< Jean 9 >
1 Il vit, en passant, un aveugle de naissance.
၁လမ်း၌သွား တော်မူစဉ်၊ အမိ ဝမ်းတွင်းကပင် မျက်စိ ကန်းသောသူ တစ်ယောက်ကို တွေ့မြင် တော်မူ၏။
2 Ses disciples l'interrogèrent: «Rabbi, lui dirent-ils, est-ce le péché de cet homme, ou celui de ses parents, qui l'a fait naître aveugle?»
၂တပည့် တော်တို့က၊ အရှင် ဘုရား၊ ဤသူ သည် အဘယ်သူ ၏အပြစ် ကြောင့် ကန်းသနည်း။ ကိုယ်အပြစ် ကြောင့် ကန်းသလော။ မိဘ အပြစ်ကြောင့် ကန်း သလောဟု မေးလျှောက် ကြ၏။
3 Jésus répondit: «Ni lui, ni ses parents n'ont péché, mais il est aveugle pour que les oeuvres de Dieu soient manifestées en lui.
၃ယေရှု ကလည်း၊ ကိုယ် အပြစ် ကြောင့်မ ဟုတ်။ မိဘ အပြစ်ကြောင့်လည်းမဟုတ်။ ဘုရားသခင် ၏ အမှု တော်ကို သူ ၌ ထင်ရှား စေမည်အကြောင်း တည်း။
4 Il faut, pendant qu'il est jour, que j'accomplisse les oeuvres de Celui qui m'a envoyé. La nuit arrive, où personne ne peut travailler.
၄ငါ့ ကို စေလွှတ် တော်မူသော သူ ၏အမှု ကို နေ့ အချိန်၌ရှိ စဉ် တွင် ငါ ပြု ရ မည်။ အဘယ်သူ မျှအမှု မပြုနိုင် သော အချိန် တည်းဟူသောညဉ့် အချိန်လာ သေး၏။
5 Pendant que je suis dans le monde, je suis la lumière du monde.»
၅ငါ သည် ဤလောက ၌ ရှိ စဉ် တွင် ဤလောက ၏အလင်း ဖြစ်၏ ဟု မိန့် တော်မူပြီးလျှင်၊
6 Ayant ainsi parlé, il cracha à terre; et, formant de la boue avec sa salive, il étendit cette boue sur les yeux de l'aveugle;
၆မြေ ပေါ်မှာထွေး ၍ တံထွေး နှင့်ရွှံ့ လုပ် ပြီးမှ၊ ကန်းသောသူ၏ မျက်စိ ကိုရွှံ့ နှင့်လူး ၍ ၊
7 puis il lui dit: «Va te laver à la piscine de Siloam (mot qui signifie: Envoyé).» L'aveugle alla se laver et revint voyant clair.
၇သင်သွား လော့။ ရှိလောင် ရေကန် ၌ မျက်စိကိုဆေး လော့ ဟု မိန့် တော်မူ၏။ ရှိလောင်အနက် ကား စေလွှတ် သည်ဟု ဆိုလိုသတည်း။ ထိုသူသည် သွား ၍ ဆေး ပြီးမှ၊ မျက်စိမြင် လျက် ပြန် လေ၏။
8 Les voisins et les gens qui auparavant l'avaient remarqué, quand il demandait l'aumône, disaient: «N'est-ce pas là l'homme qui était assis et mendiait?» —
၈သူ သည် သူတောင်းစား ဖြစ် သည်ကို အိမ်နီးချင်း မှစ၍ မြင် ဘူး သောသူ တို့က၊ ဤသူ သည် ထိုင် ၍ တောင်း သောသူ မ ဟုတ် လောဟု ဆို ကြ၏။
9 «C'est bien lui», répondaient les uns. — «Nullement! affirmaient les autres, c'est quelqu'un qui lui ressemble.» Lui, il disait: «C'est bien moi.»
၉လူအချို့ က၊ ဟုတ်ကဲ့ ဟုဆို ကြ၏။ အချို့ ကလည်း၊ ထိုသူ နှင့်တူ သည်ဟု ဆို ကြ၏။ ထိုသူ ကလည်း၊ အကျွန်ုပ် သည် ထိုသူပင်ဖြစ် သည်ဟုဆို ၏။
10 On lui demanda il alors: «Comment tes yeux se sont-ils donc ouverts?»
၁၀သူ တို့ကလည်း၊ အဘယ်သို့ သင် ၏မျက်စိ ပွင့် သနည်းဟု မေးမြန်း ကြလျှင်၊
11 Il répondit: «Celui que l'on nomme Jésus a fait de la boue; il l'a étendue sur mes yeux; puis il m'a dit: «Va te laver à Siloam.» J'y suis allé; je me suis lavé et j'y vois.»
၁၁ထိုသူ က၊ ယေရှု အမည် ရှိသောသူ တစ်ယောက်သည် ရွှံ့ လုပ် ၍ ကျွန်ုပ် မျက်စိ ကိုလူး ပြီးမှ၊ ရှိလောင် ရေကန်သို့ သွား ၍ မျက်စိကိုဆေး လောဟုဆို သည်အတိုင်း အကျွန်ုပ်သွား ၍ ဆေး လျှင် မျက်စိမြင် သည်ဟုဆို ၏။
12 Ils lui demandèrent: «Et lui, où est-il?» — «Je n'en sais rien», répondit-il.
၁၂လူများကလည်း၊ ထိုသူ သည် အဘယ်မှာ ရှိ သနည်းဟု မေးမြန်း ကြလျှင်၊ အကျွန်ုပ်မ သိ ဟုဆို ၏။
13 On conduisit aux Pharisiens cet aveugle guéri.
၁၃လူများသည် မျက်စိ ကန်းဘူးသော ထိုသူ ကို ဖာရိရှဲ တို့ထံသို့ ပို့ ကြ၏။
14 Or c'était un jour de sabbat que Jésus avait fait de la boue et lui avait ouvert les yeux.
၁၄ယေရှု သည် ရွှံ့ လုပ် ၍ သူ ၏မျက်စိ ကို ပွင့် တော်မူသောနေ့ သည် ဥပုသ်နေ့ ဖြစ် သတည်း။
15 Les Pharisiens lui demandèrent à leur tour comment il avait recouvré la vue. «Il m'a mis de la boue sur les yeux, leur répondit-il; je me suis lavé et j'y vois.»
၁၅တစ်ဖန် ဖာရိရှဲ တို့ကအဘယ်သို့ ၊သင်၏မျက်စိမြင် သနည်းဟုမေးမြန်း ပြန်လျှင်၊ အကျွန်ုပ် မျက်စိ ၌ သူ သည် ရွှံ့ ကိုထည့် ၍ အကျွန်ုပ်ဆေး လျှင် မျက်စိမြင် သည်ဟုဆို ၏။
16 Là-dessus quelques-uns de ces Pharisiens dirent: «Cet homme, n'est pas de Dieu, puisqu'il n'observe pas le sabbat.» Mais d'autres: «Comment un pécheur peut-il faire de tels miracles?» Ils étaient en désaccord.
၁၆ဖာရိရှဲ အချို့ တို့က၊ ထိုသူသည် ဥပုသ် မ စောင့် ။ ဘုရားသခင် စေလွှတ်တော်မူသောသူ မ ဟုတ် ဟု ဆို ကြ ၏။ အချို့ တို့က၊ ဆိုး သောသူသည် ဤသို့သော နိမိတ် လက္ခဏာတို့ကို အဘယ်သို့ ပြ နိုင် မည်နည်းဟု ဆို ကြ၏။ ထိုသို့အချင်းချင်း မသင့် ကွဲပြားခြင်းသို့ရောက်၏။
17 Alors ils s'adressèrent de nouveau à l'aveugle: «Et toi, que dis-tu de lui, puisqu'il t'a ouvert les yeux?» — «C'est un prophète», répondit-il.
၁၇တစ်ဖန် မျက်စိ ကန်းဘူးသောသူ အား၊ သင် ၏မျက်စိ ကိုဖွင့် သောသူ သည် အဘယ်သို့သောသူဖြစ်သနည်း ဟု မေး ကြလျှင် ၊ ပရောဖက် ဖြစ် သည်ဟုဆို ၏။
18 Ne croyant pas que cet homme avait été aveugle et qu'il avait recouvré la vue, les Juifs mandèrent son père et sa mère,
၁၈ထိုသူသည် အထက်မျက်စိ မမြင်၊ နောက်မှ မျက်စိမြင် သည်ကို ယုဒ လူတို့သည် မ ယုံ ကြသဖြင့် သူ၏ မိဘ ကိုခေါ် ၍ ၊
19 et ils leur posèrent ces questions: «Est-ce bien là votre fils que vous dites être aveugle de naissance? Comment se fait-il qu'il y voie maintenant?»
၁၉ဤသူ သည် သင် တို့ဆို သည်အတိုင်း အမိဝမ်းတွင်းကပင် မျက်စိ ကန်းသော သင် တို့၏ သား မှန် လော။ သို့မှန်လျှင် အဘယ်သို့ ယခု မျက်စိမြင် သနည်းဟု မေး ကြ၏။
20 Ses parents répondirent par ces paroles: «Nous savons que c'est là notre fils; nous savons qu'il est né aveugle;
၂၀မိဘ တို့ကလည်း၊ ဤသူ သည် အကျွန်ုပ် တို့၏ သား မှန် သည်ကို၎င်း၊ အမိဝမ်းတွင်းကပင် မျက်စိကန်း သည်ကို၎င်း ၊ အကျွန်ုပ်တို့ သိ ကြပါ၏။
21 mais comment il se fait qu'il y voie maintenant, nous ne le savons pas; quel est celui qui lui a ouvert les yeux, nous ne le savons pas. Interrogez-le; il est d'âge à s'expliquer lui-même.»
၂၁အဘယ်ကြောင့် မျက်စိမြင် သည်ကို၎င်း ၊ အဘယ်သူ သည်သူ၏ မျက်စိ ကိုဖွင့် သည်ကို၎င်း၊ အကျွန်ုပ် တို့ မ သိ ကြပါ။ သူ သည် အသက် အရွယ်နှင့်ပြည့်စုံပါ၏။ သူ့ ကိုမေး ကြပါလော့။ သူ သည်ကိုယ် အကြောင်း ကို ကိုယ်တိုင်ပြော ပါလိမ့်မည်ဟု ပြန်ပြော ကြ၏။
22 Les parents parlèrent ainsi par crainte des Juifs. Ceux-ci, en effet, avaient déjà décidé que quiconque reconnaîtrait que Jésus était le Christ, serait chassé de la synagogue.
၂၂ဤသို့ ပြော သည်အကြောင်း ကား၊ ယေရှုသည် ခရစ်တော် ဖြစ်သည်ဟု ဝန်ခံ သောသူ မည်သည်ကို တရားစရပ် မှနှင်ထုတ်ရ မည်ဟု ယုဒ လူတို့သည် တိုင်ပင် စီရင်ကြနှင့် ပြီ။
23 C'est pour cela que les parents dirent: « Il est d'âge à répondre, interrogez-le.»
၂၃ထိုကြောင့် မိဘ တို့က၊ သူ သည် အသက် အရွယ်နှင့် ပြည့်စုံပါ၏။ သူ့ ကိုမေး ကြလော့ဟု ယုဒ လူတို့ကို ကြောက် ၍ ပြော ကြ၏။
24 Alors les Pharisiens appelèrent pour la seconde fois l'homme qui avait été aveugle. «Rends gloire à Dieu! lui dirent-ils, nous savons que cet homme est un pécheur!»
၂၄ထိုကြောင့် ၊ မျက်စိ ကန်းဘူးသောသူ ကို ဒုတိယ အကြိမ်ခေါ် ၍ ဘုရားသခင် ကို ချီးမွမ်း လော့။ ထို သူ သည် လူဆိုး ဖြစ် ကြောင်း ကို ငါ တို့သိ ၏ဟုဆို ကြလျှင်၊
25 Et lui, il répondit: «S'il est un pécheur, je ne sais; je sais une chose: j'étais aveugle et maintenant je vois!» —
၂၅လူဆိုး ဖြစ် သည်မ ဖြစ်သည်ကို အကျွန်ုပ်မသိ ။ အကျွန်ုပ်သည် အထက်ကမျက်စိ ကန်း၍ ယခု မျက်စိမြင် သည်အကြောင်းတစ်ခု ကို အကျွန်ုပ်သိ သည်ဟုဆို ၏။
26 «Que t'a-t-il fait? reprirent-ils; comment t'a-t-il ouvert les yeux?»
၂၆တဖန်သူတို့က၊ သူသည်သင် တို့၌ အဘယ်သို့ ပြု သနည်း။ သင် ၏ မျက်စိ ကိုအဘယ်သို့ ဖွင့် သနည်းဟု မေး ကြလျှင်၊ အကျွန်ုပ်တစ်ခါပြော ပြီ၊ သင် တို့နားမ ကြား ကြ။
27 Il répondit: «Je vous l'ai déjà dit, et vous n'avez pas écouté. Pourquoi voulez-vous l'entendre encore? Voulez-vous, vous aussi, devenir ses disciples?»
၂၇အဘယ်ကြောင့် တစ်ဖန် ကြား ချင် သနည်း။ သူ့ တပည့် ဖြစ် ချင်သလောဟု ဆို ကြ၏။
28 Alors ils l'accablèrent d'injures, disant «C'est toi qui es son disciple; nous sommes, nous, disciples de Moïse;
၂၈ထိုသူတို့ကလည်း၊ သင် သည်သူ့ တပည့် ဖြစ် ၏။ ငါ တို့မူကား မောရှ ၏တပည့် ဖြစ် ကြ၏။
29 nous savons que Dieu a parlé à Moïse; quant à cet homme, nous ne savons d'où il est.» —
၂၉ဘုရားသခင် သည်မောရှ ၌ ဗျာဒိတ် ထားတော်မူကြောင်း ကို ငါ တို့ သိ ကြ၏။ ထိုသူ သည် အဘယ် ကဖြစ် သည်ကို မ သိ ဟုကဲ့ရဲ့ ၍ ပြောဆို ကြလျှင်၊
30 «Voici qui est fort étonnant, reprit l’aveugle guéri, vous ne savez d'où il est, alors qu'il m'a ouvert les yeux!
၃၀သူသည် အကျွန်ုပ် မျက်စိ ကိုဖွင့် သော်လည်း အဘယ် ကဖြစ် သည်ဟု သင် တို့မ သိ ကြသည်ကို အံ့ဩဘွယ် ရှိ ၏။
31 Nous savons que Dieu n'écoute pas les pécheurs; si, au contraire, quelqu'un craint Dieu et fait sa volonté, c'est celui-là que Dieu écoute.
၃၁ဘုရားသခင် သည် လူဆိုး တို့ စကားကိုနားထောင် တော်မ မူသည်ကို ငါတို့သိ ကြ၏။ ဘုရားသခင် ကို ရိုသေလေးမြတ်၍ အလို တော်ကို လိုက် သောသူဖြစ် လျှင် ထိုသူ ၏စကားကို နားထောင် တော်မူ၏။
32 Jamais on n'a entendu dire que quelqu'un ait ouvert les yeux d'un aveugle-né. (aiōn )
၃၂အမိဝမ်းတွင်းကပင် မျက်စိ ကန်းသောသူ ကိုမျက်စိ မြင် စေခြင်းငှာ တတ်နိုင်သည်ကို ကမ္ဘာ ဦးမှစ၍ မ ကြား စဖူး။ (aiōn )
33 Si cet homme n'était pas de Dieu, il ne pourrait rien faire.» —
၃၃ထိုသူ သည်ဘုရားသခင် စေလွှတ် တော်မူသောသူမ ဟုတ် လျှင် အဘယ် အမှုကိုမျှမ တတ် နိုင် ဟုပြောဆို ၏။
34 «Tu es né dans le péché des pieds à la tête, lui répliquèrent-ils, et tu nous fais la leçon!» Et ils le jetèrent dehors.
၃၄ထိုသူ တို့ကလည်း ၊ သင် သည် မွေး စကပင်တစ်ကိုယ်လုံး ၌ ဒုစရိုက် အပြစ်စွဲသောသူဖြစ်လျက် နှင့် ငါ တို့ကို ဆုံးမ ပါသည်တကားဟု ပြောဆို ကြပြီးလျှင် ၊ ထိုသူ ကို တရားစရပ်မှနှင်ထုတ် ကြ၏။
35 Jésus apprit qu'ils l'avaient ainsi chassé, et l'ayant rencontré, il lui dit: «Crois-tu au Fils de l'homme?»
၃၅နှင်ထုတ် သည်အကြောင်း ကို ယေရှု သည်ကြား ပြီးမှထိုသူ ကိုတွေ့ တော်မူလျှင်၊ သင် သည် ဘုရားသခင် သား တော်ကို ယုံကြည် သလော ဟု မေး တော်မူ၏။
36 Il lui répondit par ces paroles: «Qui est-il, Seigneur, pour que je croie en lui?»
၃၆သခင် ၊ အကျွန်ုပ်ယုံကြည် ရမည်အကြောင်း ဘုရားသခင်၏သား တော်ကား အဘယ်သူ နည်းဟု မေးလျှောက် သော်၊
37 Jésus lui dit: «Tu l'as vu; celui qui te parle, c'est lui.» —
၃၇ယေရှု က၊ သင်သည် ထိုသူ ကိုမြင် ခဲ့ပြီးသာမက ၊ သင် နှင့် ယခု စကားပြော သောသူ သည် ဘုရားသခင်၏ သားတော်ဖြစ် သည် ဟု မိန့် တော်မူလျှင်၊
38 «Je crois, Seigneur», dit alors cet homme en se prosternant devant lui.
၃၈သခင် ၊ အကျွန်ုပ်ယုံကြည် ပါ၏ဟု လျှောက် ၍ ညွတ်ပြပ် ကိုးကွယ်လေ၏။
39 Et Jésus dit: «C'est pour un jugement que je suis venu dans ce monde; c'est pour que les aveugles voient et que ceux qui voient deviennent aveugles.»
၃၉ထိုအခါ ယေရှု ကလည်း ၊ မျက်စိမ မြင် သောသူ သည် မြင် စေခြင်းငှာ ၎င်း ၊ မြင် သောသူကို မျက်စိ ကန်းစေခြင်းငှာ၎င်း၊ ငါ သည် တရားစီရင် ၍ ဤ လောက သို့ ရောက်လာ ပြီ ဟု မိန့် တော်မူ၏။
40 Ceux des Pharisiens qui étaient présents entendirent ce mot: «Et nous, demandèrent-ils, sommes nous aussi des aveugles?»
၄၀အထံ တော်၌ ရှိ သောဖာရိရှဲ အချို့တို့သည် ထို စကားကိုကြား လျှင်၊ ငါ တို့သည် မျက်စိ ကန်းသလောဟု မေး ကြ၏။
41 Jésus leur répondit: «Si vous étiez aveugles, vous ne seriez point coupables; mais comme vous dites à l'heure présente: «nous voyons», votre culpabilité reste entière.»
၄၁ယေရှု က လည်း၊ သင်တို့ သည် မျက်စိကန်း သည်မှန်လျှင် အပြစ် မ ရှိ ၊ ငါတို့မျက်စိမြင် သည် ဟု ယခု ဆို ကြ၏။ ထိုကြောင့် သင် တို့၌အပြစ် တည် သည် ဟု မိန့် တော်မူ၏။