< Ruth 1 >
1 Et à l'époque du régime des juges il survint une famine dans le pays. Et un homme de Bethléhem de Juda émigra pour établir son séjour en Moabie, lui, sa femme et ses deux fils.
၁ရှေးအခါကဣသရေလနိုင်ငံတွင် ဘုရင် မရှိသေးမီအချိန်၌ငတ်မွတ်ခေါင်းပါးခြင်း ဘေးဆိုက်ရောက်သဖြင့် ယုဒပြည်ဗက်လင်မြို့ သားဧလိမလက်သည် မိမိ၏ဇနီးနှင့်သား နှစ်ယောက်တို့ကိုခေါ်၍မောဘပြည်တွင်ခေတ္တ သွားရောက်နေထိုင်လေသည်။ သားနှစ်ယောက် တို့၏နာမည်များမှာမဟာလုန်နှင့်ခိလျှုန် ဖြစ်၏။ သူတို့သည်ဧဖရတ်သားချင်းစု ဝင်များတည်း။ မောဘပြည်တွင်သူတို့နေ ထိုင်လျက်ရှိစဉ်၊-
2 Or le nom de cet homme était Elimélech, et le nom de sa femme, Noomi, et le nom de ses deux fils, Mahlon et Chilion, Ephratites de Bethléhem de Juda. Et arrivés en Moabie, ils s'y fixèrent.
၂
3 Cependant Elimélech, mari de Noomi, vint à mourir, et elle resta avec ses deux fils.
၃ဧလိမလက်ကွယ်လွန်သွားသဖြင့် နောမိ သည်သားနှစ်ယောက်နှင့်ကျန်ရစ်လေသည်။-
4 Et ils épousèrent des femmes Moabites qui se nommaient, l'une, Orpa, l'autre Ruth, et ils demeurèrent là près de dix ans.
၄ထိုသားတို့သည်မောဘအမျိုးသမီးများ ဖြစ်ကြသောသြရပ၊ ရုသတို့နှင့်အိမ်ထောင် ကျကြ၏။ သူတို့သည်ထိုပြည်တွင်ဆယ်နှစ် ခန့်နေထိုင်ကြပြီးနောက်၊-
5 Puis Mahlon et Chilion moururent tous deux aussi, et la femme survécut à ses deux fils et à son mari.
၅မဟာလုန်နှင့်ခိလျှုန်တို့သည်လည်းကွယ်လွန် သွားကြပြန်၏။ သို့ဖြစ်၍နောမိသည်လင် သားမဲ့အထီးကျန်ဖြစ်လေတော့၏။
6 Alors elle se disposa avec ses deux brus à revenir de Moabie, parce qu'en Moabie elle avait appris que l'Éternel avait visité son peuple pour lui donner du pain.
၆ကာလအတန်ကြာသောအခါ ထာဝရဘုရား သည်ကောက်ပဲသီးနှံအထွက်များစေခြင်းအား ဖြင့် မိမိ၏လူစုအားကောင်းချီးပေးတော်မူ ကြောင်းသတင်းကိုနောမိကြားရလေသည်။ သို့ ဖြစ်၍သူသည်မိမိ၏ချွေးမများနှင့်အတူ မောဘပြည်မှထွက်ခွာရန်အသင့်ပြင်လေ၏။-
7 Elle quitta donc le lieu où elle avait vécu, et ses deux brus avec elle, et elles se mirent en chemin pour retourner au pays de Juda.
၇ယုဒပြည်သို့စတင်ထွက်ခွာလာကြစဉ်၊-
8 Alors Noomi dit à ses deux brus: Allez, retournez chacune dans la maison de sa mère! Que l'Éternel agisse envers vous avec amour, comme vous l'avez fait envers les décédés et envers moi!
၈နောမိကချွေးမများအား``သင်တို့သည် ကိုယ့်မိခင်များအိမ်သို့ပြန်ကြလော့။ သင်တို့သည်ငါ၏အပေါ်၌သော်လည်းကောင်း၊ ကွယ်လွန်သွားသူတို့၏အပေါ်၌လည်းကောင်း ကျေးဇူးပြုခဲ့ကြသည်နည်းတူ ထာဝရဘုရားသည် သင်တို့အားကျေးဇူးပြုတော်မူပါစေသော။-
9 Que l'Éternel vous donne de trouver le repos chacune dans la maison d'un époux! Et elle les embrassa.
၉ထာဝရဘုရားသည်သင်တို့နှစ်ယောက် စလုံးအား နောက်အိမ်ထောင်နှင့်ပျော်ရွှင်စွာ နေထိုင်ခွင့်ကိုပေးသနားတော်မူပါစေ သော'' ဟုဆို၏။ ဤသို့ဆိုပြီးလျှင်နောမိသည် သူတို့အား နမ်းရှုတ်နှုတ်ဆက်လေ၏။ သို့ရာတွင်သူတို့ သည်ငိုကြွေးလျက်၊-
10 Alors elles élevèrent leur voix et pleurèrent; et elles lui dirent: Non! nous irons avec toi rejoindre ton peuple.
၁၀``ကျွန်မတို့သည်အိမ်သို့မပြန်လိုပါ။ မိခင် နှင့်အတူ မိခင်၏အမျိုးသားများထံသို့ လိုက်ပါမည်'' ဟုဆိုကြ၏။
11 Et Noomi dit: Retournez donc, mes filles! Pourquoi viendriez-vous avec moi? Ai-je encore dans mon sein des fils qui puissent devenir pour vous des époux?
၁၁နောမိကလည်း``ငါ့သမီးတို့၊ ပြန်သွားကြ လော့။ အဘယ်ကြောင့်ငါနှင့်လိုက်လိုကြပါ သနည်း။ သင်တို့နှင့်လက်ထပ်ထိမ်းမြားရန် အတွက် ငါသည်နောက်ထပ်သားများကို မွေးဖွားပေးနိုင်ပါသလော။-
12 Retournez, mes filles, allez! Car je suis trop vieille pour être à un mari. Quand je penserais: Il y a lieu pour moi d'espérer; quand cette nuit même je me trouverais mariée, bien plus, quand j'enfanterais des fils,
၁၂အိမ်သို့ပြန်ကြလော့။ ငါသည်နောက်ထပ်အိမ် ထောင်ပြုရန်အရွယ်လွန်လေပြီ။ အကယ်၍ ငါ့မှာမျှော်လင့်စရာရှိသေးသဖြင့် ယခု ပင်အိမ်ထောင်ကျ၍သားများကိုရရှိသည် ဟုဆိုစေကာမူ၊-
13 voudriez-vous pour cela attendre qu'ils aient grandi, et vous séquestrer pour ne point vous marier? Oh! non! mes filles! j'ai plus d'amertumes que vous, car la main de l'Éternel a frappé sur moi.
၁၃သင်တို့သည်ထိုသားများကြီးပြင်းလာသည် တိုင်အောင် စောင့်ဆိုင်းနေကြပါမည်လော။ ယင်း သို့စောင့်ဆိုင်းကာနောက်အိမ်ထောင်မပြုဘဲနေ ကြပါမည်လော။ ငါ့သမီးတို့ဤသို့မဖြစ်နိုင် ကြောင်းကိုသင်တို့သိပါ၏။ ထာဝရဘုရား သည်ငါ့ကိုဒဏ်ခတ်တော်မူပြီဖြစ်၍ ငါသည် သင်တို့အတွက်အလွန်ဝမ်းနည်းပါ၏'' ဟု ဆို၏။
14 Et elles élevèrent leur voix et se remirent à pleurer. Alors Orpa donna le baiser à sa belle-mère, mais Ruth s'attacha à elle.
၁၄သူတို့သည်လည်းတစ်ဖန်ငိုကြွေးကြ၏။ ထို နောက်သြရပသည် မိမိ၏ယောက္ခမအား နမ်းရှုတ်နှုတ်ဆက်ပြီးလျှင်အိမ်သို့ပြန်လေ၏။ ရုသမူကားမပြန်ဘဲနေ၏။-
15 Et [Noomi] dit: Voilà que ta belle-sœur est allée retrouver son peuple et son Dieu: suis ta belle-sœur et t'en retourne.
၁၅သို့ဖြစ်၍နောမိက``ရုသ၊ သင့်အစ်မသည် မိမိအမျိုးသားများ၊ မိမိ၏ဘုရားထံ သို့ပြန်သွားလေပြီ။ သင်သည်လည်းသူ နှင့်အတူပြန်သွားပါလော့'' ဟုပြော၏။
16 Mais Ruth dit: Ne me presse pas de te quitter, de renoncer à te suivre! non! où tu iras, j'irai, où tu coucheras, je coucherai; ton peuple est mon peuple, et ton Dieu mon Dieu:
၁၆သို့ရာတွင်ရုသက``မိခင်ကိုစွန့်ခွာရန် ကျွန်မ အားမတိုက်တွန်းပါနှင့်။ မိခင်နှင့်လိုက်ခွင့်ပြု ပါ။ ကျွန်မသည်မိခင်သွားရာသို့သွားပါ မည်။ မိခင်နေထိုင်ရာတွင်နေထိုင်ပါမည်။ မိခင်၏အမျိုးသားများသည်ကျွန်မ၏ အမျိုးသားများ၊ မိခင်၏ဘုရားသည် ကျွန်မ၏ဘုရားဖြစ်ပါမည်။-
17 où tu mourras, je veux mourir, et là trouver ma sépulture; si non, que l'Éternel m'inflige ceci et plus encore! c'est la mort qui mettra une barrière entre moi et toi.
၁၇မိခင်သေရာအရပ်တွင်ကျွန်မသေပါ မည်။ ထိုအရပ်တွင်သင်္ဂြိုဟ်ခြင်းကိုခံပါမည်။ အကယ်၍ကျွန်မသည် သေခြင်းမှတစ်ပါး အခြားအကြောင်းတစ်ခုခုကြောင့် မိခင်နှင့် ခွဲခွာခဲ့လျှင်ဘုရားသခင်သည် ကျွန်မအား အဆိုးရွားဆုံးသောအပြစ်ဒဏ်ကိုပေး တော်မူပါစေသော'' ဟုပြန်ပြောလေသည်။
18 Et la voyant fermement résolue à l'accompagner, Noomi renonça à la contrarier.
၁၈မိမိနှင့်အတူလိုက်ရန် ရုသစိတ်ပိုင်းဖြတ် ထားကြောင်းနောမိသိသောအခါ ထပ်မံ မတိုက်တွန်းဘဲနေ၏။
19 Elles firent donc le voyage à elles deux jusqu'à leur arrivée à Bethléhem. Et à leur entrée dans Bethléhem, toute la ville s'émut à leur occasion, et les femmes disaient: Est-ce Noomi?
၁၉သူတို့သည်ဗက်လင်မြို့သို့ရောက်သည်တိုင် အောင် ဆက်လက်သွားကြ၏။ သူတို့ရောက်ရှိ ကြသောအခါ တစ်မြို့လုံးလှုပ်လှုပ်ရှားရှား ဖြစ်လျက်အမျိုးသမီးများက``ဤသူ သည်အကယ်ပင်နောမိပေလော'' ဟုမေး မြန်းကြ၏။
20 Et elle leur répondit: Ne m'appelez pas Noomi (ma suavité)! appelez-moi Mara (amertume), car le Tout-Puissant m'a affligée de bien des amertumes.
၂၀နောမိကလည်း ``ငါ့ကို နောမိ'' ဟုသင်တို့ မခေါ်ကြပါနှင့်။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ငါ့အားခါးသီးစွာပြုတော်မူ ပြီဖြစ်၍ငါ့ကို`မာရ' ဟုခေါ်ကြပါလော့။-
21 Pourvue je suis partie et l'Éternel me ramène dénuée. Pourquoi m'appeler Noomi, quand l'Éternel se prononce contre moi et que le Tout-Puissant m'a rendue malheureuse?
၂၁ဤမြို့မှထွက်ခွာသွားစဉ်အခါက ငါ့မှာ အစုံအလင်ရှိသော်လည်း ယခုထာဝရ ဘုရားသည် ငါ့အားလက်ချည်းသက်သက် ပြန်လည်ပို့ဆောင်တော်မူလေပြီ။ အနန္တ တန်ခိုးရှင်ထာဝရဘုရားသည် အပြစ်ဒဏ် စီရင်တော်မူလျက်ဒုက္ခရောက်စေတော်မူ ပြီဖြစ်၍ ငါ့ကိုအဘယ်ကြောင့် `နောမိ' ဟု ခေါ်ကြပါသနည်း'' ဟုပြန်ပြောလေ၏။
22 Ainsi revint Noomi accompagnée de Ruth, la Moabite, sa bru, qui avait quitté les champs de Moab; or elles arrivaient à Bethléhem au début de la moisson des orges.
၂၂ဤကားနောမိသည် ချွေးမဖြစ်သူမောဘ အမျိုးသမီးရုသနှင့်အတူ မောဘပြည် မှပြန်လည်ရောက်ရှိလာပုံဖြစ်ပေသည်။ သူ တို့နှစ်ယောက်သည်မုယောစပါးရိတ်သိမ်း စအချိန်၌ ဗက်လင်မြို့သို့ရောက်ရှိလာ ကြသတည်း။