abusez point: ni les fornicateurs, ni les idolâtres, ni les adultères,
၉မတရား သောသူတို့သည် ဘုရားသခင် ၏ နိုင်ငံ တော်ကို အမွေ မ ခံရသည်ကို သင်တို့မ သိ ကြ သလော။ အလွဲ မ ယူကြနှင့်။ မတရား သောမေထုန်၌ မှီဝဲသောသူ၊ ရုပ်တု ကိုကိုးကွယ်သောသူ၊ သူ့ မယားကို ပြစ်မှားသောသူ၊ ယောက်ျား ချင်းမေထုန်ကိုပြုသောသူ၊ ထိုအမှုကိုခံသောသူ၊
10 Ni les efféminés, ni les abominables, ni les voleurs, ni les avares, ni les ivrognes, ni les médisants, ni les rapaces, ne posséderont le royaume de Dieu.
၁၀သူ့ ဥစ္စာကိုခိုးသောသူ၊ လောဘ လွန်ကျူးသောသူ၊ သေရည် သေရက်နှင့်ယစ်မူးသောသူ၊ ဆဲရေး ကဲ့ရဲ့သောသူ၊ အနိုင် အထက်လုယူသော သူတို့သည် ဘုရားသခင် ၏ နိုင်ငံ တော်ကို အမွေ မ ခံရကြ။
11 C’est ce que quelques-uns de vous ont été, mais vous avez été lavés, mais vous avez été sanctifiés, mais vous avez été justifiés au nom de Notre Seigneur Jésus-Christ, et par l’Esprit de notre Dieu.
၁၁အထက်ကသင်တို့တွင် အချို့ သောသူတို့သည် ထိုသို့သောသူဖြစ် ကြသော်လည်း ၊ ယခုတွင်သခင် ယေရှု ၏ နာမ တော်အားဖြင့် ၎င်း၊ ငါ တို့ဘုရားသခင် ၏ ဝိညာဉ် တော်အားဖြင့် ၎င်း ၊ ဆေးကြော သန့်ရှင်း ၍ ဖြောင့်မတ် ရာ သို့ ရောက်ကြပြီ။
12 Tout m’est permis, mais tout ne m’est pas avantageux. Tout m’est permis, mais je ne serai l’esclave d’aucune chose;
၁၂ငါ သည် အပြစ်မသင့်ဘဲလျက်ခပ်သိမ်း သော အမှုအရာကို ပြု နိုင်သည် မှန်စေတော့။ ခပ်သိမ်း သော အမှုအရာကို ပြု သင့်သည်မ ဟုတ်။ အပြစ်မသင့်ဘဲလျက် ခပ်သိမ်း သော အမှုအရာကိုပြု နိုင်သည်မှန်စေတော့။ အဘယ် အမှုအရာ၌ မျှ ငါ သည်ကျွန် မ ခံ။
13 Les aliments sont pour l’estomac, et l’estomac pour les aliments; mais Dieu détruira l’un et l’autre: or le corps n’est point pour la fornication, mais pour le Seigneur, et le Seigneur pour le corps.
၁၃အစား အသောက်တို့သည် ဝမ်း အဘို့ ၊ ဝမ်း သည်လည်း အစား အသောက်တို့ အဘို့ဖြစ်သည်မှန်စေတော့။ သို့သော်လည်း ဘုရားသခင် သည် ထို နှစ် ပါးကို ဖျက်ဆီး တော်မူလိမ့်မည်။ ကိုယ်ခန္ဓါ သည် မတရား သောမေထုန် အဘို့ဖြစ်သည်မ ဟုတ်။ သခင် ဘုရားအဘို့ ဖြစ်၏။ သခင် ဘုရားသည်လည်း ကိုယ်ခန္ဓါ အဘို့ ဖြစ်တော်မူ၏။
14 Car. comme Dieu a ressuscité le Seigneur, il nous ressuscitera aussi par sa puissance.
၁၄ဘုရားသခင် သည် တန်ခိုး တော်အားဖြင့် သခင် ဘုရားကို ထမြောက် စေတော်မူသည်ဖြစ်၍ ၊ ငါ တို့ကိုလည်း ထမြောက် စေတော်မူလိမ့်မည်။
15 Ne savez-vous pas que vos corps sont les membres du Christ? Enlevant donc les membres du Christ, en ferai-je des membres de prostituée? À Dieu ne plaise.
၁၅သင် တို့ကိုယ်ခန္ဓာ သည် ခရစ်တော် ၏ အင်္ဂါ ဖြစ် ကြောင်း ကို မ သိ ကြသလော။ သို့ဖြစ်လျှင် ၊ ခရစ်တော် ၏ အင်္ဂါ ကိုယူ ၍ ပြည်တန်ဆာ ၏ အင်္ဂါ ဖြစ် စေအပ် သလော။ မ ဖြစ်စေ အပ်။
16 Ne savez-vous pas que celui qui s’unit à une prostituée devient une même chair avec elle? Car (dit-il) ils seront deux en une seule chair.
၁၆အဘယ်သို့ နည်း။ ပြည်တန်ဆာ ၌ မှီဝဲ သောသူ သည်ထိုပြည်တန်ဆာနှင့် တစ်သား တစ်ကိုယ်တည်း ဖြစ် ကြောင်း ကို မ သိ ကြသလော။ ထိုသူနှစ် ယောက်တို့သည် တစ်သား တစ်ကိုယ်တည်း ဖြစ် ရလိမ့်မည်ဟု ကျမ်းစာလာ ၏။
17 Mais celui qui s’unit au Seigneur est un seul esprit avec lui.
၁၇သခင် ဘုရား၌ မှီဝဲ သော သူ သည် ထိုသခင်နှင့် တစ် စိတ် တစ်ဝိညာဉ်တည်းဖြစ် ၏။
18 Fuyez la fornication. Tout péché, quel qu’il soit, que fait l’homme est hors de son corps; mais celui qui commet la fornication pèche contre son propre corps.
၁၈မတရား သောမေထုန်ကိုကြဉ်ရှောင် ကြလော့။ လူ ပြု တတ်သော အခြားဒုစရိုက် ရှိသမျှ တို့သည် ကိုယ် ပြင် ၌ ရှိ ၏။ မတရား သော မေထုန်ကို ပြုသောသူ မူကား ၊ မိမိ ကိုယ် ကိုပင်ပြစ်မှား ၏။
19 Ne savez-vous pas que vos membres sont le temple de l’Esprit-Saint, qui est en vous, que vous avez reçu de Dieu, et qu’ainsi vous n’êtes plus à vous-mêmes?
၁၉အဘယ်သို့နည်း။ သင် တို့ကိုယ်ခန္ဓါ သည် ဘုရားသခင် ပေး သနားတော်မူသော ဝိညာဉ်တော်တည်းဟူသော၊ သင် တို့အထဲ ၌ ကျိန်းဝပ်၍ သန့်ရှင်း သော ဝိညာဉ် တော်၏ ဗိမာန် ဖြစ် ကြောင်း ကို၎င်း၊ မိမိ တို့ကို မိမိတို့မ ပိုင် ကြောင်းကို၎င်း၊ မ သိ ကြသလော။
20 Car vous avez été achetés à haut prix. Glorifiez et portez Dieu dans votre corps.
၂၀သင်တို့သည် အဘိုး နှင့် ဝယ် တော်မူသော သူဖြစ်သောကြောင့် ၊ ဘုရားသခင် ပိုင်တော်မူသောသင် တို့၏ ကိုယ်ခန္ဓါ နှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ် တော်ကိုထင်ရှားစေကြလော့။