< Genèse 21 >
1 Et l'Éternel visita Sara, comme il l'avait dit; et l'Éternel fit à Sara comme il en avait parlé.
၁ထာဝရဘုရား သည်၊ အမိန့်တော်ရှိသည်အတိုင်း ၊ စာရာ ကို အကြည့် အရှုကြွတော်မူ၍ ၊ ဂတိတော် ရှိသည်နှင့် လျော်စွာ သူ ၌ ပြု တော်မူသဖြင့်၊
2 Et Sara conçut, et enfanta un fils à Abraham dans sa vieillesse, à l'époque que Dieu lui avait dite.
၂စာရာ သည် ပဋိသန္ဓေစွဲ ယူ၍ ၊ ဘုရားသခင် အမိန့် တော်နှင့် ချိန်းချက် သောအချိန်၌ ၊ အာဗြဟံ အသက်ကြီး သောအခါ၊ သူ့ အားသား ကို ဘွား လေ၏။
3 Et Abraham appela son fils, qui lui était né, et que Sara lui avait enfanté, Isaac.
၃အာဗြဟံ သည်လည်း ၊ မိမိ ရ သောသားတည်းဟူသော၊ စာရာ ဘွား သောသား ကို ဣဇာက် အမည် ဖြင့် မှည့် လေ၏။
4 Et Abraham circoncit Isaac son fils à l'âge de huit jours, comme Dieu le lui avait commandé.
၄ဘုရားသခင် မှာ ထားတော်မူသည်အတိုင်း ၊ အာဗြဟံ သည်ရှစ် ရက် မြောက်သောနေ့၌ ၊ သား ဣဇာက် ကို အရေဖျား လှီးမင်္ဂလာပေးလေ၏။
5 Or, Abrabam était âgé de cent ans, quand Isaac, son fils, lui naquit.
၅သား ဣဇာက် ကို မြင် ရသောအခါ အာဗြဟံ သည် အသက် တ ရာ ရှိသတည်း။
6 Et Sara dit: Dieu m'a fait une chose qui fera rire; tous ceux qui l'apprendront, riront à mon sujet.
၆စာရာ ကလည်း ၊ ငါ ရယ် ရသောအခွင့်ကို ဘုရားသခင် ပေး တော်မူပြီ။ ဤသိတင်းကို ကြား သောသူ အပေါင်း တို့သည်လည်း၊ ငါ နှင့်အတူ ရယ် ကြလိမ့်မည်ဟူ၍၎င်း၊
7 Puis elle dit: Qui eût dit à Abraham que Sara allaiterait des enfants? car je lui ai enfanté un fils dans sa vieillesse.
၇စာရာ သည် သား ကို နို့တိုက် လိမ့်မည်ဟု အာဗြဟံ အား အဘယ်သူ ပြော နှင့်ရသနည်း။ သူ သည် အသက် ကြီးသောအခါ၊ ငါသည် သား ကို ဘွား ပြီးဟူ၍ ၎င်း ဆို လေ၏။
8 Et l'enfant grandit, et fut sevré. Et Abraham fit un grand festin le jour où Isaac fut sevré.
၈ထိုသူငယ် ဣဇာတ် သည် ကြီးပွား ၍ နို့ နှင့် ကွာလေ၏။ နို့ ကွာသောနေ့ ၌ အာဗြံဟံ သည် ပွဲ ကြီး လုပ် လေ၏။
9 Et Sara vit le fils d'Agar l'Égyptienne qu'elle avait enfanté à Abraham, qui riait.
၉အဲဂုတ္တ အမျိုးသားဟာဂရ တွင် အာဗြဟံ ရ သော သား သည် ဆဲရေး သည်ကို စာရာ သိ မြင်လျှင်၊
10 Et elle dit à Abraham: Chasse cette servante et son fils, car le fils de cette servante n'héritera point avec mon fils, avec Isaac.
၁၀ဤ ကျွန်မ ၏သား သည် အကျွန်ုပ် ၏သား ဣဇာက် နှင့်အတူ အမွေ မ ခံရဟု အာဗြံဟံ အား ဆို လေ၏။
11 Et cette parole déplut fort à Abraham, à cause de son fils.
၁၁အာဗြဟံ လည်း ၊ မိမိ သား ဖြစ် သောကြောင့် ၊ ထိုအမှု အလွန် ခက် သည်ဟု ထင် လေ၏။
12 Mais Dieu dit à Abraham: Que cela ne te déplaise pas à cause de l'enfant et de ta servante. Quoi que te dise Sara, obéis à sa voix: car c'est en Isaac que ta postérité sera appelée de ton nom.
၁၂သို့ရာတွင် ဘုရားသခင် က၊ ထိုသူငယ် နှင့် သင် ၏ ကျွန်မ ကြောင့် ၊ ဤအမှုခက် သည်ဟု မ ထင် နှင့်။ စာရာ ပြော လေရာရာ ၌ သူ ၏စကား ကို နားထောင် လော့။ အကြောင်းမူကား ၊ ဣဇာက် ၌ သာ သင် ၏ အမျိုး တည် လိမ့်မည်။
13 Mais je ferai aussi du fils de la servante une nation, parce qu'il est ta race.
၁၃ကျွန်မ ၏သား သည် သင် ၏အမျိုး ဖြစ်သောကြောင့် ၊ သူ့ ကိုလည်း လူမျိုး ဖြစ် စေမည်ဟု အာဗြံဟံ အား မိန့် တော်မူ၏။
14 Et Abraham se leva de bon matin, prit du pain et une outre d'eau, et les donna à Agar; il les mit sur son épaule; il lui donna aussi l'enfant et la renvoya. Et elle s'en alla et erra dans le désert de Béer-Shéba.
၁၄အာဗြဟံ သည် နံနက် စောစောထ ၍ ၊ မုန့် နှင့် ရေ ဘူး ကိုယူ သဖြင့် ၊ ဟာဂရ ပခုံး ၌ တင် ပြီးလျှင် ၊ သူငယ် ကို အပ် ၍ ကျွန်မ ကို လွှတ် လိုက်လေ၏။ သူသည်လည်း သွား ၍ ဗေရရှေဘ တော ၌ လှည့်လည် လျက် နေ၏။
15 Quand l'eau de l'outre fut épuisée, elle laissa l'enfant sous un des arbrisseaux.
၁၅ဘူး ၌ ရေ ကုန် သောအခါ ၊ သူငယ် ကို ချုံဖုတ် အောက် ၌ ထား ၍၊
16 Et elle s'en alla, et s'assit vis-à-vis, environ à la distance d'une portée d'arc; car elle dit: Que je ne voie pas mourir l'enfant. Et elle s'assit vis-à-vis, éleva la voix, et pleura.
၁၆ငါသည်သူငယ်သေ သည်ကို မ မြင် လိုဟုဆို လျက် ၊ ခပ်ဝေးဝေး လေး တ ပစ်ခန့် လောက် သွားပြီးလျှင်၊ သူ ငယ်ရှေ့ မှာ ထိုင် ၍ နေလေ၏။ ထို သို့ထိုင် ၍ နေစဉ် သူ သည်အသံ ကို လွှင့် ၍ ငိုကြွေး လေ၏။
17 Et Dieu entendit la voix du jeune garçon, et l'ange de Dieu appela des cieux Agar, et lui dit: Qu'as-tu, Agar? Ne crains point, car Dieu a entendu la voix du jeune garçon, là où il est.
၁၇ဘုရားသခင် သည် လုလင် ၏အသံ ကို ကြား တော်မူ ၍ ဘုရားသခင် ၏၊ ကောင်းကင် တမန်က၊ ဟာဂရ ၊ သင် ၌ အဘယ် အမှုရှိသနည်း။ မ စိုးရိမ် နှင့်။ လုလင် နေ သောအရပ်ထဲက သူ ၏အသံ ကို ဘုရားသခင် ကြား တော်မူပြီ။
18 Lève-toi, prends le jeune garçon, et tiens-le par la main; car je ferai de lui une grande nation.
၁၈ထ လော့။ လုလင် ကိုကြွ ၍ လက် နှင့်မ လော့။ ငါသည်သူ့ ကို လူမျိုး ကြီး ဖြစ် စေမည်ဟု ကောင်းကင် ထဲက ခေါ် ၍ ဟာဂရ အား မြွက်ဆို ၏။
19 Et Dieu lui ouvrit les yeux, et elle vit un puits d'eau, et elle alla et remplit l'outre d'eau, et donna à boire au jeune garçon.
၁၉ထိုအခါ ဘုရားသခင် သည် ဟာဂရ ၏ မျက်စိ ကို ဖွင့် တော်မူသဖြင့် ၊ သူသည်ရေ တွင်း ကို မြင် လေသော် ၊ သွား ၍ ဘူး ကို ရေ ဖြည့်ပြီးလျှင် ၊ လုလင် အား ရေ ကို တိုက် လေ၏။
20 Et Dieu fut avec le jeune garçon, qui devint grand, et habita dans le désert; et il fut tireur d'arc.
၂၀ထိုလုလင် ဘက် ၌လည်း ၊ ဘုရားသခင် ရှိ တော်မူ ၏။ သူသည် ကြီးပွား ၍ တော ၌ နေ သဖြင့် ၊ လေး သမား ဖြစ် လေ၏။
21 Et il habita dans le désert de Paran. Et sa mère lui prit une femme du pays d'Égypte.
၂၁ပါရန် တော ၌ နေ သည်ဖြစ်၍ သူ့ အမိ သည် အဲဂုတ္တု ပြည် မှ မိန်းမ တယောက်ကိုခေါ်၍ သူ နှင့် စုံဘက် စေ၏။
22 Et il arriva qu'en ce temps-là Abimélec, accompagné de Picol, chef de son armée, parla à Abraham, en disant: Dieu est avec toi dans tout ce que tu fais.
၂၂ထို ရောအခါ၊ အဘိမလက် မင်းနှင့် ဗိုလ်ချုပ် မင်းဖိကောလ တို့သည် အာဗြဟံ ကို ခေါ်၍၊ သင်သည် ပြု လေရာရာ ၌ သင့် ဘက် မှာ ဘုရားသခင် ရှိ တော်မူ၏။
23 Maintenant donc, jure-moi ici par le nom de Dieu, que tu ne tromperas ni moi, ni mes enfants, ni ma race. Tu agiras envers moi et envers le pays où tu as séjourné, avec la même bonté avec laquelle j'ai agi envers toi.
၂၃သို့ဖြစ်၍ သင်သည်ငါ့ ကို၎င်း၊ ငါ့ သား ကို၎င်း ၊ ငါ့ မြေး ကို၎င်း ၊ မ လှည့်စား၊ ငါသည် သင် ၌ ကျေးဇူးပြု သကဲ့သို့ ငါ ၌ ၎င်း ၊ သင်တည်း နေရာ ငါ့ပြည် ၌ ၎င်း၊ ကျေးဇူး ပြုမည်ဟု ဘုရားသခင် ကို တိုင်တည်၍ ငါ့ အား ကျိန် ဆိုပါလော့ဟုပြောဆို ၏။
24 Et Abraham répondit: Je le jurerai.
၂၄အာဗြဟံ ကလည်း ၊ ထိုအတိုင်းငါ ကျိန် ဆိုပါမည်ဟု ပြန်ပြော လေ၏။
25 Mais Abraham se plaignit à Abimélec à cause d'un puits d'eau, dont les serviteurs d'Abimélec s'étaient emparés.
၂၅အဘိမလက် မင်း၏ ကျွန် တို့သည် အနိုင် အထက်လုယူသော ရေ တွင်း အကြောင်းကြောင့် ၊ အာဗြဟံ သည် လည်း အဘိမလက် မင်းကို အပြစ်တင် လေ၏။
26 Et Abimélec dit: Je ne sais qui a fait cela; toi-même tu ne m'en as point averti, et moi je n'en ai entendu parler qu'aujourd'hui.
၂၆အဘိမလက် မင်းကလည်း ၊ ဤ အမှု ကို အဘယ်သူ ပြု သည်ကို ငါမ သိ။ သင် သည်ငါ့ ကို မ ပြော။ ငါ လည်း ယနေ့ တိုင်အောင် မ ကြား ရဟု ဆို ၏။
27 Alors Abraham prit des brebis et des bœufs, et les donna à Abimélec, et ils firent alliance ensemble.
၂၇အာဗြဟံ သည်လည်း သိုး ၊ နွား တို့ကို ယူ ပြီးလျှင် ၊ အဘိမလက် အား ပေး ၍ ထို နှစ် ပါးတို့သည် ပဋိညာဉ် ပြု ကြ ၏။
28 Et Abraham mit à part sept jeunes brebis du troupeau.
၂၈အာဗြဟံ သည်လည်း သိုးသငယ် မ ခုနစ် ကောင် တို့ကို သိုး စုနှင့်ခွဲ ထားလေ၏။
29 Et Abimélec dit à Abraham: Qu'est-ce que ces sept jeunes brebis que tu as mises à part?
၂၉အဘိမလက် ကလည်း ၊ ခွဲ ထားသော ဤ သိုးသငယ် မခုနစ် ကောင်တို့သည်၊ အဘယ်သို့ နည်းဟုမေး သော်၊
30 Et il répondit: C'est que tu accepteras ces sept jeunes brebis de ma main, afin que ce me soit un témoignage que j'ai creusé ce puits.
၃၀အာဗြဟံ က၊ ဤ ရေ တွင်းကို ငါတူး ပြီးဟု ဤသိုးသငယ် မခုနစ် ကောင်တို့သည် ငါ့ ဘက် ၌ သက်သေ ဖြစ် မည် အကြောင်း သူတို့ကို သင်သည်ငါ့ လက် မှ ခံ ယူရမည်ဟု ဆို လေ၏။
31 C'est pourquoi on appela ce lieu-là Béer-Shéba (puits du serment); car ils y jurèrent tous deux.
၃၁သို့ဖြစ်၍ ထို အရပ်၌ ထို နှစ် ပါးတို့သည် ကျိန်ဆို သောကြောင့် ၊ ထို အရပ် ကို ဗေရရှေဘ ဟု တွင် ကြ၏။
32 Ils traitèrent donc alliance à Béer-Shéba. Puis Abimélec se leva avec Picol, chef de son armée, et ils retournèrent au pays des Philistins.
၃၂ထိုသို့ ဗေရရှေဘ အရပ်၌ ပဋိညာဉ် ပြု ကြ၏။ အဘိမလက် နှင့် ဗိုလ်ချုပ် မင်း ဖိကောလ တို့သည်ထ ၍ ဖိလိတ္တိ ပြည် သို့ ပြန် ကြ၏။
33 Et Abraham planta un tamarin à Béer-Shéba, et il invoqua là le nom de l'Éternel, le Dieu d'éternité.
၃၃အာဗြဟံ သည် ဗေရရှေဘ အရပ်၌ မန်ကျည်း ပင်ကိုစိုက် ၍ ၊ အစဉ် အမြဲတည်တော်မူသောဘုရား သခင်တည်းဟူသော၊ ထာဝရဘုရား ၏ နာမတော် ကို ပဌနာ ပြု လေ၏။
34 Et Abraham séjourna longtemps au pays des Philistins.
၃၄ဖိလိတ္တ ပြည် မှာ ကာလ ရှည် ကြာစွာ တည်း နေ သတည်း။