< Apocalypse 18 >
1 Après cela, je vis descendre du ciel un autre ange, qui avait un grand pouvoir. La terre fut éclairée de sa gloire.
၁ထိုနောက်ကောင်းကင်မှဆင်းသက်လာသော အခြား ကောင်းကင်တမန်တစ်ပါးကိုငါမြင်ရ၏။ သူ့ မှာကြီးမားသည့်အာဏာစက်ရှိ၏။ သူ၏အရောင် အဝါသည်ကမ္ဘာမြေပြင်တစ်ဝန်းလုံးကိုထွန်း လင်းတောက်ပစေ၏။-
2 Et il cria avec force et à grande voix, et dit: Elle est tombée, elle est tombée, Babylone la grande, et elle est devenue la demeure des démons, et le repaire de tout esprit immonde, et le repaire de tout oiseau immonde et horrible.
၂သူသည်အသံကျယ်စွာဖြင့်``ဗာဗုလုန်မြို့ကြီး သည်ပျက်သုဉ်းလေပြီ။ ဗာဗုလုန်မြို့ကြီးပျက် သုဉ်းလေပြီ။ ယခုထိုမြို့သည်နတ်မိစ္ဆာများ နှင့်ညစ်ညမ်းသောနတ်တို့နေထိုင်ရာ၊ စက်ဆုပ် ဖွယ်ကောင်းသည့်ငှက်ဆိုးတို့မှီခိုရာအရပ် ဖြစ်လေပြီ။-
3 Car toutes les nations ont bu du vin de la fureur de sa fornication, et les rois de la terre se sont prostitués avec elle; et les marchands de la terre se sont enrichis de l'abondance de son luxe.
၃အဘယ်ကြောင့်ဆိုသော်လူမျိုးအပေါင်းတို့သည် ထိုမြို့၏ကာမဂုဏ်လိုက်စားမှုတည်းဟူသော မူးယစ်စေသည့်စပျစ်ရည်ကိုသောက်ခဲ့ကြ သောကြောင့်ဖြစ်၏။ ကမ္ဘာပေါ်ရှိရှင်ဘုရင်အ ပေါင်းတို့သည်ဗာဗုလုန်မြို့နှင့်အတူ ကာမ ဂုဏ်ကိုလိုက်စားခဲ့ကြလေပြီ။ ကမ္ဘာပေါ်ရှိ ကုန်သည်တို့သည်လည်းထိုမြို့၏တရားလွန် ကာမဂုဏ်စည်းစိမ်ခံစားမှုကိုအကြောင်း ပြု၍ချမ်းသာကြွယ်ဝကြလေပြီ'' ဟု ကြွေးကြော်လေ၏။
4 Puis j'entendis une autre voix du ciel, qui disait: Sortez du milieu d'elle, mon peuple; de peur que, participant à ses péchés, vous n'ayez aussi part à ses plaies;
၄ထိုနောက်ကောင်းကင်ဘုံကအခြားသောအသံ ကိုငါကြားရ၏။ ထိုအသံက၊ ``ထွက်ခဲ့ကြလော့။ ငါ၏လူစုတော်တို့၊ သူ့ထံမှထွက်ခဲ့ကြလော့။ သူနှင့်အတူအပြစ်မကူးကြနှင့်။ သူနှင့်အတူအပြစ်ဒဏ်ကိုမခံကြနှင့်။
5 Car ses péchés sont montés jusqu'au ciel et Dieu s'est souvenu de ses iniquités.
၅အဘယ်ကြောင့်ဆိုသော်သူ၏အပြစ်သည် မိုးကောင်းကင်တိုင်အောင်မြင့်မား၍ သူ၏ဆိုးယုတ်သောအပြုအမူများကို ဘုရားသခင်သတိရတော်မူလေပြီ ဖြစ်သောကြောင့်တည်း။
6 Traitez-la comme elle vous a traités, rendez-lui au double ce qu'elle vous a fait. Dans la même coupe où elle vous a versé, versez-lui au double.
၆သင်တို့အားသူပြုကျင့်သည့်အတိုင်း သူ့အားလက်စားချေကြလော့။ သူပြုကျင့်သည်ထက်နှစ်ဆလက်စားချေ ကြလော့။ သင်တို့အတွက်ဖလားတွင်သူရောစပ်ပေးသည့် သောက်သုံးစရာထက်နှစ်ဆပြင်းအောင်သူ့ အတွက် ရောစပ်ပေးကြလော့။
7 Autant elle s'est enorgueillie et s'est plongée dans les délices, autant faites-lui souffrir de tourment et d'affliction, parce qu'elle dit en son cœur: Je suis assise en reine, je ne suis point veuve, et je ne verrai point le deuil.
၇သူသည်မိမိကိုယ်ကိုချီးမြှောက်၍ကာမဂုဏ် စည်းစိမ်ခံစားသည်နှင့်အမျှ သူ့အားဝမ်းနည်းကြေကွဲဆင်းရဲ ဒုက္ခရောက်စေကြလော့။ အဘယ်ကြောင့်ဆိုသော်သူက``ငါသည် မိဖုရားဖြစ်၏။ မုဆိုးမမဟုတ်။ ငါသည်အဘယ်အခါ၌မျှဝမ်းနည်းကြေကွဲ ရလိမ့်မည်မဟုတ်'' ဟု မိမိကိုယ်ကိုပြောဆိုနေတတ်သောကြောင့်ဖြစ်၏။
8 C'est pourquoi ses plaies, la mort, le deuil et la famine viendront en un même jour, et elle sera consumée par le feu; car le Seigneur Dieu qui la juge, est puissant.
၈ဤအကြောင်းကြောင့်ရောဂါဘေး၊ ဝမ်းနည်းကြေကွဲခြင်းဘေး၊ အစာငတ်မွတ်ခေါင်းပါးခြင်းဘေးများသည် သူ၏အပေါ်သို့တစ်ရက်အတွင်း ကျရောက်လာလိမ့်မည်။ သူသည်မီးရှို့ခြင်းကိုခံရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူ့အား တရားစီရင်တော်မူသောထာဝရအရှင် ဘုရားသခင်သည် တန်ခိုးကြီးတော်မူသောကြောင့်ဖြစ်သတည်း'' ဟုဆို၏။
9 Et les rois de la terre, qui ont commis fornication, et qui ont vécu dans les délices avec elle, la pleureront et se frapperont la poitrine à cause d'elle lorsqu'ils verront la fumée de son embrasement.
၉သူနှင့်ကာမဂုဏ်စည်းစိမ်ခံစားခဲ့ကြသောကမ္ဘာ တစ်ဝန်းလုံးရှိဘုရင်တို့သည် သူ့ကိုကျွမ်းလောင် လျက်ရှိသည့်မီးမှမီးခိုးများကိုမြင်သော အခါငိုကြွေးမြည်တမ်းကြလိမ့်မည်။-
10 Ils se tiendront loin, dans la crainte de sa torture, et ils diront: Malheur! malheur! La cité, la grande Babylone, la ville puissante, car sa condamnation est venue en une heure!
၁၀သူတို့သည်သူခံရသကဲ့သို့ခံရမည်ကို ကြောက်ရွံ့တုန်လှုပ်ကာအဝေးမှရပ်လျက်``တန်ခိုး ကြီးသည့်မြို့၊ ကြီးမြတ်သည့်ဗာဗုလုန်မြို့၊ ဖြစ် ရလေခြင်း၊ ဖြစ်ရလေခြင်း။ သင်သည်တစ်နာရီ အတွင်း၌အပြစ်ဒဏ်စီရင်ခြင်းကိုခံရလေ ပြီတကား'' ဟုဆိုကြ၏။
11 Et les marchands de la terre pleureront et se lamenteront à son sujet, parce que personne n'achètera plus leurs marchandises:
၁၁ကမ္ဘာပေါ်ရှိကုန်သည်ကြီးတို့သည်လည်းမိမိ တို့ကုန်ပစ္စည်းများကိုဝယ်ယူမည့်သူတစ်ယောက် မျှမရှိတော့သဖြင့်ငိုကြွေးမြည်တမ်း၍ဝမ်း နည်းပူဆွေးကြ၏။-
12 Marchandises d'or et d'argent, de pierres précieuses, de perles, de fin lin, de pourpre, de soie, d'écarlate, toute sorte de bois odoriférant, toute sorte de meubles d'ivoire et de bois très précieux, de bronze, de fer et de marbre,
၁၂သူတို့၏ကုန်ပစ္စည်းများကားရွှေ၊ ငွေ၊ ကျောက်မျက် ရတနာ၊ ပုလဲ၊ ပိတ်ချောထည်၊ မရမ်းစေ့ရောင်ပိုး ထည်၊ ဖဲနီထည်၊ နံ့သာသားအမျိုးမျိုး၊ ဆင်စွယ်၊ အဖိုးတန်သစ်သား၊ ကြေး၊ သံ၊ ကျောက်ဖြူတို့ ဖြင့်ပြုလုပ်ထားသည့်ပစ္စည်းအမျိုးမျိုး၊-
13 Du cinnamome, des parfums, des essences, de l'encens, du vin, de l'huile, de la fleur de farine, du blé, des bêtes de charge, des brebis, des chevaux, des chariots, des corps, et des âmes d'hommes.
၁၃သစ်ကြံပိုး၊ ဟင်းခပ်အမွှေးအကြိုင်၊ နံ့သာပေါင်း၊ မုရန်၊ ဆီမွှေး။ လော်ဗန်၊ စပျစ်ရည်၊ ဆီ၊ ဂျုံမှုန့်၊ ဂျုံဆန်၊ ကျွဲ၊ နွား၊ သိုး၊ မြင်း၊ ရထား၊ ကျွန်၊ လူ့အသက်များ ပင်ဖြစ်လေသည်။-
14 Les fruits que désire ton âme se sont éloignés de toi, et toutes les choses délicates et magnifiques sont perdues pour toi; désormais tu ne les retrouveras plus.
၁၄ကုန်သည်ကြီးများကထိုမြို့အား``သင်လိုချင် တောင့်တသည့်အရာများသည်မရှိတော့ပြီ။ စည်း စိမ်ချမ်းသာဂုဏ်ကျက်သရေတို့သည်လည်းကွယ် ပျောက်သွားလေပြီ။ ထိုအရာများကိုသင်သည် နောက်တစ်ဖန်ရရှိတော့မည်မဟုတ်'' ဟုဆို ကြ၏။-
15 Ceux qui vendaient ces choses, qui s'étaient enrichis avec elle, se tiendront loin d'elle, dans la crainte de sa torture, pleurant et se lamentant, et disant:
၁၅ဗာဗုလုန်မြို့ကိုအမှီပြု၍ထိုကုန်ပစ္စည်းများ ကိုရောင်းဝယ်ခြင်းအားဖြင့်ချမ်းသာကြွယ်ဝ လာသောကုန်သည်ကြီးများသည်ထိုမြို့ခံရ သည့်ဒဏ်ကြောင့်ကြောက်ရွံ့တုန်လှုပ်ကာအဝေး မှရပ်လျက်၊-
16 Malheur! malheur! la grande cité, vêtue de fin lin, de pourpre et d'écarlate, parée d'or, de pierreries et de perles! Qu'en une seule heure tant de richesses aient été détruites!
၁၆``ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း။ ပိတ်ချော၊ မရမ်း စေ့ရောင်ပိုးထည်၊ အနီရောင်အဝတ်အထည်၊ ရွှေ တန်ဆာ၊ ကျောက်မျက်ရတနာတန်ဆာ၊ ပုလဲ တန်ဆာများကိုဝတ်ဆင်ထားသောမြို့ကြီးသည်၊-
17 Et tous les pilotes, tous ceux qui montent sur les vaisseaux, les matelots, et tous ceux qui trafiquent sur la mer, se tenaient loin,
၁၇မိမိ၌ရှိသမျှကိုတစ်နာရီအတွင်း၌ ဆုံးရှုံးရပါသည်တကား'' ဟုငိုကြွေး မြည်တမ်းကြလိမ့်မည်။ ခပ်သိမ်းသောရေယာဉ်မှူးများနှင့်ခရီးသည် အပေါင်းတို့သည်လည်းကောင်း၊ သင်္ဘောသားများ နှင့်ရေကြောင်းကုန်သွယ်မှုကိုပြုကြသူအပေါင်း တို့သည်လည်းကောင်းအဝေးကရပ်လျက်နေ ကြ၏။-
18 Et voyant la fumée de son embrasement, s'écriaient, en disant: Quelle ville était semblable à la grande cité?
၁၈ထိုမြို့ကိုကျွမ်းလောင်စေသည့်မီးလျှံများမှ မီးခိုးများကိုမြင်သောအခါသူတို့က``အဘယ် အခါ၌မျှဤမြို့ကဲ့သို့ကြီးကျယ်ခမ်းနား သည့်မြို့မရှိခဲ့ဘူးပါ'' ဟုဟစ်အော်ကြ၏။-
19 Ils jetaient de la poussière sur leurs têtes, et pleurant et se lamentant, ils criaient et disaient: Malheur! malheur! la grande cité, où tous ceux qui avaient des vaisseaux sur mer s'étaient enrichis par son opulence, en une seule heure a été réduite en désert!
၁၉သူတို့သည်မြေမှုန့်များကိုမိမိတို့အပေါ်သို့ကြဲ ဖြန့်လျက်``ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း။ ပင်လယ် ကူးသင်္ဘောပိုင်ရှင်အပေါင်းအားကြွယ်ဝချမ်းသာ စေသောမြို့ကြီးသည်တစ်နာရီအတွင်းရှိသမျှ ဆုံးရှုံးရပါသည်တကား'' ဟုငိုကြွေးမြည်တမ်း ကြ၏။
20 O ciel, réjouis-toi à cause d'elle, ainsi que vous, saints apôtres et prophètes; car Dieu a exercé ses jugements sur elle à cause de vous.
၂၀ကောင်းကင်ဘုံသားတို့၊ ထိုမြို့ပျက်စီးသည့် အတွက်ဝမ်းမြောက်ရွှင်မြှုးကြလော့။ ဘုရား သခင်၏လူစုတော်ဝင်များ၊ တမန်တော်များ၊ ပရောဖက်များတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။ သင်တို့အားပြုသမျှအတွက်ဘုရားသခင် သည်ထိုမြို့ကိုအပြစ်ဒဏ်စီရင်တော်မူပြီ။
21 Alors un ange puissant prit une pierre comme une grande meule, et la jeta dans la mer, en disant: Ainsi sera précipitée avec violence Babylone, la grande ville, et on ne la retrouvera plus.
၂၁ထိုနောက်ခွန်အားကြီးသောကောင်းကင်တမန် တစ်ပါးသည်ကြိတ်ဆုံကျောက်ကြီးခန့်ရှိသော ကျောက်တုံးတစ်ခုကိုယူ၍ပင်လယ်ထဲသို့ပစ် ချလိုက်ပြီးလျှင်``ဗာဗုလုန်မြို့ကြီးသည်ဤသို့ ပစ်ချခြင်းကိုခံရလိမ့်မည်။ နောက်တစ်ဖန်ထို မြို့ကိုပြန်၍တွေ့မြင်ကြရလိမ့်မည်မဟုတ်။-
22 Et le son des joueurs de harpe, des musiciens, des joueurs de flûte et des joueurs de trompettes ne sera plus entendu au milieu de toi; aucun artisan, de quelque métier que ce soit, ne s'y trouvera plus; et le bruit de la meule n'y sera plus entendu.
၂၂သင်၏ထံတွင်စောင်းသံ၊ သီချင်းသံ၊ ပလွေသံ၊ တံပိုး ခရာသံတို့ကိုနောက်တစ်ဖန်ကြားရတော့မည် မဟုတ်။ အဘယ်အလုပ်သမားမျှသင့်ထံတွင် တွေ့ရတော့မည်မဟုတ်။ ကြိတ်ဆုံသံကိုလည်း ကြားရတော့မည်မဟုတ်။-
23 La lumière de la lampe n'y luira plus, et l'on n'y entendra plus la voix de l'époux et de l'épouse; parce que tes marchands étaient les grands de la terre; parce que toutes les nations ont été séduites par tes enchantements;
၂၃သင်သည်အဘယ်အခါ၌မျှဆီမီး၏အလင်း ရောင်ကိုမြင်ရလိမ့်မည်မဟုတ်။ မင်္ဂလာဆောင်သတို့ သားနှင့်သတို့သမီး၏အသံကိုလည်းအဘယ် အခါ၌မျှကြားရလိမ့်မည်မဟုတ်။ သင်၏ကုန် သည်ကြီးများကားကမ္ဘာတစ်ဝန်းလုံးတွင်သြဇာ အာဏာကြီးမားသူများဖြစ်ကြ၏။ သင်သည် လူမျိုးတကာတို့ကိုစုန်းအတတ်ဖြင့်ပြုစား ကာမှောက်မှားလမ်းလွဲစေလေပြီ'' ဟုဆိုလေ၏။
24 Et que c'est en elle qu'a été trouvé le sang des prophètes et des saints, et de tous ceux qui ont été mis à mort sur la terre.
၂၄ဗာဗုလုန်မြို့အပြစ်ဒဏ်ခံရသည်မှာထိုမြို့တွင် ပရောဖက်များ၏အသွေး၊ ဘုရားသခင်၏လူစု တော်ဝင်များ၏သွေး၊ ကမ္ဘာပေါ်တွင်အသတ်ခံရ သူအပေါင်းတို့၏သွေးများကိုတွေ့ရှိရသော ကြောင့်ဖြစ်၏။