< Psaumes 81 >

1 Au maître chantre. En githith. D'Asaph. Faites entendre vos hymnes au Dieu qui est notre force, et vos cris d'allégresse au Dieu de Jacob!
ငါ တို့ အစွမ်း သတ္တိတည်းဟူသော ဘုရား သခင်အား ရွှင်လန်းစွာ သီချင်း ဆိုကြလော့။ ယာကုပ် အမျိုး၏ ဘုရား သခင်အား ကျူးဧ သောအသံကို ပြုကြလော့။
2 Elevez vos chants, et faites résonner la cymbale, et la harpe harmonieuse avec le luth!
တုရိယာ မျိုးကိုဆောင် ကြ။ ပတ်သာ ကို၎င်း၊ သာယာ သော စောင်း နှင့် တယော ကို၎င်း ယူ ခဲ့ကြ။
3 C'est la lune nouvelle, sonnez de la trompette! c'est la lune dans son plein, notre jour de fête!
လဆန်း နေ့၊ လပြည့် နေ့၊ ပွဲသဘင် နေ့ ၌ တံပိုး မှုတ်ကြ။
4 Car tel est l'ordre donné à Israël, l'institution du Dieu de Jacob:
ထိုသို့ ဣသရေလ အမျိုး၌ ထုံးဖွဲ့ ၍၊ ယာကုပ် အမျိုး၏ ဘုရား သခင်သည် ဆုံးဖြတ် တော်မူ၏။
5 Il en dressa le statut en Joseph, quand Il se mit en marche contre le pays d'Egypte. « J'entends une voix que je ne reconnais pas!
နား မ လည်သော စကား ကိုကြား ရာအရပ်၊ အဲဂုတ္တု ပြည် တဘက် ၌ ကြွသွား တော်မူသောအခါ ၊ ယောသပ် အမျိုး၌ ထိုသို့ သော သက်သေခံ ချက်ကို စီရင် တော်မူ၏။
6 Je déchargeai son épaule du fardeau, et ses mains ne durent plus porter les paniers.
ငါသည်သူ ၏ ပခုံး ကိုဝန် နှင့် လွတ် စေ၏။ သူ ၏ လက် ကိုလည်း ကယ်တင်ခြင်းတို့ အထဲ က နှုတ် ယူ၏။
7 Dans l'angoisse tu m'invoquas, et je te sauvai, je t'exauçai, enveloppé du tonnerre, et je t'éprouvai aux eaux de la querelle. (Pause)
သင်သည်ဒုက္ခ ကိုခံရသောအခါ ၊ ငါ့ကိုခေါ် ၍ ငါသည်ချမ်းသာ ပေး၏။ မ ထင်ရှားသော မိုဃ်းကြိုး နေရာ ၌ ငါပြန် ပြော၏။ မေရိဘ ရေ နား မှာ သင့် ကို ငါစုံစမ်း ၏။
8 Ecoute, mon peuple, que je te somme! O Israël, si tu voulais m'écouter!
ငါ ၏လူစု ၊ နားထောင် လော့။ ငါမှာ ထားမည်။ အိုဣသရေလ အမျိုး၊ သင်သည် ငါ့ စကားကို နားထောင် ပါစေသော။
9 Qu'il n'y ait chez toi point de Dieu étranger, et n'adore pas les dieux du dehors!
သင် ၌ တပါး အမျိုး၏ ဘုရား မ ရှိ ရ။ တကျွန်း တနိုင်ငံဘုရား ကို မ ကိုးကွယ် ရ။
10 Je suis l'Éternel, ton Dieu, qui t'ai ramené de la terre d'Egypte. Ouvre ta bouche, je veux la remplir!…
၁၀ငါ သည်သင့် ကို အဲဂုတ္တု ပြည် မှ ကယ်နှုတ်ဆောင် ယူခဲ့ပြီးသောသင် ၏ဘုရား သခင်ထာဝရဘုရား ဖြစ်၏။ သင် ၏နှုတ် ကို ကျယ်ကျယ်ဖွင့် လော့။ ဝပြော စွာ ကျွေး မည်။
11 Mais mon peuple n'a point écouté ma voix, et Israël ne m'a point obéi.
၁၁ငါ ၏လူ များမူကား ၊ ငါ့ စကား ကို နား မ ထောင်ကြ။ ဣသရေလ အမျိုးသည် ငါ့ ကို အလို မ ရှိကြပါတကား။
12 Alors je l'abandonnai à l'obstination de son cœur; ils suivirent leurs propres conseils.
၁၂ငါသည်လည်း ထိုသူ တို့ကို သူ တို့ နှလုံး ခိုင်မာ ခြင်း၌ အပ် ၍၊ သူတို့သည် မိမိ တို့အလို သို့ လိုက် ကြ၏။
13 O si mon peuple voulait m'écouter, et Israël, marcher dans mes voies!
၁၃ငါ ၏လူစု သည် ငါ့ စကားကို နားထောင် ၍၊ ဣသရေလ အမျိုးသည် ငါ့ လမ်း ၌ လိုက် ပါစေသော။
14 Bientôt je ferais plier leurs ennemis, et contre leurs oppresseurs je tournerais ma main.
၁၄လိုက်လျှင် ငါသည်သူ တို့ရန်သူ များကို အလျင် အမြန် နှိပ်စက် ၍ ၊ ရန်ဘက် ပြုသောသူတို့ကို ဒဏ်ခတ် မည်။
15 Ceux qui haïssent l'Éternel, dissimuleraient devant lui, et eux, ils auraient un bonheur éternel.
၁၅ထာဝရဘုရား ကို မုန်း သောသူတို့သည် တောင်းပန် ခြင်းကို ပြု၍၊ ငါ၏ လူတို့သည်လည်း၊ အစဉ် အမြဲတည် ရသောအခွင့်ရှိ ကြလိမ့်မည်။
16 Dieu les nourrirait de la moelle du froment, et du miel des rochers je te rassasierais! »
၁၆အကောင်း ဆုံးသော ဆန် စပါးနှင့် ငါကျွေး မည်။ ကျောက် ထဲ က ထွက်သောပျားရည် နှင့် လည်း ဝပြော စေမည်။

< Psaumes 81 >