< 2 Rois 4 >

1 Et une femme d'entre les épouses des fils des prophètes jeta son cri à Elisée en disant: Ton serviteur, mon mari, est mort; et tu sais que ton serviteur était craignant l'Éternel; or le créancier s'est présenté pour prendre mes deux enfants et les avoir comme ses esclaves.
ပရောဖက် အမျိုးသား ၏ မယား တယောက် သည်ဧလိရှဲ ထံသို့ လာ၍၊ ကိုယ်တော် ကျွန် ၊ ကျွန်မ ၏ ခင်ပွန်း သေ ပါပြီ။ ကိုယ်တော် ကျွန် သည် ထာဝရဘုရား ကို ရိုသေ သောသူဖြစ် သည်ကို ကိုယ်တော် သိ တော်မူ၏။ ယခုမှာ ကြွေးရှင် သည်ကျွန်မ ၏သား နှစ် ယောက်ကို ကျွန်ခံ စေခြင်းငှါ လာ ပါပြီဟု ကြွေးကြော် လေ၏
2 Et Elisée lui dit: Que faut-il que je fasse pour toi? Dis-moi ce que tu as au logis! Et elle lui dit: Ta servante n'a rien au logis sinon une fiole d'huile.
ဧလိရှဲ ကလည်း ၊ သင့် အဘို့ အဘယ်သို့ ငါပြု ရ မည်နည်း။ သင့် အိမ် ၌ အဘယ် ဥစ္စာရှိ သနည်းဟုမေး လျှင်၊” ကိုယ်တော်” ကျွန် မအိမ် ၌ ဆီ အိုး တလုံးမှတပါး အဘယ်ဥစ္စာမျှ မ ရှိပါဟု ပြောဆို သော်၊
3 Et il dit: Va et emprunte pour toi au dehors des vases à tous tes voisins, des vases vides, et pas en petit nombre.
ဧလိရှဲက သွား လော့။ အိမ်နီးချင်း ရှိသမျှ တို့တွင် လပ် သောအိုး တို့ကို ငှါး ယူလော့။ များစွာသော အိုး တို့ကို ငှားယူလော့
4 Puis, rentrée, ferme la porte sur toi et tes fils et verse dans tous ces vases, et mets de côté ce qui sera plein.
ကိုယ်အိမ်သို့ ရောက် သောအခါ ၊ သား တို့ကို ခေါ်၍ တံခါး ကို ပိတ် ပြီးမှ ငှါးယူသော အိုး များအထဲ သို့ ဆီကို အပြည့် လောင်း ၍ ထားလော့ ဟုစီရင်သည်အတိုင်း၊”
5 Alors elle le quitta; et elle ferma la porte sur elle et sur ses fils; ceux-ci lui tendaient les vases, et elle versait;
ထိုမိန်းမသည် သွား ၍ သား တို့သည် အိုးများကို ယူခဲ့ ပြီးမှ ၊ မိန်းမသည် သားတို့နှင့်အတူအိမ်ထဲသို့ဝင်၍ တံခါး ကိုပိတ် လျက် ဆီကို လောင်း လေ၏
6 et lorsque les vases furent pleins, elle dit à son fils: Tends-moi encore un vase! Et il lui dit: Il n'y a plus de vases. Alors l'huile s'arrêta.
အိုး များ၌ ဆီပြည့် သောအခါ ၊ အိုး တလုံးကို ယူ ခဲ့ဦးဟုသား အား ဆို လျှင် ၊ အိုး လပ်မ ရှိပါဟု ပြန်ပြော သော် ၊ ဆီ သည် တန့် လျက် နေ၏
7 Et elle vint raconter à l'homme de Dieu, qui lui dit: Va, vends l'huile et paye ta dette, et toi et tes fils vivez du surplus.
ထိုမိန်းမသည်လာ ၍ ဘုရား သခင်၏ လူ ကို ကြားပြော လျှင် ၊ သူက ထိုဆီ ကိုသွား ၍ ရောင်း ပြီးလျှင် ကြွေး ကို ဆပ် လော့။ ကြွင်း သောဆီကို အမှီပြု၍ သင် နှင့် သား တို့သည် အသက် မွေးကြလော့ဟု ဆို ၏
8 Et il advint alors que Elisée passa à Sunem; et il y avait là une femme notable qui l'obligea à prendre son repas [chez elle]. Et toutes les fois qu'il passait, il entrait là pour prendre son repas.
တနေ့သ၌ဧလိရှဲ သည်ရှုနင် မြို့သို့ သွား ရာ တွင်၊ ထို မြို့၌ ထင်ရှား သောမိန်းမ တယောက်သည် ဧလိရှဲ ကို ကျွေး ခြင်းငှါ ခေါ် ပင့်လေ၏။ နောက်မှထိုလမ်း သို့ သွား သောအခါခါ ၊ ကျွေး ခြင်းကိုခံ အံ့သောငှါ ထို အိမ်သို့ ဝင် တတ်၏
9 Et elle dit à son mari: Vois-tu! eh bien! je sens que c'est un saint homme de Dieu qui passe chez nous constamment;
မိန်းမကလည်း၊ ငါ တို့နေရာလမ်းဖြင့် အစဉ် သွား လာသောဤသူ သည် ဘုရား သခင်၏ သန့်ရှင်း သူ ဖြစ်သည်ကို ကျွန်ုပ်ရိပ်မိ ၏
10 faisons-lui donc à l'étage une petite chambre en maçonnerie, et plaçons-y pour lui un lit et une table et un siège et un flambeau pour qu'il y loge quand il viendra chez nous.
၁၀ဝင်ရိုး အပေါ်မှာ အခန်းငယ် တခုကို လုပ် ကြကုန် အံ့။ သူ့ အဘို့ ခုတင် ၊ စားပွဲ ၊ ထိုင်ခုံ ၊ မီးခုံ တို့ကို ထား ကြကုန် အံ့။ သို့ဖြစ်၍ ၊ သူ သည်ငါ တို့ ဆီ သို့ရောက် သောအခါ ၊ ထို အခန်းထဲ သို့ ဝင် လိမ့်မည်ဟု မိမိ ခင်ပွန်း အား ဆို ၏
11 Et il arriva alors qu'étant venu là il logea dans la chambre de l'étage et y coucha.
၁၁တနေ့သ၌ ဧလိရှဲသည် ရောက် သဖြင့် ၊ ထိုအခန်း ထဲသို့ ဝင် ၍ အိပ် နေ၏
12 Et il dit à Gehazi, son valet: Appelle cette Sunamite. Et il l'appela et elle se présenta à lui.
၁၂ထို ရှုနင် မြို့သူမိန်းမကို ခေါ် လော့ဟု မိမိ ကျွန် ဂေဟာဇိ အား ဆို သည်အတိုင်း ခေါ် ၍ ၊ မိန်းမ သည် ဧလိရှဲ ရှေ့ မှာ ရပ် နေ၏
13 Et il lui dit: Eh bien! dis-lui: Voici, tu t'es agitée pour nous de toute cette sollicitude: que puis-je faire pour toi? Y-a-t-il à parler pour toi au roi ou au général de l'armée? Et elle dit: Je reste au milieu de ma Tribu!
၁၃ဧလိရှဲက၊ သင်သည်ငါ တို့အဘို့ ဤ မျှလောက်လုပ်ကြွေးပြုစုသည်အတွက်၊ သင့် အဘို့ အဘယ် သို့ပြု ရ မည်နည်း။ သင့် အဘို့ ရှင်ဘုရင် ထံ ၊ ဗိုလ်ချုပ် မင်းထံ ၌ ငါပြော ရမည်လော ဟု ဂေဟာဇိမေးမည်အကြောင်းစီရင် သော်၊” မိန်းမက၊ ကျွန်မ” သည် ကိုယ် အဆွေအမျိုး တို့တွင် နေ ပါဦးမည်ဟု ပြန်ပြော ၏
14 Et il dit: Que puis-je donc faire pour elle? Et Gehazi dit: Mais! elle n'a pas de fils et son mari est vieux. Et il dit: Appelle-la.
၁၄ဧလိရှဲကလည်း၊ ဤ မိန်းမအဘို့ အဘယ်သို့ ပြု စရာ ရှိသနည်းဟုမေး ပြန်လျှင် ၊ ဂေဟာဇိ က၊ ဤ မိန်းမ၌ သားသမီး မ ရှိပါ။ သူ့ ခင်ပွန်း လည်း အို လှပြီဟု ဆို သော်၊
15 Et il l'appela, et elle se présenta à la porte.
၁၅တဖန် ခေါ် ဦးလော့ဟုဆို သည်အတိုင်း ခေါ် ၍ ၊ မိန်းမ သည် တံခါးဝ မှာ ရပ် နေ၏
16 Et il dit: A cette époque l'année prochaine tu embrasseras un fils. Et elle dit: Oh! non! mon Seigneur! Homme de Dieu! Ne trompe pas ta servante!
၁၆ဧလိရှဲကလည်း၊ သင် သည် နောင် နှစ်အချိန် အရွယ် စေ့သောအခါ သား ကို ဘက်ယမ်း ရလိမ့်မည်ဟု ဆို လျှင်၊ မိန်းမက အိုအရှင်၊ ဘုရား” သခင်၏လူ ၊ ကိုယ်တော် ကျွန် မကို မုသာ မ သုံးပါနှင့်ဟု ပြန်ပြော ၏
17 Et cette femme devint enceinte et elle enfanta un fils à la même époque, l'année révolue, comme lui avait dit Elisée.
၁၇ထိုနောက် မိန်းမ သည် ပဋိသန္ဓေ ယူ၍ ဧလိရှဲ ချိန်းချက် သော အချိန်အရွယ် စေ့သောအခါ သား ကို ဘွားမြင် လေ၏
18 Et l'enfant ayant grandi, il arriva alors qu'il sortit pour joindre son père auprès des moissonneurs.
၁၈ထိုသား သည် နို့ ကွာပြီးမှ ၊ တနေ့သ၌ စပါး ရိတ် သောသူတို့ရှိ ရာ မိမိ အဘ ထံသို့ သွား ၍၊ “
19 Là il dit à son père: Ma tête! Ma tête! Et celui-ci dit au valet: Porte-le à sa mère. Et il le porta et l'amena à sa mère.
၁၉ငါ သည်ခေါင်း နာ၏။ ခေါင်း နာ၏ဟု အဘ အား ပြောဆို လျှင် ၊ အဘက၊ သူငယ် ကို အမိ ထံသို့ ယူ သွားဟု လုလင် အား ပြော ၏
20 Et l'enfant resta sur ses genoux jusqu'à midi, puis il mourut.
၂၀လုလင်သည်အမိ ထံသို့ ယူ သွား၍ ၊ သူငယ်သည် အမိ ရင်ခွင် ၌ ထိုင် ၍ မွန်းတည့် အချိန်ရှိပြီးမှသေ ၏
21 Et elle monta et le déposa sur le lit de l'homme de Dieu, puis ferma sur lui et sortit.
၂၁အမိသည် မြို့ရိုးပေါ်သို့တက် ၍ အလောင်း ကို ဘုရားသခင့် လူ ၏ခုတင် ပေါ် မှာထား ပြီး လျှင်၊ တံခါးကို ပိတ် ခဲ့၍ သွား လေ၏
22 Et s'adressant à son mari elle dit: Envoie-moi donc un des valets et une des ânesses, et je vais courir chez l'homme de Dieu, puis revenir.
၂၂ခင်ပွန်း ကို လည်း ခေါ် ၍ ၊ ကျွန်ုပ် သည် ဘုရားသခင် ၏လူ ထံသို့ ပြေး ၍ တဖန်ပြန် လာဦးမည်။ လုလင် တယောက် နှင့် မြည်း တစီး ကိုထည့် လိုက်ပါဟုဆို လျှင်၊”
23 Et il dit: Pourquoi vas-tu chez lui aujourd'hui? ce n'est ni lune nouvelle, ni sabbat. Et elle dit: Laisse-moi faire!
၂၃ခင်ပွန်းက၊ အဘယ် ကြောင့်ယနေ့ သွား ချင် သနည်း။ လဆန်း နေ့မ ဟုတ်၊ ဥပုသ် နေ့လည်း မ ဟုတ်ဟု ဆို သော် ၊ မိန်းမက၊ ကောင်းပါလိမ့်မည်ဟု ပြန်ပြော၏
24 Et elle sella l'ânesse et dit à son valet: Mène et va sans m'arrêter dans la course, que je ne te le dise!
၂၄မြည်း ကို ကုန်းနှီး တင်ပြီးမှ ကျွန် ကို ခေါ် ၍ နှင် သွားလော့။ ငါမပြောလျှင် ငါ့ ကြောင့် အသွား မ နှေးစေနှင့် ဟု ကျွန် အား မှာ ထားသဖြင့်၊””
25 Et étant partie elle arriva chez l'homme de Dieu au mont Carmel. Et lorsque l'homme de Dieu la vit de loin, il dit à Gehazi, son valet: Voici cette Sunamite!
၂၅ခရီးသွား ၍ ဘုရား သခင်၏ လူ ရှိ ရာ၊ ကရမေလ တောင် ပေါ် သို့ ရောက် သည်ကို ဘုရား သခင်၏ လူ သည် အဝေးကမြင်သောအခါ၊” မိမိ” ကျွန် ဂေဟာဇိ ကို ခေါ် ၍ ၊ ရှုနင် မြို့သူမိန်းမလာ၏
26 Maintenant cours donc à sa rencontre et lui dis: Tout va-t-il bien pour toi, bien pour ton mari, bien pour l'enfant? Et elle dit: Bien.
၂၆သင်ပြေး ၍ ခရီးဦး ကြိုပြုပြီးလျှင် ၊ ကိုယ်တိုင် မာ ၏လော။ ခင်ပွန်း” မာ ၏လော။ သူငယ်” မာ ၏လော ဟု စေလွှတ်၍ မေးစေသော်၊ မိန်းမကမာ ပါ၏ ဟုဆို ၏
27 Et elle arriva chez l'homme de Dieu à la montagne, et elle embrassa ses pieds. Alors Gehazi s'approcha pour la repousser, mais l'homme de Dieu dit: Laisse-la faire! car elle a dans l'âme une amère douleur; et l'Éternel m'en a fait un secret et ne m'a point mis au fait.
၂၇ဘုရား သခင်၏ လူ ရှိရာတောင် ပေါ် သို့ ရောက် သောအခါ ၊ သူ ၏ ခြေ တို့ကို ဘက် လေ၏။ ဂေဟာဇိ သည် ဆီးတား ခြင်းငှါ ချဉ်း လာလျှင် ၊ ဘုရား သခင်၏ လူ ကသူ့ ကို မ ဆီးတားနှင့်။ သူ သည် စိတ် ညှိုးငယ် ခြင်းရှိ၏။ ထို အကြောင်းကို ထာဝရဘုရား သည် ငါ့ အား မ ပြ ၊ ဝှက်ထား တော်မူပြီဟုဆို ၏
28 Et elle dit: Est-ce que j'ai demandé un fils à mon Seigneur? N'ai-je pas dit: Ne me trompe pas?
၂၈မိန်းမကလည်း၊ ကျွန်မသည် ကျွန်မ သခင် ထံမှာ သား ဆုကို တောင်း ပါသလော။ ကျွန်မ” ကိုမုသာ မ သုံးပါ နှင့်ဟု လျှောက် ဆိုသည်မ ဟုတ်လော ဟု ဆို ၏
29 Et il dit à Gehazi: Ceins tes reins et prends mon bâton dans ta main et pars! Si tu rencontres quelqu'un, ne le salue point, et si quelqu'un te salue, ne lui réponds point, et tu mettras mon bâton sur la figure de l'enfant.
၂၉ဧလိရှဲသည် ဂေဟာဇိ ကို ခေါ် ၍ သင် ၏ခါး ကို စည်း လော့။ ငါ့ တောင်ဝေး ကို ကိုင် ၍ သွား လော့။ လမ်းမှာ သူတပါးတွေ့လျှင် နှုတ်မဆက်နှင့်။ သင့်ကို သူတပါး နှုတ်ဆက်လျှင် ပြန်၍ မပြောနှင့်။ ငါ့ တောင်ဝေး ကို သူငယ် ၏မျက်နှာ ပေါ် မှာ တင် လော့ဟု မှာထားလေ၏
30 Et la mère de l'enfant dit: Par la vie de l'Éternel et par ta propre vie, je ne te quitte pas! Alors il se leva et la suivit.
၃၀အမိ ကလည်း၊ ထာဝရဘုရား အသက် ၊ ကိုယ်တော် အသက်ရှင် တော်မူသည်အတိုင်း ၊ ကျွန်မသည် ကိုယ်တော် နှင့်ကွာ ၍ မ သွားနိုင်ပါဟု ဆို လျှင် ၊ ဧလိရှဲသည် ထ ၍ လိုက် လေ၏
31 Or Gehazi les avait devancés et avait posé le bâton sur la figure de l'enfant; mais pas un son, pas un signe d'attention. Et il rebroussa à leur rencontre, et il l'informa et dit: L'enfant ne s'est pas réveillé.
၃၁ဂေဟာဇိ သည်အရင် သွား ၍ ၊ တောင်ဝေး ကို သူငယ် ၏မျက်နှာ ပေါ် မှာတင် သော်လည်း ၊ သူငယ်သည် အသံ မ ပြုအမှုမ ထား။ ထိုကြောင့် ဂေဟာဇိသည်ဧလိရှဲ ကို ခရီးဦး ကြိုပြု၍ ၊ သူငယ် သည် မ နိုး ပါဟု ပြန်ပြော ၏
32 Et lorsque Elisée entra dans la maison, voilà que l'enfant était mort, gisant sur son lit.
၃၂ဧလိရှဲ သည် အိမ် သို့ ရောက် သောအခါ ၊ သူငယ် သေ လျက်၊ မိမိ ခုတင် ပေါ် မှာ တင် ထားလျက်ရှိသည်ကို တွေ့ သဖြင့်၊ “
33 Alors il entra et ferma la porte sur eux deux, et il invoqua l'Éternel.
၃၃အထဲသို့ဝင် ၍ နှစ် ယောက်တည်းရှိစေခြင်းငှါ တံခါး ကိုပိတ် လျက် ထာဝရဘုရား ကို ဆုတောင်း လေ၏
34 Et étant monté il se coucha sur l'enfant et appliqua sa bouche sur sa bouche, et ses yeux sur ses yeux et ses mains sur ses mains, et il s'étendit sur lui de manière à réchauffer le corps de l'enfant.
၃၄သူငယ် ၏အနီးအပါးသို့ ချဉ်း ၍ ၊ သူ့အပေါ် မှာအိပ် လျက် နှုတ် ချင်း၊ မျက်စိ ချင်း၊ လက် ချင်းထပ်လျက် ၊ သူငယ် အပေါ် မှာ ကိုယ်ကိုလှန် သဖြင့် သူငယ် အသား သည် နွေး စရှိ၏
35 Et il se releva, et marcha dans la maison une fois d'un côté, une fois de l'autre; puis étant remonté il s'étendit sur lui.
၃၅တဖန် ဆင်း ၍ အခန်း ထဲ မှာစင်္ကြံ သွားပြီးလျှင် ၊ ချဉ်း ပြန်၍ သူငယ် အပေါ် မှာ ကိုယ်ကိုလှန် သဖြင့် ၊ သူငယ် သည် ခုနစ် ကြိမ် ချေ ဆတ်၍ မျက်စိ ကိုဖွင့် ၏
36 Alors l'enfant éternua sept fois, et l'enfant ouvrit les yeux. Et il appela Gehazi et dit: Appelle cette Sunamite! Et il l'appela et elle vint à lui et il dit: Reprends ton fils!
၃၆ဧလိရှဲသည် ဂေဟာဇိ ကို ခေါ် ၍ ၊ ရှုနင် မြို့သူမိန်းမကို ခေါ် လိုက်ဟုဆို သည်အတိုင်း ခေါ် ၍ သူသည် ရောက် လာသောအခါ ၊ ဧလိရှဲ က သင် ၏သား ကို ချီ ယူ လော့ဟု ဆို ၏
37 Alors elle vint tomber à ses pieds et s'inclina jusqu'à terre et emmena son fils et s'en alla.
၃၇မိန်းမသည်အထဲသို့ဝင် ၍ ၊ မြေ ပေါ် မှာ ပြပ်ဝပ် ဦးချပြီးလျှင် သား ကိုချီ ယူ၍ ထွက် သွား၏
38 Cependant Elisée revint à Guilgal et la famine régnait dans le pays, et les fils des prophètes demeuraient devant lui. Et il dit à son valet: Mets en place la grande marmite et fais cuire un légume pour les fils des prophètes.
၃၈တဖန် ဧလိရှဲ သည် ဂိလဂါလ မြို့သို့ သွား ၍ ၊ ထိုပြည် ၌ အစာ ခေါင်းပါး၏။ ပရောဖက် အမျိုးသား တို့ သည် ဧလိရှဲ ရှေ့ မှာထိုင် ကြစဉ်၊ ပရောဖက် အမျိုးသား တို့ အဘို့ ကြီး သော အိုး ကင်းကိုပြင် ၍ ဟင်း ချက်လော့ဟု မိမိ ကျွန် အား ဆို ၏
39 Alors l'un d'eux sortit dans les champs pour cueillir de la verdure, et il trouva une sorte de vigne sauvage et il y cueillit des concombres sauvages plein son habit; et étant rentré il les coupa en morceaux dans la marmite aux légumes, car on ne savait pas ce que c'était.
၃၉တစုံ တယောက်သောသူသည် ဟင်းသီး ဟင်းရွက်ကို ဆွတ် ခြင်းငှါ လယ်ပြင် သို့ သွား ၍ တော နွယ် ပင်ကို တွေ့ လျှင် ၊ တော ဘူးသီး ပိုက် နိုင်သမျှကို ဆွတ်ယူပြီးမှ၊”
40 Et ils les en sortirent pour le repas des hommes; mais lorsqu'ils goûtèrent du légume, ils se récrièrent et dirent: La mort est dans la marmite, homme de Dieu! et ils ne pouvaient manger.
၄၀ထိုဘူးမျိုးကို မ သိ ဘဲဟင်း အိုး ထဲသို့ ခတ်လေ၏။ ဟင်း အိုးစား အံ့ဟု လောင်း ပြီးမှ ဝိုင်း၍စား ကြစဉ်တွင်၊ အိုဘုရား သခင်၏လူ ၊ အိုး ထဲ၌ သေ ဘေးရှိ ပါသည်ဟု အော်ဟစ် ၍ မ စား နိုင် ဘဲ နေကြ၏
41 Alors il dit: Mais! prenez donc de la farine! Et il en jeta dans la marmite et dit: Sers-en à ce monde! et ils en mangèrent. Et il n'y avait plus rien de nuisible dans la marmite.
၄၁ဧလိရှဲကလည်း၊ မုန့်ညက် ကို ယူ ခဲ့ဟုဆို ၍ အိုး ထဲ မှာ ခတ် ပြီးလျှင် ၊ လူ များစား စရာဘို့လောင်း ဦးလော့ဟု ဆို ပြန်သော် ၊ အိုး ၌ ဘေး မ ရှိ။
42 Or il vint un homme de Baal-Salisa et il apportait à l'homme de Dieu du pain de prémices, vingt pains d'orge et des gruaux dans sa valise. Et il dit: Donnes-en à manger à ce monde!
၄၂တဖန် ဗာလရှလိရှ မြို့မှ လူ တယောက်သည် လာ ၍ ၊ အဦး သီးသော မုယော ဆန်ဖြင့် လုပ်သော မုန့် လုံး နှစ်ဆယ် နှင့် အိတ် ၌ ထည့်သော အသီးအနှံ များကို ဘုရား သခင် ၏ လူ ထံသို့ ဆောင် ခဲ့၏။ ဧလိရှဲကလည်း၊ ဤလူ များ ကို ကျွေး လော့ဟုဆို လျှင်၊ “
43 Et son domestique dit: Comment pourrais-je en servir à cent personnes? Et il dit: Sers-leur-en pour qu'ils en mangent; car ainsi parle l'Éternel: On en mangera et on en laissera.
၄၃ကျွန် ကအဘယ်သို့ နည်း။ ကျွန်တော်သည် လူ တရာ ကို ဤ မျှနှင့် ကျွေး နိုင်ပါမည်လောဟုမေး လျှင်၊ ဧလိရှဲက ဤ” လူ များကို ကျွေး လော့။ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုသူတို့သည် ဝစွာ စား ကြသော်လည်း စားစရာကျန်ကြွင်း လိမ့်မည်ဟု မိန့် တော်မူကြောင်း ကို ပြောဆိုသော်၊”
44 Alors il leur en servit et ils mangèrent, et en laissèrent selon la parole de l'Éternel.
၄၄ကျွန်သည်လူ များရှေ့ မှာထည့် ၍ ထာဝရဘုရား ၏ စကား တော်နှင့်အညီ ထိုသူတို့သည် ဝစွာစား ကြ၍ ၊ စားစရာကျန်ကြွင်း လျက်ရှိ၏

< 2 Rois 4 >