< Deutéronome 29 >
1 Voici les termes de l'alliance que l'Éternel ordonna à Moïse de conclure avec les enfants d'Israël dans le pays de Moab, outre l'alliance qu'il avait conclue avec eux en Horeb.
၁ဤ ရွေ့ကား၊ ဟောရပ် အရပ်၌ ထာဝရဘုရား သည် ဣသရေလ အမျိုး နှင့် ပြု တော်မူသောပဋိညာဉ်မှတပါး၊ မောဘ ပြည် ၌ မောရှေ သည် ထို လူမျိုးနှင့် ပဋိညာဉ် ပြု စေခြင်းငှာ ၊ ထာဝရဘုရား မှာ ထားတော်မူသော ပဋိညာဉ် စကား တော် ဖြစ်သတည်း။
2 Et Moïse convoqua tous les Israélites et il leur dit: Vous avez vu tout ce qu'a fait l'Éternel sous tes yeux dans le pays d'Egypte à Pharaon et à tous ses serviteurs et à tout son pays,
၂တဖန် မောရှေ သည် ဣသရေလ အမျိုးသားအပေါင်း တို့ကို ခေါ် ၍ ၊ ထာဝရဘုရား သည် အဲဂုတ္တု ပြည် မှာ ဖာရော ဘုရင်၌ ၎င်း၊ သူ ၏ကျွန် အပေါင်း တို့၌ ၎င်း၊ သူ ၏ပြည် တရှောက်လုံး ၌ ၎င်း ၊ သင် တို့မျက်မှောက် တွင် ပြု တော်မူသမျှ တည်းဟူသော၊
3 les grandes épreuves que vos yeux ont vues, ces grands signes et prodiges.
၃ကိုယ် မျက်စိ နှင့်မြင် သော အလွန် ကြီးစွာသော စုံစမ်း ခြင်းအမှု၊ အလွန် ကြီးသော နိမိတ် လက္ခဏာ၊ ထူးဆန်း သော တန်ခိုးများကို သင် တို့သည် မြင် ရကြပြီ။
4 Mais jusques aujourd'hui l'Éternel ne vous a pas donné un cœur pour sentir, des yeux pour voir, des oreilles pour entendre.
၄သို့သော်လည်း နားလည် နိုင်သောနှလုံး ၊ မြင် နိုင်သော မျက်စိ ၊ ကြား နိုင်သော နား တို့ကို ယနေ့ တိုင်အောင် ထာဝရဘုရား သည် ပေး တော်မ မူသေး။
5 Et pendant quarante ans, je vous ai conduits dans le désert; vos habits ne se sont point usés sur vous, ni vos sandales à vos pieds;
၅အနှစ် လေးဆယ် ပတ်လုံးသင် တို့ကို တော ၌ ငါပို့ဆောင် တော်မူပြီ။ သင် တို့အဝတ် သည် မ ဟောင်း မနွမ်း။ သင် တို့စီးသော ခြေနင်း လည်း မ ပျက်။
6 vous n'avez pas mangé de pain et n'avez bu ni vin ni cervoise, afin que vous comprissiez que moi, l'Éternel, je suis votre Dieu.
၆သင်တို့သည် မုန့် ကိုမ စား။ စပျစ်ရည် နှင့် သေရည် သေရက်ကို မ သောက် ဘဲ နေသောကြောင့် ၊ ထာဝရဘုရား သည် သင် တို့၏ ဘုရားသခင် ဖြစ်ကြောင်းကို သိ ရ၏။
7 Et vous êtes arrivés en ce lieu. Alors, Sihon, roi de Hesbon, et Og, roi de Basan, se sont avancés contre nous pour nous attaquer, et nous les avons battus.
၇သင်တို့သည် ဤ အရပ် သို့ ရောက် သောအခါ ၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် ၊ ဗာရှန် ရှင်ဘုရင် ဩဃ တို့သည် ငါ တို့ကို စစ်တိုက် ခြင်းငှာ ထွက် လာသဖြင့် ၊ ငါတို့သည် သူ တို့ကို လုပ်ကြံ ၍၊
8 Et nous nous sommes emparés de leur pays et l'avons donné en propriété aux Rubénites, et aux Gadites et à la demi-Tribu de Manassé.
၈သူ တို့ပြည် ကို သိမ်းယူ ပြီးမှ ၊ ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် ၌ ပေး လေ၏။
9 Gardez donc les paroles de cette alliance, et pratiquez-les, afin de réussir dans tout ce que vous entreprendrez.
၉သို့ဖြစ်၍ သင်တို့ပြု လေရာရာ ၌ အောင် နိုင်မည် အကြောင်း ဤ ပဋိညာဉ် စကား တို့ကို စောင့်ရှောက် ၍ ကျင့် ကြလော့။
10 Vous voilà comparaissant aujourd'hui tous devant l'Éternel, votre Dieu, vos Chefs, vos Tribus, vos Anciens et vos Officiers, tous les hommes d'Israël,
၁၀သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင် နှင့် ယနေ့ ပြု တော်မူသော သစ္စာ ကို သင် သည်ခံ ၍၊ သင် ၏ဘုရားသခင် ထာဝရဘုရား နှင့် ပဋိညာဉ် ပြုခြင်းငှာ ၎င်း၊
11 vos enfants, vos femmes et ton étranger qui est dans ton camp, depuis celui qui coupe ton bois à celui qui puise ton eau,
၁၁သင့်ကို ကိုယ်တော်၏ လူမျိုးအရာ၌ ယနေ့ခန့်ထား တော်မူစေခြင်းငှာ၎င်း၊
12 pour passer dans l'alliance de l'Éternel, ton Dieu, et sous sa sanction que l'Éternel, ton Dieu, solennise avec toi en ce jour,
၁၂အထက်က မိန့်တော်မူ၍၊ သင် ၏အဘ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ကျိန်ဆို တော်မူသည်အတိုင်း ၊ သင် ၏ဘုရားသခင် ဖြစ် တော်မူစေခြင်းငှာ ၎င်း၊
13 pour te constituer aujourd'hui son peuple tandis qu'il sera ton Dieu, comme Il te l'a promis, et comme Il en a fait le serment à tes pères, à Abraham, à Isaac et à Jacob.
၁၃သင် တို့အမျိုးအနွယ် ၏ အကဲအမှူး၊ အသက်ကြီး သူ၊ မင်းအရာရှိ၊ ဣသရေလ အမျိုးယောက်ျား ၊ မိန်းမ ၊ သူငယ် ၊ ထင်း ခုတ် သောသူ၊ ရေ ခပ် သောသူမှစ၍ တပ် ၌ ရှိသမျှသောသူ တို့သည် သင် တို့ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ယနေ့ ရပ် နေကြ၏။
14 Et ce n'est pas avec vous seuls que je conclus cette alliance et ce pacte juré,
၁၄ထိုမှတပါး ဤ ပဋိညာဉ် ၊ ဤ သစ္စာ ကို သင် တို့နှင့် သာ ငါ ပြု သည်ထက်မ က၊
15 c'est avec ceux qui sont ici aujourd'hui comparaissant avec nous devant l'Éternel, notre Dieu, et avec ceux qui ne sont pas ici avec nous aujourd'hui.
၁၅ငါ တို့ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ယနေ့ ရပ် နေသောသူတို့ နှင့်၎င်း၊ ငါ တို့တွင် ယနေ့ မ ပါ သော သူတို့ နှင့် ၎င်း ငါပြု၏။
16 Car vous savez comment nous avons séjourné dans le pays d'Egypte, et comment nous avons passé au milieu des nations que vous avez traversées;
၁၆သင် တို့သည် အဲဂုတ္တု ပြည် ၌ ပေါင်းဘော် သောသူ၊ ခရီးသွား ၍ လမ်း ၌ တွေ့ကြုံသော လူမျိုး တို့ကို သင်တို့သိ ကြ၏။
17 et vous avez vu les horreurs de leur culte, et leurs idoles de bois et de pierre, d'argent et d'or qui étaient chez eux.
၁၇သူ တို့၌ ရှိသော စက်ဆုပ်ရွံရှာ ဘွယ်သော သစ်သား ရုပ်တု ၊ ကျောက် ရုပ်တု၊ ရွှေ ရုပ်တု၊ ငွေ ရုပ်တုတို့ကို မြင် ကြပြီ။
18 Ayez peur qu'il y ait parmi vous homme ou femme ou famille ou Tribu dont le cœur se détourne aujourd'hui de l'Éternel, notre Dieu, pour aller se mettre au service des dieux de ces nations-là; ayez peur qu'il y ait chez vous quelque racine produisant poison ou absinthe!
၁၈ငါ တို့ဘုရားသခင် ထာဝရဘုရား ထံ တော်မှ လွှဲရှောင် ချင်သော သဘော ရှိလျက် ၊ ထို လူမျိုး တို့၏ ဘုရား များထံသို့ သွား ၍ ဝတ်ပြု သောယောက်ျား ၊ မိန်းမ ၊ အဆွေ အမျိုးတစုံတယောက်သည် သင် တို့တွင် ပါမည်ဟူ၍၎င်း၊ ခါး စွာသောအသီး၊ ဒေါန ကို သီး တတ်သော အပင်မြစ် သည် သင် တို့တွင် ပေါက်မည်ဟူ၍၎င်း၊
19 Et dans le cas où, à l'ouïe des termes de cette sanction, quelqu'un se promettrait en son cœur un sort heureux, en disant: Je serai sain et sauf quoique je veuille marcher suivant la malice de mon cœur et en amenant ainsi la ruine du sol abreuvé et du sol altéré,
၁၉ထိုသို့သောသူသည် ဤ ကျိန် ခြင်းစကား ကို ကြား သောအခါ ၊ စိတ် ခိုင်မာ သည်အတိုင်း ၊ ငါကျင့်၍ ရေငတ် ခြင်းအပေါ်၌ ယစ်မူးခြင်းကို ထပ်ဆင့်သော်လည်း၊ ချမ်းသာ ရမည်ဟုစိတ် ထဲမှာ ကိုယ်ကိုကိုယ်ကောင်းကြီး ပေးမည်ဟူ၍၎င်း စိုးရိမ်စရာရှိ၏။
20 l'Éternel ne voudra pas lui pardonner; mais pour lors le courroux de l'Éternel et sa jalousie s'allumeront contre cet homme-là, et sur lui reposera toute la malédiction consignée dans ce livre-ci, et l'Éternel effacera son nom de dessous les Cieux,
၂၀ထိုသူ ကို ထာဝရဘုရား နှမြော တော်မ မူ။ အပြစ် ရှိသည်ဟု ထင်လွယ်သောစိတ်၊ အမျက် တော်အရှိန် မီးခိုး ထွက်၍ ဤ ကျမ်းစာ ၌ ရေးထား သော အမင်္ဂလာ ရှိသမျှ တို့ သည် ထိုသူ အပေါ် မှာ တည် နေကြလိမ့်မည်။ ထာဝရဘုရား သည် သူ ၏အမည် ကို မိုဃ်း ကောင်းကင်အောက် ၌ ချေ တော်မူလိမ့်မည်။
21 et l'Éternel le séparera, pour le perdre, de toutes les Tribus d'Israël, suivant toutes les malédictions de l'alliance transcrites dans ce volume de la Loi.
၂၁ဤ ပညတ္တိ ကျမ်းစာ ၌ ရေးထား သော ပဋိညာဉ် အမင်္ဂလာ ရှိသမျှ တို့နှင့်အညီ ၊ ထိုသူကို ဣသရေလ အမျိုးအနွယ် အပေါင်း တို့ထဲက ၊ ထာဝရဘုရား နှုတ်၍ အပြစ် ပေးဘို့ရာ ခွဲထား တော်မူလိမ့်မည်။
22 Et la génération suivante, vos fils qui s'élèveront après vous, et l'étranger venu d'un pays lointain, diront à la vue du désastre de ce pays et des maux que lui aura infligés l'Éternel,
၂၂သူ့ နေရာအရပ်၌ ထာဝရဘုရား ဒဏ်ခတ် တော်မူသော၊
23 du soufre et du sel et de l'embrasement de tout son sol qui ne sera plus ensemencé, ne produira plus, où nulle plante ne croîtra, d'un bouleversement pareil à celui de Sodome et de Gomorrhe, d'Adema et de Tseboïm que l'Éternel bouleversa dans sa colère et sa fureur;
၂၃အနာရောဂါ ဘေးဥပဒ် တို့ကို၎င်း၊ ထာဝရဘုရား သည်ဒေါသ အမျက် တော်ထွက်၍ မှောက်လှန် တော်မူသော သောဒုံ မြို့၊ ဂေါမောရ မြို့၊ အာဒမာ မြို့၊ ဇေဘိုင် မြို့တို့ပြိုပျက် ရာကဲ့သို့ ၊ တပြည်လုံး ကိုကန့် နှင့် မီးကျွမ်းလောင် သောဆား သက်သက်ဖြစ်၍၊ မျိုးစေ့မ ကြဲ ၊ အသီးအနှံမ သီး ၊ မြက်ပင် မ ပေါက် ကြောင်းကို၎င်း၊ သင် တို့နောက်မှာ ဖြစ်လတံ့ သော သင် တို့အမျိုးသား ၊ ဝေး သောအရပ် မှ လာ သော တပါးအမျိုးသား တို့သည်မြင် ကြသောအခါ၊
24 tous les peuples demanderont: Pourquoi l'Éternel a-t-Il ainsi traité ce pays-là? pourquoi l'embrasement de cette grande colère?
၂၄ထာဝရဘုရား သည် ဤ ပြည် ၌ အဘယ်ကြောင့် ဤသို့ ပြု တော်မူသနည်း။ ဤ ပြင်းစွာ သော အမျက် တော် အရှိန် ကား၊ အဘယ်သို့ နည်းဟု လူ အမျိုးမျိုး တို့သည် မေးမြန်း ကြလျှင်၊
25 Et l'on répondra: Parce qu'ils ont abandonné l'alliance de l'Éternel, Dieu de leurs pères, qu'il avait conclue avec eux, lorsqu'il les retira du pays d'Egypte,
၂၅သူတပါးတို့က၊ ထိုသူ တို့၏ ဘိုးဘေး တို့ ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရား သည် သူ တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သောအခါ ၊ သူ တို့နှင့် ဖွဲ့ တော်မူသော ပဋိညာဉ် ကို သူတို့သည် စွန့် ကြသောကြောင့် ၎င်း၊
26 et ils sont allés se mettre au service d'autres dieux et les adorer, dieux qu'ils ne connaissaient pas, et qu'il ne leur avait pas donnés en partage;
၂၆အထက်ကသူ တို့မ သိ ၊ သူ တို့အား အဘယ်အရာ ကိုမျှ မ ပေး သော အခြား တပါးသော ဘုရား တို့အား ဝတ်ပြု ကိုးကွယ် ကြသောကြောင့်၎င်း၊
27 c'est alors que la colère de l'Éternel s'est allumée contre ce pays pour faire fondre sur lui toutes les malédictions consignées dans ce livre,
၂၇ဤ မည်သောကျမ်းစာ ၌ ရေး ထားသော အမင်္ဂလာ ရှိသမျှ တို့ကို ဤ ပြည် ၌ သင့်ရောက် စေခြင်းငှာ ၊ ထာဝရဘုရား သည် အမျက် တော်ထွက် သဖြင့်၊
28 et l'Éternel les a arrachés de leur pays avec courroux, colère et grande irritation et les a jetés dans un autre pays [comme il arrive] aujourd'hui.
၂၈ပြင်းစွာသော ဒေါသ အမျက် အရှိန်အားကြီး လျက် သူ တို့ပြည် ထဲက သူ တို့ကို နှုတ်ပယ် ၍ ၊ ယနေ့ တိုင်အောင် အခြား တပါးသောပြည် သို့ နှင်ထုတ် တော်မူသည် ဟု ပြန်ပြောကြလိမ့်မည်။
29 Les choses cachées sont à l'Éternel, notre Dieu, mais les choses révélées sont à nous et à nos enfants à perpétuité pour que nous mettions en pratique toutes les paroles de cette Loi.
၂၉မ ထင်ရှားသောအရာတို့သည်၊ ငါ တို့ဘုရားသခင် ထာဝရဘုရား ၏ အငန်းအတာဖြစ်ကြ၏။ ဘော်ပြ တော်မူသောအရာတို့သည် ကာလ အစဉ်မပြတ် ငါ တို့နှင့် ငါ တို့သားသမီး များတို့၏ အငန်းအတာဖြစ်၍၊ ဤ ပညတ် တရားစကား အလုံးစုံ တို့ကို စောင့်ရှောက် ရမည်အကြောင်း တည်း။