< Zacharie 13 >
1 En ce jour-là, il y a aura une source ouverte à la maison de David et aux habitants de Jérusalem, pour le péché et pour la souillure.
၁ထာဝရဘုရားက``ထိုအချိန်ကျရောက် လာသောအခါ ဒါဝိဒ်၏သားစဉ်မြေးဆက် များနှင့်ယေရုရှလင်မြို့သူမြို့သားတို့ အား မိမိတို့၏အပြစ်များနှင့်ရုပ်တု ကိုးကွယ်မှုမှသန့်စင်စိမ့်သောငှာစမ်း ရေပေါက်ဖွင့်လျက်လာလိမ့်မည်။-
2 Il arrivera aussi, en ce jour-là, dit l'Éternel des armées, que je retrancherai du pays les noms des idoles, et il n'en sera plus fait mention; et j'ôterai aussi du pays les prophètes et l'esprit impur.
၂ထိုအခါငါသည်ဤပြည်တွင်ရှိသည့် ရုပ်တုတို့၏နာမည်နာမများကို သုတ်သင် ပယ်ရှင်းမည်ဖြစ်၍ယင်းတို့ကိုနောက်တစ် ဖန်အဘယ်သူမျှအမှတ်ရကြတော့မည် မဟုတ်။ မိမိကိုယ်ကိုပရောဖက်ဖြစ်သည် ဟုဆိုသောသူမှန်သမျှကို ငါဖျောက်ဖျက် ပစ်မည်။ ရုပ်တုဝတ်ပြုကိုးကွယ်လိုသည့် ဆန္ဒကိုလည်းဖယ်ရှားပစ်မည်။-
3 Et il arrivera que si quelqu'un prophétise encore, son père et sa mère qui l'auront engendré lui diront: Tu ne vivras plus, car tu dis des mensonges au nom de l'Éternel! Et son père et sa mère qui l'auront engendré, le transperceront quand il prophétisera.
၃ထိုနောက်ထာဝရဘုရားသခင်၏ဗျာဒိတ် တော်ကို ဆင့်ဆိုသူရှိနေသေးပါမူသူ၏ မိဘများသည် သူ့အား`သင်သည်ထာဝရ ဘုရား၏ဗျာဒိတ်တော်ကိုပြန်ကြားပါ သည်ဟုဆိုသော်လည်း မုသားစကားများ ကိုသာလျှင်အသုံးပြုသဖြင့်သေဒဏ် ခံရပေမည်' ဟုဆိုကာထိုသူဟောပြော နေချိန်၌ပင် သူ၏မိဘများသည်သူ့ အားဋ္ဌားနှင့်ထိုး၍သတ်ကြလိမ့်မည်။-
4 En ce jour-là, les prophètes seront confus, chacun de sa vision, quand ils prophétiseront; et ils ne se revêtiront plus du manteau de poil pour mentir.
၄ထိုအချိန်ကျရောက်လာသောအခါအဘယ် ပရောဖက်မျှ မိမိတွေ့မြင်ရသည့်ဗျာဒိတ် ရူပါရုံအတွက်ဂုဏ်ယူဝါကြွားလိမ့်မည် မဟုတ်။ အဘယ်သူမျှပရောဖက်၏အပြု အမူမျိုးကိုပြုလိမ့်မည်မဟုတ်။ လှည့်ဖျား ရန်အလိုငှာပရောဖက်၏အဝတ်မျိုးကို လည်းဝတ်လိမ့်မည်မဟုတ်။-
5 Et chacun d'eux dira: Je ne suis pas prophète; je suis un laboureur, car on m'a acheté dès ma jeunesse.
၅ယင်းသို့ပြုမည့်အစား`အကျွန်ုပ်သည်ပရော ဖက်မဟုတ်ပါ။ လယ်သမားဖြစ်၍တစ်သက် လုံးလယ်ယာကိုထွန်ယက်ခဲ့ပါ၏' ဟုဆို လိမ့်မည်။-
6 Et quand on lui dira: Qu'est-ce que ces blessures à tes mains? il répondra: C'est dans la maison de mes amis qu'on me les a faites.
၆ထိုနောက်အကယ်၍လူတစ်စုံတစ်ယောက်`သင် ၏ရင်၌ရှိသောဒဏ်ရာကားအဘယ်နည်း' ဟု မေးခဲ့သော်ထိုသူက`အကျွန်ုပ်သည်ဤဒဏ် ရာများကိုမိတ်ဆွေတစ်ဦး၏အိမ်တွင်ရရှိ ခဲ့ပါသည်' ဟုပြန်ပြောလိမ့်မည်'' ဟူ၍မိန့် တော်မူ၏။
7 Épée, réveille-toi contre mon pasteur, contre l'homme qui est mon compagnon, dit l'Éternel des armées! Frappe le pasteur, et les brebis seront dispersées; et je tournerai ma main contre les petits.
၇အနန္တတန်ခိုးရှင်ထာဝရဘုရားက``အို ဋ္ဌား၊ နိုးထ၍ငါ၏အမှုတော်ထမ်းသိုးထိန်းကို တိုက်ခိုက်လော့။ သူ့အားသတ်ဖြတ်လော့။ ထို အခါသိုးတို့သည်ကစင့်ကရဲဖြစ်၍သွား လိမ့်မည်။ ငါသည်မိမိ၏လူမျိုးတော်ကို တိုက်ခိုက်မည်ဖြစ်၍၊-
8 Et il arrivera dans tout le pays, dit l'Éternel, que deux parties seront retranchées et périront, mais la troisième y demeurera de reste.
၈ဤပြည်သူပြည်သားသုံးပုံနှစ်ပုံသေဆုံး လိမ့်မည်။''
9 Et je ferai passer cette troisième partie au feu; je les affinerai comme on affine l'argent, et je les éprouverai comme on éprouve l'or. Ceux-là invoqueront mon nom, et je les exaucerai. Je dirai: C'est mon peuple! et ils diront: L'Éternel est mon Dieu!
၉``ထိုနောက်ငါသည်ငွေကိုမီးနှင့်ချွတ်သကဲ့ သို့ အသက်မသေဘဲကျန်ရှိနေသူသုံးပုံ တစ်ပုံကိုသန့်စင်စေမည်။ သူတို့၏အကဲကို စမ်း၍ကြည့်မည်။ ငါသည်ရွှေကိုစမ်းသပ်၍ ကြည့်သကဲ့သို့သူတို့ကိုစမ်းသပ်ကြည့်မည်။ ထိုအခါသူတို့သည်ငါ့ထံသို့ဆုတောင်း ပတ္ထနာပြုကြလိမ့်မည်။ ငါသည်လည်းနား ညောင်းမည်။ သူတို့သည်ငါ၏လူမျိုးတော် ဖြစ်ကြောင်းသူတို့အားငါဖော်ပြမည်။ သူ တို့ကလည်းငါသည်မိမိတို့၏ဘုရားသခင်ဖြစ်တော်မူကြောင်းဝန်ခံကြလိမ့် မည်'' ဟုမိန့်တော်မူ၏။