< Néhémie 11 >
1 Les principaux du peuple s'établirent à Jérusalem; mais le reste du peuple tira au sort, afin qu'un sur dix vînt s'établir à Jérusalem, la sainte cité, et que les neuf autres dixièmes demeurassent dans les autres villes.
၁ခေါင်းဆောင်များသည်ယေရုရှလင်မြို့တွင် နေထိုင်ကြ၏။ အခြားသူတို့မူကားဆယ် အိမ်ထောင်လျှင် တစ်အိမ်ထောင်ကျသန့်ရှင်း သောယေရုရှလင်မြို့တော်တွင်လည်းကောင်း၊ ကျန်သောသူတို့ကိုအခြားမြို့ရွာများ တွင်လည်းကောင်းနေထိုင်စေရန်မဲချ၍ ဆုံးဖြတ်ကြ၏။-
2 Et le peuple bénit tous ceux qui se présentèrent volontairement pour s'établir à Jérusalem.
၂ယေရုရှလင်မြို့တွင်မိမိတို့အလိုအလျောက် နေထိုင်သူတို့အားပြည်သူတို့ကချီးကူး ကြ၏။-
3 Voici les principaux de la province qui s'établirent à Jérusalem, les autres s'étant établis dans les villes de Juda, chacun dans sa possession, dans sa ville, Israélites, sacrificateurs, Lévites, Néthiniens et enfants des serviteurs de Salomon.
၃အခြားမြို့ရွာများတွင်ဣသရေလအမျိုး သားများ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ် ဝင်များ၊ ဗိမာန်တော်အလုပ်သမားများ၊ ရှော လမုန်၏အစေခံများမှဆင်းသက်လာ သူများသည်ကိုယ်ပိုင်အိမ်များတွင်နေထိုင် ကြလေသည်။ ယေရုရှလင်မြို့တွင်နေထိုင်သောယုဒပြည် နယ်အကြီးအကဲများကိုဖော်ပြအံ့။
4 A Jérusalem habitèrent donc des enfants de Juda et des enfants de Benjamin. Des enfants de Juda: Athaja, fils d'Uzia, fils de Zacharie, fils d'Amaria, fils de Shéphatia, fils de Mahalaléel, des enfants de Pharets,
၄ယုဒအနွယ်ဝင်များမှာအောက်ပါအတိုင်း ဖြစ်သည်။ ဇာခရိ၏မြေး၊ သြဇိ၏သားအသာယ။ သူ၏ အခြားဘိုးဘေးများတွင်ယုဒ၏သားဖာရက် မှဆင်းသက်သူအာမရိ၊ ရှေဖတိနှင့်မဟာ လေလတို့ပါဝင်သည်။
5 Et Maaséja, fils de Baruc, fils de Col-Hozé, fils de Hazaja, fils d'Adaja, fils de Jojarib, fils de Zacharie, fils de Shiloni.
၅ကောလဟောဇ၏မြေး၊ ဗာရုတ်၏သားမာသေယ။ သူ၏အခြားဘိုးဘေးများတွင်ရှေလ၏သား ယုဒမှဆင်းသက်သူဟဇာယ၊ အဒါယ၊ ယောယရိပ်နှင့်ဇာခရိတို့ပါဝင်သည်။
6 Total des enfants de Pharets, qui s'établirent à Jérusalem, quatre cent soixante-huit vaillants hommes.
၆ဖရက်၏သားမြေးများအနက်သူရဲကောင်း လေးရာခြောက်ဆယ်ရှစ်ယောက်တို့သည် ယေရုရှလင်မြို့တွင်နေထိုင်ကြ၏။
7 Et voici les enfants de Benjamin: Sallu, fils de Méshullam, fils de Joëd, fils de Pédaja, fils de Kolaja, fils de Maaséja, fils d'Ithiel, fils d'Ésaïe;
၇ဗင်္ယာမိန်အနွယ်ဝင်များမှာအောက်ပါ အတိုင်းဖြစ်၏။ ယောဒ၏မြေး၊ မေရှုလံ၏သားသလ္လု။ သူ ၏အခြားဘိုးဘေးများတွင်ပေဒါယ၊ ကောလာယ၊ မာသေယ၊ ဣသေလ၊ ယေရှာယ တို့ပါဝင်သည်။
8 Et après lui Gabbaï, Sallaï, neuf cent vingt-huit.
၈သလ္လု၏ဆွေမျိုးရင်းခြာများဖြစ်ကြသော ဂဗ္ဗဲနှင့်သလ္လဲ။ စုစုပေါင်း ဗင်္ယာမိန်အနွယ်ဝင်ကိုးရာနှစ်ဆယ့် ရှစ်ယောက်တို့သည်ယေရုရှလင်မြို့တွင်နေ ထိုင်ကြ၏။-
9 Et Joël, fils de Zicri, était commis sur eux; et Juda, fils de Sénua, était lieutenant de la ville.
၉ဇိခရိ၏သားယောလသည်သူတို့၏ခေါင်း ဆောင်ဖြစ်၍ သေနွာ၏သားယုဒသည်ဒုတိယ ခေါင်းဆောင်ဖြစ်၏။
10 Des sacrificateurs: Jédaja, fils de Jojarib, Jakin,
၁၀ယဇ်ပုရောဟိတ်များမှာအောက်ပါအတိုင်း ဖြစ်၏။ ယောယရိပ်၏သားယေဒါယ၊ ယာခိန်။
11 Séraja, fils de Hilkija, fils de Méshullam, fils de Tsadok, fils de Mérajoth, fils d'Achitub, conducteur de la maison de Dieu;
၁၁မေရှုလံ၏မြေး၊ ဟိလခိ၏သားစရာယ။ သူ၏ဘိုးဘေးများတွင်ဇာဒုတ်၊ မရာယုတ် နှင့်ယဇ်ပုရောဟိတ်မင်းအဟိတုပ်တို့ပါ ဝင်သည်။-
12 Puis leurs frères, qui faisaient le service de la maison, au nombre de huit cent vingt-deux. Et Adaja, fils de Jérocham, fils de Pélalia, fils d'Amtsi, fils de Zacharie, fils de Pashur, fils de Malkija;
၁၂ဤသားချင်းစုမှလူစုစုပေါင်းရှစ်ရာနှစ် ဆယ့်နှစ်ယောက်တို့သည်ဗိမာန်တော်တွင် အမှုထမ်းကြ၏။ ပေလလိ၏မြေး၊ ယေရောဟံ၏သားအဒါယ။ သူ၏ဘိုးဘေးများတွင်အာမဇိ၊ ဇာခရိ၊ ပါရှုရ၊ မာလခိတို့ပါဝင်သည်။-
13 Et ses frères, chefs des pères, au nombre de deux cent quarante-deux. Et Amashaï, fils d'Azaréel, fils d'Achzaï, fils de Méshillémoth, fils d'Immer.
၁၃ဤသားချင်းစုမှလူပေါင်းနှစ်ရာလေးဆယ် နှစ်ယောက်တို့သည်အိမ်ထောင်ဦးစီးများဖြစ် ကြ၏။ အဟဇိ၏မြေး၊အာဇရေလ၏သားအာမရှဲ။ သူ၏ဘိုးဘေးများတွင်မေရှိလမုတ်နှင့် ဣမေရတို့ပါဝင်သည်။-
14 Et leurs frères, forts et vaillants, au nombre de cent vingt-huit. Et Zabdiel, fils de Guédolim, était préposé sur eux.
၁၄ဤသားချင်းစုတွင်ထူးချွန်သောစစ်သူရဲ တစ်ရာနှစ်ဆယ့်ရှစ်ယောက်ရှိ၏။ သူတို့၏ခေါင်း ဆောင်မှာအရေးပါအရာရောက်သည့်အိမ် ထောင်စုဝင် ဇာဗဒေလဖြစ်၏။
15 D'entre les Lévites: Shémaja, fils de Hashub, fils d'Azrikam, fils de Hashabia, fils de Bunni;
၁၅လေဝိအနွယ်ဝင်များမှာအောက်ပါအတိုင်း ဖြစ်၏။ အာဇရိကံ၏မြေး၊ ဟာရှုပ်၏သားရှေမာယ။ သူ၏ဘိုးဘေးများတွင်ဟာရှဘိနှင့်ဗုန္နိတို့ ပါဝင်သည်။
16 Shabbéthaï et Jozabad, chargés du service extérieur pour la maison de Dieu, d'entre les chefs des Lévites;
၁၆ဗိမာန်တော်အပြင်မှုကြီးကြပ်သူလေဝိ အနွယ်ဝင်အကြီးအကဲများဖြစ်ကြသော ရှဗ္ဗေသဲနှင့်ယောဇဗဒ်။
17 Matthania, fils de Mica, fils de Zabdi, fils d'Asaph, chef, qui commençait le premier à chanter les louanges, à la prière, et Bakbukia le second d'entre ses frères; et Abda, fils de Shammua, fils de Galal, fils de Jéduthun.
၁၇ဇာဗဒိ၏မြေး၊ မိက္ခာ၏သားမဿနိ။ သူသည် အာသပ်မှဆင်းသက်လာသူဖြစ်၏။ သူသည် ကျေးဇူးတော်ချီးမွမ်းရာဆုတောင်းပတ္ထနာ သီချင်းကိုသီဆိုရာတွင်ဗိမာန်တော်သီ ချင်းအဖွဲ့ခေါင်းဆောင်အဖြစ်ဆောင်ရွက် သူဖြစ်၏။ မဿနိ၏လက်ထောက်ဗာကဗုကိ။ ဂလာလ၏မြေး၊ ရှမွာ၏သားသြဗဒိ။ သူ သည်ယေဒုသုန်မှဆင်းသက်လာသူဖြစ်၏။
18 Total des Lévites dans la sainte cité: deux cent quatre-vingt-quatre.
၁၈လေဝိအနွယ်ဝင်စုစုပေါင်းနှစ်ရာရှစ်ဆယ် လေးယောက်တို့သည်သန့်ရှင်းသောယေရု ရှလင်မြို့တော်တွင်နေထိုင်ကြလေသည်။
19 Et les portiers: Akkub, Talmon, et leurs frères, qui gardaient les portes: cent soixante-douze.
၁၉ဗိမာန်တော်အစောင့်တပ်သားများမှာအောက် ပါအတိုင်းဖြစ်သည်။ အက္ကုပ်၊တာလမုန်နှင့်သူ၏ဆွေမျိုးများဖြစ် ၍စုစုပေါင်းတစ်ရာခုနစ်ဆယ်နှစ်ယောက် ရှိသတည်း။
20 Le reste des Israélites, les sacrificateurs; les Lévites, s'établit dans toutes les villes de Juda, chacun dans son héritage.
၂၀ကျန်ဣသရေလအမျိုးသားများ၊ ပုရောဟိတ် များနှင့်လေဝိအနွယ်ဝင်များသည်အခြား ယုဒမြို့ရွာတို့တွင်ကိုယ်ပိုင်မြေရာတွင်နေ ထိုင်ကြ၏။
21 Les Néthiniens habitèrent à Ophel; Tsicha et Guishpa étaient préposés sur les Néthiniens.
၂၁ဗိမာန်တော်အလုပ်သမားများသည် ယေရု ရှလင်မြို့သြဖေလဟုအမည်တွင်သော အရပ်တွင်နေထိုင်၍ ဇိဟနှင့်ဂိသပတို့ ၏ကွပ်ကဲမှုအောက်တွင်အလုပ်လုပ်ကြ လေသည်။
22 Celui qui avait charge des Lévites à Jérusalem, était Uzzi, fils de Bani, fils de Hashabia, fils de Matthania, fils de Mica, d'entre les enfants d'Asaph, chantres, pour le service de la maison de Dieu.
၂၂ယေရုရှလင်မြို့တွင်နေထိုင်သူလေဝိအနွယ် ဝင်တို့ကို ကွပ်ကဲအုပ်ချုပ်သူမှာဟာရှဘိ၏ မြေး၊ ဗာနိ၏သားသြဇိဖြစ်၏။ သူ၏ဘိုးဘေး များတွင်မဿနိနှင့်မိက္ခာတို့ပါဝင်၏။ သူသည် ဗိမာန်တော်ဝတ်ပြုကိုးကွယ်မှုဆိုင်ရာဂီတ တာဝန်ခံဖြစ်သည့်အာသပ်သားချင်းစု ဝင်ဖြစ်ပေသည်။-
23 Car il y avait un commandement du roi à leur égard, et il y avait un salaire assuré, pour les chantres, chaque jour.
၂၃သားချင်းစုတို့သည်ဗိမာန်တော်တွင်သီဆို တီးမှုတ်မှုကို နေ့စဉ်အဘယ်သို့အလှည့် ကျဦးဆောင်ရကြမည်ကိုဖော်ပြသည့် ဘုရင့်ညွှန်ကြားချက်များရှိ၏။
24 Péthachia, fils de Meshézabéel, des enfants de Zarach, fils de Juda, était commissaire du roi, pour toutes les affaires du peuple.
၂၄ယုဒအနွယ်၊ ဇာရသားချင်းစုဝင်၊ မေရှဇ ဗေလ၏သားပေသဟိသည်ဣသရေလ အမျိုးတို့အမှုအရေးရှိသမျှနှင့်ဆိုင် ၍ ပေရသိဘုရင်မင်းအပါးတော်တွင် ခစားခဲ့၏။
25 Pour ce qui est des villages avec leur territoire, quelques-uns des enfants de Juda habitèrent à Kirjath-Arba, et dans les lieux de son ressort; à Dilon, et dans les lieux de son ressort; à Jékabtséel, et dans ses villages,
၂၅လူအမြောက်အမြားပင်မိမိတို့လယ်ယာ များအနီးရှိမြို့တို့တွင်နေထိုင်ကြလေ သည်။ ယုဒအနွယ်ဝင်တို့သည်ကိရယ သာဘမြို့၊ ဒိဘုန်မြို့နှင့်ယေကပ်ဇေလမြို့ တို့၌လည်းကောင်း၊ ထိုမြို့များအနီးရှိ ကျေးရွာများ၌လည်းကောင်းနေထိုင်ကြ၏။-
26 A Jéshua, à Molada, à Beth-Palet,
၂၆သူတို့သည်ယေရွှ၊ မောလဒ၊ ဗက်ပါလက်၊-
27 A Hatsar-Shual, à Béer-Shéba et dans les lieux de son ressort,
၂၇ဟာဇာရွာလ၊ ဗေရရှေဘမြို့နှင့်ထိုမြို့တို့ ၏အနီးအနားဝန်းကျင်ရှိကျေးရွာများ ၌လည်းနေထိုင်ကြလေသည်။-
28 A Tsiklag, à Mécona et dans les lieux de son ressort,
၂၈သူတို့သည်ဇိကလတ်မြို့၊ မေကောနမြို့နှင့် ထိုမြို့အနီးကျေးရွာများတွင်လည်းကောင်း၊-
29 A En-Rimmon, à Tsora, à Jarmuth,
၂၉အင်ရိမ္မုန်မြို့၊ ဇာရမြို့၊ ယာမုတ်မြို့၊
30 A Zanoach, à Adullam et dans leurs villages; à Lakis et dans ses territoires; et à Azéka et dans les lieux de son ressort; ils habitèrent depuis Béer-Shéba jusqu'à la vallée de Hinnom.
၃၀ဇာနောမြို့၊အဒုံလံမြို့နှင့်ထိုမြို့များအနီး ရှိကျေးရွာများတွင်လည်းကောင်း၊ လာခိရှ မြို့နှင့်အနီးအနားရှိလယ်ယာများ၊ အဇေ ကာမြို့နှင့်အနီးအနားရှိကျေးရွာများ တွင်လည်းကောင်းနေထိုင်ကြ၏။ အချုပ်အား ဖြင့်ဆိုသော်ယုဒပြည်သူတို့သည်တောင် ဘက်ရှိဗေရရှေဘမြို့နှင့်မြောက်ဘက်ဟိန္နုံ ချိုင့်ဝှမ်းစပ်ကြားရှိနယ်မြေတွင်နေထိုင် ကြသတည်း။
31 Les enfants de Benjamin habitèrent depuis Guéba, à Micmash, Ajja, Béthel et dans les lieux de son ressort,
၃၁ဗင်္ယာမိန်အနွယ်ဝင်တို့သည်ဂေဗမြို့၊ မိတ် မတ်မြို့၊ အာဣမြို့၊ ဗေသလမြို့နှင့်အနီး အနားရှိကျေးရွာများတွင်လည်းကောင်း၊-
32 A Anathoth, Nob, Anania,
၃၂အာနသုတ်မြို့၊ နောဗမြို့၊ အာနနိမြို့၊- ဟာဇော်မြို့၊ ရာမမြို့၊ ဂိတ္တိမ်မြို့၊- ဟာဒိဒ်မြို့၊ ဇေဘိုင်မြို့၊ နေဗလ္လတ်မြို့၊ လောဒမြို့၊သြနောမြို့နှင့်လက်မှုပညာ သည်ချိုင့်ဝှမ်းတွင်လည်းကောင်းနေထိုင်ကြ၏။-
33 Hatsor, Rama, Guitthaïm,
၃၃
34 Hadid, Tséboïm, Néballat,
၃၄
35 Lod et Ono, la vallée des ouvriers.
၃၅
36 D'entre les Lévites, des classes de Juda se rattachèrent à Benjamin.
၃၆ယုဒနယ်မြေတွင်နေထိုင်ခဲ့သူလေဝိအနွယ် ဝင်အချို့တို့သည်ဗင်္ယာမိန်အနွယ်ဝင်များ နှင့်အတူနေထိုင်ရကြလေသည်။