< Exode 23 >
1 Tu ne sèmeras point de faux bruit; ne prête point la main au méchant pour être faux témoin.
၁သင်သည် မှား သော သိတင်း စကားကို မ ကြား မပြောရ။ မတရား သောသူတို့နှင့် ဝိုင်းညီ၍ မ မှန်သော သက်သေ ကို မ ခံ ရ။
2 Tu ne suivras point la multitude pour faire le mal; et lorsque tu témoigneras dans un procès, tu ne te détourneras point pour suivre le plus grand nombre et pervertir le droit.
၂လူများ နောက် သို့ လိုက် ၍ မတရား သဖြင့် မ ပြုရ။ တရား တွေ့သည်အမှုမှာ ကြီး သောသူဘက် ၌ နေ၍၊ တရားလမ်းမှ လွဲ စေခြင်းငှါ မ ပြော ရ။
3 Tu ne favoriseras point le pauvre en son procès.
၃ဆင်းရဲ သောသူဘက်၌လည်း မ ငဲ့ကွက် ရ။
4 Si tu rencontres le bœuf de ton ennemi, ou son âne, égaré, tu ne manqueras point de le lui ramener.
၄သင် သည် ရန်သူ ၏မြင်း နွား လမ်း လွဲသည်ကို တွေ့မြင် လျှင် ၊ အမှန်ပြန်ပို့ ရမည်။
5 Si tu vois l'âne de celui qui te hait abattu sous son fardeau, tu te garderas de l'abandonner; tu devras le dégager avec lui.
၅သင့် ကို မုန်း သောသူ ၏မြည်း သည်၊ မိမိ ဆောင်ရွက်သော ဝန် အောက် မှာ လဲ နေသည်ကို တွေ့မြင် လျှင် ၊ မ မစဘဲ နေနိုင်သလော။ အမှန်ဝိုင်းညီ၍ မစ ရမည်။
6 Tu ne pervertiras point dans son procès le droit de l'indigent qui est au milieu de toi.
၆သင် ၌ ဆင်းရဲ သောသူသည် တရား တွေ့သောအခါ ၊ သူ့ကို မတရား သဖြင့် မ စီရင် ရ။
7 Tu t'éloigneras de toute parole fausse; et tu ne feras point mourir l'innocent et le juste, car je ne justifierai point le méchant.
၇မ ဟုတ်မမှန်သော အမှု ကို ရှောင် ရမည်။ အပြစ် မရှိသောသူ၊ ဖြောင့်မတ် သောသူကို မ ကွပ်မျက် ရ။ အကြောင်း မူကား၊ ငါသည် မတရား သောသူကို အပြစ်မ လွှတ်။
8 Tu n'accepteras point de présent, car le présent aveugle les plus éclairés et perd les causes des justes.
၈သင်သည် တံစိုး မ စား ရ။ တံစိုး သည် ပညာရှိ တို့၏မျက်စိကို ကွယ် စေ၍ ၊ ဖြောင့်မတ် သောသူတို့၏ စကား ကို လွဲ စေတတ်၏။
9 Tu n'opprimeras point l'étranger; vous savez vous-mêmes ce qu'éprouve l'étranger, car vous avez été étrangers dans le pays d'Égypte.
၉တကျွန်းတနိုင်ငံသားဖြစ်သော ဧည့်သည် ကို မ ညှဉ်းဆဲ ရ။ သင်တို့သည် အဲဂုတ္တု ပြည် ၌ ဧည့်သည် ဖြစ် ခဲ့ ဘူးသောကြောင့် ၊ ဧည့်သည် ၏စိတ် သဘောကို သိ ကြ၏။
10 Pendant six années tu sèmeras la terre, et tu en recueilleras le produit;
၁၀ခြောက် နှစ် ပတ်လုံးလယ် လုပ် ၍ အသီး ကို သိမ်း ရမည်။
11 Mais la septième, tu la mettras en jachère et la laisseras reposer; et les pauvres de ton peuple en mangeront les fruits, et les animaux des champs mangeront ce qui restera. Tu en feras de même de ta vigne, de tes oliviers.
၁၁သတ္တမ နှစ်တွင် လယ် ကို မလုပ် ဘဲ အလွတ် ထားရမည်။ သို့ပြုလျှင် ဆင်းရဲ သောအမျိုးသား ချင်းတို့သည်၊ စား ရသောအခွင့် ရှိလိမ့်မည်။ ကြွင်း သောအရာကိုလည်း ၊ မြေ တိရစ္ဆာန် တို့သည် စား ရကြလိမ့်မည်။ ထိုနည်းတူ ၊ စပျစ် ဥယျာဉ်၊ သံလွင် ဥယျာဉ်ကိုလည်း ပြု ရမည်။
12 Six jours durant tu feras ton ouvrage, mais au septième jour tu te reposeras, afin que ton bœuf et ton âne se reposent, et que le fils de ta servante et l'étranger reprennent des forces.
၁၂ခြောက် ရက် ပတ်လုံးအလုပ် လုပ် ရမည်။ သတ္တမ နေ့ ရက်၌ ငြိမ်ဝပ် စွာနေရမည်။ သို့ပြုလျှင် သင် ၏နွား မြည်း တို့သည် ငြိမ်ဝပ် စွာ နေရသောအခွင့် ရှိလိမ့်မည်။ သင် ၏ ငယ်သား များ၊ ဧည့်သည် များတို့လည်း သက်သာ ရ ကြလိမ့်မည်။
13 Vous prendrez garde à tout ce que je vous ai dit. Vous ne ferez point mention du nom des dieux étrangers; on ne l'entendra point sortir de ta bouche.
၁၃ငါပညတ် သမျှ တို့၌ သတိပြု ကြလော့။ အခြား သောဘုရား ၏ နာမ ကို မ မြွက် မဆိုနှင့်။ သင် ၏နှုတ် ထဲက မြွက်သံကို သူတပါးမ ကြား စေနှင့်။
14 Trois fois l'année tu me célébreras une fête.
၁၄တနှစ် တွင် သုံး ကြိမ် ငါ့ အဘို့ ပွဲခံ ရမည်။
15 Tu observeras la fête des pains sans levain (tu mangeras des pains sans levain pendant sept jours, comme je te l'ai commandé, à l'époque du mois des épis, car en ce mois-là tu es sorti d'Égypte; et l'on ne se présentera point à vide devant ma face);
၁၅ငါမှာ ထားခဲ့ပြီးသည်အတိုင်း ၊ အဗိဗ လ ချိန်းချက် သော နေ့ရက်အချိန်၌ အဇုမ ပွဲကိုခံ ၍၊ ခုနစ် ရက် ပတ်လုံးတဆေး မဲ့သော မုန့်ကို စား ရမည်။ အကြောင်း မူကား၊ ထို လတွင် သင်သည် အဲဂုတ္တု ပြည်က ထွက် လာသတည်း။ ထိုပွဲကို ခံစဉ် ငါ့ ထံသို့ အဘယ်သူမျှလက်ချည်း မ ပေါ် မလာရ။
16 Et la fête de la moisson, des premiers fruits de ton travail, de ce que tu auras semé aux champs; et la fête de la récolte, à la fin de l'année, quand tu auras recueilli des champs les fruits de ton travail.
၁၆လယ်လုပ်၍ အသီးအနှံ ကို သိမ်းစရှိသည်ကာလ၊ သိမ်း ပွဲ ကို၎င်း၊ လယ် လုပ် ၍ အသီးအနှံ ကို သိုထား သည်ကာလ၊ နှစ် လဲ သောအခါ ၊ သိုထား ပွဲ ကို၎င်း ခံရမည်။
17 Trois fois l'an tous les mâles se présenteront devant le Seigneur, l'Éternel.
၁၇သင် တို့တွင် ယောက်ျား အပေါင်း တို့သည်၊ တနှစ် လျှင် သုံး ကြိမ် ထာဝရ အရှင်ဘုရားသခင့် ရှေ့ တော်၌ မျက်နှာ ပြရကြမည်။
18 Tu n'offriras point avec du pain levé le sang de mon sacrifice; et la graisse de ma fête ne passera point la nuit jusqu'au matin.
၁၈ငါ့ ယဇ်ကောင် ၏ အသွေး ကို၊ တဆေး ပါသောမုန့်နှင့် ရော၍ မ ပူဇော် ရ။ ငါ့ ယဇ်ကောင် ဆီဥ ကို နံနက် တိုင်အောင် မ ကြွင်း စေရ။
19 Tu apporteras les prémices des premiers fruits de la terre à la maison de l'Éternel ton Dieu. Tu ne feras point cuire le chevreau dans le lait de sa mère.
၁၉သင် ၏မြေ ၌ အဦး သီးသော အသီးအနှံအကောင်း ဆုံးကို၊ သင် ၏ဘုရား သခင်ထာဝရ ဘုရား၏ အိမ် တော်ထဲသို့ ဆောင် သွင်းရမည်။ ဆိတ် သငယ်ကို အမိ နို့ ရည်နှင့် မ ချက် မပြုတ်ရ။
20 Voici, j'envoie un ange devant toi, pour te garder dans le chemin, et pour t'introduire au lieu que j'ai préparé.
၂၀ကြည့်ရှု လော့။ လမ်း ခရီး၌ သင့် ကို စောင့်ရှောက် ၍ ၊ ငါပြင်ဆင် နှင့်သော အရပ် သို့ ပို့ စေခြင်းငှာ ၊ ကောင်းကင်တမန် ကို သင့် ရှေ့ ၌ ငါ စေလွှတ် ၏။
21 Prends garde à toi en sa présence, et écoute sa voix, ne lui sois point rebelle; car il ne pardonnera point votre péché, parce que mon nom est en lui.
၂၁ထိုတမန် ကို ရိုသေ စွာပြုလော့။ စကား တော်ကို နားထောင် လော့။ အာဏာတော်ကို မ ဆန် နှင့်။ သင် တို့ပြစ်မှားသောအပြစ် ကို သူသည် မ လွှတ်။ ငါ့ နာမ သည် သူ ၌ တည်ရှိ၏။
22 Mais si tu écoutes attentivement sa voix, et si tu fais tout ce que je dirai, je serai l'ennemi de tes ennemis et l'adversaire de tes adversaires;
၂၂အကယ်စင်စစ်သင်သည် သူ့ စကား ကို နားထောင် ၍ ငါပညတ် သမျှ အတိုင်း ပြု လျှင် ၊ သင် ၏ ရန်သူ တို့ကို ငါသည် ရန်ဘက် ပြုမည်။ သင့် ကို ဆီးတား သောသူတို့ကိုလည်း ငါဆီးတား မည်။
23 Car mon ange marchera devant toi, et t'introduira au pays des Amoréens, des Héthiens, des Phéréziens, des Cananéens, des Héviens, et des Jébusiens, et je les exterminerai.
၂၃ငါ့ တမန် သည် သင့် ရှေ့ ၌သွား ၍ သင့် ကို အာမောရိ လူ၊ ဟိတ္တိ လူ၊ ဖေရဇိ လူ၊ ခါနနိ လူ၊ ဂိရဂါရှိလူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့ရှိရာသို့ ဆောင် သွင်း၍ ၊ သူ တို့ကို ပယ်ရှင်း မည်။
24 Tu ne te prosterneras point devant leurs dieux, et tu ne les serviras point, et tu n'imiteras point leurs œuvres; mais tu les détruiras complètement, et tu briseras entièrement leurs statues.
၂၄သူ တို့ဘုရား များကို ဦး မ ချဝတ် မ ပြုရ။ သူ တို့ဘာသာ အတိုင်း မ ကျင့် ရ။ သူ တို့ကို အကုန်အစင်မှောက် လှဲ၍ ၊ ရုပ်တု ဆင်းတုများကိုလည်း ရှင်းရှင်းဖြိုဖျက် ရမည်။
25 Vous servirez l'Éternel votre Dieu, et il bénira ton pain et tes eaux, et j'ôterai la maladie du milieu de toi.
၂၅သင် တို့၏ဘုရား သခင်ထာဝရဘုရား ကို ဝတ်ပြု ရမည်။ သင် ၏မုန့် ကို၎င်း ၊ ရေ ကို၎င်း၊ ကောင်းကြီး ပေး တော်မူမည်။ အနာရောဂါ ကိုလည်း သင် ၏အထဲ က နှုတ်ယူ ပယ်ရှားတော်မူမည်။
26 Il n'y aura point en ton pays de femelle qui avorte, ou qui soit stérile. J'accomplirai le nombre de tes jours.
၂၆သင် ၏ပြည် တွင် ကိုယ်ဝန် ပျက်သော သတ္တဝါ၊ မြုံ သောသတ္တဝါနှင့် ကင်းလွတ် လိမ့်မည်။ သင် ၏အသက် တန်း ကို ငါစုံလင် စေမည်။
27 J'enverrai ma frayeur devant toi, et je mettrai en déroute tout peuple chez lequel tu arriveras, et je ferai tourner le dos à tous tes ennemis devant toi.
၂၇ငါ့ ကိုကြောက် တတ်သော သဘောကို သင့် ရှေ့ သို့ ငါစေလွှတ် ၍ ၊ သင်ရောက်လေရာရာအရပ်၌ ခပ်သိမ်း သောလူမျိုး ကို ငါဖျက်ဆီး မည်။ သင် ၏ရန်သူ အပေါင်း တို့ကို နောက် သို့ လှည့်စေ မည်။
28 Et j'enverrai les frelons devant toi, et ils chasseront les Héviens, les Cananéens, et les Héthiens de devant ta face.
၂၈ပျားတူ များကိုလည်း သင့် ရှေ့ သို့ ငါစေလွှတ် ၍ ၊ သူတို့သည် ဟိဝိ လူ၊ ခါနနိ လူ၊ ဟိတ္တိ လူတို့ကို သင့် ရှေ့ မှာ နှင်ထုတ် ကြလိမ့်မည်။
29 Je ne les chasserai point de devant toi dans une année, de peur que le pays ne devienne un désert, et que les bêtes des champs ne se multiplient contre toi;
၂၉ထိုလူများကို တ နှစ်ခြင်းတွင် သင့် ရှေ့ မှာ ငါမ နှင်ထုတ်။ သို့ပြုလျှင်ပြည် သည် လူဆိတ်ညံ ၍ သားရဲ သည် သင့် တဘက်၌ များပြား လိမ့်မည်။
30 Je les chasserai peu à peu de devant toi, jusqu'à ce que tu croisses en nombre, et que tu te mettes en possession du pays.
၃၀သင်သည် တိုးပွား ၍ တပြည် လုံးကို ဝင်စား သည်တိုင်အောင် ၊ သူ တို့ကို သင့် ရှေ့ မှာ ဖြည်းဖြည်း ငါနှင်ထုတ် မည်။
31 Et je poserai tes limites depuis la mer Rouge jusqu'à la mer des Philistins, et depuis le désert jusqu'au fleuve; car je livrerai entre vos mains les habitants du pays, et tu les chasseras devant toi.
၃၁သင့် နေရာ နယ် အပိုင်းအခြားကို၊ ဧဒုံ ပင်လယ် မှ သည် ဖိလိတ္တိ ပင်လယ် တိုင်အောင် ၎င်း ၊ တော မှ သည် မြစ် တိုင်အောင် ၎င်း ငါမှတ်သား မည်။ ထိုအရပ် သား များကို သင့် လက် သို့ ငါအပ် ၍၊ သင်သည် နှင်ထုတ် ရ လိမ့်မည်။
32 Tu ne traiteras point alliance avec eux, ni avec leurs dieux.
၃၂သူ တို့နှင့် ၎င်း၊ သူ တို့ဘုရား များနှင့်၎င်း၊ သင် သည် မိဿဟာယ မ ဖွဲ့ ရ။
33 Ils n'habiteront point dans ton pays, de peur qu'ils ne te fassent pécher contre moi; car tu servirais leurs dieux, et cela te serait un piège.
၃၃သင် သည် ငါ့ ကို ပြစ်မှား စေခြင်းငှာ၊ သူတို့သည် ပြုမည်ကို စိုးရိမ်စရာရှိသောကြောင့်၊ သူတို့သည် သင့် ပြည် ၌ မ နေ ရကြ။ သင်သည် သူ တို့ဘုရား ကို ဝတ်ပြု လျှင် ၊ ထိမိ ၍ လဲစရာအကြောင်းအမှန် ဖြစ် လိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။