< 2 Chroniques 12 >
1 Et lorsque la royauté de Roboam se fut affermie, et qu'il fut devenu fort, il abandonna la Loi de l'Éternel, et tout Israël avec lui.
၁ရောဗောင် မင်း သည် မိမိ နိုင်ငံကို တည် စေ၍ အား ကြီးသောအခါ ၊ ဣသရေလ အမျိုး ရှိသမျှ နှင့်တကွ ထာဝရဘုရား ၏ တရား တော်ကို စွန့် ၍၊
2 Et dans la cinquième année du règne de Roboam, Sisac, roi d'Egypte, marcha avec mille deux cents chars et soixante mille hommes de cavalerie sur Jérusalem, parce qu'ils avaient été infidèles à l'Éternel;
၂ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ ရောဗောင် မင်းကြီး နန်းစံငါး နှစ် တွင်၊
3 et innombrables étaient les troupes venues avec lui d'Egypte, des Libyens, des Suchites et des Éthiopiens:
၃အဲဂုတ္တု ရှင်ဘုရင် ရှိရှက် သည် ရထား တထောင် နှစ်ရာ ၊ မြင်း စီးသူရဲခြောက် သောင်း၊ မ ရေတွက် နိုင်သော အဲဂုတ္တ ပြည်သားများ၊ လိဗု ပြည်သား၊ သုကိ ပြည်သား၊ အဲသယောပိ ပြည်သားတို့နှင့်တကွ ၊ ယေရုရှလင် မြို့သို့ စစ်ချီ ၍၊
4 et il prit les places fortes appartenant à Juda, et parut devant Jérusalem.
၄ယုဒ ပြည်၌ ခိုင်ခံ့ သော မြို့ တို့ကိုတိုက် ယူပြီးမှ ၊ ယေရုရှလင် မြို့သို့ ရောက် လေ၏။
5 Mais Semaïa, le prophète, vint trouver Roboam et les princes de Juda qui s'étaient rassemblés à Jérusalem pour échapper à Sisac, et leur dit: Ainsi parle l'Éternel: Vous m'avez abandonné, et aussi je vous abandonne aux mains de Sisac.
၅ထိုအခါ ရှိရှက်မင်းကြောင့်၊ ယေရုရှလင် မြို့၌ စုဝေး သော ယုဒ မင်း များထံ၊ ရောဗောင် မင်းထံ တော်သို့ ပရောဖက် ရှေမာယ သည်လာ ၍ ၊ ထာဝရဘုရား မိန့် တော်မူ သည်ကား ၊ သင် တို့သည် ငါ့ ကိုစွန့် သောကြောင့် ၊ ငါသည် သင်တို့ကို ရှိရှက် မင်းလက် သို့ အပ် လေပြီဟု အမိန့်တော် ကို ဆင့်ဆိုလျှင်၊
6 Alors les princes d'Israël et le roi s'humilièrent et dirent: L'Éternel est juste.
၆ရှင်ဘုရင် နှင့် ယုဒမင်းတို့က၊ ထာဝရဘုရား ဖြောင့်မတ် တော်မူသည် ဟုဆို ၍ ၊ မိမိတို့ကို နှိမ့်ချ ကြ၏။
7 Et lorsque l'Éternel vit qu'ils s'étaient humiliés, la parole de l'Éternel fut adressée à Semaïa, en ces termes: Ils se sont humiliés, je ne les détruirai pas, et dans peu je les dégagerai, et ma colère ne s'épanchera pas sur Jérusalem par la main de Sisac.
၇ထိုသို့ နှိမ့်ချ ကြောင်း ကို ထာဝရဘုရား မြင် လျှင် ၊ နှုတ်ကပတ် တော်သည် ရှေမာယ သို့ ရောက် ၍ ၊ သူတို့သည် နှိမ့်ချ ကြပြီ။ ထိုကြောင့်သူ တို့ကို ငါမ ဖျက်ဆီး ၊ အနည်းငယ် သော ချမ်းသာ ကိုပေး မည်။ ရှိရှက် လက် ဖြင့် ယေရုရှလင် မြို့အပေါ် သို့ ငါ့ အမျက် ကို မ သွန်းလောင်း ရ။
8 Cependant ils lui seront assujettis, afin qu'ils sentent ce que c'est que m'être assujetti et être assujetti aux royaumes des autres pays.
၈သို့ရာတွင် ငါ့ ထံ၌ အမှုထမ်း ခြင်း၊ တပါး အမျိုးသားရှင်ဘုရင်ထံ၌ အမှု ထမ်းခြင်းကို ပိုင်းခြား၍ သိ စေခြင်းငှါ၊ ရှိရှက်မင်းထံ၌ ကျွန် ခံရ ကြမည်ဟု မိန့်တော်မူ ၏။
9 Sisac, roi d'Egypte, marcha donc sur Jérusalem; et il enleva les trésors du Temple de l'Éternel, et les trésors du palais royal; il enleva tout, et enleva les boucliers d'or qu'avait faits Salomon.
၉အဲဂုတ္တု ရှင်ဘုရင် ရှိရှက် သည် ယေရုရှလင် မြို့သို့ ရောက် ၍ ၊ ဗိမာန် တော်ဘဏ္ဍာ နှင့် နန်းတော် ဘဏ္ဍာ ရှိသမျှ ကို သိမ်း သွား၏။ ရှောလမုန် လုပ် သော ရွှေ ဒိုင်း ရှိသမျှကို လည်း ယူ သွား၏။
10 Et pour les remplacer le roi Roboam fit des boucliers d'airain qu'il commit aux mains des chefs des coureurs, gardes de l'entrée du palais royal.
၁၀ရောဗောင် မင်းကြီး သည် ရွှေဒိုင်းအစား၊ ကြေးဝါ ဒိုင်း တို့ကိုလုပ် ၍ ၊ နန်းတော် တံခါး စောင့် ၊ ကိုယ်ရံတော်မှူး ၌ အပ် လေ၏။
11 Et toutes les fois que le roi venait au Temple de l'Éternel, les coureurs venaient les apporter, puis les reportaient dans la salle des coureurs.
၁၁ရှင် ဘုရင်သည် ဗိမာန် တော်သို့ သွား သောအခါ ၊ ကိုယ်ရံတော် သားတို့သည် ဒိုင်းတို့ကိုဆောင်၍၊ နောက်တဖန် မိမိ တို့စောင့် ရာ အခန်း မှာ ပြန် ထားကြ၏။
12 Comme donc il s'humilia, la colère de l'Éternel se détourna de lui, à l'effet de ne pas le détruire totalement: il y avait aussi dans Juda encore de bonnes choses.
၁၂ထိုသို့ရှင်ဘုရင်သည် ကိုယ်ကို နှိမ့်ချ သောအခါ ၊ ထာဝရဘုရား သည် သူ့ ကို ရှင်းရှင်း မ ဖျက်ဆီး မည် အကြောင်း ၊ အမျက် တော်ကို လွှဲ တော်မူ၏။ ယုဒ ပြည်၌ လည်း ၊ ပြည်မှုပြည်ရေးသာယာသဖြင့်၊
13 Et le roi Roboam s'affermit dans Jérusalem et régna. Roboam avait quarante-un ans à son avènement, et il régna dix-sept ans à Jérusalem, ville que l'Éternel avait choisie dans toutes les Tribus d'Israël, pour y placer son Nom. Or le nom de sa mère était Naama, l'Ammonite.
၁၃ရောဗောင် မင်းကြီး သည် ယေရုရှလင် မြို့၌ ကိုယ်ကိုခိုင်ခံ့ စေ၍ စိုးစံ သေး၏။ရောဗောင် သည်နန်းထိုင် သောအခါ၊ အသက် လေးဆယ် တနှစ် ရှိ၏။ထာဝရဘုရား သည်နာမ တော်တည် စရာဘို့၊ ဣသရေလ ခရိုင် များတို့အထဲ ကရွေးကောက် သော ယေရုရှလင် မြို့၌၊ ဆယ် ခုနှစ် နှစ် စိုးစံ လေ၏။မယ်တော် ကားအမ္မုန် အမျိုးသားနေမ အမည် ရှိ၏။
14 Et il fit le mal parce qu'il ne dirigea pas son cœur vers la recherche de l'Éternel.
၁၄ထာဝရဘုရား ကို ရှာ လိုသောငှါ ၊ မိမိ သဘော မ ချ သောကြောင့် ၊ ဒုစရိုက် အမှုကိုပြု ၏။
15 Les actes de Roboam, les premiers et les derniers, sont d'ailleurs consignés dans les histoires de Semaïa, le prophète, et de Iddo, le Voyant, aux registres. Et il y eut constamment hostilité entre Roboam et Jéroboam.
၁၅ရောဗောင် ပြုမူသော အမှု အရာအစ အဆုံး တို့ သည်၊ ပရောဖက် ရှေမာယ ၏ကျမ်း နှင့် ၊ ပရောဖက် ဣဒ္ဒေါ စီရင်သော သားစဉ်မြေးဆက်စာရင်း ၌ ရေးထား လျက် ရှိ၏။ ရောဗောင် နှင့် ယေရောဗောင် တို့သည်၊ အသက် ရှည်သမျှကာလပတ်လုံးရန်ဘက် ပြုကြ၏။
16 Et Roboam reposa à côté de ses pères et reçut la sépulture dans la Cité de David, et son fils Abia devint roi en sa place.
၁၆ရောဗောင် သည်လည်း ၊ ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော် အဘိယ သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏။