< Nombres 23 >
1 Alors Balaam dit à Balak: Construis-moi ici sept autels et mets ici à ma disposition sept taureaux et sept béliers.
၁ထိုအခါ ဗာလမ် က၊ ဤ အရပ်၌ ငါ့ အဘို့ ယဇ်ပလ္လင် ခုနစ် ခုကို တည် လော့။ နွားထီး ခုနစ် ကောင်၊ သိုးထီး ခုနစ် ကောင်တို့ကို ပြင်ဆင် လော့ဟု ဗာလက် မင်း အား ဆို သည်အတိုင်း ၊
2 Et Balak fit ce que Balaam lui demandait, et Balak et Balaam sacrifièrent un taureau et un bélier sur chaque autel.
၂ဗာလက် မင်းသည် ပြု ပြီးလျှင် ၊ ထိုသူနှစ်ပါးတို့ သည် ယဇ်ပလ္လင် တခုတခုအပေါ် မှာနွား တကောင်စီနှင့် သိုး တကောင်စီကို ပူဇော် ကြ၏။
3 Et Balaam dit à Balak: Tiens-toi auprès de ton holocauste, et moi je vais m'éloigner: peut-être l'Éternel viendra-t-Il au-devant de moi et je te rapporterai ce qu'il m'aura dévoilé. Et il alla sur une colline.
၃ဗာလမ် ကလည်း၊ မင်းကြီးပူဇော်သော မီးရှို့ ရာ ယဇ်နား မှာရပ် လော့။ ငါသည် အခြားတပါးသို့ သွား ပါမည်။ ထာဝရဘုရား သည် ငါ့ ကို ကြိုဆို ခြင်းငှါ ကြွလာ ကောင်းကြွလာတော်မူလိမ့်မည်။ ငါ့ အား ပြ တော်မူသမျှကို မင်းကြီးအား ငါကြားပြော ပါမည်ဟု ဗာလက် မင်းအား ဆို ပြီးမှ ကုန်း တခုပေါ်သို့ တက် သွား၏။
4 Alors l'Éternel vint au-devant de Balaam qui Lui dit: J'ai disposé sept autels et sacrifié un taureau et un bélier sur chaque autel.
၄ဘုရားသခင် သည် ဗာလမ် ကို ကြိုဆို တော်မူလျှင် ၊ ဗာလမ်က အကျွန်ုပ် သည် ယဇ်ပလ္လင် ခုနစ် ခုကို ပြင်ဆင်၍ ပလ္လင် တခုတခုအပေါ် မှာ နွားထီး တကောင်စီနှင့် သိုးထီး တကောင်စီကို ပူဇော် ပါပြီဟု လျှောက် လေ၏။
5 Et l'Éternel mit des paroles dans la bouche de Balaam et dit: Retourne vers Balak, et tu lui parleras ainsi.
၅ထာဝရဘုရား သည် ဗာလမ် နှုတ် ၌ စကား ကို ထား လျက် ၊ သင်သည် ဗာလက် မင်းထံသို့ ပြန် ၍ ဤသို့ ပြော လော့ဟု မိန့် တော်မူသည်အတိုင်း ၊
6 Et il revint vers lui, et voici il se tenait près de son holocauste, lui et tous les princes de Moab.
၆ဗာလမ်ပြန် သောအခါ ၊ ဗာလက်မင်းသည် မောဘ မှူးမတ် အပေါင်း တို့နှင့်တကွ ၊ မိမိ ပူဇော်သော မီးရှို့ ရာယဇ်နား မှာ ရပ် နေ၏။
7 Alors Balaam prononça son oracle et dit: D'Aram m'appelle Balak; le Roi de Moab; des montagnes de l'Orient. « Tiens, dit-il, pour moi maudis Jacob! viens! voue Israël à la furie! »
၇ထိုအခါ ဗာလမ်သည်၊ ပရောဖက် စကားအားဖြင့် မြွက်ဆို သည်ကား၊ မောဘ ရှင်ဘုရင် ဗာလက် က၊ လာ ပါ။ ငါ့ အဘို့ ယာကုပ် အမျိုးကို ကျိန်ဆဲ ပါ။ လာ ပါ။ ဣသရေလ အမျိုးကို ပျက်စီး ခြင်းသို့ အပ်လိုက်ပါဟု ခေါ်၍ ငါ့ ကို အာရံ ပြည်အရှေ့ တောင်ရိုး မှ ဆောင် ခဲ့ပြီ။
8 Comment maudirais-je celui que Dieu ne maudit pas, et vouerais-je à la furie, quand l'Éternel n'y voue pas?
၈ဘုရားသခင် ကျိန်ဆဲ တော်မ မူသောသူကို အဘယ်သို့ ငါကျိန်ဆဲ နိုင်မည်နည်း။ ဘုရားသခင် သည် ပျက်စီး ခြင်းသို့ အပ်တော်မ မူသောသူကို အဘယ်သို့ ငါအပ် နိုင်မည်နည်း။
9 Car de la cime des rochers je le découvre; et des hauteurs je le contemple: voici, ce peuple habite solitaire, et parmi les nations il ne se compte pas.
၉ကျောက် ပေါ် က သူ့ ကို ငါမြင် ၏။ တောင် ပေါ်က သူ့ ကို ငါကြည့်ရှု ၏။ ထိုလူမျိုး သည် တမျိုးတည်း နေ၍ အခြား တပါးသော လူမျိုးတို့နှင့် မ ရောနှော ရ။
10 Qui supputera la poussière de Jacob, et dira le nombre d'un seul quart d'Israël? Que je meure de la mort des justes, et que mon avenir soit pareil au leur!
၁၀ယာကုပ် အမျိုးမြေမှုန့် ကို အဘယ်သူ ရေတွက် နိုင်သနည်း။ ဣသရေလ အမျိုးလေးစုတစု ကိုမျှ အဘယ်သူ ရေတွက်နိုင်သနည်း။ ဖြောင့်မတ် သောသူသေ သကဲ့သို့ငါ သေ ပါစေသော။ ငါ့ အဆုံး သည် သူ ၏အဆုံးကဲ့သို့ ဖြစ် ပါစေသောဟု မြွက်ဆို ၏။
11 Alors Balak dit à Balaam: Que m'as-tu fait? Je t'ai pris pour maudire mes ennemis, et voilà que tu n'as fait que bénir!
၁၁ဗာလက် မင်းကလည်း ၊ သင်သည် ငါ၌ အဘယ်သို့ ပြု သနည်း။ ငါ ၏ရန်သူ တို့ကို ကျိန်ဆဲ စေခြင်းငှါ သင့် ကို ငါခေါ် ခဲ့ပြီ။ သို့သော်လည်း သင်သည် လုံးလုံးကောင်းကြီး ပေးလေပြီတကားဟု ဗာလမ် အား ဆို လျှင် ၊
12 Et il répondit et dit: Ne dois-je pas veiller à dire ce que l'Éternel met dans ma bouche?
၁၂ဗာလမ်က၊ ထာဝရဘုရား သည် ငါ့ နှုတ် ၌ ထား တော်မူသောစကားကို ပြော ရအောင် ငါသတိမ ပြုရ သလော ဟုပြန် ဆို၏။
13 Et Balak lui dit: Viens donc avec moi dans un autre lieu d'où tu verras ce peuple; tu n'en verras que l'extrémité, et tu n'en verras pas la totalité. Et de là maudis-le-moi.
၁၃ဗာလက် မင်းကလည်း ၊ ဣသရေလအမျိုးသားအပေါင်း တို့ကို တပြိုင်နက်မ မြင် ရဘဲ တပိုင်း ကိုမျှသာ ကြည့်မြင် ရာ၊ အခြား သောအရပ် သို့ ငါ နှင့်အတူ လိုက် ပါ လော့။ ထို အရပ်၌ သူ တို့ကို ငါ့ အဘို့ ကျိန်ဆဲ ပါဟု ဆို လျက်၊
14 Et il le mena au plateau des sentinelles, sur le sommet du Pisga, où il éleva sept autels et sacrifia un taureau et un bélier sur chaque autel.
၁၄ပိသဂါ တောင်ပေါ် ၊ ဇောဖိမ် လယ်ပြင် သို့ ဆောင် သွား၍ ယဇ်ပလ္လင် ခုနစ် ခုကို တည်ပြီးမှ၊ ပလ္လင် တခု တခုအပေါ် မှာ နွား တကောင်စီနှင့် သိုး တကောင်စီကို ပူဇော် လေ၏။
15 Et Balaam dit à Balak: Tiens-toi ici près de ton holocauste, et j'irai là chercher une rencontre.
၁၅ဗာလမ်ကလည်း၊ မင်းကြီးပူဇော်သော မီးရှို့ ရာ ယဇ်နား မှာ ရပ် လော့။ ငါ သည် ထာဝရဘုရားကို ခရီးဦးကြိုပြု ခြင်းငှါအခြားတပါးသို့ သွားပါမည်ဟု ဗာလက် မင်းအား ဆို ၏။
16 Alors l'Éternel vint à là rencontre de Balaam et mit des paroles dans sa bouche et dit: Retourne vers Balak et lui parle ainsi.
၁၆ထာဝရဘုရား သည် ဗာလမ် ကို ကြိုဆို ၍ သူ ၏ နှုတ် ၌ စကား ကိုထား လျက်၊ သင်သည် ဗာလက် မင်းထံသို့ ပြန် ၍ ဤသို့ ပြော လော့ဟု မိန့် တော်မူသည်အတိုင်း ၊
17 Et il revint vers lui; et voici, il se tenait près de son holocauste et les princes de Moab avec lui; et Balak lui dit: Qu'a dit l'Éternel?
၁၇ဗာလမ်ပြန် သောအခါ ၊ ဗာလက်မင်းသည် မောဘ မှူးမတ် တို့နှင့်တကွ ၊ မိမိ ပူဇော်သော မီးရှို့ ရာယဇ် နား မှာ ရပ် နေလျက်၊ ထာဝရဘုရား သည် အဘယ်သို့ မိန့် တော်မူသနည်းဟုမေး လေ၏။
18 Alors Balaam prononça son oracle et dit: Sus! Balak! écoute! prête-moi l'oreille, fils de Tsippor
၁၈ထိုအခါ ဗာလမ်သည်၊ ပရောဖက် စကားအားဖြင့် မြွက်ဆို သည်ကား၊ အိုဇိဖေါ် သား ဗာလက် မင်း၊ ထ လော့။ ငါ့ စကားကို စေ့စေ့နားထောင် လော့။
19 Dieu n'est pas un homme pour mentir, ni fils d'un homme pour se repentir. Dira-t-Il et ne fera-t-Il pas? Promettra-t-Il et ne tiendra-t-Il pas?
၁၉ဘုရားသခင် သည် မုသာ စကားကို ပြောအံ့သောငှါ လူ ဖြစ်တော်မူသည်မ ဟုတ်။ နောင်တရ အံ့သောငှါ လူ သား ဖြစ်တော်မူသည်မဟုတ်။ မိန့် တော်မူပြီးမှ ၊ စကားတော်အတိုင်း မ ပြု ဘဲ နေတော်မူမည်လော။ ဂတိ ထားတော်မူပြီးမှ ၊ ဂတိတော်မ တည် ဘဲနေတော်မူမည်လော။
20 Voici, j'ai reçu [l'ordre] de bénir! Il a béni, je ne puis rétracter.
၂၀ကောင်းကြီး ပေးရမည်အကြောင်း၊ အမိန့်တော် ကို ငါခံရ ပြီ။ ဘုရားသခင်ကောင်းကြီး ပေးတော်မူပြီ။ ထိုကောင်းကြီးကို ငါမ ဖျက် နိုင်။
21 Il ne découvre aucun mal en Jacob, et ne voit pas d'iniquité en Israël. L'Éternel, leur Dieu, les accompagne, et les trompettes du Roi sonnent au milieu d'eux.
၂၁ယာကုပ် အမျိုးကို ညှဉ်းဆဲ သောအမှု၊ ဣသရေလ အမျိုးတဘက်၌ ပြုသောနှောင့်ရှက် ခြင်းအမှုကို ဘုရားသခင် သည် ကြည့်ရှု ၍ နေတော်မ မူ။ သူ တို့ ဘုရားသခင် ထာဝရဘုရား သည် သူ တို့နှင့်အတူ ရှိတော်မူ၏။ ရှင်ဘုရင် ကြွေးကြော် ခြင်းအသံကို သူ တို့တွင် ကြားရ၏။
22 Dieu les fit sortir de l'Egypte; ils ont la vélocité du buffle.
၂၂ဘုရားသခင် သည် အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူသည်ဖြစ်၍၊ ဣသရေလအမျိုးသည် ကြံ့ အားကြီး သကဲ့သို့ အားကြီး၏။
23 Le charme ne peut rien contre Jacob, ni l'enchantement contre Israël. Un jour à Jacob elle sera annoncée et à Israël, l'œuvre de l'Éternel.
၂၃အကယ်စင်စစ် ယာကုပ် အမျိုးကို၊ ထူးဆန်း သော အတတ်အားဖြင့်မ နိုင်ရာ။ ဣသရေလ အမျိုးကို အဘယ်သူမျှမ ပြုစား ရာ။ ဘုရားသခင် သည် အဘယ်သို့ ပြု တော်မူပြီတကားဟု ယခု ကာလကို ထောက်၍ ယာကုပ် အမျိုး၊ ဣသရေလ အမျိုးကို ရည်ဆောင် လျက် ဆို လေ့ရှိ လိမ့်မည်။
24 Voici, comme la lionne, le peuple se lève, et comme le lion, il se dresse. Il ne se couche pas qu'il n'ait dévoré la proie, et bu le sang des blessés.
၂၄ဤလူမျိုး သည်၊ ခြင်္သေ့ ကဲ့သို့ ထ လိမ့်မည်။ ခြင်္သေ့ပျို ကဲ့သို့ ထွက် လိမ့်မည်။ ဘမ်းမိ သော အကောင်ကို မ စား မှီ၊ သတ် အပ်သော တိရစ္ဆာန်အသွေး ကို မသောက် မှီ တိုင်အောင်ငြိမ်ဝပ် စွာမ နေဟု မြွက်ဆို၏။
25 Alors Balak dit à Balaam: Ne le maudis ni ne le bénis!
၂၅ဗာလက် မင်းကလည်း ၊ သူ တို့ကို အလျှင်း မ ကျိန်ဆဲ ပါနှင့်။ ကောင်းကြီး ကိုလည်း အလျှင်း မ ပေးပါနှင့်ဟု ဗာလမ် အား ဆို လျှင် ၊
26 Et Balaam répondit et dit à Balak: Ne t'ai-je pas parlé ainsi: Je ferai tout ce que me dira l'Éternel?
၂၆ဗာလမ်က၊ ထာဝရဘုရား မိန့် တော်မူသမျှ အတိုင်း ငါပြု ရပါမည်ဟု မင်းကြီး အား အရင်ပြော နှင့်ပြီ မ ဟုတ်လော ဟု ဗာလက် မင်းအား ပြန်ပြော ၏။
27 Mais Balak dit à Balaam: Viens donc, je te conduirai dans un autre lieu, si Dieu le trouve bon, afin que de là tu me maudisses ce peuple.
၂၇တဖန် ဗာလက် မင်းက၊ လာ ပါတော့။ အခြား သော အရပ် သို့ ဆောင် သွားပါမည်။ ထို အရပ်၌ သူ တို့ကို ငါ့ အဘို့ ကျိန်ဆဲ စေခြင်းငှါဘုရားသခင် အလို တော်ရှိကောင်းရှိတော်မူလိမ့်မည်ဟု ဗာလမ် အား ဆို လျက်၊
28 Et Balak conduisit Balaam au sommet du Pehor qui domine la plaine du désert.
၂၈ယေရှိမုန် မြို့ကို မျက်နှာပြု သော ပေဂုရ တောင်ထိပ် သို့ ဆောင် သွားလေ၏။
29 Et Balaam dit à Balak: Construis-moi ici sept autels et mets ici à ma disposition sept taureaux et sept béliers.
၂၉ဗာလမ် ကလည်း ၊ ဤ အရပ်၌ ငါ့ အဘို့ ယဇ်ပလ္လင် ခုနစ် ခုကို တည် လော့။ နွားထီး ခုနစ် ကောင်၊ သိုးထီး ခုနစ် ကောင်တို့ကို ပြင်ဆင် လော့ဟု ဗာလက် မင်းအား ဆို သည်အတိုင်း ၊
30 Et Balak fit ce que demandait Balaam et sacrifia un taureau et un bélier sur chaque autel.
၃၀ဗာလက် မင်းသည်ပြု ၍ ၊ ယဇ်ပလ္လင် တခုတခုအပေါ် မှာ နွား တကောင်စီနှင့် သိုး တကောင်စီကို ပူဇော် လေ၏။