< Psaumes 88 >

1 Éternel, Dieu de ma délivrance, je crie jour et nuit devant toi.
အကျွန်ုပ်ကို ကယ်တင်တော်မူသော ဘုရား သခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ နေ့ညဉ့် မပြတ် အော်ဟစ်ပါ၏။
2 Que ma prière parvienne en ta présence; incline ton oreille à mon cri.
အကျွန်ုပ်ပြုသောပဌနာသည် အထံတော်သို့ ဝင်ပါစေသော။ အော်ဟစ်သံကို နားထောင်တော်မူပါ။
3 Car mon âme est rassasiée de maux, et ma vie touche au séjour des morts. (Sheol h7585)
အကျွန်ုပ်၏ ဝိညာဉ်သည် ဒုက္ခနှင့်ပြည့်၍၊ အသက်သည်လည်း မရဏနိုင်ငံအနီးသို့ ရောက်ပါပြီ။ (Sheol h7585)
4 Je suis compté parmi ceux qui descendent dans la fosse; je suis comme un homme sans vigueur,
အကျွန်ုပ်သည် သင်္ချိုင်းတွင်းထဲသို့ ဆင်းသော သူတို့နှင့်အတူ ရေတွက်ဝင်ခြင်းသို့ ရောက်ပါ၏။ အား ကုန်သော သူကဲ့သို့ ဖြစ်ပါ၏။
5 Gisant parmi les morts, tel que les blessés à mort, qui sont couchés dans le tombeau, dont tu ne te souviens plus, et qui sont séparés de ta main.
အသေကောင်တို့တွင် ပစ်ထားသောသူ၊ ကွပ် မျက်၍ သင်္ချိုင်းတွင်း၌ အိပ်နေသောသူတည်းဟူသော အောက်မေ့တော်မမူ၊ လက်တော်၏ မစခြင်းနှင့်ကွာဝေး သော သူကဲ့သို့ ဖြစ်ပါ၏။
6 Tu m'as mis dans la fosse la plus basse, dans les lieux ténébreux, dans les abîmes.
အကျွန်ုပ်ကို အနက်ဆုံးသောတွင်း၊ မှောင်မိုက် ဖုံးလွှမ်း၍ အလွန်နက်နဲသော အရပ်၌ ချထားတော်မူပြီ။
7 Ta colère pèse sur moi, et tu m'accables de tous tes flots. (Sélah)
အမျက်တော်သည် အကျွန်ုပ်အပေါ်၌ ဖိလျက် ရှိပါ၏။ လှိုင်းတံပိုးတော်အပေါင်းတို့နှင့် နှိပ်စက်တော် မူ၏။
8 Tu as éloigné de moi ceux que je connais; tu m'as rendu pour eux un objet d'horreur; je suis enfermé et je ne puis sortir.
အကျွန်ုပ်၏ အသိအကျွမ်းများကို အဝေးသို့ ရွေ့တော်မူပြီ။ သူတို့အား အကျွန်ုပ်ကို ရွံ့ရှာဖွယ် ဖြစ်စေတော်မူပြီ။ အကျွန်ုပ်သည် အချုပ်ခံရ၍၊ ပြင်သို့ မထွက်ရပါ။
9 Mon œil se consume par l'affliction; je t'invoque, ô Éternel, tous les jours; j'étends mes mains vers toi.
အကျွန်ုပ်ခံရေသော ဒုက္ခကြောင့် အကျွန်ုပ် မျက်စိသည် ပျက်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ကို အစဉ်အော်ဟစ်ပါ၏။ အထံတော်သို့ လက်ကိုဆန့်ပါ၏။
10 Feras-tu quelque merveille pour les morts? Ou les trépassés se lèveront-ils pour te louer? (Sélah)
၁၀သေလျက်နေသောသူတို့အား အံ့ဘွယ်သော အမှုတို့ကို ပြတော်မူမည်လော။ သင်္ချိုင်းသားတို့သည်ထ၍ ကိုယ်တော်ကို ချီးမွမ်းကြပါမည်လော။
11 Annoncera-t-on ta bonté dans le tombeau, et ta fidélité dans l'abîme?
၁၁ကရုဏာတော်ကို သင်္ချိုင်းတွင်း၌၎င်း၊ သစ္စာ တော်ကို ပျက်စီးရာအရပ်၌၎င်း ကြားပြောရကြပါ မည်လော။
12 Connaîtra-t-on tes merveilles dans les ténèbres, et ta justice dans la terre d'oubli?
၁၂အံ့ဘွယ်သော အမှုတော်တို့ကို မှောင်မိုက်သော အရပ်၌၎င်း၊ ဖြောင့်မတ်တော်မူခြင်းတရားကို မေ့လျော့ ရာပြည်၌၎င်း သိရကြပါမည်လော။
13 Et moi, Éternel, je crie à toi; ma prière te prévient dès le matin.
၁၃အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် အော်ဟစ်ပါ၏။ နံနက်အချိန်၌ အကျွန်ုပ်၏ ပဌနာသည် ရှေ့တော်သို့ရောက်ပါ၏။
14 Éternel, pourquoi rejettes-tu mon âme, et me caches-tu ta face?
၁၄အိုထာဝရဘုရား၊ အကျွန်ုပ်၏ ဝိညာဉ်ကို အဘယ်ကြောင့် ပယ်တော်မူသနည်း။ မျက်နှာတော်ကို အကျွန်ုပ်မှ အဘယ်ကြောင့်လွှဲတော်မူသနည်း။
15 Je suis affligé et comme expirant dès ma jeunesse; je suis chargé de tes terreurs, je suis éperdu.
၁၅အကျွန်ုပ်သည် ဒုက္ခဝေဒနာကိုခံရ၍ သေဆဲ ရှိပါ၏။ စီရင်တော်မူသောဘေးများကို ငယ်သောအရွယ် ကပင် ခံရ၍ ပင်ပန်းပါ၏။
16 Tes fureurs ont passé sur moi; tes épouvantes me tuent.
၁၆အမျက်တော်သည် အကျွန်ုပ်ကို လွှမ်းမိုးပါ၏။ စီရင်တော်မူသော ဘေးတို့သည် အကျွန်ုပ်၏ အသက်ကို ညှဉ်းဆဲသည်တိုင်အောင်၊
17 Elles m'environnent comme des eaux chaque jour; elles m'enveloppent toutes à la fois.
၁၇ရေကဲ့သို့ အစဉ်မပြတ်ဝိုင်း၍ တညီတညွတ် တည်း ဝန်းရံကြပါ၏။
18 Tu as éloigné de moi amis et compagnons; ceux que je connais, ce sont les ténèbres.
၁၈ချစ်သောသူနှင့်အဆွေခင်ပွန်းကို အကျွန်ုပ်နှင့် ဝေးဝေးရွှေ့တော်မူပြီ။ အသိအကျွမ်းတို့သည် မှောင်မိုက် ထဲမှာရှိကြပါ၏။

< Psaumes 88 >