< Actes 12 >
1 Vers la même époque, le roi Hérode e se mit à persécuter quelques-uns des membres de l'Église.
၁ထို အခါ ဟေရုဒ် မင်းကြီး သည် သင်းဝင် သူ အချို့ တို့ကို ညှဉ်းဆဲ ခြင်းငှာစီရင် ၍၊
2 Il fit trancher la tête à Jacques, frère de Jean.
၂ယောဟန် ၏အစ်ကို ဖြစ်သော ယာကုပ် ကို ဓား နှင့်ကွပ်မျက် လေ၏။
3 Voyant le bon effet qu'il produisait ainsi sur les Juifs, il ordonna aussi d'enfermer Pierre. On était à la semaine des Azymes.
၃ယုဒ လူတို့သည် အားရ ဝမ်းမြောက်ခြင်း ရှိ သည် ကို မြင် လျှင်၊ အဇုမ ပွဲနေ့ရက် တို့၌ တဖန်ထပ် ၍၊
4 Il le fit arrêter et mettre en prison, et chargea quatre escouades, de quatre soldats chacune, de le surveiller. Son intention était de le juger après la Pâque et en présence de tout le peuple.
၄ပေတရု ကိုလည်း ဘမ်းဆီး ပြီးမှ၊ ပသခါ ပွဲလွန် လျှင် လူ များတို့အား ထုတ်ပေး မည်အကြံ နှင့် အစောင့်အရှောက် စစ်သူရဲ တစ်ကျိပ်ခြောက်ယောက်တို့၌အပ် ၍ ထောင် တွင် လှောင် ထားလေ၏။
5 Pierre était donc gardé dans la prison et l'Église adressait à Dieu de ferventes prières pour lui.
၅ပေတရု သည်ထောင် ၌ အကျဉ်း နေရစဉ်၊ သင်းဝင် သူ တို့သည် သူ့ ဘို့ ကြိုးစား ၍ ဘုရားသခင် ကို ဆုတောင်း ဝတ်ပြုကြ၏။
6 Or, la nuit qui précéda le moment fixé par Hérode pour sa comparution, Pierre dormait entre deux soldats, retenu par une double chaîne et, devant la porte, des sentinelles gardaient la prison.
၆ပေတရု သည် ဟေရုဒ် မင်းထုတ် ခါနီး ၊ ညဉ့်အချိန် တွင် သံကြိုး နှစ် စင်းနှင့် ချည်နှောင် ခြင်းကိုခံရလျက်၊ စစ်သူရဲ နှစ် ယောက်တို့အလယ် ၌ အိပ်ပျော် ၍၊ အစောင့် များ တို့သည် ထောင် တံခါး ရှေ့ မှာ စောင့် နေကြ၏။
7 Tout à coup apparut un ange du Seigneur; le cachot devint resplendissant de lumière. Cet ange, touchant Pierre au côté, le réveilla et lui dit: «Lève-toi vite!»
၇ထိုအခါထာဝရ ဘုရား၏ ကောင်းကင် တမန် သည် ပေါ်လာ လျှင် ထောင်အိမ် ၌ အလင်း ထွန်းတောက် လေ၏။ ကောင်းကင်တမန်သည် ပေတရု ၏ နံဖေး ကို ပုတ်ခတ် ၍ ၊ အလျင်အမြန် ထ လော့ဟု ဆို လျက်ထ စေ ၏။ သံကြိုး သည်လည်းပေတရုလက် မှ ကျွတ် လေ၏။
8 et les chaînes tombèrent de ses mains. «Mets ta ceinture, lui dit ensuite l'ange, et chausse tes sandales.» Pierre le fit. Il ajouta: «Enveloppe-toi de ton manteau et suis-moi.»
၈ကောင်းကင် တမန်ကလည်း၊ သင် ၏ ခါးပန်းကို စည်း လော့။ ခြေနင်း ကိုလည်းစည်းလော့ဟုဆို လျှင် ၊ ဆိုသည်အတိုင်း ပေတရုပြု ၏။ ဝတ်လုံ ကိုခြုံ ၍ ငါ့ နောက် သို့လိုက်လော့ဟုဆိုပြန်၏။
9 Pierre sortit et le suivit sans croire à la réalité de ce que l'ange lui faisait faire; il s'imaginait avoir une vision.
၉ပေတရုသည် ထွက် ၍လိုက် သော်လည်း ၊ ကောင်းကင်တမန် ပြု သမျှတို့သည် မှန် သောအမှုအရာဖြစ် သည်ဟု မ သိ မမှတ်ဘဲ၊ မိမိသည် ဗျာဒိတ် ရူပါရုံကို မြင် သည်ဟုထင် လေ၏။
10 Cependant ils passèrent la première garde, puis la seconde et arrivèrent à la porte de fer qui donne sur la ville. Cette porte s'ouvrit d'elle-même devant eux; ils sortirent; ils marchèrent dans une rue et, à cet instant, l'ange s'éloigna de Pierre,
၁၀လူစောင့် နှစ် တန်ကို လွန်သွား ၍ မြို့ ထဲသို့ ဝင် သော သံ တံခါး သို့ ရောက် လျှင်၊ ထို တံခါးသည် အလိုလို ပွင့် သဖြင့် သူ တို့သည်ထွက် ၍ လမ်း တစ် ကြောင်း၌ ရှောက်သွား ပြီးမှ ၊ ကောင်းကင်တမန် သည် ချက်ခြင်း ပေတရု မှ ခွာ ၍ သွားလေ၏။
11 qui revint à lui et se dit: «Je vois maintenant que le Seigneur m'a réellement envoyé son ange, qu'il m'a arraché aux mains d'Hérode et à l'avide impatience du peuple juif.»
၁၁ပေတရု သည် သတိရလျှင်၊ ယခုပင် သခင် ဘုရားသည် မိမိ ကောင်းကင် တမန်ကို စေလွှတ် ၍ ဟေရုဒ် မင်း လက် မှ ၎င်း ၊ ယုဒ လူ တို့၏ မြော်လင့် ခြင်းမှ ၎င်း၊ ငါ့ ကိုကယ်နှုတ် တော်မူသည် ငါအမှန် သိ ၏ဟု အောက်မေ့ စဉ်၊
12 Après réflexion, il se rendit à la maison de Marie, mère de Jean surnommé Marc, où plusieurs personnes étaient assemblées et priaient.
၁၂လူများ စုဝေး ၍ ဆုတောင်း ရာ၊ မာကု အမည် သစ်ကိုရသော ယောဟန် ၏အမိ ဖြစ်သော မာရိ ၏ အိမ် သို့ရောက် ၍၊
13 Il frappa à la porte d'entrée; une servante, nommée Rhode, alla écouter.
၁၃အိမ်ဦးတံခါး ကိုခေါက် လေသော်၊ ရောဒေ အမည် ရှိသော မိန်းမငယ်တစ်ယောက်သည် နားထောင် ခြင်းငှာလာ ၍၊
14 Elle reconnut la voix de Pierre; transportée de joie, au lieu d'ouvrir, elle rentra en courant et annonça que Pierre était là, devant la porte.
၁၄ပေတရု ၏စကား အသံကိုသိ လျှင် ၊ ဝမ်းမြောက် သော အားဖြင့်တံခါး ကို မ ဖွင့် ဘဲ အထဲ သို့ပြေးဝင်၍၊ ပေတရု သည် တံခါး ရှေ့မှာ ရပ် နေသည်ဟု ကြားပြော ၏။
15 On la traita de «folle». Elle affirma qu'elle disait vrai. «C'est son ange», dit-on alors.
၁၅ထိုသူ တို့က၊ သင်သည်အရူး ဖြစ်၏ဟု ထို မိန်းမငယ် အားဆို ကြသော်လည်း ၊ ပေတရုအမှန် ရှိ သည်ဟု သူသည်ခိုင်မာ စွာဆိုလျှင်၊ ပေတရု ၏ ကောင်းကင်တမန် ဖြစ် လိမ့်မည်ဟုဆို ကြ၏။
16 Pierre cependant continuait à frapper; on ouvrit enfin; on le vit; la joie fut immense.
၁၆ပေတရု သည် ခေါက် ၍နေ သော်၊ တံခါးကို ဖွင့် ကြ၍ သူ့ ကိုမြင် သဖြင့် အလွန်တရာအံ့ဩ ကြ၏။
17 Il leur fit de la main signe de se taire et leur raconta comment le Seigneur l'avait tiré de prison, puis il ajouta: «Annoncez ces choses à Jacques et aux autres frères.» Ensuite il sortit et s'en alla dans un autre endroit.
၁၇ပေတရုသည်လည်း ထိုသူ တို့ကိုတိတ်ဆိတ် စွာ နေစေခြင်းငှာမိမိလက် နှင့် အမှတ်ပေး ၍ မိမိ ကို ထောင် ထဲက သခင် ဘုရားနှုတ် တော်မူသော အကြောင်းအရာကို ဘော်ပြ ပြီးမှ ၊ သင်တို့သွား၍ ယာကုပ် နှင့် ညီအစ်ကို တို့အား ဤ အကြောင်းများကို ပြန်ကြား ကြလော့ဟု ဆို ပြီးလျှင်၊ ထွက် ၍အခြား တစ်ပါးသို့ သွား လေ၏။
18 Le jour venu, l'inquiétude fut grande parmi les soldats; ils ne savaient ce que Pierre était devenu.
၁၈မိုဃ်းလင်း သောအခါ စစ်သူရဲတို့သည် ပေတရု ၌ အဘယ်သို့ ဖြစ် သနည်းဟု ရုန်းရင်းခတ် မျှ ဖြစ် ကြ၏။
19 Hérode le fit rechercher et, ne le trouvant pas, il mit les gardes à la question et ordonna leur exécution; puis il quitta la Judée et alla demeurer à Césarée.
၁၉ဟေရုဒ် မင်းသည် ပေတရု ကိုရှာ ၍ မ တွေ့ သည် ရှိသော်၊ စောင့်ရှောက် သောသူတို့ကို စစ်ကြော ပြီးမှသတ် မည်အကြောင်းကို စီရင် လေ၏။
20 Les gens de Tyr et de Sidon avaient des difficultés avec lui; ils vinrent ensemble le trouver et, ayant gagné à leur cause Blastus, son chambellan, ils sollicitèrent un arrangement parce que leur pays tirait sa subsistance de celui du roi.
၂၀ထိုနောက် ၊ ဟေရုဒ်မင်းသည် ယုဒ ပြည်မှ ကဲသရိ မြို့သို့ သွား ၍ နေ သည်ရှိသော်၊ တုရု မြို့သားနှင့် ဇိဒုန် မြို့သားတို့ကို အမျက်ထွက် လေ၏။ ထိုသူတို့သည် တစ်ညီတစ်ညွတ် တည်းလာ ကြ၍ ၊ ဗလတ္တု အမည်ရှိသော အတွင်းဝန် ကို ဖျောင်းဖျ ပြီးမှ ၊ အမျက် တော်ပြေမည်အကြောင်း တောင်းပန် ကြ၏။ အကြောင်းမူကား ၊ သူ တို့ပြည် သည်ပြည် တော်ကိုမှီ၍ ကျွေးမွေး ခြင်းကိုခံရ၏။
21 Un jour fut fixé et Hérode, revêtu d'une tunique royale, siégea sur son trône et harangua le peuple avec une grande solennité.
၂၁ဟေရုဒ် မင်းသည်လည်းချိန်းချက် သောနေ့ ၌ မင်း မြောက် တန်ဆာ ကိုဝတ်ဆင် ၍ ပလ္လင် တော်ပေါ်မှာ ထိုင် လျက် ထိုသူ တို့အား မိန့် တော်မူ၏။
22 Le peuple s'écria: «C'est un dieu qui parle et non un homme.»
၂၂လူ များတို့က၊ ဤအသံသည်လူ ၏အသံ မ ဟုတ်။ ဘုရားသခင် ၏ အသံဖြစ်၏ဟု ကြွေးကြော် ကြသည် ရှိသော်၊
23 A l'instant même un ange du Seigneur frappa Hérode parce qu'il n'avait pas donné gloire à Dieu; et, rongé par les vers, il expira.
၂၃ထို မင်းကြီးသည် ဘုရားသခင် ၏ ဂုဏ် အသရေတော်ကို မ ထောက်ထား သောကြောင့် ၊ ထိုခဏခြင်း တွင် ထာဝရ ဘုရား၏ ကောင်းကင်တမန် သည် ဒဏ်ခတ် ၍၊ ကိုယ်တွင်း၌ ပိုး များကိုက်သဖြင့် အနိစ္စ ရောက်လေ၏။
24 Cependant la parole de Dieu se répandait de plus en plus.
၂၄ဘုရားသခင် ၏ သာသနာ တော်သည် တိုးပွား များပြား လာ၏။
25 Barnabas et Saul, leur mission remplie, revinrent de Jérusalem, ramenant avec eux Jean surnommé Marc.
၂၅ဗာနဗ နှင့် ရှောလု တို့သည် လုပ်ကျွေး ခြင်းအမှုကို ဆောင်ရွက်ပြီး လျှင်၊ မာကု အမည် သစ်ကိုရသော ယောဟန် ကိုလည်း ခေါ် ခဲ့၍ ယေရုရှလင် မြို့မှပြန် ကြ၏။