< 2 Rois 15 >
1 La vingt-septième année de Jéroboam, roi d'Israël, Asaria, fils d'Amatsia, roi de Juda, devint roi.
၁ဣသရေလဘုရင်ဒုတိယမြောက်ယေရောဗောင် မင်း၏ နန်းစံနှစ်ဆယ့်ခုနစ်နှစ်မြောက်၌အာမဇိ ၏သားသည်၊ အသက်တစ်ဆယ့်ခြောက်နှစ်ရှိသော အခါယုဒပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရု ရှလင်မြို့တွင်ငါးဆယ့်နှစ်နှစ်နန်းစံရ၏။ သူ ၏မယ်တော်မှာယေရုရှလင်မြို့သူယေခေါလိ ဖြစ်၏။-
2 Il était âgé de seize ans quand il commença à régner, et il régna cinquante-deux ans à Jérusalem. Sa mère s'appelait Jécolia, et elle était de Jérusalem.
၂
3 Il fit ce qui est droit aux yeux de l'Éternel, tout comme Amatsia, son père.
၃သြဇိသည်မိမိခမည်းတော်၏လမ်းစဉ်ကို လိုက်၍ ထာဝရဘုရားနှစ်သက်တော်မူသော အမှုတို့ကိုပြု၏။-
4 Seulement les hauts lieux ne furent point ôtés. Le peuple sacrifiait encore, et faisait des encensements sur les hauts lieux.
၄သို့ရာတွင်ရုပ်တုကိုးကွယ်ရာဌာနများကို ဖျက်ဆီးခြင်းမပြုသဖြင့် လူတို့သည်ထို ဌာနများတွင် ဆက်လက်၍ယဇ်များကို ပူဇော်၍နံ့သာပေါင်းကိုမီးရှို့ကြ၏။-
5 Mais l'Éternel frappa le roi, qui fut lépreux jusqu'au jour de sa mort, et demeura dans une maison écartée; et Jotham, fils du roi, avait l'intendance du palais et jugeait le peuple du pays.
၅ထာဝရဘုရားသည်သြဇိအားအရေပြား ရောဂါစွဲကပ်စေတော်မူသဖြင့် သူသည်သေ သည့်တိုင်အောင်ထိုရောဂါကိုခံစားရ၏။ သို့ ဖြစ်၍သားတော်ယောသံအား တိုင်းပြည်အုပ် ချုပ်မှုတာဝန်ကိုလွှဲအပ်ပြီးလျှင် သီးခြား အိမ်တော်တွင်စံတော်မူရလေသည်။-
6 Le reste des actions d'Asaria, tout ce qu'il fit, n'est-il pas écrit au livre des Chroniques des rois de Juda?
၆သြဇိမင်းလုပ်ဆောင်ခဲ့သည့်အခြားအမှု အရာအလုံးစုံကို ယုဒရာဇဝင်တွင် ရေးထားသတည်း။-
7 Or Asaria s'endormit avec ses pères, et fut enseveli avec ses pères, dans la cité de David; et Jotham, son fils, régna à sa place.
၇သြဇိကွယ်လွန်သောအခါ သူ့ကိုဒါဝိဒ်မြို့ ရှိဘုရင်များ၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သူ၏သားတော်ယောသံသည် ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်း တက်လေသည်။
8 La trente-huitième année d'Asaria, roi de Juda, Zacharie, fils de Jéroboam, devint roi sur Israël à Samarie, et il régna six mois.
၈ယုဒဘုရင်သြဇိ၏နန်းစံသုံးဆယ့်ရှစ်နှစ် မြောက်၌ ဒုတိယမြောက်ယေရောဗောင်မင်း၏ သားဇာခရိသည် ဣသရေလပြည်ဘုရင် အဖြစ်နန်းတက်၍ရှမာရိမြို့၌ခြောက် နှစ်နန်းစံရ၏။-
9 Il fit ce qui est mauvais aux yeux de l'Éternel, comme avaient fait ses pères. Il ne se détourna point des péchés de Jéroboam, fils de Nébat, par lesquels il avait fait pécher Israël.
၉သူသည်မိမိ၏နောင်တော်ဘုရင်များနည်းတူ ထာဝရဘုရားအားပြစ်မှား၏။ ဣသရေလ အမျိုးသားတို့အားအပြစ်ကူးလွန်ရန်ရှေ့ ဆောင်လမ်းပြခဲ့သူ နေဗတ်၏သားယေရော ဗောင်၏ဆိုးညစ်သောလမ်းစဉ်ကိုလိုက်၏။-
10 Or Shallum, fils de Jabèsh, fit une conspiration contre lui, le frappa en présence du peuple, et le tua; et il devint roi à sa place.
၁၀ယာဖက်၏သားရှလ္လုံသည်လျှို့ဝှက်ကြံစည် ကာ ဇာခရိမင်းအားဣဗိလံမြို့တွင်လုပ်ကြံ ပြီးနောက် သူ၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။
11 Quant au reste des actions de Zacharie, voici, cela est écrit au livre des Chroniques des rois d'Israël.
၁၁ဇာခရိမင်းလုပ်ဆောင်ခဲ့သည့်အခြားအမှု အရာအလုံးစုံကို ဣသရေလရာဇဝင်တွင်ရေး ထားသတည်း။
12 C'est là la parole que l'Éternel avait adressée à Jéhu, en disant: Tes fils seront assis sur le trône d'Israël jusqu'à la quatrième génération. Il en fut ainsi.
၁၂သို့ဖြစ်၍``ငါသည်သင်၏သားမြေးတို့အား စတုတ္ထအဆက်တိုင်အောင် ဣသရေလပြည်ကိုအုပ်စိုးစေမည်'' ဟုယေဟု အား ထာဝရဘုရားမိန့်တော်မူခဲ့သောစကား တော်အတိုင်းဖြစ်သတည်း။
13 Shallum, fils de Jabèsh, devint roi la trente-neuvième année d'Ozias, roi de Juda, et il régna un mois à Samarie.
၁၃ယုဒဘုရင်သြဇိ၏နန်းစံသုံးဆယ့်ကိုးနှစ် မြောက်၌ ယာဖက်၏သားရှလ္လုံသည်ဣသရေလ ပြည်ဘုရင်အဖြစ် နန်းတက်၍ရှမာရိမြို့၌ တစ်လမျှနန်းစံရ၏။
14 Et Ménahem, fils de Gadi, monta de Thirtsa, entra à Samarie, frappa Shallum, fils de Jabèsh, à Samarie, et le tua; et il devint roi à sa place.
၁၄ဂါဒိ၏သားမေနဟင်သည်တိရဇမြို့မှ ရှမာရိမြို့သို့သွား၍ရှလ္လုံကိုလုပ်ကြံကာ သူ၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။-
15 Le reste des actions de Shallum, et la conspiration qu'il fit, voici, cela est écrit au livre des Chroniques des rois d'Israël.
၁၅ဇာခရိမင်းအားလျှို့ဝှက်ကြံစည်မှုအပါ အဝင်ရှလ္လုံလုပ်ဆောင်ခဲ့သည့် အခြားအမှု အရာရှိသမျှကို ဣသရေလရာဇဝင်တွင် ရေးထားသတည်း။-
16 Alors Ménahem frappa Thiphsach, et tous ceux qui y étaient, et sa contrée depuis Thirtsa, parce qu'elle ne lui avait pas ouvert ses portes. Il la frappa, et éventra toutes ses femmes enceintes.
၁၆မေနဟင်သည်တိရဇမြို့မှချီတက်လာစဉ် လမ်းခရီးတွင်တိဖသမြို့သားတို့သည် မိမိ အားအညံ့မခံကြသောကြောင့် ထိုမြို့နှင့် တကွပတ်ဝန်းကျင်နယ်မြေများကိုလုံးဝ ဖျက်ဆီးလေ၏။ သူသည်ကိုယ်ဝန်ဆောင်အမျိုး သမီးတို့၏ဝမ်းကိုပင်ခွဲ၍သတ်လေသည်။
17 La trente-neuvième année d'Asaria, roi de Juda, Ménahem, fils de Gadi, devint roi sur Israël, et il régna dix ans à Samarie.
၁၇ယုဒဘုရင်သြဇိ၏နန်းစံနှစ်ဆယ့်ကိုးနှစ် မြောက်၌ ဂါဒိ၏သားမေနဟင်သည် ဣသရေလ ပြည်ဘုရင်အဖြစ်နန်းတက်၍ရှမာရိမြို့၌ ဆယ်နှစ်နန်းစံလေသည်။-
18 Il fit ce qui est mauvais aux yeux de l'Éternel. Pendant toute sa vie, il ne se détourna pas des péchés de Jéroboam, fils de Nébat, par lesquels il avait fait pécher Israël.
၁၈သူသည်နေဗတ်၏သားယေရောဗောင်မင်း၏ဆိုး ညစ်သည့်လမ်းစဉ်ကိုလိုက်၍ ထာဝရဘုရားကို ပြစ်မှား၏။ ယေရောဗောင်ကားသူ၏အသက်ရှင် သရွေ့ကာလပတ်လုံး ဣသရေလအမျိုးသား တို့အားအပြစ်ကူးလွန်ရန်ရှေ့ဆောင်လမ်း ပြခဲ့သူဖြစ်သတည်း။-
19 Pul, roi d'Assyrie, étant venu contre le pays, Ménahem donna mille talents d'argent à Pul pour qu'il lui aidât à affermir la royauté entre ses mains.
၁၉အာရှုရိဧကရာဇ်ဘုရင်တိကလတ်ပိလေသာ သည် ဣသရေလပြည်ကိုချင်းနင်းဝင်ရောက်လာ၏။ ထိုအခါမေနဟင်သည်မိမိ၏ပြည်တွင် အာဏာ တည်တံ့ခိုင်မြဲရေးအတွက် တိကလတ်ပိလေသာ ၏အထောက်အကူကိုရရှိနိုင်ရန် သူ့အားငွေသုံး ဆယ့်ရှစ်တန်ဆက်သလေသည်။-
20 Or, Ménahem tira cet argent d'Israël, de tous ceux qui étaient puissants en biens, pour le donner au roi d'Assyrie: de chacun cinquante sicles d'argent. Ainsi le roi d'Assyrie s'en retourna, et ne s'arrêta point dans le pays.
၂၀ယင်းသို့ဆက်သနိုင်ရန်မေနဟင်သည် ဣသရေလ သူဌေးသူကြွယ်များထံမှတစ်ဦးလျှင် ငွေသား ငါးဆယ်စီကောက်ယူ၏။ သို့ဖြစ်၍တိဂလတ် ပိလေသာသည်မိမိ၏တိုင်းပြည်သို့ပြန်သွား လေ၏။
21 Le reste des actions de Ménahem, et tout ce qu'il fit, cela n'est-il pas écrit au livre des Chroniques des rois d'Israël?
၂၁မေနဟင်လုပ်ဆောင်ခဲ့သည့်အခြားအမှုအရာ ရှိသမျှကို ဣသရေလရာဇဝင်တွင်ရေးထား သတည်း။-
22 Et Ménahem s'endormit avec ses pères, et Pékachia, son fils, régna à sa place.
၂၂သူကွယ်လွန်သောအခါသူ့ကိုသင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ပေကဟိသည်ခမည်းတော်၏ အရိုက်အရာကိုဆက်ခံ၍နန်းတက်လေသည်။
23 La cinquantième année d'Asaria, roi de Juda, Pékachia, fils de Ménahem, devint roi sur Israël à Samarie, et il régna deux ans.
၂၃ယုဒဘုရင်သြဇိ၏နန်းစံတစ်ဆယ့်ငါး နှစ်မြောက်၌ မေနဟင်၏သားပေကဟိသည် ဣသရေလပြည်ဘုရင်အဖြစ်နန်းတက်၍ ရှမာရိမြို့၌နှစ်နှစ်နန်းစံလေသည်။-
24 Il fit ce qui est mauvais aux yeux de l'Éternel. Il ne se détourna point des péchés de Jéroboam, fils de Nébat, par lesquels il avait fait pécher Israël.
၂၄သူသည်နေဗတ်၏သားယေရောဗောင်၏ဆိုး ညစ်သောလမ်းစဉ်ကိုလိုက်၍ ထာဝရဘုရား အားပြစ်မှား၏။ ယေရောဗောင်ကားဣသရေလ အမျိုးသားတို့အား အပြစ်ကူးလွန်ရန်ရှေ့ ဆောင်လမ်းပြခဲ့သူဖြစ်သတည်း။-
25 Et Pékach, fils de Rémalia, son officier, fit une conspiration contre lui et le frappa, à Samarie, dans le palais de la maison du roi, avec Argob et Arié, ayant avec lui cinquante hommes des enfants des Galaadites. Ainsi il le tua, et il régna à sa place.
၂၅ပေကဟိ၏တပ်မတော်အရာရှိတစ်ဦးဖြစ် သူပေကာသည် ဂိလဒ်ပြည်သားလူငါးကျိပ် နှင့်အတူ လျှို့ဝှက်ကြံစည်ကာပေကဟိကို ရှမာရိနန်းတော်အတွင်း၌လုပ်ကြံပြီးနောက် သူ၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။
26 Le reste des actions de Pékachia, et tout ce qu'il fit, voici, cela est écrit au livre des Chroniques des rois d'Israël.
၂၆ပေကဟိလုပ်ဆောင်ခဲ့သည့်အခြားအမှုအရာ ရှိသမျှကို ဣသရေလရာဇဝင်တွင်ရေးထား သတည်း။
27 La cinquante-deuxième année d'Asaria, roi de Juda, Pékach, fils de Rémalia, devint roi sur Israël, à Samarie, et il régna vingt ans.
၂၇ယုဒဘုရင်သြဇိ၏နန်းစံငါးဆယ့်နှစ်နှစ် မြောက်၌ ရေမလိ၏သားပေကာသည် ဣသရေ လဘုရင်အဖြစ်နန်းတက်၍ရှမာရိမြို့၌ အနှစ်နှစ်ဆယ်နန်းစံလေသည်။-
28 Il fit ce qui est mauvais aux yeux de l'Éternel; et il ne se détourna point des péchés de Jéroboam, fils de Nébat, par lesquels il avait fait pécher Israël.
၂၈သူသည်နေဗတ်၏သားယေရောဗောင်မင်း၏ဆိုး ညစ်သောလမ်းစဉ်ကိုလိုက်၍ ထာဝရဘုရား အားပြစ်မှား၏။ ယေရောဗောင်ကားဣသရေလ အမျိုးသားတို့အား အပြစ်ကူးလွန်ရန်ရှေ့ ဆောင်လမ်းပြခဲ့သူဖြစ်၏။
29 Du temps de Pékach, roi d'Israël, Tiglath-Piléser, roi d'Assyrie, vint et prit Ijjon, Abel-Beth-Maaca, Janoach, Kédès, Hatsor, Galaad, la Galilée, tout le pays de Nephthali, et il en transporta le peuple en Assyrie.
၂၉ပေကာမင်းလက်ထက်တွင်အာရှုရိဧကရာဇ် ဘုရင်တိဂလတ်ပိလေသာသည်ဣယုန်မြို့၊ အဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှ မြို့နှင့်ဟာဇော်မြို့များနှင့်တကွဂိလဒ်ပြည်၊ ဂါလိလဲနှင့်နဿလိပြည်တို့ကိုသိမ်းယူ၍ လူတို့အား အာရှုရိပြည်သို့သုံ့ပန်းများ အဖြစ်ဖမ်းဆီးသွားလေသည်။
30 Et Osée, fils d'Éla, fit une conspiration contre Pékach, fils de Rémalia, le frappa et le tua; et il devint roi à sa place, la vingtième année de Jotham, fils d'Ozias.
၃၀သြဇိ၏သား၊ ယုဒဘုရင်ယောသံ၏နန်းစံ အနှစ်နှစ်ဆယ်မြောက်၌ဧလာ၏သားဟောရှေ သည် လျှို့ဝှက်ကြံစည်ကာပေကာမင်းကိုလုပ် ကြံပြီးလျှင် သူ၏အရိုက်အရာကိုဆက်ခံ ၍နန်းတက်လေသည်။-
31 Le reste des actions de Pékach, et tout ce qu'il fit, voici, cela est écrit au livre de Chroniques des rois d'Israël.
၃၁ပေကာလုပ်ဆောင်ခဲ့သည့်အခြားအမှုအရာရှိ သမျှကို ဣသရေလရာဇဝင်တွင်ရေးထား သတည်း။
32 La seconde année de Pékach, fils de Rémalia, roi d'Israël, Jotham, fils d'Ozias, roi de Juda, commença à régner.
၃၂ရေမလိ၏သား၊ ဣသရေလဘုရင်ပေကာ၏ နန်းစံနှစ်နှစ်မြောက်၌ သြဇိ၏သားယောသံ သည် အသက်နှစ်ဆယ့်ငါးနှစ်ရှိသောအခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရု ရှလင်မြို့၌တစ်ဆယ့်ခြောက်နှစ်စိုးစံလေ သည်။ သူ၏မယ်တော်မှာဇာဒုတ်၏သမီး ယေရုရှာဖြစ်၏။-
33 Il était âgé de vingt-cinq ans quand il commença à régner, et il régna seize ans à Jérusalem. Sa mère s'appelait Jérusha, fille de Tsadok.
၃၃
34 Il fit ce qui est droit aux yeux de l'Éternel, il fit tout comme avait fait Ozias, son père.
၃၄ယောသံသည်မိမိ၏ခမည်းတော်သြဇိမင်း ၏စံနမူနာကိုယူ၍ ထာဝရဘုရားနှစ် သက်တော်မူသောအမှုတို့ကိုပြု၏။-
35 Seulement les hauts lieux ne furent point ôtés. Le peuple sacrifiait encore et faisait des encensements dans les hauts lieux. Ce fut lui qui bâtit la porte Haute de la maison de l'Éternel.
၃၅သို့ရာတွင်ရုပ်တုကိုးကွယ်ရာဌာနများကိုမူ ဖျက်ဆီးခြင်းမပြုသဖြင့် ပြည်သူတို့သည် ထို ဌာနများတွင်ဆက်လက်၍ယဇ်များကိုပူ ဇော်၍ နံ့သာပေါင်းကိုမီးရှို့ကြ၏။ ယောသံ သည်ဗိမာန်တော်မြောက်တံခါးကိုတည်ဆောက် ခဲ့သူဖြစ်ပေသည်။
36 Le reste des actions de Jotham, et tout ce qu'il fit, n'est-il pas écrit au livre des Chroniques des rois de Juda?
၃၆ယောသံလုပ်ဆောင်ခဲ့သည့်အခြားအမှုအရာရှိ သမျှကို ယုဒရာဇဝင်တွင်ရေးထားသတည်း။-
37 En ces jours-là, l'Éternel commença d'envoyer contre Juda Retsin, roi de Syrie, et Pékach, fils de Rémalia.
၃၇ရှုရိဘုရင်ရေဇိန်နှင့်ဣသရေလဘုရင်ပေကာ တို့အား ယုဒပြည်ကိုတိုက်ခိုက်ကြရန် ထာဝရ ဘုရားစေလွှတ်တော်မူသည်မှာယောသံ၏ လက်ထက်၌ဖြစ်၏။-
38 Et Jotham s'endormit avec ses pères, et fut enseveli avec ses pères dans la cité de David, son père. Et Achaz, son fils, régna à sa place.
၃၈ယောသံကွယ်လွန်သောအခါ သူ့အားဒါဝိဒ် မြို့ရှိဘုရင်များ၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ် ကြ၏။ ထိုနောက်သူ၏သားတော်အာခတ်သည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။