< Job 20 >
1 Et Zophar de Naama répondit et dit:
၁တဖန် နေမတ် အမျိုးသားဇောဖာ မြွက်ဆို သည်ကား၊
2 Mes pensées vont, et pour cause, me fournir la réplique; aussi j'ai hâte de la faire:
၂ငါ ပြန် ပြောရမည်အကြောင်း၊ ငါ့စိတ်နှလုံးသည် နှိုးဆော် သောကြောင့် ၊ ပြောချင်သောစိတ်အားကြီး၏။
3 j'ai dû entendre une leçon qui m'outrage! mais l'esprit selon mes lumières répondra pour moi.
၃ငါသည်ကိုယ်ခံရသောကဲ့ရဲ့ ပြစ်တင်ခြင်း စကား ကိုကြား ၍၊ ငါ့ ဉာဏ် သဘောနှိုးဆော်သဖြင့် ငါ ပြန် ပြော ရ၏။
4 Ne sais-tu pas que, de tout temps, depuis que l'homme fut placé sur la terre,
၄ရှေ့ဦးစွာသောကာလ၊ လူ ကို မြေကြီး ပေါ် မှာ နေရာချ စကာလမှစ၍၊
5 la joie des impies est de courte durée, et l'allégresse des profanes n'a qu'un instant?
၅ဆိုး သောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း ၊ အဓမ္မ လူသည် ခဏ သာ ဝမ်းမြောက် ကြောင်း ကို၎င်းမသိသလော။
6 Que sa grandeur s'élève jusques aux Cieux, et que sa tête touche aux nues,
၆သူ ၏ ဘုန်း သည် မိုဃ်း ပေါ် သို့တက် ၍ ၊ သူ ၏ ခေါင်း သည် မိုဃ်းတိမ် တိုင်အောင် မှီ သော်လည်း၊
7 pour toujours il périt comme les excréments; ceux qui l'ont vu, demandent: Où est-il?
၇မိမိ မစင် ကဲ့သို့ အစဉ် ပျက် ရလိမ့်မည်။ သူ့ ကို မြင် ဘူးသောသူတို့ က၊ ထိုသူ သည် အဘယ် မှာရှိသနည်းဟုမေး ကြလိမ့်မည်။
8 Il s'envole comme un songe, et on ne le retrouve pas; il a fui comme une vision nocturne;
၈သူသည်အိပ်မက် ကဲ့သို့ လွင့် ပြား၍ နောက်တဖန် မ တွေ့ ရ။ ညဉ့် ရူပါရုံ ကဲ့သို့ ကွယ်ပျောက် ရလိမ့်မည်။
9 l'œil qui l'a vu, ne l'aperçoit plus, et sa demeure ne le reverra pas.
၉သူ့ ကိုမြင် ဘူးသော မျက်စိ သည် နောက် တဖန် သူ့ကို မ ကြည့်မရှုရ။ သူ ၏နေရာ အရပ်သည် နောက် တဖန်သူ့ ကိုမ မြင် ရ။
10 Les indigents accablent ses fils dont les mains doivent restituer ses biens,
၁၀သူ ၏သား တို့သည် ဆင်းရဲသား တို့ကို ဖျောင်းဖျ ရကြ၏။ သိုထားသောဥစ္စာ ကို ကိုယ် လက် နှင့် ပြန် ပေး ရကြ၏။
11 Ses os surabondaient d'une vigueur juvénile, et sur la poussière elle gît avec lui.
၁၁သူ ၏အရိုး တို့သည် ပျို သောအရွယ်၏ အရှိန် နှင့်ပြည့်စုံ သော်လည်း၊ သူ နှင့်တကွ မြေမှုန့် ၌ အိပ် ရကြ လိမ့်မည်။
12 Quelque douceur que sa bouche trouve au mal, qu'il le tienne en réserve sous sa langue,
၁၂သူသည်မိမိ ပစပ် ၌ ဒုစရိုက်ကိုချို နိုးထင်၍၊ မိမိ လျှာ အောက် မှာ ဝှက်ထား လျက်၊
13 le savourant lentement, sans le laisser aller, mais le retenant collé à son palais,
၁၃နှမြော သဖြင့် မ စွန့် ရက်ဘဲ၊ မိမိ ပစပ် ၌ ငုံ သော်လည်း ၊
14 cet aliment qu'il prend, se transforme dans ses entrailles, et devient au dedans de lui un venin d'aspic,
၁၄စားပြီးလျှင်သူ ၏ ဝမ်း ထဲမှာ သဘောပြောင်း ၍ မြွေဆိုး အဆိပ် အတောက်ဖြစ်လိမ့်မည်။
15 Il engloutit des richesses, et il les revomit; de son ventre Dieu les fait ressortir,
၁၅သူမျို သောစည်းစိမ် ဥစ္စာကို တဖန်အန် ရ လိမ့်မည်။ ဘုရား သခင်လည်း သူ့ ကို ဝမ်း နှုတ် တော်မူမည်။
16 il suce le venin de l'aspic, et la langue de la vipère le tue.
၁၆သူသည် မြွေဆိုး အဆိပ် အတောက်ကို စို့ ၍ မြွေဟောက် ကိုက်သဖြင့် သေ ရလိမ့်မည်။
17 Son regard n'est plus réjoui par les ruisseaux, ni par les fleuves, les torrents de miel et de lait.
၁၇အသွယ်သွယ်သောမြစ် ၊ နို့ နှင့် ပျားရည် စီးသော မြစ် တို့ကို မ မြင် ရ။
18 Il restitue ses gains, et ne les consomme pas: autant il possède, autant il restitue, et il ne peut se réjouir.
၁၈မိမိလုပ် ၍ရသောဥစ္စာကို မိမိမ သုံး ဘဲ ပြန် ပေး ရ၏။ ပြန်ပေးရသောဥစ္စာ ဖြစ်သောကြောင့် အားရ ခြင်းမ ရှိရ။
19 Car il écrasa, délaissa les pauvres, il ravit des maisons, et ne les releva pas;
၁၉ဆင်းရဲသား တို့ကို ညှဉ်းဆဲ စွန့်ပစ် ၍၊ မိမိ မ ဆောက် သော အိမ် ကို လုယူ သောကြောင့် ၎င်း၊
20 car il ne connut pas le repos dans son sein. Mais il ne se sauvera pas avec ce qu'il a de plus cher,
၂၀လောဘ မပြေ နိုင် သောကြောင့် ၎င်း၊ အလိုရှိ သော ဥစ္စာ တစုံတခု မျှ မကြွင်း ဆုံးရှုံး ရ လိမ့်မည်။
21 Rien n'échappe à sa voracité, c'est pourquoi son bien-être ne dure pas.
၂၁သူ လုယူ ချင ်သော လောဘ လက်နှင့် အဘယ် အရာမျှ မလွတ် သောကြောင့်၊ သူ၏ စည်းစိမ် မတည်ရ။
22 Dans la plénitude de l'abondance, il est mis à la gêne; les bras des opprimés fondent sur lui.
၂၂ဥစ္စာကြွယ်ဝ စဉ် တွင်ပင် ဆင်းရဲ ခြင်းနှင့်တွေ့၍၊ အမျိုးမျိုး သော အမှုတို့သည် ရောက် ကြလိမ့်မည်။
23 Voici Celui qui assouvira son avidité: Il enverra sur lui le feu de Sa colère, et fera pleuvoir sur lui Son pain de douleur;
၂၃သို့သော်လည်းသူသည်ဝ စွာစားရ၏။ ဘုရား သခင်သည် အမျက် တော်အရှိန် ကို လွှတ် ၍သူစားစရာဘို့ အမျက်တော် မိုဃ်း ကို ရွာစေတော်မူမည်။
24 s'il fuit devant l'armure de fer, l'arc d'airain le transperce.
၂၄သံ လက်နက် ကိုရှောင် ၍ ပြေးသော်လည်း၊ ကြေးဝါ လေး ဖြင့် ထုတ်ချင်း ခွင်းလိမ့်မည်။
25 Il extrait le dard de son corps avec le fer brillant qui lui a percé le foie; c'en est fait: il est sous les terreurs de la mort.
၂၅မြှားကိုနှုတ် လျှင် မိမိကိုယ်ထဲက ထွက် လာ၏။ အရောင် တောက် သောထားသည်သူ ၏ သည်းခြေ ထဲက ထွက် လာ၍၊ သူသည် မိန်းမော တွေဝေလျက် နေရ၏။
26 Toutes les misères lui sont réservées en échange de ce qu'il a mis en réserve; un feu qu'on n'a pas à souffler, le dévore, et consume ce qui resterait dans sa tente.
၂၆ခပ်သိမ်း သောဘေး တို့သည် သူ့ အဘို့ သိုထား လျက်ရှိကြ၏။ လူမ မွေး သောမီး သည် သူ့ ကိုလောင် လိမ့်မည်။ သူ ၏နေရာ ၌ ကြွင်း သမျှသောအရာတို့ကို လောင် လိမ့်မည်။
27 Le ciel dévoile son crime, et la terre s'élève contre lui.
၂၇မိုဃ်းကောင်းကင် သည် သူ ၏အပြစ် ကို ဘော်ပြ ၍ ၊ မြေကြီး သည်လည်း သူ့ တစ်ဘက် ၌ ထ လိမ့်မည်။
28 Tout le revenu de sa maison s'en va, s'écoulant au jour de Sa colère.
၂၈သူ ၏အိမ် ၌ရှိသောဥစ္စာ သည်ကွယ်ပျောက် ၍၊ အမျက် တော် ထွက်သာနေ့ ၌ ရေကဲ့သို့စီး သွားလိမ့်မည်။
29 Telle est la part que Dieu donne à l'impie, et le lot que le Seigneur lui décerne.
၂၉ထိုသို့ သောဆုလပ် ကို ဘုရား သခင်သည် လူဆိုး အားပေးတော်မူ၏။ ထိုသို့သောအမွေ ဥစ္စာကို ဘုရား သခင် ခွဲဝေစီရင်တော်မူသည်ဟု မြွက်ဆို ၏။