< Psaumes 8 >
1 Éternel, notre Seigneur, que ton nom est magnifique sur toute la terre! Tu as établi ta majesté au-dessus des cieux.
၁အို ကျွန်တော်မျိုးတို့၏ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်ကြီးမြတ်တော်မူပုံကို ကမ္ဘာတစ်ပြင်လုံးတွင်တွေ့မြင်ရကြပါ၏။ ကိုယ်တော်အားထောမနာပြုသည့်သီချင်း သံသည် ကောင်းကင်ဘဝဂ်တိုင်အောင်ရောက်ရှိပါ၏။
2 De la bouche des petits enfants et des nourrissons, tu tires ta louange, à cause de tes adversaires, pour réduire au silence l'ennemi et le rebelle.
၂ယင်းသီချင်းကိုကလေးများနှင့်နို့စို့သူငယ် များက သီဆိုကြပါ၏။ ကိုယ်တော်သည်ရန်သူများ၏ဘေးမှ ကင်းလွတ်လုံခြုံပါ၏။ ကိုယ်တော်အားရန်မူသူများကိုဆီးတားတော် မူပါ၏။
3 Quand je regarde tes cieux, l'ouvrage de tes doigts, la lune et les étoiles que tu as formées,
၃ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသော မိုးကောင်းကင်ကိုလည်းကောင်း၊ စီမံထားရှိတော်မူသော လနှင့်ကြယ်တာရာများကိုလည်းကောင်း ကျွန်တော်မျိုးတွေ့မြင်ရပါ၏။
4 Je dis: Qu'est-ce que l'homme, que tu te souviennes de lui? le fils de l'homme, que tu prennes garde à lui?
၄သို့ဖြစ်၍လူသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်ရှင်သည်သူ့အား အောက်မေ့တော်မူရပါသနည်း။ လူသားသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည်သူ့ကိုကြည့်ရှုစောင့်ရှောက် တော်မူရပါသနည်း။
5 Et tu l'as fait un peu inférieur aux anges; tu l'as couronné de gloire et d'honneur.
၅သူ့အားကောင်းကင်တမန်တို့ထက်သာ နိမ့်ကျစေတော်မူလျက် သူ့အားဘုန်းအသရေကိုလည်းကောင်း၊ ဂုဏ်အသရေကိုလည်းကောင်းချီးမြှင့်တော် မူ၏။
6 Tu lui as donné l'empire sur les ouvrages de tes mains; tu as mis toutes choses sous ses pieds;
၆သူ့အားကိုယ်တော်ဖန်ဆင်းတော်မူသောအရာ ရှိသမျှတို့ကိုအုပ်စိုးခွင့်ပေးတော်မူ၏။
7 Les brebis et les bœufs, tous ensemble, et même les bêtes des champs;
၇ကိုယ်တော်ဖန်ဆင်းတော်မူသောသိုး၊နွား၊ တောတိရစ္ဆာန်၊ငှက်၊ငါးနှင့် ပင်လယ်ရေသတ္တဝါတို့ကိုအုပ်စိုးခွင့်ပေးတော် မူ၏။
8 Les oiseaux des cieux et les poissons de la mer, tout ce qui parcourt les sentiers des mers.
၈
9 Éternel, notre Seigneur, que ton nom est magnifique sur toute la terre!
၉အို ကျွန်တော်မျိုးတို့၏ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်ကြီးမြတ်တော်မူပုံကိုကမ္ဘာမြေ တစ်ပြင်လုံးတွင်တွေ့မြင်ရကြပါ၏။