< Josué 6 >

1 Or Jéricho s'était fermée, et était fermée aux enfants d'Israël: personne n'entrait ni ne sortait.
ထိုအခါ ဣသရေလ အမျိုးသားတို့ကြောင့် ၊ ယေရိခေါ မြို့သည် ကျပ်တည်းစွာ ပိတ် ထားလျက် ရှိ၍ ၊ ထွက် သောသူ၊ ဝင် သောသူ တစုံတယောက်မျှမ ရှိသည်နှင့်အညီ၊
2 Alors l'Éternel dit à Josué: Vois! j'ai livré entre tes mains Jéricho et son Roi, milice guerrière.
ထာဝရဘုရား က၊ ကြည့်ရှု လော့။ ယေရိခေါ မြို့၊ ယေရိခေါ မင်းကြီး နှင့်တကွ ခွန်အားကြီးသော စစ်သူရဲ တို့ ကို သင့် လက် ၌ ငါအပ် လေပြီ။
3 Vous tous les hommes de guerre, vous exécuterez une marche autour de la ville dont vous ferez une fois le tour, et ainsi pendant six jours.
သို့ဖြစ်၍ မြို့ ကိုလှည့်ပတ် ရကြမည်။ ဣသရေလစစ်သူရဲ အပေါင်း တို့သည် ခြောက် ရက် ပတ်လုံးလှည့်ပတ် ခြင်းအမှုကို ပြု ရကြမည်။
4 Et sept Prêtres porteront sept trompettes en avant de l'Arche, et le septième jour vous ferez sept fois le tour de la ville, et les Prêtres sonneront des trompettes.
ယဇ် ပုရောဟိတ်ခုနစ် ယောက်တို့သည် သေတ္တာ တော်ရှေ့ မှာ ယုဘိလ တံပိုး ခုနစ် လုံးကို ဆောင် ရကြမည်။ သတ္တမ နေ့ ရက်၌ ခုနစ် ကြိမ် တိုင်အောင်မြို့ ကိုလှည့်ပတ် ၍ ယဇ်ပုရောဟိတ် တို့သည် တံပိုးကိုမှုတ် ရကြမည်။
5 Et quand on donnera du cor, et que vous entendrez le son de la trompette, tout le peuple poussera un grand cri, et le mur de la ville croulera sur lui-même, et le peuple l'escaladera, chacun droit devant soi.
ယုဘိလ တံပိုး တို့ကို ရှည်သောအသံနှင့် မှုတ် ၍ ၊ တံပိုး သံ ကိုကြား လျှင် လူ အပေါင်း တို့သည် ကျယ် သောအသံနှင့် ကြွေးကြော် ၍ ၊ မြို့ရိုး သည် အကုန်အစင်ပြိုလဲ ရလိမ့်မည်။ ထိုအခါ လူ များတို့သည် တည့်တည့် တက် ရကြမည် ဟု ယောရှု အား မိန့် တော်မူ၏။
6 Alors Josué, fils de Nun, manda les Prêtres et leur dit: Chargez-vous de l'Arche de l'Alliance et que sept Prêtres portent sept trompettes devant l'Arche de l'Éternel.
နုန် ၏သား ယောရှု သည် ယဇ်ပုရောဟိတ် တို့ကို ခေါ် ၍ ၊ သင်တို့သည် ပဋိညာဉ် သေတ္တာ တော်ကို ထမ်း သွားသဖြင့်၊ ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ မှာ ခုနစ် ယောက်တို့သည် ယုဘိလ တံပိုး ခုနစ် လုံးကို ဆောင် သွားကြလော့ဟူ၍၎င်း၊
7 Et ils dirent au peuple: Marchez et faites le tour de la ville et que les soldats équipés précèdent l'Arche de l'Éternel.
လူ များတို့အား လည်း ၊ သင်တို့သွား ၍ မြို့ ကိုလှည့်ပတ် ကြလော့။ လက်နက်ကိုင် တို့သည် ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ မှာ သွား ကြလော့ဟူ၍၎င်း မှာ ထားလေ ၏။
8 Et Josué ayant parlé au peuple, sept Prêtres portant sept trompettes devant l'Éternel, se mirent en marche et sonnèrent des trompettes, et l'Arche de l'Alliance de l'Éternel les suivait
ယောရှု သည် လူ များတို့အား မှာ ထားပြီးမှ ၊ ယုဘိလ တံပိုး ခုနစ် လုံးကို ဆောင် သော ယဇ်ပုရောဟိတ် ခုနစ် ယောက်တို့သည် ထာဝရဘုရား ရှေ့ တော်၌ တံပိုး မှုတ် လျက် သွား ကြ၏။ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်သည် သူ တို့နောက် သို့ လိုက်လေ၏။
9 et les soldats équipés marchaient en tête des Prêtres sonnant des trompettes, et ceux qui fermaient la marche suivaient l'Arche, les trompettes sonnant toujours.
တံပိုး မှုတ် သော ယဇ်ပုရောဟိတ် တို့ရှေ့ မှာ လက်နက်ကိုင် တို့သည် သွား ၍ ၊ ယဇ်ပုရောဟိတ်များ တံပိုး မှုတ် လျက်သွား ကြစဉ်၊ နောက်တပ်သားတို့သည် သေတ္တာ တော်နောက် သို့ လိုက် ကြ၏။
10 Or Josué avait donné au peuple cet ordre: Vous ne crierez pas, et ne ferez pas entendre votre voix, et pas un son ne sortira de votre bouche jusqu'au jour où je vous dirai: Criez! Alors poussez le cri!
၁၀ယောရှု ကလည်း၊ သင် တို့သည် ကြွေးကြော် စေခြင်းငှါ ငါ မှာ ထားသောနေ့ မ ရောက်မှီတွင် မ ကြွေးကြော် ရ၊ အသံ တစုံတခုကိုမျှ မ ပြုရ၊ စကား တခွန်းကိုမျှ မ ပြော ရ။ ထိုနေ့ရောက်မှ ကြွေးကြော် ရကြမည်ဟု လူ များတို့အား မှာ နှင့်လေပြီ။
11 L'Arche de l'Éternel tourna autour de la ville dont elle fit une fois le tour; puis on rentra au camp et l'on passa la nuit au camp.
၁၁ထိုသို့ ထာဝရဘုရား ၏ သေတ္တာ တော်သည် မြို့ ကိုတ ကြိမ် လှည့်ပတ် ဝိုင်း သွားပြီးလျှင် ၊ တပ် ထဲသို့ ဝင် ပြန်၍ ညဉ့် ကိုလွန်စေကြ၏။
12 Et Josué se leva le matin et les Prêtres portaient l'Arche de l'Éternel.
၁၂နံနက် စောစော ယောရှု သည်ထ၍ ယဇ်ပုရောဟိတ် တို့သည် ထာဝရဘုရား ၏ သေတ္တာ တော်ကို ထမ်း ယူ ကြ၏။
13 Et sept Prêtres portant sept trompettes devant l'Arche de l'Éternel, allaient sonnant toujours des trompettes et les soldats équipés les précédaient, et ceux qui fermaient la marche suivaient l'Arche de l'Éternel, les trompettes sonnant toujours.
၁၃ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ မှာ ယုဘိလ တံပိုး ခုနစ် လုံးကို ဆောင် သော ယဇ်ပုရောဟိတ် ခုနှစ် ယောက်တို့သည် သွား မြဲသွား ၍ တံပိုး မှုတ် ကြ၏။ လက်နက်ကိုင် တို့သည် သူ တို့ရှေ့ မှာသွား ၍ ယဇ်ပုရောဟိတ်များ တံပိုး မှုတ် လျက် သွား ကြစဉ်၊ နောက်တပ်သားတို့ သည် ထာဝရဘုရား ၏ သေတ္တာ တော်နောက် သို့ လိုက် ကြ ၏။
14 Ainsi firent-ils le tour de la ville le second jour une seule fois, puis ils revinrent au camp, et de même pendant six jours.
၁၄ဒုတိယ နေ့ ၌ မြို့ ကိုတ ကြိမ် လှည့်ပတ် ပြီးမှတပ် ထဲသို့ ပြန် လာကြ၏။ ထိုသို့ ခြောက် ရက် ပတ်လုံးပြု ကြ၏။
15 Mais le septième jour ils se levèrent à l'apparition de l'aurore, et ils firent le tour de la ville en cette manière, sept fois; ce jour-là seul ils firent sept fois le tour de la ville.
၁၅သတ္တမ နေ့ နံနက် စောစောမိုဃ်းလင်းစက ထ ၍ အရင်နည်းတူ၊ ခုနစ် ကြိမ် တိုင်အောင်မြို့ ကို လှည့်ပတ် ကြ ၏။ ထို နေ့ ၌ သာ ခုနစ် ကြိမ် တိုင်အောင်မြို့ ကို လှည့်ပတ် ရကြ ၏။
16 Et au septième tour, comme les Prêtres sonnaient des trompettes, Josué dit au peuple: Poussez le cri! car l'Éternel vous a livré cette ville.
၁၆သတ္တမ အကြိမ် တွင် ယဇ်ပုရောဟိတ် တို့သည် တံပိုး မှုတ် သောအခါ ၊ ယောရှု က၊ ကြွေးကြော် ကြလော့။ ထာဝရဘုရား သည် သင် တို့အား မြို့ ကိုပေး တော်မူမည်။
17 Et cette ville va être dévouée à l'Éternel, elle et tout ce qui y est: la vie ne sera laissée qu'à Rahab, la courtisane, qu'à elle et à tous ceux qui sont chez elle dans la maison, parce qu'elle a caché les émissaires que nous avions envoyés.
၁၇မြို့ နှင့်တကွ မြို့ ၌ ရှိသမျှ တို့ကို ကျိန် ၍ ထာဝရဘုရား ၌ အပ်ရမည်။ သို့ရာတွင်ပြည်တန်ဆာ ရာခပ် သည် ငါတို့စေလွှတ် သော တမန် တို့ကို ဝှက် ထားသောကြောင့် ၊ သူ နှင့်တကွ သူ ၏အိမ် ၌ ရှိသမျှ တို့အား အသက် ချမ်းသာပေးရမည်။
18 Seulement abstenez-vous de ce qui sera dévoué, afin qu'après avoir dévoué vous ne preniez rien de ce qui sera dévoué, et que vous n'attiriez pas l'anathème sur le camp d'Israël, et n'ameniez pas sa ruine.
၁၈သင် တို့သည် ကျိန် အပ်သောအရာကို သတိ နှင့် ရှောင်ကြလော့။ သို့မဟုတ်ထိုအရာကို သိမ်းယူ လျှင် မိမိတို့ ကို၎င်း၊ ဣသရေလ တပ် ကို၎င်းအကျိန် ခံစေ၍ ၊ နှောင့်ရှက် မည်ကို စိုးရိမ်စရာရှိ၏။
19 Et la totalité de l'argent et de l'or et des ustensiles d'airain et de fer sera consacrée à l'Éternel, entrera dans le trésor de l'Éternel.
၁၉ရွှေ ငွေ ကို၎င်း၊ ကြေးဝါ တန်ဆာ ၊ သံ တန်ဆာရှိသမျှ တို့ကို၎င်း၊ ထာဝရဘုရား အဘို့ သန့်ရှင်း စေ၍၊ ဘဏ္ဍာ တော်ထဲသို့ သွင်း ထားရကြမည်ဟု လူ များတို့အား ယောရှုသည် မှာ ထားလေ၏။
20 Alors le peuple poussa le cri et les trompettes sonnaient. Et le peuple entendant le son de la trompette poussa un grand cri, et la muraille croula sur elle-même, et le peuple escalada la ville, chacun droit devant soi; et ils prirent la ville.
၂၀ထိုသို့ နှင့်အညီတံပိုး ကို မှုတ် ၍ ၊ လူ များတို့သည် ကြွေးကြော် ကြ၏။ တံပိုး သံ ကို ကြား ၍ ကျယ် သောအသံ နှင့် ကြွေးကြော် ကြသောအခါ ၊ မြို့ရိုး သည် အကုန်အစင်ပြိုလဲ ၍၊ လူ များအပေါင်းတို့သည် မြို့ ထဲ သို့ တည့်တည့် ဝင် ပြီးလျှင် သိမ်းယူ ကြ၏။
21 Et ils dévouèrent tout ce qui était dans la ville, hommes et femmes, jeunes gens et vieillards, bœufs, brebis et ânes, par le tranchant de l'épée.
၂၁မြို့ ထဲ ၌ရှိသမျှ သော ယောက်ျား ၊ မိန်းမ ၊ အကြီး အငယ် ၊ သိုး ၊ နွား ၊ မြည်း ရှိသမျှတို့ကို ထား နှင့် ရှင်းရှင်းဖျက်ဆီး ကြ၏။
22 Et Josué dit aux deux hommes qui étaient allés reconnaître le pays: Rendez-vous à la maison de cette femme, la courtisane, et faites en sortir la femme et tous ceux qui lui appartiennent, comme vous lui en avez fait le serment.
၂၂ထိုပြည် ကို စူးစမ်း သော လူ နှစ် ယောက်တို့အား ယောရှု က၊ သင်တို့သည် ကျိန်ဆို သည်အတိုင်း ၊ ပြည်တန်ဆာ မိန်းမ အိမ် သို့ သွား ၍ ၊ သူ နှင့်တကွ သူ ၌ ရှိသမျှ တို့ကို ဆောင် ခဲ့ကြလော့ဟု မှာ လိုက်သည်အတိုင်း၊
23 Et les jeunes hommes, les éclaireurs, entrèrent et firent sortir Rahab et son père et sa mère et ses frères et tous ceux qui lui appartenaient; ils firent donc sortir toute sa famille, mais ils les laissèrent en dehors du camp d'Israël.
၂၃တံလျှို လုပ်သောလုလင် တို့သည် ဝင် ၍ ၊ ရာခပ် နှင့် သူ့ မိဘ ၊ သူ့ မောင် များ၊ သူ ၌ ရှိသမျှ တို့ကို၎င်း ၊ သူ့ ပေါက်ဘော် အပေါင်း တို့ကို၎င်းထုတ် ဆောင်ခဲ့၍ ၊ ဣသရေလ တပ် ပြင် မှာထား ပြီးလျှင်၊
24 Quant à la ville, ils la brûlèrent avec tout ce qu'elle contenait; seulement ils mirent dans le trésor de la maison de l'Éternel l'argent et l'or et les ustensiles d'airain et de fer.
၂၄မြို့ နှင့်တကွမြို့ ၌ ရှိသမျှ တို့ကို မီး ရှို့ ကြ၏။ သို့ရာတွင် ရွှေ ငွေ ကို၎င်း၊ ကြေးဝါ တန်ဆာ ၊ သံ တန်ဆာတို့ကို၎င်း၊ ထာဝရဘုရား ၏ ဘဏ္ဍာ တော်ထဲသို့ သွင်း ထားကြ၏။
25 Et Josué laissa la vie à Rahab, la courtisane, et à la maison de son père et à tous ceux qui lui appartenaient; et elle a habité au sein d'Israël jusqu'aujourd'hui, parce qu'elle avait caché les émissaires envoyés par Josué pour reconnaître Jéricho.
၂၅ယောရှု သည်လည်း၊ ပြည်တန်ဆာ ရာခပ် နှင့် သူ့ ပေါက်ဘော် ၊ သူ ၌ ရှိသမျှ တို့ကို အသက် ချမ်းသာပေး၍ ၊ သူသည် ဣသရေလ အမျိုးသားတို့တွင် ယနေ့ တိုင်အောင် နေ ရလေ၏။ အကြောင်းမူကား ၊ ယေရိခေါ မြို့ကို စူးစမ်း စေခြင်းငှါ ၊ ယောရှု စေလွှတ် သော တမန် တို့ကို သူသည် ဝှက် ထားသောကြောင့်တည်း။
26 Et dans ce même temps Josué fit un serment en ces termes: Maudit soit devant l'Éternel celui qui entreprendra de relever cette ville de Jéricho! Qu'au prix de son premier-né il en pose les fondements, et qu'au prix de son plus jeune fils il en replace les portes!
၂၆ထိုအခါ ယောရှု က၊ အကြင်သူ သည် ထ ၍ ယေရိခေါ မြို့ ကို တည် ပြန်၏၊ ထိုသူ သည် ထာဝရဘုရား ရှေ့ တော်၌ ကျိန် အပ်သောသူဖြစ်ပါစေ။ သူ သည် သားဦး လက်ထက်၌ မြို့ရိုးအမြစ်ကိုတည် ၍ သားထွေး လက်ထက်၌ မြို့ တံခါး တို့ကို ထောင် ပါစေဟု ကျိန်ဆို ၏။
27 Et l'Éternel était avec Josué dont la renommée se répandait dans tout le pays.
၂၇ထိုသို့ ထာဝရဘုရား သည် ယောရှု နှင့်အတူ ရှိ တော်မူ၍ ၊ သူ ၏ သိတင်း သည် တပြည် လုံး ၌ နှံ့ပြား ကျော်စော လေ၏။

< Josué 6 >