< Isaïe 13 >
1 Prophétie sur Babylone, révélée à Ésaïe, fils d'Amots.
၁ဤဗျာဒိတ်တော်သည်ဘုရားသခင်ထံတော် မှဗာဗုလုန်ပြည်နှင့်ပတ်သက်၍ အာမုတ်၏ သားဟေရှာယခံယူရရှိသည့်ဗျာဒိတ် တော်ဖြစ်၏။
2 Dressez l'étendard sur la montagne découverte! Élevez la voix pour les appeler, faites signe avec la main, et qu'ils entrent par les portes des princes!
၂တောင်ကတုံးပေါ်တွင်စစ်အလံကိုလွှင့် ထူကြလော့။ မာန်မာနထောင်လွှားသည့်မြို့ တော်တံခါးတို့ကိုတိုက်ခိုက်ရန်ဟစ်အော် ကာ သင်တို့လက်ကိုမြှောက်၍ စစ်သည်တို့ အားအချက်ပေးကြလော့။-
3 Moi, j'ai donné l'ordre à ceux qui me sont consacrés; j'ai appelé, pour exécuter ma colère, mes hommes vaillants, ceux qui se réjouissent de ma grandeur.
၃ထာဝရဘုရားသည် မိမိအမျက်တော်ရှ သောသူတို့ကိုဒဏ်ခတ်ရန်အတွက် မိမိ၏ ယုံကြည်စိတ်ချဂုဏ်ယူဝါကြွားထိုက်သော စစ်သည်တော်တို့ကိုခေါ်ယူတော်မူပြီ။
4 On entend sur les montagnes un bruit tel que celui d'un peuple nombreux; un bruit tumultueux de royaumes, de nations assemblées; l'Éternel des armées fait la revue de l'armée pour le combat.
၄တောင်ပေါ်ရှိလူအုပ်ကြီး၏အသံကိုနား ထောင်ကြလော့။ ထိုအသံသည်လူမျိုးတကာ တို့စုရုံးနေကြသောအသံဖြစ်၏။ ဗိုလ်ခြေ တို့၏အရှင်ထာဝရဘုရားသည် မိမိ၏စစ် သည်တော်တို့ကိုတိုက်ပွဲဝင်စေရန်အတွက် အသင့်ပြင်ဆင်လျက်နေတော်မူ၏။-
5 D'un pays éloigné, de l'extrémité des cieux, l'Éternel vient avec les instruments de son courroux, pour dévaster tout le pays.
၅သူတို့သည်ကမ္ဘာအစွန်အဖျားရှိရပ်ဝေး နိုင်ငံများမှ လာရောက်ကြလိမ့်မည်။ ထာဝရ ဘုရားသည်အမျက်ထွက်တော်မူသဖြင့် လက်နက်ဖြင့် နိုင်ငံတစ်ခုလုံးကိုသုတ်သင် ဖျက်ဆီးပစ်ရန်ကြွလာတော်မူပေအံ့။
6 Gémissez, car la journée de l'Éternel est proche; elle vient comme un ravage fait par le Tout-Puissant.
၆အနန္တတန်ခိုးရှင်သည်ဘေးအန္တရာယ်ဆိုးကို သက်ရောက်စေတော်မူမည့်နေ့ရက်ကာလ တည်းဟူသော ထာဝရဘုရားတရားစီရင် တော်မူရာနေ့ရက်ကာလကျရောက်လာ ရဦးမည်။ ဝေဒနာခံစားလျက်ငိုကြွေး မြည်တမ်းကြလော့။-
7 Aussi toutes les mains deviennent lâches, et tout cœur d'homme se fond.
၇လူအပေါင်းတို့၏လက်သည်နုံ့နဲ့၍နေလိမ့် မည်။ ထိုသူတို့သည်သတ္တိကြောင်၍နေလိမ့် မည်။-
8 Ils sont dans l'épouvante, saisis de douleurs et d'angoisses. Ils souffrent comme une femme en travail; ils se regardent l'un l'autre avec stupeur; leurs visages ont la pâleur de la flamme.
၈သူတို့အားလုံးပင်ထိတ်လန့်တုန်လှုပ်လျက် သားဖွားသောအမျိုးသမီးကဲ့သို့ပြင်းပြ စွာဝေဒနာခံရကြလိမ့်မည်။ သူတို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ကြောက်စိတ်နှင့်ကြည့်ကြလိမ့်မည်။ သူတို့ ၏မျက်နှာများသည်လည်းရှက်သွေးသန်း လျက်နေလိမ့်မည်။-
9 Voici, le jour de l'Éternel arrive, jour cruel, jour de fureur et d'ardente colère, qui réduira le pays en désolation et en exterminera les pécheurs.
၉သနားညှာတာမှုကင်းမဲ့သည့်ဒေါသအမျက် တော်ဒဏ်ကိုခံရကြမည့်နေရက်ကာလတည်း ဟူသော ထာဝရဘုရားတရားစီရင်တော်မူ ရာနေ့ရက်ကာလကျရောက်လာလိမ့်မည်။ ကမ္ဘာ မြေကြီးသည်လူသူဆိတ်ညံရာဖြစ်လျက် နေလိမ့်မည်။ အပြစ်ကူးလွန်သူမှန်သမျှ သည်လည်းသုတ်သင်ပယ်ရှင်းခြင်းကိုခံ ရကြလိမ့်မည်။-
10 Car les étoiles du ciel et leurs astres ne feront pas briller leur lumière; le soleil s'obscurcira dès son lever, et la lune ne fera point luire sa clarté.
၁၀ကြယ်နက္ခတ်အပေါင်းတို့သည်မတောက်ဘဲ နေလိမ့်မည်။ နေထွက်လာသောအခါမှောင် လျက်နေလိမ့်မည်။ လသည်လည်းအလင်း ရောင်ကိုပေးလိမ့်မည်မဟုတ်။
11 Et je punirai la terre de sa malice, et les méchants de leur iniquité; je mettrai fin à l'orgueil des superbes, et j'abattrai l'insolence des oppresseurs.
၁၁ထာဝရဘုရားက``ငါသည်ဘေးအန္တရာယ် ဆိုးကိုကမ္ဘာမြေပေါ်သို့သက်ရောက်စေ၍ သူ ယုတ်မာတို့အားမိမိတို့၏အပြစ်များ အတွက်အပြစ်ဒဏ်ခတ်မည်။ ငါသည်မာန် မာနကြီးသူမှန်သမျှကိုရှုတ်ချ၍ စိတ် ကြီးဝင်ကာရက်စက်ကြမ်းကြုတ်သူ အပေါင်းအားအပြစ်ဒဏ်ခတ်မည်။-
12 Je rendrai les hommes plus rares que l'or fin, et les humains plus que l'or d'Ophir.
၁၂အသက်မသေဘဲကျန်ရှိသူတို့သည် ရွှေ ထက်လည်းကောင်းရှားလိမ့်မည်။-
13 Aussi je ferai trembler les cieux, et la terre sera ébranlée de sa place, par la colère de l'Éternel des armées, au jour de l'ardeur de son courroux.
၁၃အနန္တတန်ခိုးရှင်ငါထာဝရဘုရားသည် အမျက်တော်ကိုပြတော်မူသောအခါ မိုး ကောင်းကင်သည်တုန်လှုပ်၍ကမ္ဘာမြေကြီး သည်လည်းတည်နေရာမှရွေ့လျားသွား လိမ့်မည်။
14 Alors, comme une gazelle effarouchée, comme un troupeau que nul ne rassemble, chacun tournera visage vers son peuple, chacun fuira vers son pays.
၁၄မုဆိုးတို့၏ဘေးမှကစင့်ကလျားထွက်ပြေး ကြသည့်ဒရယ်များကဲ့သို့၊ ထိန်းကျောင်းသူမရှိ သည့်သိုးများကဲ့သို့ ဗာဗုလုန်ပြည်တွင်နေထိုင် သူလူမျိုးခြားတို့သည် မိမိတို့၏နေရင်း ပြည်သို့ပြန်ပြေးကြလိမ့်မည်။-
15 Ceux qu'on trouvera, seront transpercés; ceux qu'on saisira, tomberont par l'épée.
၁၅သူတို့အထဲမှအဖမ်းခံရသူတို့သည် ဋ္ဌားဖြင့်ထိုးသတ်ခြင်းကိုခံကြလိမ့်မည်။-
16 Leurs enfants seront écrasés sous leurs yeux, leurs maisons seront pillées, leurs femmes seront déshonorées.
၁၆သူတို့သည်ခိုကိုးရာမဲ့ငေးလျက်ကြည့်နေ စဉ် သူတို့၏နို့စို့ကလေးများသည်ဆောင့်ဖွပ် ၍ အသတ်ခံရကြလိမ့်မည်။ သူတို့၏အိမ်များ မှာအလုအယက်ခံရ၍ သူတို့၏ဇနီးများ သည်မုဒိန်းအကျင့်ခံရကြလိမ့်မည်'' ဟုမိန့် တော်မူ၏။
17 Voici, je vais susciter contre eux les Mèdes, qui n'estiment pas l'argent, et qui ne prennent point de plaisir à l'or.
၁၇ထာဝရဘုရားက``ငါသည်မေဒိအမျိုး သားတို့အား ဗာဗုလုန်ပြည်ကိုတိုက်ခိုက် ရန်လှုံ့ဆော်လျက်ရှိ၏။ သူတို့သည်ငွေကို ပမာဏမပြု။ ရွှေကိုလည်းမမက်မော။-
18 De leurs arcs ils abattent les jeunes gens; ils sont sans pitié pour le fruit du sein maternel; leur œil n'épargne point les enfants.
၁၈မိမိတို့၏လေးမြားများဖြင့်လူငယ်လူရွယ် တို့ကို ပစ်ခတ်သတ်ကြလိမ့်မည်။ သူတို့သည် နို့စို့သူငယ်များအားကရုဏာပြလိမ့်မည် မဟုတ်။ ကလေးသူငယ်တို့ကိုလည်းသနား လိမ့်မည်မဟုတ်။-
19 Et Babylone, l'ornement des empires, la parure et l'orgueil des Caldéens, sera comme Sodome et Gomorrhe, que Dieu détruisit.
၁၉ဗာဗုလုန်မြို့သည်မြို့တကာတို့တွင်အလှဆုံး ဖြစ်၍ မြို့သူမြို့သားတို့ဂုဏ်ယူဝါကြွားရာ ဖြစ်ပေသည်။ သို့ရာတွင်ငါထာဝရဘုရားသည် သောဒုံနှင့်ဂေါမောရမြို့တို့ကိုပြုခဲ့သည်နည်း တူဗာဗုလုန်မြို့ကိုလည်းပျက်သုဉ်းစေမည်။-
20 Elle ne sera plus jamais habitée, on n'y demeurera plus d'âge en âge; l'Arabe n'y dressera point sa tente, les bergers n'y feront plus reposer leurs troupeaux.
၂၀ထိုမြို့တွင်အဘယ်အခါ၌မျှလူတို့နေထိုင် ရကြလိမ့်မည်မဟုတ်။ အဘယ်အာရပ်အမျိုး သားခရီးသည်မျှလည်းတဲထိုးတည်းခိုရ ကြလိမ့်မည်မဟုတ်။ အဘယ်သိုးထိန်းမျှ လည်းထိုအရပ်တွင်မိမိ၏သိုးအုပ်ကိုထိန်း ကျောင်းရလိမ့်မည်မဟုတ်။-
21 Mais les animaux du désert y auront leur gîte, et ses maisons seront pleines de hiboux; les autruches y feront leur demeure, et les boucs y sauteront.
၂၁ထိုအရပ်သည်တောတိရစ္ဆာန်များကျက်စားရာ နေရာ၊ ဇီးကွက်များအသိုက်လုပ်ရာဖြစ်လိမ့်မည်။ ယင်းအရပ်တွင်ငှက်ကုလားအုတ်များနေ၍ တော ဆိတ်များသည်လည်း အဆောက်အဦးပျက်များ ၏အကြိုအကြားတွင်ခုန်ပေါက်မြူးတူးကြ လိမ့်မည်။-
22 Les hyènes s'entre-répondront dans ses palais, et les chacals dans ses maisons de plaisance. Et son heure est près de venir, et ses jours ne seront plus prolongés.
၂၂မျှော်စင်များနှင့်နန်းတော်အဆောက်အဦး များသည်တောခွေးနှင့်ခွေးအများဟောင်ကြ သည့်အသံဖြင့် ပဲ့တင်ထပ်လျက်နေလိမ့်မည်။ ဗာဗုလုန်မြို့အပြစ်ဒဏ်သင့်မည့်နေ့ရက်ကာ လရောက်ရှိလာလေပြီ။ ထိုမြို့တည်ရှိမည့် နေ့ရက်ကာလသည်လည်းဆုံးခန်းတိုင် ရောက်လုပြီ။